AKL Jewelery

AKL Jewelery We sell Burmese Class A jadeite, Natural Ruby Jewelry, Natural Sapphire Jewelry and handmade Jewelry Gems & Jewelery

04/03/2026
25/02/2026

ဒီပေ့ချ် လေး ၆ နှစ်တောင်ရှိပြီပဲ ဝယ်ယူအားပေးခဲ့သူအပေါင်း ကျေးဇူးအထူးတင်ရှိပါတယ် 🙇‍♀️
နောင်အခါမှာလဲ အားပေးကြပါအုံး

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ကျောက်နဲ့ ပတ်သက်တဲ့ ရယ်စရာ အတွေ့အကြုံ လေး မျှဝေချင်လို့ တင်လိုက်ပါတယ် 😂ကျွန်မက ကျောက်ဆိုင်သာ ဖွင့်ခဲ့တာပါ၊ အပျော်တမ်း စု...
24/02/2026

ကျောက်နဲ့ ပတ်သက်တဲ့ ရယ်စရာ အတွေ့အကြုံ လေး မျှဝေချင်လို့ တင်လိုက်ပါတယ် 😂
ကျွန်မက ကျောက်ဆိုင်သာ ဖွင့်ခဲ့တာပါ၊ အပျော်တမ်း စုဆောင်းရေး အဆင့်ပဲ ရှိပါတယ်။ ပရိုတွေ သိရမယ့် အချက်တွေ တော်တော်များများ လည်း မသိပါဘူး။ မှန်ပြောင်း ဘယ်လို သုံးရမလဲ၊ မီး ဘယ်လို သုံးရမလဲ၊ အရောင် သေချာ ဘယ်လို ခွဲခြားရမလဲ ဆိုတာတွေ လည်း မသိပါဘူး။ လက်နဲ့ ကိုင်လိုက်ရင် အလေးချိန် လဲ မခန့်မှန်းနိုင်ပါဘူး 😅
ကျွန်မက ပုံကြည့်၊ live ကြည့်ပြီး လိုချင်စိတ် ပေါ်လာတဲ့ ကျောက်ကိုပဲ ဝယ်ပါတယ်။ ပုံမှန်မျက်လုံးအမြင်နဲ့ တောင် မဟုတ်ဘူး၊ လိုင်းပေါ်က ပုံနဲ့ ပဲ ဆုံးဖြတ်ပါတယ် 😂
အပျော်တမ်း ကျောက်စု သမားသာ သာပါ။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကို “newbie” လို့ ပဲ ပြောခဲ့တာ ပါ။
ဒါပေမဲ့ တချို့ ဂရုတွေမှာ ကျွန်မရဲ့ ကျောက်တွေကို ကြည့်ပြီး “newbie ဟန်ဆောင်နေတယ်၊ လိမ်နေတယ်” 🤣တဲ့လေ
တကယ်ကြည့်ရင် ဒီအပွင့်တွေ မြန်မာမှာဝယ်ခဲ့တုန်းက အကုန်လုံး ပေါင်း $300 တောင် မကျော်ပါဘူး။ အဲ့လောက် ဈေးနည်းတဲ့ ကျောက်တွေ ရလို့ ကံကောင်းတယ်လို့ ပဲ ခံစားရတယ်။

အဲ့ဂရုရဲ့ admin ၂ ယောက်ကတော့ AI ကနေတောင် ညွှန်းတဲ့ ကမ္ဘာကျော်ဂရုကြီးက
တစ်ယောက်က ဂျပန်လို မန့်ထားတဲ့ မက်တီ ဇီး ဆိုတဲ့ သူ၊ အဲ့ ဂရုထဲမှာပဲ Burmese jade တွေ ရောင်းနေတယ်တဲ့ 🤔
နောက်တစ်ယောက်က ဂျက်ကီ၊ Gemology Institute of America ပညာရေး ရှိတယ်ဆိုပြီး Auckland, New Zealand က..

တကယ်ကြည့်ရင် ကျွန်မရဲ့ ကျောက်တွေ က $300 တောင် မကျော်ဘူး ဆိုတော့ သူတို့ ဘယ်လို စဉ်းစားပြီး အဲ့လို စွပ်စွဲ လိုက်မှန်း ကျွန်မ လည်း မသိ တော့ ဘူး 🤣
အဲ့ဂရုက ကျွန်မ ပို့စ့်ကို ဖျက်ပြီး ကန်ထုတ်လိုက်ပြီလေ၊ အခု ဂရုကို ရှာမရတော့ဘူး၊ notification မှာပါ မရှိတော့ဘူး 🤣
ကျောက်တွေက ဒေါ်လာထောင်ချီ တန်နေလို့ လားမသိဘူး နော်😂😂

ရယ်ရမလား ဒေါသပဲထွက်ရမလား မသိလို့ ရယ်ပဲရယ်လိုက်တယ် 😄💚

06/12/2025
04/12/2025

Endereço

Odivelas
Lisbon

Website

Notificações

Seja o primeiro a receber as novidades e deixe-nos enviar-lhe um email quando AKL Jewelery publica notícias e promoções. O seu endereço de email não será utilizado para qualquer outro propósito, e pode cancelar a subscrição a qualquer momento.

Entre Em Contato Com O Negócio

Envie uma mensagem para AKL Jewelery:

Atalhos

Compartilhar

Categoria