Tiger's Eye Jewellery

Tiger's Eye Jewellery Established in 2002 💎 Trusted for Fine Diamonds, Natural Gemstones & Elegant Jewellery.

Quality, Authenticity & Timeless Beauty in Every Piece.

🔹TIGER' S EYE GEM & JEWELLERY 🔹

✨ Where Trust Meets Timeless
Beauty ✨

ပေါ့ပေါ့ပါးပါးနဲ့ .....💞        အထာကျချင်သူတွေအတွက်🫶🚥 စိန်ထည်သီးသန့် အလဲ = 0%                           အရောင်း = 8%    ...
27/08/2026

ပေါ့ပေါ့ပါးပါးနဲ့ .....💞
အထာကျချင်သူတွေအတွက်🫶

🚥 စိန်ထည်သီးသန့် အလဲ = 0%
အရောင်း = 8%
Exclusive Diamond Jewellery
Exchange - 0 %
Return. - 8 %

🚥 ကျောက်ထည်သီးသန့် အလဲ = 5%
အရောင်း= 10%
Exclusive Gems Jewellery
Exchange - 5 %
Return. - 10 %

👉🏾 ☎️ 092220545 / 09796975593

စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU





“ မနေ့ကထက် ပိုလှသွားတာလား…”💎 ကြုံရဆုံရ ရတနာလောက (၆၄) 💎✍️“မိုးမိုးရေ…”Customer တစ်ယောက်ကဆိုင်ထဲဝင်လာလာချင်း—“မနေ့က ကြည့်ထ...
27/08/2026

“ မနေ့ကထက် ပိုလှသွားတာလား…”

💎 ကြုံရဆုံရ ရတနာလောက (၆၄) 💎

✍️

“မိုးမိုးရေ…”

Customer တစ်ယောက်က
ဆိုင်ထဲဝင်လာလာချင်း—

“မနေ့က ကြည့်ထားတဲ့
လက်စွပ်လေးတွေ ရှိသေးလား…”

လို့ မေးပါတယ်။

“ရှိပါတယ်…”

ကျွန်မက
Showcase ထဲက
မနေ့က သူကြည့်ထားတဲ့
လက်စွပ်သုံးကွင်းကို ထုတ်ပေးလိုက်တယ်။

---

သူမက
တစ်ကွင်းစီ စမ်းဝတ်တယ်။

မှန်ရှေ့မှာ ကြည့်တယ်။

တစ်ကွင်းချွတ်တယ်။

နောက်တစ်ကွင်း ဝတ်တယ်။

ပြီးတော့—

ကျွန်မကို ပြန်ကြည့်ပြီး—

“မိုးမိုးရေ…”

“ဟုတ်ကဲ့…”

“ဒီလက်စွပ်လေးက
မနေ့ကထက် ပိုလှသွားတာလား…”

တဲ့။

---

ကျွန်မက
သူလက်မှာဝတ်ထားတဲ့ လက်စွပ်ကို ကြည့်တယ်။

“မနေ့ကလည်း
ဒီလက်စွပ်ပါပဲ…”

လို့ ပြောလိုက်တော့—

သူမက ခေါင်းခါတယ်။

“မဟုတ်ဘူး…”

“မနေ့ကတော့
သုံးကွင်းလုံးကို
ရွေးမရဘူး…”

တဲ့။

“ဒီနေ့ကျတော့…”

သူမက
လက်ထဲက
လက်စွပ်လေးကို ကြည့်တယ်။

“ဒီတစ်ကွင်းကပဲ
ပိုလှနေတယ်…”

---

ကျွန်မက
ကျန်တဲ့ လက်စွပ်နှစ်ကွင်းကို
ကြည့်လိုက်တယ်။

မနေ့က—

သူမ ဒီသုံးကွင်းကြားမှာ
အတော်ကြာကြာ ဆုံးဖြတ်မရခဲ့ဘူး။

“ဒီတစ်ကွင်းက…”

“ပိုကြီးတယ်…”

“ဒီတစ်ကွင်းက…”

“ပိုလင်းတယ်…”

“ဒါပေမယ့်…”

“ဒီတစ်ကွင်းက…”

“ဝတ်ရတာ ပိုလိုက်တယ်…”

ဆိုပြီး—

သုံးကွင်းစလုံးကို
အကြိမ်ကြိမ် စမ်းဝတ်ခဲ့တယ်။

နောက်ဆုံးတော့—

“နောက်တစ်ခါ ပြန်လာမယ်…”

လို့ ပြောပြီး ပြန်သွားခဲ့တယ်။

---

ဒီနေ့တော့—

သူမက
လက်စွပ်သုံးကွင်းလုံးကို
ထပ်စမ်းကြည့်တယ်။

ဒါပေမယ့်—

တစ်ကွင်းကို ဝတ်ပြီးတိုင်း
နောက်ဆုံးတော့—

အဲဒီလက်စွပ်လေးကိုပဲ
ပြန်ဝတ်နေမိတယ်။

---

ကျွန်မက—

“မနေ့ကတော့
မမက ဒီသုံးကွင်းကို
ရွေးနေတာ…”

လို့ ပြောလိုက်တယ်။

သူမက—

“ဟုတ်တယ်…”

တဲ့။

ကျွန်မက
ဆက်ပြောလိုက်တယ်။

“ဒီနေ့ကျတော့…”

ခဏရပ်လိုက်တယ်။

“ဒီလက်စွပ်လေးက
မမကို ရွေးလိုက်သလိုပဲ…”

---

သူမက
ကျွန်မကို ကြည့်တယ်။

ပြီးတော့—

လက်စွပ်လေးကို ပြန်ကြည့်တယ်။

ခဏငြိမ်သွားတယ်။

ပြီးတော့—

“ဟုတ်တယ်…”

လို့ ပြောတယ်။

“မနေ့ကတော့…”

“ကျွန်မက
ဘယ်ဟာကို ရွေးရမလဲ
စဉ်းစားနေခဲ့တာ…”

“ဒီနေ့ကျတော့…”

“ဒီတစ်ကွင်းကလွဲပြီး
တခြားဟာတွေ
မမြင်တော့ဘူး…”

တဲ့။

---

ပြီးတော့—

သူမက
လက်စွပ်လေးကို
မချွတ်တော့ဘူး။

ကျွန်မကိုကြည့်ပြီး—

“ဒီတစ်ခါတော့
လာအရှုံးပေးတာ…”

တဲ့။ 😄

---

အဲဒီနေ့မှာတော့—

ကျွန်မ စဉ်းစားမိတာတစ်ခုက—

တစ်ခါတလေ
ရတနာဆိုင်မှာ—

Customer တွေက
ရတနာကို ရွေးနေတာလို့
ထင်ရပါတယ်။

ဒါပေမယ့်—

အချိန်နည်းနည်းကြာပြီး
ပြန်လာတဲ့အခါ—

တစ်ခုခုက
သူ့ကိုပဲ
ပြန်ခေါ်နေတတ်တယ်။

တခြားဟာတွေ
ဘယ်လောက်လှလှ—

စိတ်ထဲမှာတော့
တစ်ခုတည်းကိုပဲ
ပြန်မြင်နေမိတယ်။

---

တစ်ခါတလေ—

မနေ့က
ကိုယ်ရွေးမရခဲ့တဲ့ ရတနာက—

ဒီနေ့မှာတော့—

“ဒါပဲ…”

လို့
ကိုယ်တိုင်ပြောလာစေတတ်တယ်။

ရတနာက
တစ်ညတည်းနဲ့
ပိုလှသွားတာ မဟုတ်ပါဘူး။

တစ်ခါတလေတော့—

ကိုယ်နဲ့ သူနဲ့
ပိုကိုက်သွားတဲ့အခါ…

မနေ့ကထက်
ပိုလှလာတာပါ ...။

---

#စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






#ကြုံရဆုံရရတနာလောက

Size အကြီးလား.....  Size အသေးလား......💎         ကိုယ်ရဲ့ရွေးချယ်မှုကသာ....✨️                             ကိုယ်နဲ့အလိုက်ဖ...
26/08/2026

Size အကြီးလား..... Size အသေးလား......💎

ကိုယ်ရဲ့ရွေးချယ်မှုကသာ....✨️

ကိုယ်နဲ့အလိုက်ဖက်ဆုံးပါ💞💞

🚥 စိန်ထည်သီးသန့် အလဲ = 0%
အရောင်း = 8%
Exclusive Diamond Jewellery
Exchange - 0 %
Return. - 8 %

🚥 ကျောက်ထည်သီးသန့် အလဲ = 5%
အရောင်း= 10%
Exclusive Gems Jewellery
Exchange - 5 %
Return. - 10 %

👉🏾 ☎️ 092220545 / 09796975593

စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU





“ဒီပတ္တမြားဆွဲသီးကို မရောင်းပါနဲ့…”💎 ကြုံရဆုံရ ရတနာလောက (၆၃) 💎✍️“မိုးမိုးရေ…”Customer တစ်ယောက်ကဆိုင်ထဲဝင်လာပြီး—Showcase...
25/08/2026

“ဒီပတ္တမြားဆွဲသီးကို မရောင်းပါနဲ့…”

💎 ကြုံရဆုံရ ရတနာလောက (၆၃) 💎

✍️

“မိုးမိုးရေ…”

Customer တစ်ယောက်က
ဆိုင်ထဲဝင်လာပြီး—

Showcase ထဲက
ပတ္တမြားဆွဲသီးလေးတစ်ခုကို
ချက်ချင်း လက်ညှိုးညွှန်လိုက်ပါတယ်။

ပြီးတော့—

“ဒီပတ္တမြားဆွဲသီးလေး…
မရောင်းပါနဲ့နော်…”

တဲ့။

---

ကျွန်မက ခဏတော့
နားမလည်လိုက်ဘူး။

“ဟင်… မမ?”

သူမက ဆွဲသီးလေးကို ကြည့်ရင်း—

“ကျွန်မ ဒီဟာကို
လာဝယ်တာတော့ ဟုတ်တယ်…”

“ဒါပေမယ့်…”

ခဏရပ်သွားတယ်။

“ကျွန်မကိုတော့
မရောင်းပါနဲ့…”

တဲ့။

---

“မမလာဝယ်တာဆို
မမကို မရောင်းရင်
ဘယ်သူ့ကို ရောင်းရမှာလဲ…”

လို့ ကျွန်မ မေးလိုက်တော့—

သူမက—

“ကျွန်မညီမကို…”

တဲ့။

---

အဲဒီနေ့က—

သူမတို့ညီအစ်မနှစ်ယောက်
ဆိုင်ကိုလာဖူးတယ်။

ညီမဖြစ်သူက
ဒီပတ္တမြားဆွဲသီးလေးကို
ကြည့်ပြီး—

“ဟာ… လှလိုက်တာ…”

လို့ ပြောခဲ့တယ်။

လည်ပင်းမှာ စမ်းကြည့်တယ်။

မှန်ရှေ့မှာ ကြည့်တယ်။

ပြီးတော့—

“အစ်မ… လှလား…”

လို့ မေးခဲ့တယ်။

ဒါပေမယ့်—

နောက်ဆုံးတော့
သူမက ဆွဲသီးလေးကို
ပြန်ချလိုက်တယ်။

“နောက်မှပေါ့…”

တဲ့။

အဲဒီနေ့က
ဘာမှမဝယ်ဘဲ
ညီအစ်မနှစ်ယောက် ပြန်သွားခဲ့ကြတယ်။

---

ရက်အနည်းငယ်ကြာပြီးနောက်—

အစ်မဖြစ်သူတစ်ယောက်တည်း
ပြန်ရောက်လာတာပါ။

“ဒီလေးကို
လာဝယ်တာ…”

လို့ ပြောပါတယ်။

ကျွန်မက—

“ဒါဆို ထုတ်ပေးမယ်…”

လို့ ပြောလိုက်တော့—

သူမက ခေါင်းခါတယ်။

“မဟုတ်ဘူး…”

“ကျွန်မ ဝယ်မလို့လာတာ…”

“ဒါပေမယ့်…”

“ညီမကိုယ်တိုင်
ပြန်လာပြီး ရွေးစေချင်တယ်…”

တဲ့။

---

“ဒါဆို မမက
အခုဝယ်ထားပြီး…”

လို့ ကျွန်မ ပြောလိုက်တော့—

သူမက ဆွဲသီးလေးကို
ကြည့်ရင်း—

“သူအရမ်းကြိုက်တယ်ဆိုပြီး
ကျွန်မဝယ်ပေးလိုက်တာထက်…”

ခဏရပ်တယ်။

“သူကိုယ်တိုင်
ဒီလေးကို လက်ထဲကိုင်ပြီး…”

“ယူမယ်…”

လို့ ပြောတာကို—

“ကျွန်မ မြင်ချင်တာ…”

တဲ့။

---

အဲဒီအချိန်မှ
ကျွန်မ နားလည်သွားတယ်။

သူမက—

ဆွဲသီးကို မရောင်းခိုင်းတာဟာ
ကိုယ်တိုင်ဝယ်ဖို့
စောင့်ထားတာ မဟုတ်ဘူး။

ညီမတစ်ယောက်ရဲ့
ရွေးချယ်မှုလေးကို
စောင့်ထားပေးချင်တာပါ။

---

“စိတ်ချပါ မမ…”

“ညီမလာတဲ့အထိ
မရောင်းဘဲ ထားပေးမယ်…”

လို့ ကျွန်မ ပြောလိုက်တော့—

သူမက—

“တကယ်နော်…”

တဲ့။

“တကယ်ပါ…”

---

ရက်အနည်းငယ်ကြာတော့—

ညီအစ်မနှစ်ယောက်
ပြန်ရောက်လာတယ်။

ညီမဖြစ်သူက
ဘာမှမသိပါဘူး။

ဆိုင်ထဲဝင်လာတယ်။

Showcase တွေကို ကြည့်တယ်။

ပြီးတော့—

ပတ္တမြားဆွဲသီးလေးကို
မြင်သွားတယ်။

ခဏရပ်သွားတယ်။

---

“ဟာ…”

တဲ့။

“ဒီလေးရှိသေးတာလား…”

သူမက ဆွဲသီးလေးကို
လက်ထဲယူတယ်။

ပြီးတော့—

တစ်ခါကလိုပဲ
မှန်ရှေ့မှာ စမ်းကြည့်တယ်။

“လှလိုက်တာ…”

တဲ့။

---

အဲဒီအချိန်မှာ—

အစ်မဖြစ်သူက ဘေးကနေ—

“ယူလိုက်လေ…”

တဲ့။

ညီမက—

“မယူတော့ပါဘူး…”

“အရမ်းကြိုက်တာတော့ ကြိုက်တယ်…”

“ဒါပေမယ့်…”

စကားမဆုံးခင်—

အစ်မက—

“ဒီတစ်ခါတော့
‘နောက်မှပေါ့’ လို့ မပြောနဲ့…”

တဲ့။

---

ညီမက
အစ်မကို ပြန်ကြည့်တယ်။

“အစ်မ…”

“ဟင်…”

“ဘာလို့လဲ…”

အစ်မဖြစ်သူက
ခဏလောက် ဘာမှမပြောဘူး။

ပြီးတော့—

“အဲဒီနေ့က…”

“နင် ဒီဆွဲသီးလေးကို
ကြည့်ပြီး မျက်လုံးမခွာနိုင်တာ…”

ခဏရပ်တယ်။

“အစ်မ မှတ်မိတယ်…”

တဲ့။

---

အဲဒီစကားလေးကို ကြားတော့—

ညီမဖြစ်သူက
အစ်မကို ကြည့်နေတယ်။

ပြီးတော့—

ဆွဲသီးလေးကို
ပြန်ကြည့်တယ်။

နောက်ဆုံးတော့—

“ဒါဆို… ယူမယ်…”

လို့ ပြောလိုက်ပါတယ်။

---

အဲဒီနေ့မှာတော့—

ပတ္တမြားဆွဲသီးလေးက
တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတစ်ခုသာ
မဟုတ်တော့ပါဘူး။

တစ်ချိန်က
“နောက်မှပေါ့…” လို့
ပြန်ချထားခဲ့တဲ့အရာကို…

တစ်ယောက်ယောက်က
မမေ့ဘဲ
မှတ်မိနေခဲ့တယ်ဆိုတဲ့—

အမှတ်တရလေးတစ်ခုလည်း
ဖြစ်သွားခဲ့ပါတယ်။

---

တစ်ခါတလေ—

လူတစ်ယောက်ကို
အရမ်းကြီးပေးနိုင်မှ
ချစ်တာမဟုတ်ပါဘူး။

သူတစ်ချိန်က
ဘာကိုကြိုက်ခဲ့လဲဆိုတာ…

အချိန်ကြာသွားတဲ့နောက်မှာတောင်
မှတ်မိနေခြင်းကလည်း—

တစ်မျိုးသော
ချစ်ခြင်းပါပဲ။ 💎

---

#စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






#ကြုံရဆုံရရတနာလောက

လှပခြင်းထက်ပိုတဲ့         မိုးကုတ်သဘာဝ ပတ္တမြား.....💯🚥 စိန်ထည်သီးသန့် အလဲ = 0%                           အရောင်း = 8%   ...
25/08/2026

လှပခြင်းထက်ပိုတဲ့

မိုးကုတ်သဘာဝ ပတ္တမြား.....💯

🚥 စိန်ထည်သီးသန့် အလဲ = 0%
အရောင်း = 8%
Exclusive Diamond Jewellery
Exchange - 0 %
Return. - 8 %

🚥 ကျောက်ထည်သီးသန့် အလဲ = 5%
အရောင်း= 10%
Exclusive Gems Jewellery
Exchange - 5 %
Return. - 10 %

👉🏾 ☎️ 092220545 / 09796975593 .

စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






ကြည့်လေ ကြည့်လေ ပိုလှလေ.....💙     မိုးကုတ်သဘာဝ နီလာ....💯🚥 စိန်ထည်သီးသန့် အလဲ = 0%                           အရောင်း = 8%...
24/08/2026

ကြည့်လေ ကြည့်လေ ပိုလှလေ.....💙

မိုးကုတ်သဘာဝ နီလာ....💯

🚥 စိန်ထည်သီးသန့် အလဲ = 0%
အရောင်း = 8%
Exclusive Diamond Jewellery
Exchange - 0 %
Return. - 8 %

🚥 ကျောက်ထည်သီးသန့် အလဲ = 5%
အရောင်း= 10%
Exclusive Gems Jewellery
Exchange - 5 %
Return. - 10 %

👉🏾 ☎️ 092220545 / 09796975593 .

စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






“အခုမှ ရွေးပြီးသွားတာ…”         💎 ကြုံရဆုံရ ရတနာလောက (၆၂) 💎✍️" မိုးမိုးရေ ....."Customer တစ်ယောက်ကရတနာတစ်ခုကို ကြည့်‌နေ ...
24/08/2026

“အခုမှ ရွေးပြီးသွားတာ…”

💎 ကြုံရဆုံရ ရတနာလောက (၆၂) 💎

✍️

" မိုးမိုးရေ ....."

Customer တစ်ယောက်က
ရတနာတစ်ခုကို ကြည့်‌နေ ရင်း—

“ဒါလေးကို
နည်းနည်းရှင်းပြပေးပါဦး…”

လို့ ပြောပါတယ်။

ရတနာအကြောင်း၊ Certificate အကြောင်း
တစ်ခုချင်းစီ ကို ကိုယ်တိုင်ပဲ ရှင်းပြပေးလိုက်ပါတယ်။

သူမက
သေချာနားထောင်တယ်။

ပြီးတော့—

“ဒါကို ဝယ်ပြီး…”

ခဏရပ်တယ်။

“တခြားနေရာမှာ
ပြန်စစ်လို့ရလား…”

တဲ့။

“ရပါတယ် အန်တီ…”

“ဘယ်မှာပဲ စစ်ချင်စစ်ချင်
စစ်လို့ရပါတယ်…”

---

သူမက ခေါင်းညိတ်တယ်။

ပြီးတော့—

“ဒီဟာကို
အိမ်ရောက်မှ စိတ်ပြောင်းသွားရင်ရော…”

တဲ့။

ကျွန်မက
ခဏသူ့ကို ကြည့်လိုက်တယ်။

ပြီးတော့—

ကျွန်မတို့ဆိုင်ရဲ့ policy ကို
ရှင်းပြလိုက်ပါတယ်။

သူမက—

“အင်း…”

လို့ပဲ ပြောတယ်။

---

ခဏကြာတော့—

“မိုးမိုးရေ…”

“ဟုတ်ကဲ့…”

“နောက်တစ်နေ့
ကျွန်မ ပြန်လာပြီး…”

“ဟုတ်…”

“ဒီမေးခွန်းတွေကို
ထပ်မေးရင်ရော…”

တဲ့။

ကျွန်မက နည်းနည်းရယ်မိတယ်။

“ထပ်မေးလို့ရတာပေါ့ အန်တီ…”

“ဒီနေ့ပြောတာနဲ့
မနက်ဖြန်ပြောတာ
မတူဘူးလားဆိုတာတော့
မေးလို့ရတယ်…”

လို့ ပြောလိုက်တယ်။

သူမက—

“အင်း…”

လို့ ပြောတယ်။

ဒီတစ်ခါတော့—

နည်းနည်းကြာကြာ
ကျွန်မကို ကြည့်နေပါတယ်။

---

ပြီးတော့—

“မိုးမိုး…”

“ဟုတ်ကဲ့…”

“စိတ်မရှိနဲ့နော်…”

တဲ့။

ကျွန်မက—

“ဘာဖြစ်လို့လဲ…”

လို့ မေးလိုက်တော့—

သူမက ခဏတိတ်တယ်။

ပြီးတော့—

“ကျွန်မ မိုးမိုးကို
စစ်နေတာ…”

တဲ့။

---

ကျွန်မက—

“ဟင်…”

သူမက—

“ရတနာကိုတော့
အရင်ကတည်းက ကြိုက်တယ်…”

“ဒီနေ့လာတာ…”

ခဏရပ်တယ်။

“ရတနာဝယ်မဝယ်
ဆုံးဖြတ်ဖို့မဟုတ်ဘူး…”

“မိုးမိုးတို့ဆီက
ဝယ်မဝယ်…”

“ဆုံးဖြတ်ဖို့လာတာ…”

တဲ့။

---

အဲဒီစကားကို ကြားတော့
ကျွန်မလည်း ခဏငြိမ်သွားမိတယ်။

သူမက ဆက်ပြောတယ်။

“ကျွန်မက
ရတနာတန်ဖိုးကြီးတာ ဝယ်တဲ့အခါ…”

“ကျောက်ကိုပဲ
မကြည့်ဘူး…”

“ရောင်းတဲ့သူကိုလည်း
ကြည့်တယ်…”

---

“မေးခွန်းများလို့
စိတ်မရှည်တဲ့သူလား…”

“မဝယ်ခင်တော့
အကုန်ကောင်းကောင်းပြောပြီး…”

“ဝယ်ပြီးသွားရင်
ဖုန်းမကိုင်တော့မယ့်သူလား…”

“ကိုယ်မသိတာကို
မေးတဲ့အခါ…”

“စိတ်ရှည်ရှည်နဲ့
ရှင်းပြပေးမယ့်သူလား…”

“အဲဒါတွေကိုလည်း
သိချင်တယ်…”

တဲ့။

---

ပြီးတော့—

သူမက ရတနာကို
ပြန်ကြည့်လိုက်တယ်။

“မိုးမိုးရေ…”

“ဟုတ်ကဲ့…”

“အခုတော့ ယူမယ်…”

တဲ့။

ကျွန်မက—

“ဘာဖြစ်လို့လဲ အန်တီ…”

လို့ မေးလိုက်တော့—

သူမက—

“ရတနာကတော့
အရင်ကတည်းက ကြိုက်တယ်…”

ခဏရပ်တယ်။

ပြီးတော့—

“အခုမှ
ရောင်းတဲ့သူကိုပါ
ရွေးပြီးသွားတာ…”

တဲ့။

---

အဲဒီနေ့မှာတော့—

ကျွန်မ စဉ်းစားမိတာတစ်ခုက—

တန်ဖိုးကြီးတဲ့
ရတနာတစ်ခုဝယ်တဲ့အခါ—

ရတနာကို ရွေးတာက
တစ်ပိုင်းပဲရှိပါတယ်။

ကျန်တဲ့တစ်ပိုင်းကတော့—

ကိုယ့်ပိုက်ဆံနဲ့
ကိုယ့်ယုံကြည်မှုကို…

ဘယ်သူ့ဆီ
အပ်မလဲဆိုတာပါ။ 💎

---

#စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






#ကြုံရဆုံရရတနာလောက

“အရမ်းကြိုက်တယ်… ဒါပေမယ့်…”💎 ကြုံရဆုံရ ရတနာလောက (၆၁) 💎✍️Customer တစ်ယောက်ကShowcase ထဲကလက်စွပ်လေးတစ်ကွင်းကိုကြည့်နေပါတယ်။...
23/08/2026

“အရမ်းကြိုက်တယ်… ဒါပေမယ့်…”

💎 ကြုံရဆုံရ ရတနာလောက (၆၁) 💎

✍️

Customer တစ်ယောက်က
Showcase ထဲက
လက်စွပ်လေးတစ်ကွင်းကို
ကြည့်နေပါတယ်။

ကြည့်တာက
တစ်ခါတည်း မဟုတ်ပါဘူး။

အရင်ကလည်း
လာကြည့်ဖူးပါတယ်။

ဒီနေ့လည်း—

“မိုးမိုးရေ…”

“ဒီလက်စွပ်လေး
ရှိသေးတယ်နော်…”တဲ့။

“ရှိသေးတယ် အန်တီ…”

အရောင်းဝန်ထမ်းတဦးက
သူ့မ ကြည့်ဖို့ အတွက် ထုတ်ပေးလိုက်ပါတယ်။

သူမက
လက်မှာစမ်းဝတ်ကြည့်တယ်။

ပြီးတော့—

“လှတယ်နော်…”

တဲ့။

“အန်တီနဲ့လည်း
အရမ်းလိုက်တယ်…”

လို့ ကျွန်မ ပြောလိုက်တော့—

သူမက ခေါင်းညိတ်တယ်။

“ဟုတ်တယ်…
အရမ်းကြိုက်တယ်…”

တဲ့။

---

ကျွန်မကတော့
သူမကိုကြည့်ပြီး—

ဒီတစ်ခါတော့
ယူမယ်ထင်နေပြီ။

ဘာလို့လဲဆိုတော့—

ဒီလက်စွပ်ကို
သူမ ဘယ်နှစ်ခါကြည့်ပြီးပြီလဲဆိုတာ
ကျွန်မတောင် မမှတ်မိတော့ဘူး။

ဒါပေမယ့်—

သူမက
လက်စွပ်ကို ချွတ်လိုက်တယ်။

အရောင်းဝန်ထမ်း‌လေးဆီ ပြန်ပေးရင်း—

“ထားလိုက်ဦးမယ်…”

တဲ့။

ကျွန်မက—

“အန်တီက
အရမ်းကြိုက်တယ်ဆို…”

လို့ မေးလိုက်တော့—

သူမက—

“ကြိုက်တာပေါ့…”

ခဏရပ်တယ်။

“ဒါပေမယ့်…”

တဲ့။

---

“ဒါပေမယ့် ဘာဖြစ်လို့လဲ…”

လို့ ကျွန်မ မေးလိုက်တော့—

သူမက
Showcase ထဲကို ပြန်ကြည့်တယ်။

ပြီးတော့—

“အန်တီ
ဒီတစ်ခါတော့
တကယ်စဉ်းစားပြီးလာတာ…”

တဲ့။

“ဟုတ်…”

“အရင်ကတော့
ကြိုက်လို့လာကြည့်တာ…”

“အခုတော့…”

ခဏရပ်တယ်။

“ဝယ်ဖို့လာတာ…”

တဲ့။

ကျွန်မက—

“ဒါဆို ယူလိုက်လေ…”

လို့ ပြောလိုက်တော့—

သူမက—

“အဲဒါပဲ…”

လို့ ပြောတယ်။

ကျွန်မ နားမလည်ဘူး။

---

သူမက
လက်စွပ်လေးကို ပြန်ကြည့်တယ်။

“ဒီဟာကို
အန်တီ အရမ်းကြိုက်တယ်…”

“ဒါပေမယ့်…”

“တကယ်ယူမယ်ဆိုတော့…”

ခဏကြာတယ်။

ပြီးတော့—

“အန်တီ့ကိုယ်တိုင်
ဒီလောက်ကြိုက်ရဲ့လားဆိုတာ
ပြန်စဉ်းစားမိတယ်…”

တဲ့။

---

အဲဒီစကားကို ကြားတော့
ကျွန်မလည်း ခဏရပ်သွားတယ်။

သူမက ဆက်ပြောတယ်။

“ကြည့်ရတာ လှတာနဲ့…”

“ကိုယ်ပိုင်ဆိုင်ထားချင်တာက…”

“မတူဘူးနော်…”

တဲ့။

---

ပြီးတော့—

သူမက
ဘေးမှာရှိတဲ့
နောက်လက်စွပ်တစ်ကွင်းကို ကြည့်တယ်။

“ဒါလေး…”

“စမ်းကြည့်လို့ရမလား…”

ကျွန်မက
ထုတ်ပေးလိုက်တယ်။

သူမ လက်မှာ စမ်းဝတ်ကြည့်တယ်။

ဒီတစ်ခါတော့—

ဘာမှမပြောဘူး။

မှန်ကို ကြည့်တယ်။

လက်ကို ပြန်ကြည့်တယ်။

ပြီးတော့—

ကျွန်မကို ကြည့်ပြီး—

“ဒါယူမယ်…”

တဲ့။

---

ကျွန်မက
နည်းနည်းရယ်မိတယ်။

“အန်တီ…”

“ဟင်…”

“ဟိုလက်စွပ်ကို
အရမ်းကြိုက်တယ်ဆို…”

သူမက—

“အရမ်းကြိုက်တယ်…”

တဲ့။

“ဒါပေမယ့်…”

လက်မှာဝတ်ထားတဲ့
လက်စွပ်ကို ကြည့်ရင်း—

“ဒါလေးကိုတော့
ပိုလို ချင်တယ်…”

တဲ့။

---

အဲဒီနေ့မှာ
ကျွန်မ စဉ်းစားမိတာတစ်ခုက—

တစ်ခါတလေ—

ရတနာတစ်ခုကို
“လှတယ်…”

လို့ ထင်တာနဲ့—

“ဒါကို ငါပိုင်ချင်တယ်…”

လို့ ခံစားရတာက
မတူပါဘူး။

တစ်ခုက—

ကြည့်ရတာ အရမ်းလှနိုင်တယ်။

ဒါပေမယ့်—

ကိုယ့်ဘဝထဲမှာ
အမြဲရှိနေစေချင်တဲ့
ရတနာတစ်ခုကတော့—

တစ်ခါတလေ
တခြားတစ်ခု ဖြစ်နေတတ်ပါတယ်။

---

ဒါကြောင့်—

“အရမ်းကြိုက်တယ်…”

ဆိုတဲ့ Customer ကို
ကျွန်မတို့က—

“ဒါဆို ယူလိုက်လေ…”

လို့ အလျင်မလိုတော့ပါဘူး။

ဘာလို့လဲဆိုတော့—

ကြိုက်တာနဲ့
ပိုင်ချင်တာက
မတူနိုင်လို့ပါ။

တကယ်ကိုယ့်အတွက် ဖြစ်တဲ့
ရတနာတစ်ခုကို တွေ့တဲ့အခါတော့—

“အရမ်းကြိုက်တယ်…”

လို့ အများကြီး
ရှင်းပြစရာ မလိုပါဘူး။

တစ်ခါတလေ—

“ဒါယူမယ်…”

ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့
လုံလောက်သွားတတ်ပါတယ်။

---

#စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






#ကြုံရဆုံရရတနာလောက

ခမ်းနားပြီး တန်ဖိုးရှိတဲ့ .....✨️       မိုးကုတ်သဘာဝ ပတ္တမြား💞         မိုးကုတ်သဘာဝ နီလာ💙🚥 စိန်ထည်သီးသန့် အလဲ = 0%      ...
23/08/2026

ခမ်းနားပြီး တန်ဖိုးရှိတဲ့ .....✨️

မိုးကုတ်သဘာဝ ပတ္တမြား💞

မိုးကုတ်သဘာဝ နီလာ💙

🚥 စိန်ထည်သီးသန့် အလဲ = 0%
အရောင်း = 8%
Exclusive Diamond Jewellery
Exchange - 0 %
Return. - 8 %

🚥 ကျောက်ထည်သီးသန့် အလဲ = 5%
အရောင်း= 10%
Exclusive Gems Jewellery
Exchange - 5 %
Return. - 10 %

👉🏾 ☎️ 092220545 / 09796975593 .

စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU






စိန်ပွင့်လေးတွေရဲ့.....💎      တောက်ပမှုနဲ့အတူ.....✨️🚥 စိန်ထည်သီးသန့် အလဲ = 0%                           အရောင်း = 8%    ...
22/08/2026

စိန်ပွင့်လေးတွေရဲ့.....💎
တောက်ပမှုနဲ့အတူ.....✨️

🚥 စိန်ထည်သီးသန့် အလဲ = 0%
အရောင်း = 8%
Exclusive Diamond Jewellery
Exchange - 0 %
Return. - 8 %

🚥 ကျောက်ထည်သီးသန့် အလဲ = 5%
အရောင်း= 10%
Exclusive Gems Jewellery
Exchange - 5 %
Return. - 10 %

👉🏾 ☎️ 092220545 / 09796975593 .

စိတ်ချယုံကြည် Tiger's Eye Jewellery

BE ELEGANT 🌹 BE YOU





Address

Shop/No. 34/35 East D . Bogyoke Aung San Market. Pabedan Township.
Yangon
11141

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9592220545

Alerts

Be the first to know and let us send you an email when Tiger's Eye Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tiger's Eye Jewellery:

Shortcuts

Share