Shwe Maha Pearl & Jewelry Shop

Shwe Maha Pearl & Jewelry Shop 100% Guarantee of Myanmar Pearl & Diamond
Jewelry Shop

ရာနှုန်းပြည့်အာမခံနိုင်သော မြန်မာ့ ပုလဲ စိန်နှင့် ကျောက်မျက်ရတနာ ဆိုင် Jewelery shop

မေတ္တာသုတ်ကို နားလည်ပြီးမှ ရွတ်ရတာပိုအကျိုးရှိမယ်ထင်လို့ပါ။မေတ္တာသုတ် အကြောင်း◾◽◾◽◾◽◾ဗုဒ္ဓဘာသာတိုင်း သိထားသင့်သောမေတ္တာသ...
25/04/2024

မေတ္တာသုတ်ကို နားလည်ပြီးမှ ရွတ်ရတာ
ပိုအကျိုးရှိမယ်ထင်လို့ပါ။

မေတ္တာသုတ် အကြောင်း
◾◽◾◽◾◽◾
ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ္ပါယ်နဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြလိုက်ပါတယ်။

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမစ်ေစ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝသေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ၀ သမ္ဘဝေသီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတ်ေတဉ်စ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတ်ေတသုတ်တံ နိဋ်ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)

“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း”

Credit: နှလုံးသားအာဟာရ

စိန် ဂုံး လက်စွပ် အထူး တန် စျေးနှုန်း 2550000 Fixed priceဦးသူယူ အတန်ဆုံးစျေး
15/07/2023

စိန် ဂုံး လက်စွပ်
အထူး တန် စျေးနှုန်း

2550000
Fixed price
ဦးသူယူ အတန်ဆုံးစျေး

😁သချာင်္ကိုသာ မုန်းချင်မုန်းမယ်၊ ပိုက်ဆံရေတွက်ရတာနဲ့ ရွှေတွက်ရတာတော့ ကြိုက်ကြတယ် ဟုတ် ?😍💛ဒီနေ့မှာတော့ ရွှေတွက်နည်းများစွ...
24/05/2023

😁သချာင်္ကိုသာ မုန်းချင်မုန်းမယ်၊ ပိုက်ဆံရေတွက်ရတာနဲ့ ရွှေတွက်ရတာတော့ ကြိုက်ကြတယ် ဟုတ် ?😍

💛ဒီနေ့မှာတော့ ရွှေတွက်နည်းများစွာရှိတဲ့အထဲက မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ရွှေတွက်နည်းကိုဖော်ပြပေးလိုက်ပါတယ်နော်...

ရွှေ တစ်ကျပ်သား = ၁၆ ပဲ
တစ်ပဲသား = ၈ ရွေး
ဒါ့ကြောင့် ၁ ကျပ်သား ၁၂၈ ရွေးရှိတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။

💛နောက်တစ်ဆင့်အနေနဲ့ ရွှေဆိုင်ဘောင်ချာတွေမှာ ရေးတဲ့ သင်္ကေတ များကို ဖတ်နည်းလေး ထပ်ဖော်ပြပေးလိုက်ပါတယ်။

၁ိ = တစ်ကျပ်သား
၅ဲ= ငါးပဲ
၇ဲဲ= ခုနစ်ပဲ လို့ရေးတယ်
၄ ပဲကို တစ်မတ်သား
၈ ပဲကို ငါးမူးသား
၁၂ ပဲကို သုံးမတ်သား လို့ခေါ်ပါတယ်။
၁ွ= တစ်ရွေး
၄ွ= လေးရွေး ဆိုပြီး ရေးကြလေ့ရှိပါတယ်။

💛ရွှေဆိုတာ အမှုန်သေးသေးလေးတစ်မှုန်ကစလို့ တန်ဖိုးရှိတာဆိုတော့ တစ်ရွေးသေးသေးလေးကိုမှ အလေးချိန် ပိုနေတာမျိုးလည်းကြုံဖူးပါလိမ့်မယ်။အဲ့လိုမျိုးဆို ၁ွ / ၄ွ ရဲ့နောက်မှာ အပိုင်းကိုင်းနဲ့ ဖော်ပြပါတယ်။ ၁/၂ ၊ ၁/၄ ၊ ၃/၄ ဆိုတာမျိုးနဲ့ရေးပါတယ်။ သဘောကတော့ ၁/၂ ဆိုတာ တစ်ရွေးရဲ့ တစ်ဝက် ၊ ၁/၄ ဆိုတာ တစ်ရွေးရဲ့ လေးပုံတစ်ပုံ၊ ၃/၄ ဆိုရင် တစ်ရွေးရဲ့ လေးပုံ သုံးပုံလို့ မှတ်ယူနိုင်ပြီဖြစ်ပါတယ်။

ဒါဆို ရွှေဆိုင်မှာ သွားပြီး ရွှေဝယ်ကြစို့ ။ ရွှေဝယ်ပြီဆို Calculator လေးတော့ လိုပြီနော် ။
ရွှေဆိုင်ရောက်လို့ ရွှေတစ်ကျပ်သားရဲ့ စျေးနှုန်းတော့သိပါပြီ ဒါပေမယ့် ရွှေတစ်ရွေးသားရဲ့ စျေးနှုန်းလည်း ကိုယ်က သိချင်တယ်ဆို
💛*လက်ရှိရွှေစျေးကို 128 နဲ့ (÷) လိုက်ရင် ရွှေတစ်ရွေးတန်ဖိုးရမှာဖြစ်ပါတယ်။
ဒါဆို ကိုယ်ဝယ်မယ့် ရွှေအလေးချိန်တန်ဖိုး နဲ့ ဘောက်ချာမှာပါတဲ့ အလျော့တွက်ကို ပေါင်းပြီး ရွေးဖွဲ့၊ ပြီးရင် ခုနက ၁ ရွေးတန်ဖိုးနဲ့ မြှောက်လိုက်ရင် ကိုယ်ဝယ်တဲ့
ရွှေအလေးချိန်တန်ဖိုးရဲ့ ပမာဏကို ရပြီဖြစ်ပါတယ်။

💛ဥပမာ ပုံသေနည်းလေးချရရင်
ရွှေစျေးက ရှစ်သိန်းလေးသောင်း။ ဝယ်မှာက ၃ ပဲ ၆ ရွေး အလေးချိန် ပစ္စည်းတစ်ခု ( ၃ဲ ၆ွ )ကိုယ်ပေးရမယ့် အလျော့တွက်က ၁ ပဲ ၃ ရွေး ( ၁ဲ ၃ွ )ဆိုပါတော့။
840 000÷ 128 = 6562.5 ကျပ်
( ခြောက်ထောင့်ငါးရာခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား )( ဒါဟာ ရွေးတစ်ရွေးရဲ့ တန်ဖိုး )
၃ ပဲ၆ ရွေး+ ၁ ပဲ ၃ ရွေး= ၅ပဲ၁ ရွေး
( တစ်ပဲမှာ ရှစ်ရွေးပဲရှိတယ်။ အခုကိုးရွေးဖြစ်နေလို့. ၅ ပဲ ၁ ရွေး ဖြစ်သွားပါတယ်။ အခု ၅ ပဲ ၁ ရွေးကို ပဲ ဖွဲ့ပါ့မယ်။ ( ၅ × ၈ ) + ၁ =၄၁ ရွေး
အခု ရလာတဲ့ စုစုပေါင်း ရွေး ၄၁ ရွေးကို
အပေါ်မှာ ရထားတဲ့ ၁ ရွေးတန်ဖိုးနဲ့မြှောက်ပါ။
6562.5 ×41 = 269062.5
( နှစ်သိန်း ခြောက်သောင်း ကိုးထောင်)
ဒါဟာ ဘောက်ချာရဲ့အောက်ဆုံးက မိမိပေးချေရမယ့် ငွေပမာဏပါ။

(အလျော့တွက်များဟာ တစ်ဆိုင် နဲ့ တစ်ဆိုင် တူညီနိုင်ခြင်းမရှိပါ)

ချစ်မိတ်ဆွေတို့လည်း အခုဆို ရွှေတန်ဖိုးကို လွယ်လွယ်ကူကူ တွက်ချက်ပြီး ရွှေဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်နော်။

🙏>> အချက်အလက်ရှာဖွေရာတွင် အသုံးပြုခဲ့သည့် Sources များကို Credit ပေးပါသည်

ဘာကြိုက်လဲ့ပြော ရောင်းစျေးအရမ်းပေါမယ်နော့်မေးကြည့်လိုက် အံသြသွားမယ် ချစ်တို့ရေ
14/04/2023

ဘာကြိုက်လဲ့ပြော ရောင်းစျေးအရမ်းပေါမယ်နော့်မေးကြည့်လိုက် အံသြသွားမယ် ချစ်တို့ရေ

Address

100, Front Of Inside, West (B) , Bogyoke Market
Yangon
11619

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595506346

Alerts

Be the first to know and let us send you an email when Shwe Maha Pearl & Jewelry Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Maha Pearl & Jewelry Shop:

Share