Darunmedhaphat Language center

Darunmedhaphat Language center တောက်ပတဲ့အနာဂတ်အတွက် အဆင့်မြင့်ပညာရေးအခြေခံအုတ်မြစ် တည်ဆောက်ဖို့ ဒါရုဏ်မေဓာဖွံ့ဖြိုးကျောင်း
(Da-run Medha Phwint Phyo Kyaung)မှကြိုဆိုပါတယ်

31/08/2026



#ထိုင်း
#ထိုင်းစာ
#ထိုင်းစကား

‎‎လေ့လာရန် ‎
30/08/2026


‎လေ့လာရန်

สุขสันต์วันแม่แห่งชาติ 💙ထိုင်းနိုင်ငံ မိခင်များနေ့ အားလုံး ပျော်ရွှင်ကြပါစေ။💙ထိုင်းနိုင်ငံရဲ့ မိခင်များနေ့ — စံပယ်ပန်းတစ...
12/08/2026

สุขสันต์วันแม่แห่งชาติ 💙
ထိုင်းနိုင်ငံ မိခင်များနေ့ အားလုံး ပျော်ရွှင်ကြပါစေ။

💙ထိုင်းနိုင်ငံရဲ့ မိခင်များနေ့ — စံပယ်ပန်းတစ်ပွင့်နဲ့ ဖော်ပြတဲ့ မိခင်မေတ္တာ

ဩဂုတ် ၁၂ ရက်နေ့ ရောက်တိုင်း ထိုင်းနိုင်ငံတစ်ဝန်းမှာ အပြာနုရောင်အလံတွေ လွှင့်ထူကြပြီး အပြာနုရောင်အင်္ကျီတွေ ဝတ်ဆင်ကြပါတယ်။ ကျောင်းတွေမှာတော့ ကလေးတွေက မိခင်တွေကို စံပယ်ပန်းကုံးတွေ ပေးအပ်ပြီး ကန်တော့ကြတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရလေ့ရှိပါတယ်။

ဒါပေမယ့်… ဘာကြောင့် ဩဂုတ် ၁၂ ရက်ကို မိခင်များနေ့အဖြစ် သတ်မှတ်ထားတာလဲ။ ဘာကြောင့် စံပယ်ပန်းနဲ့ အပြာနုရောင်က မိခင်များနေ့ရဲ့ သင်္ကေတတွေ ဖြစ်လာတာလဲ။ 🤔

📜 မိခင်များနေ့ရဲ့ သမိုင်းကြောင်း

ထိုင်းနိုင်ငံမှာ မိခင်များနေ့ကို အစောပိုင်းကာလတွေမှာ မတ်လ၊ ဧပြီလနဲ့ အောက်တိုဘာလတွေမှာ ကျင်းပခဲ့ဖူးပါတယ်။

နောက်ပိုင်း ၁၉၇၆ ခုနှစ်ကစတင်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက်ဟာ ထိုင်းနိုင်ငံရဲ့ မယ်တော်ကြီး သီရိခေတ် (Queen Sirikit) ရဲ့ မွေးနေ့ဖြစ်တာကြောင့် ဒီနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ပြီး အထူးအရေးပါတဲ့နေ့တစ်နေ့အဖြစ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

🌼 စံပယ်ပန်းက ဘာကြောင့် မိခင်များနေ့ရဲ့ သင်္ကေတဖြစ်လာတာလဲ?

မိခင်များနေ့ရောက်တိုင်း ထိုင်းကလေးတွေဟာ မိခင်တွေကို အဖြူရောင်စံပယ်ပန်းကုံး ပေးအပ်လေ့ရှိပါတယ်။

အဖြူရောင်စံပယ်ပန်းဟာ ဖြူစင်ခြင်းနဲ့ နူးညံ့ခြင်းကို ကိုယ်စားပြုပါတယ်။ ထို့အပြင် စံပယ်ပန်းရဲ့ ကြာရှည်မွှေးပျံ့တဲ့ရနံ့ကို မိခင်တွေရဲ့ မကုန်ဆုံးနိုင်တဲ့ မေတ္တာနဲ့ ကြင်နာမှုနဲ့ ဆက်စပ်ဖော်ပြကြပါတယ်။ 🤍

ဒါကြောင့် စံပယ်ပန်းတစ်ပွင့်ဟာ ထိုင်းနိုင်ငံမှာ မိခင်များနေ့ရောက်တိုင်း မိခင်မေတ္တာကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

💙 အပြာနုရောင်ကို ဘာကြောင့် ဝတ်ဆင်ကြတာလဲ?

ထိုင်းရိုးရာအရ လူတစ်ဦး မွေးဖွားတဲ့နေ့နဲ့ သက်ဆိုင်တဲ့ အရောင်တွေကို အထူးအဓိပ္ပာယ်ထားကြပါတယ်။

မယ်တော်ကြီးရဲ့ မွေးနေ့ဟာ သောကြာနေ့ ဖြစ်တဲ့အတွက် သောကြာနေ့ရဲ့ အမှတ်တရအရောင်ဖြစ်တဲ့ အပြာနုရောင်ကို မိခင်များနေ့နဲ့ ဆက်စပ်အသုံးပြုလာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဩဂုတ် ၁၂ ရက်နေ့ရောက်တိုင်း အပြာနုရောင်အင်္ကျီဝတ်ဆင်သူတွေ၊ အပြာနုရောင်အလံနဲ့ အလှဆင်ထားတဲ့နေရာတွေကို နိုင်ငံတစ်ဝန်းမှာ တွေ့မြင်ရပါတယ်။ 💙

🙏 မိခင်ကို ကန်တော့တဲ့ ထူးခြားတဲ့အစဉ်အလာ

ထိုင်းနိုင်ငံရဲ့ မိခင်များနေ့မှာ အထူးစိတ်ဝင်စားစရာကောင်းတဲ့ အစဉ်အလာတစ်ခုကတော့ သားသမီးတွေက မိခင်ကို ကန်တော့ခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် ကျောင်းတွေမှာ မိခင်တွေကို ဖိတ်ခေါ်ပြီး သားသမီးတွေက မိခင်ရဲ့ရှေ့မှာ ထိုင်ကာ စံပယ်ပန်းကုံး ပေးအပ်ခြင်း၊ ခြေတော်ဦးခိုက်ကန်တော့ခြင်းတို့ ပြုလုပ်ကြပါတယ်။

ဒီအခမ်းအနားက မိခင်တွေရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြုခြင်း၊ ကျေးဇူးဆပ်ခြင်းနဲ့ မိခင်တွေရဲ့ မေတ္တာကို တန်ဖိုးထားကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ 🙏🌼

💙 ဩဂုတ် ၁၂ ရက်ဟာ ထိုင်းနိုင်ငံအတွက် ရုံးပိတ်ရက်တစ်ရက်သာ မဟုတ်ပါဘူး။

အပြာနုရောင်က အမှတ်တရ၊ စံပယ်ပန်းက မိခင်မေတ္တာရဲ့ သင်္ကေတ၊ ကန်တော့ခြင်းကတော့ သားသမီးတွေရဲ့ ကျေးဇူးတရားကို ဖော်ပြတဲ့ အစဉ်အလာ ဖြစ်ပါတယ်။

🌼 မိခင်ရှိနေသေးရင် အချိန်မဆွဲဘဲ မိခင်ကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောပေးလိုက်ပါ။

Ref: Khaosod



#ထိုင်းနိုင်ငံမိခင်များနေ့
#ဩဂုတ်၁၂ရက်

🌱 ထိုင်းမှာ ကျောင်းတက်နေတဲ့ သားသားမီးမီးတို့ရေ…မင်းတို့အတွက် မိဘတွေကအလုပ်ပင်ပန်းခံပြီး ရှာဖွေပေးနေကြတယ်ကျောင်းစရိတ်၊ စာအ...
12/08/2026

🌱 ထိုင်းမှာ ကျောင်းတက်နေတဲ့
သားသားမီးမီးတို့ရေ…

မင်းတို့အတွက် မိဘတွေက
အလုပ်ပင်ပန်းခံပြီး ရှာဖွေပေးနေကြတယ်
ကျောင်းစရိတ်၊ စာအုပ်ဖိုး၊ အဝတ်အစားနဲ့
နေ့စဉ်စားဝတ်နေရေးအတွက်လည်း
တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေကြတယ်

ဒါကြောင့် မင်းတို့ဘက်က ပြန်ပေးနိုင်တဲ့အရာက
စာကိုကြိုးစားသင်ယူခြင်းနဲ့
လူကောင်းတစ်ယောက်ဖြစ်အောင်
ကြိုးစားခြင်းပါ❤️

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေရတာကြောင့်
ထိုင်းစာကို သေချာသင်ယူပါ🇹🇭
အင်္ဂလိပ်စာကိုလည်း မမေ့ပါနဲ့
ကိုယ့်မြန်မာစာနဲ့ မြန်မာစကားကိုလည်း
တန်ဖိုးထားပြီး ထိန်းသိမ်းပါ🇲🇲

သူငယ်ချင်းတွေကြားမှာ
ဘယ်သူက ခေတ်မီတယ်၊
ဘယ်သူက ပိုချမ်းသာတယ်ဆိုတာထက်
ဘယ်သူက ပိုကောင်းတဲ့လူတစ်ယောက်
ဖြစ်လာနိုင်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်

ဖုန်းကိုင်တဲ့အချိန်ထက်
စာအုပ်ကိုင်တဲ့အချိန် ပိုများပါစေ📚
ကစားတဲ့အချိန်လည်း ကစားပါ၊
ဒါပေမယ့် ကိုယ့်အနာဂတ်ကို မမေ့ပါနဲ့

ကျောင်းမှာ အနိုင်ကျင့်ခံရရင်
တစ်ယောက်တည်းကြိတ်မခံပါနဲ့
နီးစပ်ရာ ဆရာ၊ဆရာမတွေတိုင်ကြားပါ
သက်သေယူထားရပါ့မယ်
မှတ်တမ်းအနေနဲ့ အချိန် နေရာ ၊ဓါတ်ပုံ၊ဗွီဒီယို
နဲ့မှတ်တမ်းယူထားရရင်ယူပါ
ပြဿနာဖြစ်ရင် CCTV အရှေ့မှာရပ်ပြီး
အေးဆေးဖြေရှင်းပါ

အိမ်ကို တစ်ယောက်တည်း လူပြတ်တဲ့နေရာ
ကနေမပြန်ပါနဲ့
မိဘ အကြိုပို့ ရှိတဲ့ကလေး မိဘနဲ့အတူပဲ
သွားပါ
သူစိမ်းလာခေါ်ရင်မလိုက်ပါနဲ့
မိမိဘာလုပ်လုပ် သက်သေအနေနဲ့
တစ်ယောက်ယောက်ကိုအသိပေးတာမျိုး
ဖုန်းဖြင့် massage ပို့ တိုင်ကြားတာမျိုး
လုပ်ထားပါ

ဘာကိစ္စမဆို မိဘအုပ်ထိန်းသူကို
ပြန်ပြောပြပါ

ကျောင်းကပြန်တာနဲ့ ဒီနေ့ကျောင်းမှာ
ဘာသင်တယ်ဘာတွေလုပ်ရတယ်
မိဘကိုပြောပြတဲ့အကျင့်လုပ်ပါ

ပြီးတော့….
အဖွဲ့လိုက် အိမ်စာလုပ်ဖို့သူငယ်ချင်းအိမ်
သွားရင်လဲ အများနည်းတူ စုရပ်မှာပဲနေပါ
သူများအိမ်ထဲဝင်တာ ၊ ဟိုကိုင်ဒီကိုင်လုပ်တာ၊
သူများပစ္စည်းမသိအောင်ယူ ခဲ့တာမျိုးရှောင်ပါ
အိမ်သာသွားရင် အဖေါ်သူငယ်ချင်းနဲ့အတူ
သွားနော်
ရန်ဖြစ်တာအတတ်နိုင်ဆုံးရှောင်ပါ

အရေးကြီးဆုံးက
ဒီနေ့ စာမေးပွဲမှာ အမှတ်ကောင်းရဖို့ထက်
မနက်ဖြန် ကိုယ့်ဘဝမှာ ရပ်တည်နိုင်ဖို့
ပညာ၊ စာရိတ္တနဲ့ ကျွမ်းကျင်မှုတွေကို
တဖြည်းဖြည်း တည်ဆောက်ပါ
ဘယ်သူနဲ့မှမပြိုင်ပါနဲ့
မိမိကိုယ်နဲ့သာပြိုင်ရင်အကောင်းဆုံးနော်
စာကြိုးစားသင်ယူကြပါ

မိဘတွေက မင်းတို့ကို
အမြဲတမ်း လက်တွဲခေါ်သွားနိုင်မှာ မဟုတ်ပါဘူး

တစ်နေ့မှာ မင်းတို့ကိုယ်တိုင်
ကိုယ့်လမ်းကို ကိုယ်လျှောက်ရမယ့်အချိန်
ရောက်လာမှာပါ

အဲဒီနေ့အတွက်
ဒီနေ့ကတည်းက ပြင်ဆင်ထားပါ

မင်းတို့ရဲ့ ပညာရေးက
မိဘတွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သလို
မင်းတို့ကိုယ်တိုင်အတွက်လည်း
အနာဂတ်ကို ဖွင့်ပေးမယ့်
သော့တစ်ချောင်း ဖြစ်လာပါလိမ့်မယ် 🔑❤️

သားသားမီးမီးတို့ရေ…
ပညာကိုတန်ဖိုးထားပါ
မိဘကျေးဇူးကိုနားလည်ပါ
ဆရာစကားအလေးထားနားထောင်ပါ
ကိုယ့်အိပ်မက်ကို မစွန့်လွှတ်ပါနဲ့🌱📚

Maythandar

#ထိုင်းမှာကျောင်းတက်နေတဲ့ကလေးများ
#ပညာရေး
#မိဘနဲ့သားသမီး
#အနာဂတ်အတွက်ပြင်ဆင်ကြစို့
#ပညာကိုတန်ဖိုးထားပါ

ထိုင်းနိုင်ငံမှ ကျောင်းသားလူငယ် ကလေးများအတွက် မြန်မာ ဘာသာစကားကို အခြေခံမှ စပြီး စနစ်တကျ သင်ယူနိုင်မည့်အခွင့်အရေး 😍ကလေးမျ...
09/08/2026

ထိုင်းနိုင်ငံမှ ကျောင်းသားလူငယ် ကလေးများအတွက် မြန်မာ ဘာသာစကားကို အခြေခံမှ စပြီး စနစ်တကျ သင်ယူနိုင်မည့်အခွင့်အရေး 😍

ကလေးများ မြန်မာ ဘာသာ စကားနှင့် အင်္ဂလိပ်ဘာသာ စကား နှင့် ကွန်ပြူတာ အခြေခံ ဘာသာ များကိုပျော်ပျော်ရွှင်ရွှင် နဲ့ မကြောက်မရွံ့ သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့်

မြန်မာ (4) Skills - အင်္ဂလိပ် (4) Skills Speaking,Listening,Reading,Writing နှင့်
Basic computer skills ကိုသင်ကြားပေးမည့် အတန်းလေးများကို ဖွင့်လှစ်လိုက်ပါပြီရှင် 🎉🎉🎉

အစိုးရနှင့် Private ကျောင်းများတွင်တက်ရောက်နေကြပြီး English ဘာသာစကားကို ပြင်ပမှ ထပ်မံ သင်ယူလိုသည့် ကျောင်းသားကျောင်းသူများ အတွက် သင့်တော်သော အတန်းခွဲလေးများဖြစ်ပါတယ်..

ဘယ်သူ​​တွေတက်ရောက်သင့်လဲ...........................................................
🔰 အစိုးရကျောင်း၊Bilingual ကျောင်းတွေမှာ တက်ရောက်နေပြီး မြန်မာ ဘာသာစကားကို စနစ်တကျ ထပ်မံသင်ယူလိုသောကျောင်းသားများ

🔰 International school များတွင်တက်ရောက်နေပြီး မြန်မာ ဘာသာကို လေ့ကျင့်သင်ယူလိုသော ကျောင်းသားများ

🚩အစိုးရကျောင်း၊Bilingual ကျောင်းတွေမှာ တက်ရောက်နေပြီး English ဘာသာစကားကို စနစ်တကျ ထပ်မံသင်ယူလိုသောကျောင်းသားများ

🚩International school များတွင်တက်ရောက်နေပြီး English ဘာသာကို ထပ်ဆင့်ပိုမိုတိုးတက်အောင်
လေ့ကျင့်သင်ယူလိုသော ကျောင်းသားများ.......................................................

သင်တန်းတက်ဖို့ဘာတွေလိုအပ်မလဲ

🔰Online ကနေ သင်ကြားမှာဖြစ်တဲ့အတွက် အင်တာနက်၊ဖုန်း၊ကွန်ပျူတာ
ရှိရုံနဲ့သင်ယူနိုင်ပါပြီ.......................................................
ဒီအတန်းလေးကိုတက်ရောက်ပြီးပြီဆိုရင် ကလေးများအတွက်..

🔰 English letters and sounds လေးများကို စနစ်တကျအသံထွက်လာတတ်ခြင်း
🔰 English ဘာသာ စကားကို အခြေခံကနေ စနစ်တကျ တက်မြောက်မှာဖြစ်ပြီး အခြေခံသိရှိရမယ့် English စကားလုံး ဝေါဟာရများတိုးတက်လာခြင်း
🔰 အတန်းထဲတွင် ဆရာနှင့်အတူ English
လိုပြောဆိုသင်ကြားမှာဖြစ်သည့်အတွက်စကားပြောစွမ်းရည်နှင့်အကြားစွမ်းရည်တိုးတက်လာခြင်း
🔰 သင်ရိုးစာအုပ်ဖြင့် သင်ကြားခြင်းကြောင့် English အရေးအဖတ် ကိုပါ တစ်ပါတည်းတိုးတက်လာမှာဖြစ်ပါတယ်ရှင်။

🔰 Myanmar letters and sounds လေးများကို စနစ်တကျအသံထွက်လာတတ်ခြင်း
🔰 Myanmar ဘာသာ စကားကို အခြေခံကနေ စနစ်တကျ တက်မြောက်မှာဖြစ်ပြီး အခြေခံသိရှိရမယ့် စကားလုံး ဝေါဟာရများတိုးတက်လာခြင်း
🔰 အတန်းထဲတွင် ဆရာနှင့်အတူ Myanmar
လိုပြောဆိုသင်ကြားမှာဖြစ်သည့်အတွက်စကားပြောစွမ်းရည်နှင့်အကြားစွမ်းရည်တိုးတက်လာခြင်း
🔰 စနစ်တကျသင်ကြားခြင်းကြောင့် အချိန်နှင့်အမျှတိုးတက်လာမှာဖြစ်ပါတယ်ရှင်။ ........................................................

ထို့အပြင် ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်..
သင်တန်းချိန်ပြင်ပ အတန်းလေးများကိုပါ တွဲဖက်တက်ရောက်နိုင်အောင် စီစဥ်ပေးထားပါတယ်ရှင် 🤗

🎉 သင်တန်းချိန်ပြင်ပ တက်ရောက်နိုင်မယ့်အတန်းလေးတွေကတော့

✂🎯 Art & Craft Club
ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေခြင်း

🎼🎧 Music Club
သီချင်းလေးတွေနားထောင်ရင်း စကားလုံးဝေါဟာရ အသစ်လေးတွေသင်ယူခြင်း

🖌🖼 Drawing & Colouring Club
ကလေးတွေရဲ့ လက်ချောင်းကြွက်သားလေးတွေသန်မာလာခြင်း၊ အာရုံစူးစိုက်မှုကို
တိုးတက်စေခြင်း

ဆရာနှင့်အတူ Fun & Learn သင်ကြားနည်းဖြင့် ပေါ့ပေါ့ပါးပါး ထိရောက်စွာသင်ကြားပေးမှာဖြစ်ပါတယ်ရှင်။ 🤗.........................................................

တစ်တန်းချင်းတွင်း ကျောင်းသားဦးရေ (10) ယောက်အထိသာ လက်ခံသင်ကြားပေးမှာပါရှင် 🌟🌟.......................................................

🔶 တစ်ဦးချင်း online, သင်ယူလိုသော ကျောင်းသားကျောင်းသူများအနေဖြင့်
သင်တန်းအချိန်နဲ့သင်တန်းကြေးလေးများကို ညှိုနှိုင်းသင်ကြားပေးပါသည်........................................................

☎ အသေးစိတ်စုံစမ်းနိူင်ပါသည်။

#ထိုင်း #မြန်မာစာ

Thailand. မှာရှိနေတဲ့သူတွေအတွက်အထူးအခွင့်အရေးNursing Aid Training Program 🇹🇭Thailand မှာ Nursing Aid / Healthcare Career...
07/08/2026

Thailand. မှာရှိနေတဲ့သူတွေအတွက်အထူးအခွင့်အရေး

Nursing Aid Training Program 🇹🇭

Thailand မှာ Nursing Aid / Healthcare Career စတင်ဖို့ စိတ်ဝင်စားသူတွေအတွက်—

📚 Theory + Practical Training
🇹🇭 Thai Language Basic သင်ကြားပေးခြင်း
🗣️ လိုအပ်သည့် ဘာသာစကားအကူအညီ
🏠 Accommodation စီစဉ်ပေးခြင်း
🍱 Training Day Meal
📄 Visa & Documentation Support

တို့ကို စီစဉ်ပေးထားပါတယ်။

သင်တန်းပြီးလျှင်အလုပ်ပါရှာပေးပါတယ်။

Thailand မှာ Healthcare Career စတင်ချင်တယ်ဆိုရင် အရင်ဆုံး သင်တန်းအကြောင်း အသေးစိတ်စုံစမ်းကြည့်ပါ။ 🤍



📣ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျူတာသင်တန်း ကျောင်းသားသစ်များ စအပ်ရနေပါပြီ။🇹🇭 ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာနိ...
07/08/2026

📣ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျူတာသင်တန်း ကျောင်းသားသစ်များ စအပ်ရနေပါပြီ။

🇹🇭 ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားများ၊ ကလေးများနှင့် ပညာဆက်လက်သင်ယူလိုသူများအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားသော သင်တန်းများ ဖြစ်ပါသည်။

📚 သင်ကြားပေးနေသော ဘာသာရပ်များ
✅ ထိုင်းဘာသာ (အပြော၊ အကြား၊ အဖတ်၊ အရေး)
✅ အင်္ဂလိပ်ဘာသာ (အပြော၊ အကြား၊ အဖတ်၊ အရေး)
✅ ကွန်ပျူတာ အခြေခံနှင့် လက်တွေ့အသုံးချ

🎓 NFE (กศน.) အဝေးသင်ကျောင်းတွင် ပညာဆက်လက်သင်ယူလိုသူများအတွက် ကျောင်းအပ်ခြင်းနှင့် ဆက်သွယ်ရေးကိစ္စများကို ကျွန်ုပ်တို့မှ ကူညီဆောင်ရွက်ပေးပါသည်။

🌟 အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်စေရန်၊ ပညာရေးဆက်လက်သင်ယူရန်နှင့် မိမိ၏အရည်အချင်းကို မြှင့်တင်လိုသူတိုင်း တက်ရောက်နိုင်ပါသည်။

💻 ဘယ်နေရာကမဆိုသင်လို့ရမယ် online ကျောင်း
🏣ကျောင်းနေရာ (มหาชัยเมืองใหม่)မဟာချိုင်မွန်းမိုင်အနီး

📞 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန် ယနေ့ပဲ ဆက်သွယ်လိုက်ပါ။



#ထိုင်း
#ထိုင်းစာ
#ထိုင်းစကား

07/08/2026

Learn beyond borders.
🇹🇭 เรียนรู้ไร้พรมแดน
🇲🇲 နယ်နိမိတ်မရှိ သင်ယူပါ။

06/08/2026

หนึ่งมัด (နွန်မတ်) = တစ်စည်း
หนึ่งแผ่น (နွန်ဖဲန်) = တစ်ရွက်
หนึ่งเส้น (နွန်ဆေ့(န်)) = တစ်ချောင်း

05/08/2026

Communication creates opportunities.
🇹🇭 การสื่อสาร สร้างโอกาส
🇲🇲 ဆက်သွယ်ပြောဆိုခြင်းသည် အခွင့်အလမ်းများကို ဖန်တီးပေးသည်။

ที่อยู่

Bangkok

เบอร์โทรศัพท์

+66990786286

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Darunmedhaphat Language centerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Darunmedhaphat Language center:

ทางลัด

แชร์