19/03/2026
💎 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐯𝐬 𝐋𝐚𝐛 𝐆𝐫𝐨𝐰𝐧 𝐃𝐢𝐚𝐦𝐨𝐧𝐝 💎
ခုတလော Lab grown စိန်လေးတွေ ဈေးကွက်ထဲ ဝင်လာလို့ ဆုရဲ့ customer တွေ လာမေးကြတဲ့ မေးခွန်းလေးကတော့ ဒီ ၂ ခုက လွယ်လွယ်ကူကူ ခွဲခြားလို့ရလားဆိုတာပါပဲ။
✨ သူတို့နှစ်ခုရဲ့ တူညီတဲ့အချက်များ
(Shared Qualities)
Lab-grown စိန်ဟာ လူလုပ်စိန်ပါ ။ သဘာဝစိန်နှင့် lab grown ဘာတွေတူညီသလဲဆိုတော့
💎 Chemical structure အနေနဲ့ ၂ ခုလုံးဟာ ကာဗွန် (Carbon) နဲ့ပဲ ဖွဲ့စည်းထားတာပါ။
💎 Physical structure အနေနဲ့ မာကျောမှုအဆင့် (Hardness) က လည်း 10 အပြည့်တူတူပါပဲ။
💎 အလင်းယိုင်မှု မှာတော့ စိန်ရဲ့ ထူးခြားတဲ့ တောက်ပမှု (Brilliance) နဲ့ အရောင်ထွက်မှု (Fire) က အတူတူပဲမို့ သာမန်မျက်စိနဲ့ လုံးဝ ခွဲခြားလို့မရပါဘူး။
💎 ကျွမ်းကျင်တဲ့ gemologists တွေ၊ ဆုတို့လို့ ကုန်သည်တွေတောင် သာမန်မျက်စိနဲ့ ယှဉ်ခွဲလို့ မဖြစ်နိုင်ပါဘူး။
🔍 ဒါဆို စိန်တစ်ပွင့်ကို သေချာသိဖို့ Lab စစ်ချက် (Lab Certification) လိုအပ်သလား?
စိန်တစ်ပွင့်ရဲ့ အရည်အသွေးကို စစ်ဆေးတဲ့အခါ ဓာတ်ခွဲခန်းစစ်ချက် (Lab Report) က အရေးကြီးဆုံးပါပဲ။ အထူးသဖြင့် certificate မပါတဲ့ စိန်မျိုးပေါ့။
💎 Identification: ဒါဟာ သဘာဝစိန် (Natural) လား၊ Lab-grown လားဆိုတာကို ခေတ်မီစက်ကိရိယာတွေနဲ့ Lab မှာပဲ တိတိကျကျ ခွဲခြားနိုင်ပါတယ်။
💎 4Cs Verification: စိန်ရဲ့ Color, Clarity, Cut နဲ့ Carat Weight ကို ကျွမ်းကျင်ပညာရှင်တွေက တိုင်းတာပေးထားတာမို့ ကိုယ်ပေးရတဲ့ ဈေးနဲ့ ထိုက်တန်တဲ့ အရည်အသွေး ဟုတ်မဟုတ် သေချာစေပါတယ်။
💎 Laser Inscription: GIA ဝယ်မယ်ဆိုရင် စိန်တွေရဲ့ ခါးပတ် (Girdle) မှာ Lab ကနေ Laser နဲ့ နံပါတ်လေးတွေ ထိုးပေးထားတတ်လို့ ကိုယ်ဝယ်လိုက်တဲ့စိန်နဲ့ Certificate ကွက်တိ ဟုတ်မဟုတ် ပြန်တိုက်ကြည့်လို့ ရပါတယ်။
Lab grown စိန်တွေကိုလဲ IGI certificate နဲ့အတူ ရောင်းချကြတာလဲ ရှိပါတယ်ရှင်။ IGI cert ပါတဲ့ lab grown စိန်တွေ မှာ ခါးပတ်မှာ နံပတ်အပြင် အရှေ့မှာ "lab grown" လို့ laser ထိုးပေးထားတာမို့ ဒီလို lab grown စိန်တွေကိုတော့ ပွင့်လင်းမြင်သာဆို customer ရဲ့ ဆန္ဒအရ ဝယ်ယူလို့ရပါတယ်။
ဆု အကြံပြုချင်တာကတော့ စိန်တစ်ပွင့်ကို ဝယ်ယူတော့မယ်ဆိုရင် ယုံကြည်ရတဲ့ GIA လိုမျိုး နာမည်ကြီး Lab စစ်ချက်ပါတာကို ရွေးချယ်တာ ၊
GIA မပါရင် သေချာမသိတဲ့ စိန်အကြွေတွေဆိုရင် စစ်မှန်တဲ့ Lab တွေမှာ စစ်ဆေးတာ စတဲ့ အချက်တွေကို သေချာလုပ်စေချင်ပါတယ်။
💖 ဘာကြောင့် သဘာဝစိန် (Natural Diamond) ကိုပဲ ပိုဝတ်စေချင်တာလဲ?
Lab-grown တွေက ဈေးသက်သာပြီး လှပေမဲ့ ဆု ကတော့ အမြဲတမ်း Natural Diamond ကိုပဲ ပိုပြီး ညွှန်းပေးချင်ပါတယ်... ဘာကြောင့်လဲဆိုတော့:
💎 "ရှားပါးမှုကပေးတဲ့ တန်ဖိုး": သဘာဝစိန်က ကမ္ဘာမြေကြီးထဲမှာ နှစ်ပေါင်းသန်းချီ ကြာအောင် ဖန်တီးခဲ့ရတာပါ။ သူ့ရဲ့ တန်ဖိုးက အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ခိုင်မာလာပါတယ်။
💎"အမှတ်တရနဲ့ အမွေအနှစ်": ကိုယ့်ရဲ့ မင်္ဂလာလက်စွပ် ဒါမှမဟုတ် အထိမ်းအမှတ် လက်ဆောင်တစ်ခုဟာ နောင်တစ်ချိန်မှာ သမီးလေးတွေ၊ မြေးလေးတွေကို အမွေပေးနိုင်တဲ့အထိ family heirloom အနေနဲ့ တန်ဖိုးရှိနေစေချင်ရင် သဘာဝစိန်ကသာ အဖြေပါပဲ။
💎 "Emotional Connection": သဘာဝကနေ ရရှိလာတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရတဲ့ ခံစားချက်က "Modern Choice" တစ်ခုထက် ပိုပြီး လေးနက်ပါတယ်။
သဘာဝစိန်တစ်ပွင့် ဝတ်ထားရတဲ့ ဂုဏ်ယူမှုက ဘာနဲ့မှ မလဲနိုင်ဘူးဆိုတာ စိန်ချစ်သူတွေ သိကြမှာပါ။ ဒါကြောင့် ရေရှည်အတွက် စဉ်းစားရင်တော့ သဘာဝစိန်လေးတွေကိုပဲ ပိုပြီး ရွေးချယ်စေချင်ပါတယ်ရှင်။
✈️ Worldwide Shipping Available ✈️
Shwe Yi Phyo Gems & Jewelry
📌 အမှတ် ၁၉, ဗဟိုရုံ, ဗိုလ်ချုပ်ဈေး, ရန်ကုန်.
☎️ 09 5164 331, 09 5164 101
🦚 𝕊𝕙𝕨𝕖 𝕐𝕚 ℙ𝕙𝕪𝕠 𝔾𝕖𝕞𝕤 𝕒𝕟𝕕 𝕁𝕖𝕨𝕖𝕝𝕣𝕪 𝕤𝕚𝕟𝕔𝕖 𝟙𝟡𝟡𝟛
📌ℕ𝕠.𝟙𝟡, ℂ𝕖𝕟𝕥𝕣𝕒𝕝 𝔹𝕝𝕠𝕔𝕜, 𝔹𝕠𝕘𝕪𝕠𝕜𝕖 𝕄𝕒𝕣𝕜𝕖𝕥
☎️ 𝟘𝟡 𝟝𝟙𝟞𝟜 𝟙𝟘𝟙/ 𝟘𝟡 𝟝𝟙𝟞𝟜 𝟛𝟛𝟙