ရွှေဈေး Daily Update

ရွှေဈေး Daily Update နေ့စဉ်ရွှေဈေးနှုန်းသိချင်သူများအတွက်

စီးပွားကူးသန်းမှ အသိပေးကြေညာချက်ပါ။
14/10/2025

စီးပွားကူးသန်းမှ အသိပေးကြေညာချက်ပါ။

Western Union မှ ငွေလဲနှန်ုးများဆက်တိုက်ကျဆင်း။ယခင် တဒေါ်လာ- ၄၁၂၃ ကျပ်ယခု တဒေါ်လာ - ၄၀၇၃ ကျပ်ငွေဈေးများဆက်တိုက်ဆင်းနေပါတ...
07/10/2025

Western Union မှ ငွေလဲနှန်ုးများဆက်တိုက်ကျဆင်း။
ယခင် တဒေါ်လာ- ၄၁၂၃ ကျပ်
ယခု တဒေါ်လာ - ၄၀၇၃ ကျပ်
ငွေဈေးများဆက်တိုက်ဆင်းနေပါတယ်။

ပြည်ပလုပ်သားလစာငွေလဲနှုန်းများဆက်တိုက်ဆိုသလိုထပ်မံဈေးကျဆင်းပါတယ်။ယခင် ၁ဒေါ်လာ - ၄၁၄၀ ကျပ်ယခု ၁ဒေါ်လာ - ၄၀၉၀ ကျပ်⬇️⬇️⬇️၇....
07/10/2025

ပြည်ပလုပ်သားလစာငွေလဲနှုန်းများဆက်တိုက်ဆိုသလိုထပ်မံဈေးကျဆင်းပါတယ်။
ယခင် ၁ဒေါ်လာ - ၄၁၄၀ ကျပ်
ယခု ၁ဒေါ်လာ - ၄၀၉၀ ကျပ်⬇️⬇️⬇️
၇.၁၀.၂၀၂၅

Western Union မှ ငွေလဲနှန်ုးများဆက်တိုက်ကျဆင်း။ယခင် တဒေါ်လာ- ၄၁၈၃ ကျပ်ယခု တဒေါ်လာ - ၄၁၂၃ ကျပ်⬇️⬇️⬇️ငွေဈေးများဆက်တိုက်ဆင်...
01/10/2025

Western Union မှ ငွေလဲနှန်ုးများဆက်တိုက်ကျဆင်း။
ယခင် တဒေါ်လာ- ၄၁၈၃ ကျပ်
ယခု တဒေါ်လာ - ၄၁၂၃ ကျပ်⬇️⬇️⬇️
ငွေဈေးများဆက်တိုက်ဆင်းနေပါတယ်။

ပြည်ပလုပ်သားလစာငွေလဲနှုန်းများယနေ့ထပ်မံဈေးကျဆင်းပါတယ်။ယခင် ၁ဒေါ်လာ - ၄၂၀၀ ကျပ်ယခု ၁ဒေါ်လာ - ၄၁၄၀ ကျပ်⬇️⬇️⬇️
01/10/2025

ပြည်ပလုပ်သားလစာငွေလဲနှုန်းများယနေ့ထပ်မံဈေးကျဆင်းပါတယ်။
ယခင် ၁ဒေါ်လာ - ၄၂၀၀ ကျပ်
ယခု ၁ဒေါ်လာ - ၄၁၄၀ ကျပ်⬇️⬇️⬇️

Western Union မှ ငွေလဲနှုန်းများလည်းဆက်တိုက်ကျဆင်း။ ယနေ့ 1USD -4183 ကျပ်အထိကျဆင်းလာပါတယ်။
26/09/2025

Western Union မှ ငွေလဲနှုန်းများလည်းဆက်တိုက်ကျဆင်း။ ယနေ့ 1USD -4183 ကျပ်အထိကျဆင်းလာပါတယ်။

ပြည်ပလုပ်သားလစာ ငွေလဲနှုန်းများဆက်တိုက်ကျဆင်း။1USD - 4250 ကျပ်မှ 4200 ကျပ်သို့ဆက်တိုက်ကျဆင်း။
26/09/2025

ပြည်ပလုပ်သားလစာ ငွေလဲနှုန်းများဆက်တိုက်ကျဆင်း။
1USD - 4250 ကျပ်မှ 4200 ကျပ်သို့ဆက်တိုက်ကျဆင်း။

Western Union မှ ငွေလွှဲနှုန်းများထပ်မံကျဆင်း ⬇️⬇️⬇️
08/09/2025

Western Union မှ ငွေလွှဲနှုန်းများထပ်မံကျဆင်း ⬇️⬇️⬇️

World USD  index ကျဆင်းမှုနှင့်တူပြည်ပရောက်လုပ်ခလစာငွေလွှဲနှုန်းများ4370 မှ 4330ကျပ်သို့ထပ်မံကျဆင်း⬇️⬇️⬇️
08/09/2025

World USD index ကျဆင်းမှုနှင့်တူပြည်ပရောက်လုပ်ခလစာငွေလွှဲနှုန်းများ4370 မှ 4330ကျပ်သို့ထပ်မံကျဆင်း⬇️⬇️⬇️

30/08/2025
အခွန်ရာဖြတ်နှုန်းထားတက်လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရန်ကုန်အိမ်ခြံမြေဈေးကွက် ဈေးကစားသူများလာဩဂုတ် ၃ဝ - ၂ဝ၂၅KKO(VOM)အခွန်ရာ...
30/08/2025

အခွန်ရာဖြတ်နှုန်းထားတက်လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရန်ကုန်အိမ်ခြံမြေဈေးကွက် ဈေးကစားသူများလာ

ဩဂုတ် ၃ဝ - ၂ဝ၂၅
KKO(VOM)

အခွန်ရာဖြတ်နှုန်းထားတက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်ရန်ကုန်အိမ်ခြံမြေဈေးဟာနှစ်ဆခန့်မြင့်တက်လာခဲ့ပြီးဈေးကွက်မှာလည်းဈေးကစားသူတွေများပြားလာခဲ့တယ်လို့ အိမ်ခြံမြေဈေးကွက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ VOM က စုံစမ်းသိရှိရပါတယ်။

ဒါဟာလက်ရှိလူမှုကွန်ရက်အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ မြို့နယ်အလိုက်အိမ်ခြံမြေအခွန်ရာဖြတ်နှုန်းထားသတ်မှတ်ချက်တွေဆိုသည့်ဖွသ တင်းတွေကြောင့်ဖြစ်ပြီးအဲဒီထုတ်ပြန်ချက်ဟာယခင်ကတည်းကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဟောင်းသာဖြစ်တယ်လို့အိမ်ခြံ မြေဈေးကွက်နဲ့ နီးစပ်သူတွေကပြောပါတယ်။

"အခုလိုင်းပေါ်မှာပျံ့နေတဲ့ရာဖြတ်ဈေးဆိုတာက ၂ဝ၂၅ ခုနှစ်၊ဧပြီမှာထုတ်တဲ့ဟာကြီးပါပဲ။ဒါကိုမနေ့က တနေ့ကထုတ်သလိုလုပ်နေကြတာ ပြန်တင်နေကြတာပါ။ဘာလိုလိုညာလိုလိုနဲ့အိမ်ခြံမြေဈေးတွေကိုဆွဲတင်နေကြတာပေါ့။ဈေးကွက်မှာအဲလိုတွေဖြစ်နေတယ်"လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ် ကိုင်သူတယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အိမ်ခြံမြေအခွန်ရာဖြတ်နှုန်းထားသတ် မှတ်ချက်တွေဟာ ၂ဝ၂၅ ခုနှစ်၊ဧပြီ လထဲကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်လို့လည်းအိမ်ခြံမြေလောကသားတွေကပြောပါတယ်။

"နောက်တခုကဟိုတလောကနေပြည်တော်ကောင်စီကဗျာ၊အိမ်ခြံမြေအခွန်နှုန်းထားတွေနဲ့ ပတ် သက်လို့အစည်းအဝေးလုပ်တယ်။အဲဒီအစည်းအဝေးသတင်းစာဖြတ် ပိုင်းတခုကိုဝိုင်းပြီးတင်နေကြတာ Share နေမျှဝေနေကြတာရှိပါတယ်။တကယ်ကနေပြည်တော်မှာအိမ်ခြံမြေရာဖြတ်အခွန်နှုန်းတွေကနည်းနည်းနိမ့်နေတော့နေပြည်တော်မှာအစည်းအဝေးလုပ်ခဲ့ဟာကသ တင်းစာထဲပါလာတာအဲသတင်းစာထဲပါလာတာကိုဖြတ်ပြီးတော့ရေးပြီးတော့ရာဖြတ်နှုန်းထားတွေတက်တယ်ဆိုပြီးဖွနေကြတာတင်နေကြတာပါ။၃၄ ရာခိုင်နှုန်းတွေဘာတွေလုပ်နေကြတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ"လို့ အိမ်ခြံမြေဈေးကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ယခုနှစ်ပိုင်းအတွင်းရန်ကုန်မြို့ရဲ့မြို့နယ်အချို့မှာမြေကွက်တွေကိုနယ်အ၀ယ်တွေဆင်းဝယ်နေကြပေမယ့်အုံးအုံးကြွက်ကြွက်ဝယ်ယူတာမျိုးအရောင်းအဝယ်ဖြစ်နေတာမျိုးတော့မဟုတ်ဘူးလို့အိမ်ခြံမြေလော ကသားတွေက ပြောပါတယ်။

"အဝယ်တွေကသူ့ဟာနဲ့သူတော့ရှိပါတယ်။ဒါပေမယ့်ဟိုလိုမျိုးအုံးအုံကြွက်ကြွက်နဲ့ဝယ်တာမျိုးတော့မဟုတ်ပါဘူး။တချို့ကမြေကွက်တွေအများကြီးရောင်းဝယ်နေကြတယ်၊အ‌ရောင်းအဝယ်ဖြစ်နေတယ်လို့ ထင်နေကြတယ်"လို့ အိမ်ခြံမြေလောကသားတယောက် ဆက်ပြီး ပြောပြပါတယ်။

ဒါအပြင်အိမ်ခြံမြေနဲ့ပတ်သက်လို့သက်ဆိုင်ရာအခွန်ဌာနကကောက်ခံနေတဲ့နှုန်းထားတွေနဲ့ ပတ်သက်ပြီး ဝါရင့်အိမ်ခြံမြေသမားတယောက်ကအခုလိုဆက်ပြီးပြောပြပါတယ်။

"အခုဟာကကျွန်တော်သိရသလောက်ကဝင်ငွေခွန် ၃ ရာခိုင်နှုန်း၊တံဆိပ်ခေါင်းခွန်က ၄ ရာခိုင်နှုန်း၊စာချုပ်ကက ၇.၅ ရာခိုင်နှုန်းပဲရှိတာပါ။အဲဒါကို ၃ဝ ရာခိုင်နှုန်းတွေဘာတွေလုပ်ပြီးလျှောက်တင်နေကြတာပါ။အဓိကကဈေးဆွဲတင်ဈေးကစားနေကြတာပါ"လို့ သူကဆက်ပြီး ပြောပြပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ လက်ရှိ‌ရန်ကုန်မြို့ရဲ့မြေကွက်ဈေး ကွက်မှာအရောင်းရဆုံးမြို့နယ်တွေကမင်္ဂလာဒုံမြို့နယ်၊မြောက်ဒဂုံမြို့ နယ်နဲ့ အရှေ့ဒဂုံမြို့နယ်တို့ကမြေ ကွက်တွေအများစုဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် အမှန်တကယ် အခွန်ရာဖြတ်နှုန်းထားတွေမြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မယ့်အိမ်ခြံမြေဈေးကွက် အခြေအနေတွေနဲ့ ပတ် သက်လို့လည်းဈေးကွက်ကျွမ်းကျင်သူတွေက အခုလိုသုံးသပ်ပြောပြထားပါတယ်။

"လွန်ခဲ့တဲ့ ၃ နှစ်က မင်္ဂလာဒုံ ပုလဲဘက်မှာ အိမ်တလုံးရောင်းပေးလိုက်တယ်။ခြံကျယ်ကြီးဂရမ်မြေနှစ်ကွက်ကို သိန်း ၄၅ဝဝ နဲ့ ရောင်းပေးလိုက်တာ ဒီနေ့ မင်္ဂလာဒုံ အခွန်ရုံးသွားတော့ အဲ့ခြံကဘယ်လောက်နဲ့ ဖြတ်လိုက်လဲဆိုတော့ အစိုးရအခွန်နှုန်းနဲ့ တွက်ကြည့်တော့ သိန်း ၆၇ဝဝ ဖြစ်နေတယ်။ဒါကအစိုးရအခွန်ပါ၊ပြောရရင် အစိုးရအခွန်ကပြင်ပပေါက်ဈေးထက်ကို ပိုများနေတယ်။အဲတော့ ရာဖြတ်နှုန်းတက်မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတော့ သူကဈေးထပ်တက်မှာပေါ့။ရာဖြတ်နှုန်းတက်ရင် သူရဲ့ကုန်ကျစရိတ်ကိုပေါင်းလိုက်မှာပဲလေ၊သူဘာသူဘယ်လောက်ပဲတက်တက်လေ၊မြန်မာပြည်မှာ ခံရတာက စားသုံးသူပဲခံရတာပဲဗျာ့၊ သိန်း ၃ဝဝဝ နဲ့ ပြောထားတဲ့ အိမ်က အခွန်နှုန်းတက်လာရင် ၅ဝဝ တင်ပြီး သိန်း ‌‌၃၅ဝဝ နဲ့ ရောင်းလိုက်မှာပေါ့၊ဟုတ်တယ်မလား၊ဒါကရှင်းရှင်းလေးပဲ ကားဆိုလည်း ၅ဝ တက်ရင် ၅ဝ ပေါင်းထည့်လိုက်မယ်၊၁ဝဝ တက်ရင် ၁ဝဝ ပြန်ပေါင်းထည့်လိုက်မှာပေါ့၊ဒါက ရှင်းပါတယ်"လို့ အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတယောက်က VOM ကို ပြောပါတယ်။

သို့သော်လည်း ခေတ်စနစ်အခြေအနေငွေ ကြေး‌ဖောင်းပွလာမှုအခြေအနေတွေကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာအရောင်းအ ဝယ်တွေက သူ့ဟာနဲ့သူဆက်ရှိနေဦးမှာဖြစ်တယ်လို့လည်းအိမ်ခြံမြေလောကသားတွေက ပြောပါတယ်

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က ဈေးနှုန်းအရမ်းကြီးတက်တာကို မကြိုက်ပါဘူး။ဒါကအများပြည်သူလက်လှမ်းမပြီးနိုင်ဘူးလေ"လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။

အဲဒီအပြင် ရန်ကုန်တိုင်း၊မြောက်ဒဂုံမြို့နယ်အတွင်းမှာ နေထိုင်တဲ့ပြည်သူတယောက်ကလည်း အိမ်ခြံမြေနဲ့ပတ်သက်လို့ သူရဲ့အမြင်ကို အခုလို ပြောပြပြန်ပါတယ်။

"ကျွန်တော်တို့ရပ်ကွက်မှာကလည်းအိမ်ခြံမြေဈေးတွေကောင်းနေတော့မြေပွဲစားတွေ၊မြေ၀ယ်ရောင်းတွေခြေရှုပ်နေကြတာကလည်းနှစ်နှစ်လောက်ရှိပါပြီ။ရပ်ကွက်ထဲမှာအတူတကွနှစ်ဆယ်ချီပြီးနေခဲ့ကြတဲ့သူတွေတောင်မြေဈေးအိမ်ဈေးတွေကောင်းလာတော့ရောင်းပြီးပြောင်းကုန်တော့တာ။ကိုယ့်နဲ့မျက်မှန်းတန်းမိတဲ့သူတွေ၊သူငယ်ချင်းတွေတောင်မရှိတော့လေတော့သူစိမ်းတွေကြားထဲနေရတာစိတ် မလုံခြုံတော့သလိုပဲ။ရပ်ကွက်ထဲကလမ်းကျယ်ကအိမ်တွေကသိန်းသုံးသောင်းခွဲ၊အချို့အိမ်တွေကသိန်းနှစ်သောင်းခွဲ၊လမ်းမတန်းကအိမ်တွေကသိန်းငါးသောင်းပေါက်ဈေးရှိပါတယ်"လို့ သူက ပြောပါတယ်။

ဒါအပြင် နယ်ပယ်တိုင်းမှာ ကောလဟာလသတင်းတွေက အမြဲရှိနေတတ်တာမို့ ဒါကိုအထူးသတိပြုဖို့လိုတယ်လို့လည်း အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူအချို့က သတိပေးထားပါတယ်။

"မြန်မာနိုင်ငံမှာကသိတဲ့အတိုင်းလေကောလဟာလသတင်းတခုထွက်လာပြီဆိုမပြီးတော့ဘူးလေ၊အကုန်လုံးကလည်းအဲဒီနောက် လိုက်ကြတာဒါကိုလည်းသတိပြုဖို့လိုပါတယ်" လို့ ဝါရင့်ဈေးကွက်ကျွမ်းကျင်သူတယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။

Photo – VOM

VOM Telegram Channel: https://t.me/VOMNEWS2023/15735

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ. .

#ရန်ကုန် #အိမ်ခြံမြေ #အခွန်ရာဖြတ်နှုန်းထား #ကောလဟာလ #သုံးသပ်ချက် #ဈေးကွက်
#ဖွသတင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ရွှေဈေး Daily Updateผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์