Min Gyi Shwe Gold & Jewellery Shop

Min Gyi Shwe Gold & Jewellery Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min Gyi Shwe Gold & Jewellery Shop, Jewellery wholesaler, No. , 266, 5 Quarter, Bomhu Bahtoo Road, East Dagon Township, Yangon.

ရေချိုးတဲ့အခါ "ရွှေထည်" နဲ့ “လက်ဝတ်ရတနာ” တွေကို ဝတ်ဆင်ထားသင့်လား...❓ဒီမေးခွန်းက တော်တော်များများ မေးလေ့ရှိပြီး အငြင်းပွာ...
13/07/2026

ရေချိုးတဲ့အခါ "ရွှေထည်" နဲ့ “လက်ဝတ်ရတနာ” တွေကို ဝတ်ဆင်ထားသင့်လား...❓

ဒီမေးခွန်းက တော်တော်များများ မေးလေ့ရှိပြီး အငြင်းပွားလေ့လည်းရှိပါတယ် တကယ်တော့ သန့်စင်တဲ့ ရေနဲ့ “ရွှေထည်” ပစ္စည်းတွေ “လက်ဝတ်ရတနာ” တွေကို ထိတွေ့ချင်းဟာ ပြဿနာမရှိပါဘူး…

သို့ပေမဲ့ ရေချိုးတဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည် နဲ့ အခြားဓာတုပစ္စည်းတွေက "ရွှေထည်" နဲ့ “လက်ဝတ်ရတနာ” တွေရဲ့ တောက်ပမှုကို အချိန်ကြာလာတာနဲ့ ထိခိုက်စေနိုင်ပါတယ်။

တစ်ချို့သော နေရာဒေသတွေမှာ ထုံးဓာတ်လွန်ကဲတဲ့ သုံးရေတွေ မသန့်စင်တဲ့ သုံးရေတွေကို အသုံးပြုရတာမျိုးဆိုရင်တော့ ရေချိုးတဲ့အခါ "ရွှေထည်" နဲ့ “လက်ဝတ်ရတနာ” တွေကို မဝတ်ဆင်ဖို့ကိုတော့ အကြံပြုလိုပါတယ်။

ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ “ရွှေထည်” နဲ့ “လက်ဝတ်ရတနာ” တွေကို ကြာရှည်လှပစွာ ဝတ်ဆင်ချင်တယ်ဆိုရင် ရေမချိုးခင် ချွတ်ထားပြီး ရေချိုးပြီးမှ ပြန်လည်ဝတ်ဆင်တာက အကောင်းဆုံးပါပဲ…✅

ရွှေချစ်သူ မိတ်ဆွေတို့ရဲ့ လက်ဝတ်ရတနာတွေကို ဂရုစိုက်ခြင်းက ၎င်းရဲ့ တန်ဖိုးနဲ့ အလှတရားကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်း အကြံပြုရင်းနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

နောက်ထပ် သိရှိလိုတဲ့ အကြောင်းလေးတွေရှိရင်လည်း ကောမန့်အောက်မှာ မန့်ခဲ့ပြီး မင်းကြီးရွှေ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားနိုင်ပါတယ်…

#မင်းကြီးရွှေ #ရွှေထည် #ရွှေ #လက်ဝတ်ရတနာ

“ရွှေစျေး” ဘာကြောင့် အမြဲပြောင်းလဲနေရတာလဲ…❓📈 “ရွှေစျေး” ဟာ နေ့စဉ်တည်ငြိမ်မနေဘဲ အတက်အကျ ဖြစ်နေတာကို လူတိုင်းသိထားတာပဲဖြစ်...
11/07/2026

“ရွှေစျေး” ဘာကြောင့် အမြဲပြောင်းလဲနေရတာလဲ…❓

📈 “ရွှေစျေး” ဟာ နေ့စဉ်တည်ငြိမ်မနေဘဲ အတက်အကျ ဖြစ်နေတာကို လူတိုင်းသိထားတာပဲဖြစ်ပါတယ်။ ဘာကြောင့် အခုလို ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေလဲဆိုတာကတော့ အောက်ဖော်ပြပါ အချက်များကြောင့်ပဲဖြစ်ပါတယ်။

🌍 ကမ္ဘာ့ရွှေဈေး (𝐆𝐥𝐨𝐛𝐚𝐥 𝐆𝐨𝐥𝐝 𝐏𝐫𝐢𝐜𝐞)
ရွှေဟာ ကမ္ဘာတစ်ဝန်းမှာ အရောင်းအဝယ်ပြုလုပ်တဲ့ ကုန်ပစ္စည်းဖြစ်တဲ့အတွက် ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုက ပြည်တွင်းရွှေဈေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

💵 အမေရိကန်ဒေါ်လာ (𝐔𝐒𝐃) တန်ဖိုး
ရွှေကို နိုင်ငံတကာဈေးကွက်မှာ အဓိကအားဖြင့် 𝐔𝐒𝐃 နဲ့ သတ်မှတ်ကြသောကြောင့် 𝐔𝐒𝐃 တန်ဖိုးအပြောင်းအလဲများကလည်း “ရွှေဈေး” အပေါ် သက်ရောက်နိုင်ပါတယ်။

📊 ဝယ်လိုအားနှင့် ရောင်းလိုအား (𝐒𝐮𝐩𝐩𝐥𝐲 & 𝐃𝐞𝐦𝐚𝐧𝐝)
ဝယ်လိုအားများလာပါက ဈေးတက်နိုင်ပြီး၊ ရောင်းလိုအားများလာပါက ဈေးကျနိုင်သော စီးပွားရေးသဘောတရားအပေါ် မူတည်နေပါတယ်။

🏦 အတိုးနှုန်းနှင့် ငွေကြေးမူဝါဒ
ကမ္ဘာ့ဘဏ်များ၏ အတိုးနှုန်းနှင့် ငွေကြေးမူဝါဒ အပြောင်းအလဲများသည် ရွှေဝယ်ယူလိုအားကို သက်ရောက်စေပြီး ဈေးနှုန်းအတက်အကျ ဖြစ်စေနိုင်ပါတယ်။

📉 ငွေကြေးဖောင်းပွမှု (𝐈𝐧𝐟𝐥𝐚𝐭𝐢𝐨𝐧) နှင့် ကမ္ဘာ့စီးပွားရေးအခြေအနေ
ငွေကြေးတန်ဖိုးကျဆင်းခြင်း သို့မဟုတ် ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးဈေးကွက် အပြောင်းအလဲများကလည်း ရွှေကို တန်ဖိုးထိန်းသိမ်းရာ ရင်းနှီးမြှုပ်နှံမှုအဖြစ် ပိုမိုစိတ်ဝင်စားစေပြီး ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးတစ်ခုတည်းမဟုတ်ဘဲ USD တန်ဖိုး၊ ပြည်တွင်းဈေးကွက်အခြေအနေ၊ ဝယ်လိုအားနှင့် ရောင်းလိုအား စသည့် အချက်များပေါင်းစပ်၍ သက်ရောက်မှုရှိနေတာကြောင့် ဝယ်ယူခြင်း၊ ရောင်းချခြင်း မပြုလုပ်မီ နောက်ဆုံးဈေးနှုန်းများကို စစ်ဆေးရန် အရေးကြီးကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

နောက်ထပ် သိရှိလိုတဲ့ အကြောင်းလေးတွေရှိရင်လည်း ကောမန့်အောက်မှာ မန့်ခဲ့ပြီး မင်းကြီးရွှေ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားနိုင်ပါတယ်…

❝သင့်အနာဂတ်အတွက် ရွှေဝယ်စုကြပါစို့❞

#မင်းကြီးရွှေ #ရွှေဈေး #ရွှေ

"𝐊𝐢𝐧𝐠 𝐨𝐟 𝐆𝐞𝐦𝐬" လို့ တင်စားခေါ်ဝေါ်ရတဲ့ ကျောက်မျက်ရတနာ အဖြေမှန်ကတော့…(𝐛) ပတ္တမြား ပဲဖြစ်ပါတယ်ရှင်…✨“ပတ္တမြား” (𝐑𝐮𝐛𝐲) ဟာ ရ...
09/07/2026

"𝐊𝐢𝐧𝐠 𝐨𝐟 𝐆𝐞𝐦𝐬" လို့ တင်စားခေါ်ဝေါ်ရတဲ့ ကျောက်မျက်ရတနာ အဖြေမှန်ကတော့…
(𝐛) ပတ္တမြား ပဲဖြစ်ပါတယ်ရှင်…✨

“ပတ္တမြား” (𝐑𝐮𝐛𝐲) ဟာ ရှေးယခင်ကတည်းက "ကျောက်မျက်ရတနာတို့၏ ဘုရင်" ဟု တင်စားခံရတဲ့ အဖိုးတန်ကျောက်မျက်တစ်မျိုးဖြစ်ပြီး ၎င်းရဲ့ နီရဲတောက်ပတဲ့အရောင်ဟာ အသက်ရှင်မှု၊ စွမ်းအားနဲ့ မေတ္တာကို ကိုယ်စားပြုတယ်လို့ ယုံကြည်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကဲဒါဆို ဒီတစ်ပတ်အတွက် ပျော်ရွှင်စရာကောင်းတဲ့ ဉာဏ်စမ်းမေးခွန်းလေးကို ဘယ်သူတွေအဖြေမှန်ကြလဲရှင့်…💡

နောက်အပတ်တွေမှာလည်း စိတ်လှုပ်ရှားစွာ ခန့်မှန်းရမယ့် ဉာဏ်စမ်းမေးခွန်းလေးကို မေးသွားဦးမှာမို့လို့ ပါဝင်ဖြေဆိုပေးကြပါဦးနော်…

ဒါ့အပြင် ဒီအပတ်ထဲမှာ “𝐏𝐨𝐬𝐭 တွေ 𝐒𝐡𝐚𝐫𝐞 ရင်း ဆုငွေကံထူးနိုင်မယ့် အစီအစဉ်” လေးလည်း ရှိနေတာမို့ 𝐌𝐢𝐧 𝐆𝐲𝐢 𝐒𝐡𝐰𝐞 𝐆𝐨𝐥𝐝 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားပြီး ဝင်ကံစမ်းခဲ့ကြဦးနော်…✨

သိရှိလိုတဲ့အကြောင်းအရာတွေရှိရင်လည်း Comment မှာမေးခဲ့လို့ရပါတယ်ရှင်။

#မင်းကြီးရွှေ #ကံစမ်းမဲ #ဉာဏ်စမ်းမေးခွန်း

“ဇူလိုင်လ” မွေးနေ့ရှင်များ အတွက် တစ်သက်တာ အဆောင်ကျောက်ကို သိပြီးပြီးလား…❓ဇူလိုင်လ (𝐉𝐮𝐥𝐲) မွေးဖွားသူတွေရဲ့ ကံကောင်းစေမယ့်...
07/07/2026

“ဇူလိုင်လ” မွေးနေ့ရှင်များ အတွက် တစ်သက်တာ အဆောင်ကျောက်ကို သိပြီးပြီးလား…❓

ဇူလိုင်လ (𝐉𝐮𝐥𝐲) မွေးဖွားသူတွေရဲ့ ကံကောင်းစေမယ့် အဆောင်ကျောက် (𝐁𝐢𝐫𝐭𝐡𝐬𝐭𝐨𝐧𝐞) ကတော့ “ပတ္တမြား” (𝐑𝐮𝐛𝐲) ပဲဖြစ်ပါတယ်။

ပတ္တမြားဟာ ရှေးယခင်ကတည်းက "ကျောက်မျက်ရတနာတို့၏ ဘုရင်" ဟု တင်စားခံရတဲ့ အဖိုးတန်ကျောက်မျက်တစ်မျိုးဖြစ်ပြီး ၎င်းရဲ့ နီရဲတောက်ပတဲ့အရောင်ဟာ အသက်ရှင်မှု၊ စွမ်းအားနဲ့ မေတ္တာကို ကိုယ်စားပြုတယ်လို့ ယုံကြည်ခဲ့ကြတာပဲဖြစ်ပါတယ်။

ရိုးရာဓလေ့များအရ ပတ္တမြားကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ရခြင်းမှာ....

✔ သတ္တိနှင့် ယုံကြည်မှုကို ကိုယ်စားပြုခြင်း။
✔ ကံကောင်းခြင်းနှင့် အောင်မြင်မှုကို ဆွဲဆောင်ပေးခြင်း။
✔ ချစ်ခြင်းမေတ္တာနှင့် သစ္စာတရား၏ သင်္ကေတအဖြစ် သတ်မှတ်ကြခြင်း။
✔ မကောင်းသောစွမ်းအင်များမှ ကာကွယ်ပေးသော အဆောင်ကျောက်အဖြစ် မှတ်ယူကြခြင်း။
✔ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အပြုသဘောဆောင်သော စွမ်းအင်များကို ပေးစွမ်းသည်ဟု ရိုးရာယုံကြည်ချက်များမှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် “ပတ္တမြား” (𝐑𝐮𝐛𝐲) ကျောက်မျက်ဟာဆိုရင် တန်ဖိုးလည်းကြီးမားသလို ထူးခြားသော စွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ယနေ့တိုင် ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံး အဖိုးတန်ကျောက်မျက်ရတနာများထဲမှ တစ်မျိုးအဖြစ် တန်ဖိုးထားခံနေရဆဲ ဖြစ်ပါတယ်

နောက်ထပ် သိရှိလိုတဲ့ အကြောင်းလေးတွေရှိရင်လည်း ကောမန့်အောက်မှာ မန့်ခဲ့ပြီး မင်းကြီးရွှေ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားနိုင်ပါတယ်…

❝သင့်အနာဂတ်အတွက် ရွှေဝယ်စုကြပါစို့❞

#မင်းကြီးရွှေ #ပတ္တမြား #အဆောင်ကျောက်

ကံထူးရှင် (၁၀) ယောက်တိတိ ရွေးချယ်ပေးသွားမယ့် "မင်းကြီးရွှေ" ရဲ့ လစဉ်ကံစမ်းမဲအစီအစဉ်ငွေသားဆုမဲတွေရယူနိုင်ဖို့ဆိုရင်  𝐏𝐨𝐬𝐭...
04/07/2026

ကံထူးရှင် (၁၀) ယောက်တိတိ ရွေးချယ်ပေးသွားမယ့် "မင်းကြီးရွှေ" ရဲ့ လစဉ်ကံစမ်းမဲအစီအစဉ်

ငွေသားဆုမဲတွေရယူနိုင်ဖို့ဆိုရင် 𝐏𝐨𝐬𝐭 လေးတွေ 𝐒𝐡𝐚𝐫𝐞 ပေးရုံနဲ့ ငွေသား (၁၀,၀၀၀) ကျပ် ဆုမဲ (၁၀) မဲ တိတိကို ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒါဆို အစီအစဉ်မှာပါဝင်ဖို့ အောက်ကအချက်လေးတွေကိုတော့ လိုက်နာပေးဖို့လိုမယ်နော်…

✨ 𝐌𝐢𝐧 𝐆𝐲𝐢 𝐒𝐡𝐰𝐞 𝐆𝐨𝐥𝐝 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ပေးရပါမယ်။

✨ မင်းကြီးရွှေပေချ့် ရဲ့ တင်ခဲ့သမျှ 𝐏𝐨𝐬𝐭 တွေထဲက အကြိုက်ဆုံး 𝐏𝐨𝐬𝐭 တွေကို 𝐏𝐮𝐛𝐥𝐢𝐜 နဲ့ 𝐒𝐡𝐚𝐫𝐞 ပေးရပါမယ်။

✨ 𝐏𝐮𝐛𝐥𝐢𝐜 နဲ့တင်ထားတာတွေကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ယူပြီး ယခုပိုစ့်အောက်လေးမှာ မန့်ပေးရုံနဲ့တင် ကံစမ်းမဲ အစီအစဥ်မှာပါဝင်နိုင်မှာပဲဖြစ်ပါတယ်။

✨ 𝐏𝐨𝐬𝐭 တွေများများ 𝐒𝐡𝐚𝐫𝐞 ပြီး 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 တွေကို များများမန့်လေ ဆုငွေပေါက်ဖို့ အခွင့်အရေးများလေဆိုတော့ Post များများရှဲဖို့တော့လိုပါမယ်။

ယခုဖော်ပြပါ စည်းကမ်းချက်များအတိုင်း ရှဲထားသူများထဲကနေမှ ကံထူးရှင် (၁၀) ဦးတိတိကို ရွေးချယ်ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ‌နောက်ထပ်လည်း ရွှေသားကံစမ်းမဲ ဖောက်ပေးသွားမယ့် အစီအစဥ်တွေလည်းရှိသေးတာမို့ မင်းကြီး‌‌ရွှေ 𝐏𝐚𝐠𝐞 လေးကို 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်...❗️

မင်းကြီးရွှေရဲ့ ငွေသားဆုလက်ဆောင် အစီအစဉ်လေးမှာ ပါဝင်ကံစမ်းရင်း ကံထူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်....🙏🏻

(မှတ်ချက်- အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မင်းကြီး‌ရွှေပေချ့် ဆုံးဖြတ်ချက်သာလျှင်အတည်ဖြစ်ပါသည်)

❗ကံထူးသူများပုံစံ အကောင့်တုများဖြင့် လာရောက်ထုတ်ယူမှုများရှိနေပါသောကြောင့် ဆုငွေထုတ်ရာတွင်
အချိန်ကြန့်ကြာမှုများရှိနိုင်ပါတယ်❗

#မင်းကြီးရွှေ

"ကျောက်မျက်ရတနာတို့ရဲ့ ဘုရင်” (𝐊𝐢𝐧𝐠 𝐨𝐟 𝐆𝐞𝐦𝐬) လို့ တင်စားခေါ်ဝေါ်ရတဲ့အထိ ခမ်းနားထည်ဝါတဲ့ အလှတရားနဲ့ အဆင့်အတန်းမြင့်မားမှု...
02/07/2026

"ကျောက်မျက်ရတနာတို့ရဲ့ ဘုရင်” (𝐊𝐢𝐧𝐠 𝐨𝐟 𝐆𝐞𝐦𝐬) လို့ တင်စားခေါ်ဝေါ်ရတဲ့အထိ ခမ်းနားထည်ဝါတဲ့ အလှတရားနဲ့ အဆင့်အတန်းမြင့်မားမှုကို ပေါ်လွင်စေတဲ့ ရတနာက ဘာဖြစ်မလဲ…❓

ဒီအပတ်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဉာဏ်စမ်းမေးခွန်းလေးပဲဖြစ်ပါတယ်။
(𝐚) စိန်
(𝐛) ပတ္တမြား
(𝐜) နီလာ

မေးခွန်းလေးက အနည်းငယ်တော့ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတရစေမယ့် မေးခွန်းလေးပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း “ရတနာချစ်သူ“ တွေအနေနဲ့ အဖြေမှန်လေး ရွေးချယ်နိုင်ဖို့ မျှော်လင့်ပါတယ်နော်…

ဒါဆို စိတ်ဝင်စားစရာကောင်းတဲ့ ဉာဏ်စမ်းမေးခွန်းလေးကိုလည်း ပါဝင်ဖြေဆိုပေးကြပါဦးရှင်…

အဖြေမှန်လေးက ဘာလေးလဲဆိုတာကို နောက်ရက်တွေမှာ ကြေညာပေးသွားမှာမို့ 𝐌𝐢𝐧 𝐆𝐲𝐢 𝐒𝐡𝐰𝐞 𝐆𝐨𝐥𝐝 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လေးလုပ်ခဲ့ကြဦးနော်…✨

#မင်းကြီးရွှေ #ဉာဏ်စမ်းမေးခွန်း

ရွှေစုဆောင်းတာကောင်းလား….❓❝ရွှေစုတယ်❞ ဆိုတာ တကယ်တော့ ငွေကြေးဖောင်းပွမှုဒဏ်ကိုကာကွယ်နိုင်ပြီး ခေတ်ကာလအလိုက် တန်ဖိုးမြင့်တ...
30/06/2026

ရွှေစုဆောင်းတာကောင်းလား….❓

❝ရွှေစုတယ်❞ ဆိုတာ တကယ်တော့ ငွေကြေးဖောင်းပွမှုဒဏ်ကိုကာကွယ်နိုင်ပြီး ခေတ်ကာလအလိုက် တန်ဖိုးမြင့်တက်စေနိုင်တဲ့အတွက် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။

ဒါ့အပြင် အခြားသော စုဆောင်းမှုတွေထက် ငွေလိုတဲ့အခါမှာလည်း ပိုမိုလွယ်ကူစွာ ရောင်းချနိုင်ပြီး နေရာဒေသ အချိန်အခါမရွေး ❝ငွေ❞ အဖြစ်ပြောင်းလဲနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

❝ငွေ❞ကို ❝ရွှေ❞အဖြစ်ပြောင်းပြီး စုထားမယ်ဆိုရင်တော့ တန်ဖိုးအားဖြင့်တက်လာနိုင်ပါတယ်။ အကယ်၍ မိတ်ဆွေက ဒီအတိုင်း ငွေ (၁၀) သိန်းကို စုထားလိုက်မယ်ဆိုရင် နောက်ထပ်အချိန်ဘယ်လောက်ကြာကြာ မိတ်ဆွေမှာရှိတဲ့ ငွေ (၁၀) သိန်းက တိုးပွားလာမှာမဟုတ်ပါဘူး။

❝ရွှေ❞စုခြင်းဆိုတာ ဒီသဘောတရားပါပဲ

ဒါ့ကြောင့် မြတ်ခြင်း မမြတ်ခြင်း၊ ကောင်းခြင်း ဆိုးခြင်းတွေထက် ငွေကြေးဖောင်းပွမှုဒဏ်ကို ကာကွယ်နိုင်ဖို့အတွက်ဆို ❝ရွှေ❞စုခြင်းက အင်မတန်အကျိုးရှိတဲ့နည်းလမ်းဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

နောက်ထပ် သိရှိလိုတဲ့ အကြောင်းလေးတွေရှိရင်လည်း ကောမန့်အောက်မှာ မန့်ခဲ့ပြီး ❝မင်းကြီးရွှေ❞𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားနိုင်ပါတယ်။

#မင်းကြီးရွှေ #ရွှေ #ရွှေစုခြင်း

𝐏𝐨𝐬𝐭 တွေ 𝐒𝐡𝐚𝐫𝐞 ရင်း ဆုငွေ ကံထူးခဲ့ကြသူတွေထွက်ပေါ်လာပါပြီ…✨“မင်းကြီးရွှေ” ရဲ့ ငွေသားဆုမဲတွေ ကံထူးနိုင်မယ့်အစီအစဉ်မှာ ပါဝင...
26/06/2026

𝐏𝐨𝐬𝐭 တွေ 𝐒𝐡𝐚𝐫𝐞 ရင်း ဆုငွေ ကံထူးခဲ့ကြသူတွေထွက်ပေါ်လာပါပြီ…✨

“မင်းကြီးရွှေ” ရဲ့ ငွေသားဆုမဲတွေ ကံထူးနိုင်မယ့်အစီအစဉ်မှာ ပါဝင်ကံစမ်းရင်း ကံထူးခဲ့ကြတဲ့ ငွေသား ( ၁၀၀၀၀ ) ကျပ် ကံထူးရှင်များကို ဖော်ပြပေးလိုက်ရပါတယ်ရှင်…

ကံထူးသွားကြတဲ့ ကံထူးရှင်များအနေနဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သို့ 𝐒𝐡𝐚𝐫𝐞 ထားတဲ့ 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ကိုပြသပြီး ဆု‌ငွေများကို လာရောက်ထုတ်ယူနိုင်ပါပြီ။

အခုလို ပျော်ရွှင်စရာငွေသားကံစမ်းမဲအစီအစဉ်တွေအပြင် အခြားသော ရွှေသားငွေသားဆုလက်ဆောင်တွေကိုလည်း ထပ်မံပေးသွားမှာမို့လို့ 𝐌𝐢𝐧 𝐆𝐲𝐢 𝐒𝐡𝐰𝐞 𝐆𝐨𝐥𝐝 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 ရဲ့ ကံစမ်းမဲအစီအစဉ်တွေမှာ ပါဝင်ကံစမ်းနိုင်ဖို့ Page လေးအမြဲစောင့်ကြည့်ဖို့ မမေ့နဲ့နော်…

❗ မှတ်ချက်- အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မင်းကြီး‌ရွှေပေချ့် ဆုံးဖြတ်ချက်သာလျှင်အတည်ဖြစ်ပါသည် ❗

⚠️ကံထူးသူများပုံစံ အကောင့်တုများဖြင့် လာရောက်ထုတ်ယူမှုများရှိနေပါသောကြောင့် ဆုငွေထုတ်ယူရာတွင် အချိန်အနည်းငယ် ကြန့်ကြာမှုများရှိနိုင်ပါတယ်ရှင်⚠️

#မင်းကြီးရွှေ

ကျောက်မျက်ရတနာ အရောင်ကျရင် တန်ဖိုးပါ ကျသွားမလား...❓ကျောက်မျက်ရတနာတစ်လုံးရဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ အရောင် (𝐂𝐨𝐥𝐨𝐫) ဟာ အရ...
24/06/2026

ကျောက်မျက်ရတနာ အရောင်ကျရင် တန်ဖိုးပါ ကျသွားမလား...❓

ကျောက်မျက်ရတနာတစ်လုံးရဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ အရောင် (𝐂𝐨𝐥𝐨𝐫) ဟာ အရေးကြီးဆုံး အချက်တွေထဲက တစ်ခုဖြစ်လို့ အရောင်ကျသွားခြင်း၊ အရောင်မှိန်သွားခြင်းနဲ့ အရောင်ပြောင်းလဲသွားခြင်းတွေ ဖြစ်ပေါ်လာရင် တန်ဖိုးအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

သို့ပေမဲ့ အရောင်ဟာ အရေးကြီးသော်လည်း တန်ဖိုးကို ဆုံးဖြတ်ပေးတဲ့ တစ်ခုတည်းသော အချက်မဟုတ်လို့ "အရောင်ကျတိုင်း တန်ဖိုးကျတယ်" လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး❗

✨ ကျောက်မျက်ရတနာအမျိုးအစား၊ သဘာဝအရည်အသွေး၊ ရှားပါးမှု၊ ကြည်လင်မှု (𝐂𝐥𝐚𝐫𝐢𝐭𝐲)၊ အလေးချိန် (𝐂𝐚𝐫𝐚𝐭 𝐖𝐞𝐢𝐠𝐡𝐭) နှင့် ဖြတ်တောက်ပုံ (𝐂𝐮𝐭) စတဲ့ အချက်များပေါ်မူတည်ပြီး တန်ဖိုးကွဲပြားနိုင်ပါတယ်။

✨ အရောင်ကို အဓိကတန်ဖိုးထားရတဲ့ ပတ္တမြာ (𝐑𝐮𝐛𝐲)၊ နီလာ (𝐒𝐚𝐩𝐩𝐡𝐢𝐫𝐞) နှင့် မြကျောက် (𝐄𝐦𝐞𝐫𝐚𝐥𝐝) တို့လို ကျောက်မျက်တွေမှာတော့ အရောင်မှိန်ခြင်းက တန်ဖိုးကို သိသာစွာ ကျဆင်းနိုင်ပါတယ်။

✨ အရောင်ပြောင်းလဲမှုသည် သဘာဝအကြောင်းအရင်းများကြောင့် ဖြစ်ပေါ်ခြင်းလား၊ ဓာတုဆေးဝါး သို့မဟုတ် အပူပေးကုသမှု (𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭) များကြောင့် ဖြစ်ပေါ်ခြင်းလား ဆိုတာကိုလည်း စစ်ဆေးရန် လိုအပ်ပါတယ်။

ဒါ့ကြောင့် လူကြီးမင်းတို့ရဲ့ ကျောက်မျက်ရတနာတွေ အရောင်ကျလာခဲ့ရင် တန်ဖိုးကျမှာကို မစိုးရိမ်ဘဲ ကျွမ်းကျင်သူများထံမှာ စစ်ဆေးအတည်ပြုဖို့ အကြံပေးလိုက်ပါတယ်နော်…

နောက်ထပ် သိရှိလိုတဲ့ အကြောင်းလေးတွေရှိရင်လည်း ကောမန့်အောက်မှာ မန့်ခဲ့ပြီး မင်းကြီးရွှေ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားနိုင်ပါတယ်…

#မင်းကြီးရွှေ

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောက်စိမ်းထွက်ရှိတဲ့နိုင်ငံကတော့…အဖြေမှန် ။   ။ (c) မြန်မာ ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံ မြောက်ပို...
19/06/2026

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောက်စိမ်းထွက်ရှိတဲ့နိုင်ငံကတော့…
အဖြေမှန် ။ ။ (c) မြန်မာ ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့် ဒေသဟာ ကမ္ဘာပေါ်မှာ အရည်အသွေးမြင့် 𝐉𝐚𝐝𝐞𝐢𝐭𝐞 အများဆုံးထွက်တဲ့ နေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ တန်ဖိုးအမြင့်ဆုံးဖြစ်တဲ့ "𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐉𝐚𝐝𝐞" တွေလည်း ဒီဒေသက အများဆုံး ထွက်ရှိတာပဲဖြစ်ပါတယ်။

သုတေသနများအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အရည်အသွေးမြင့် 𝐉𝐚𝐝𝐞𝐢𝐭𝐞 ရဲ့ 𝟕𝟎% ကျော်ကို ထုတ်လုပ်ပေးနေပြီး အချို့ရင်းမြစ်တွေကတော့ ပိုတောင်များတယ်လို့ ဖော်ပြကြတာပဲဖြစ်ပါတယ်။

ကဲဒါဆို ဒီတစ်ပတ်အတွက် ပျော်ရွှင်စရာကောင်းတဲ့ ဉာဏ်စမ်းမေးခွန်းလေးကို ဘယ်သူတွေအဖြေမှန်ကြလဲရှင့်…💡

နောက်အပတ်တွေမှာလည်း စိတ်လှုပ်ရှားစွာ ခန့်မှန်းရမယ့် ဉာဏ်စမ်းမေးခွန်းလေးကို မေးသွားဦးမှာမို့လို့ ပါဝင်ဖြေဆိုပေးကြပါဦးနော်…

ဒါ့အပြင် ဒီအပတ်ထဲမှာ “𝐏𝐨𝐬𝐭 တွေ 𝐒𝐡𝐚𝐫𝐞 ရင်း ဆုငွေကံထူးနိုင်မယ့် အစီအစဉ်” လေးလည်း ရှိနေတာမို့ 𝐌𝐢𝐧 𝐆𝐲𝐢 𝐒𝐡𝐰𝐞 𝐆𝐨𝐥𝐝 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐒𝐡𝐨𝐩 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားပြီး ဝင်ကံစမ်းခဲ့ကြဦးနော်…✨

သိရှိလိုတဲ့အကြောင်းအရာတွေရှိရင်လည်း Comment မှာမေးခဲ့လို့ရပါတယ်ရှင်။

#မင်းကြီးရွှေ #ကံစမ်းမဲ #ဉာဏ်စမ်းမေးခွန်း

Address

No. , 266, 5 Quarter, Bomhu Bahtoo Road, East Dagon Township
Yangon
11451

Telephone

+959790365403

Website

Alerts

Be the first to know and let us send you an email when Min Gyi Shwe Gold & Jewellery Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Gyi Shwe Gold & Jewellery Shop:

Shortcuts

Share