09/04/2026
☀️ Hormuz ကနေ ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းခ ဒေါ်လာ 2 သန်းဖိုး Bitcoin နဲ့ ပေးရမယ်လို့ အီရန်က အတည်ပြု ☀️
အီရန်က ဟော်မုဇ်ရေလက်ကြား၌ သင်္ဘော ဖြတ်သန်းသွားလာခတွေကို Bitcoin နဲ့ အဓိက လက်ခံသွားဖို့ရာ ရှိနေကြောင်း WSJ သတင်း၌ ဖော်ပြလာပြီဖြစ်ပါသည်။
နိုင်ငံတကာ ကုန်သွယ်ရေးမှာယွမ်ကို သိပ်မသုံးကြတဲ့အပြင် Bitcoin က ယွမ်ထက်ပိုပြီး လက်ပြောင်းလက်လွှဲ မြန်ဆန်ကာ၊ လုံခြုံစိတ်ချရမှုလည်းရှိ၊ ဗဟိုဘဏ်တွေအစိုးရတွေရဲ့ ကြိုးကိုင်ခြယ်လှယ်နိုင်မှုလည်း မရှိနိုင်တာကြောင့် အီရန်က ယွမ်ထက်သာရင် Bitcoin ကို ပိုလိုချင်ပါသည်။
အကယ်၍ အီရန်သည် သင်္ဘောဖြတ်သန်းခတွေကို Bitcoin ဖြင့် ရရှိမည်ဆိုပါက လက်ရှိ Bitcoin စျေး $72,000 ဝန်းကျင်စျေးနှင့် တွက်ကြည့်လျှင် သင်္ဘော တစင်းကို $2 သန်းဖိုး = 27.7 BTC ရရှိမည် ဖြစ်သည်။
ဟော်မုဇ် ရေလက်ကြားမှာ ဖြတ်သန်းနေတဲ့ တရက်တာ ပျမ်းမျှ သင်္ဘော အစင်း 130 ဖြင့်ကြည့်လျှင် တရက်ကို 3,611 BTC ရရှိနိုင်သည်။
တရက်ကို 3,611 BTC
တလဆိုရင် 108,333 BTC
တနှစ်ဆိုရင် BTC 1.3 သန်း
Bitcoin ရဲ့ ဘလော့ချိန်းကွန်ယက်ကြီး တခုလုံးထဲမှာ တရက်တာ BTC mining လုပ်ခြင်းမှ ထွက်ရှိသည့် အရေအတွက်က 450 BTC သာ ရှိပါသည်။ ဒါဆိုရင် အီရန်ရဲ့ တရက်တာ ဝင်ငွေဟာ Bitcoin ထုတ်လုပ်မှုနှုန်းရဲ့ 8 ဆ ခန့် ရှိနိုင်တာလည်း ဖြစ်သည်။
ထရမ့်အတွက်ကတော့ အီရန်ကို ရန်စလိုက်တာဟာ မှန်းလေ ပြဲလေ၊ အီရန်ကတော့ စစ်စရိတ်ပြန်ကာမိနိုင်ရုံတင်မက Bitcoin သူဋ္ဌေးဖြစ်ဖို့ပါ ကြံနေပြီဖြစ်သည်။
အီရန်က Bitcoinနဲ့ လက်ခံချင်တာလည်း မပြောနဲ့။ Bitcoinရဲ့ အတိတ်သမိုင်းကြောင်းကလည်း လွန်စွာမှ လှခဲ့တာကို တွေ့ရပါသည်။ သမိုင်းတလျှောက် Bitcoinလောက် ပြန်ရနှုန်း မြင့်တဲ့၊ရှိခဲ့တဲ့ အက်ဆက်မျိုးဟူ၍ မရှိခဲ့ပါ။
Bitcoinဈေးက ၂၀၀၉ ခုနှစ် ထဲ၌ တကွိုင်ပေါက်ဈေး $0.001၌ ရှိခဲ့ရာကနေ လက်ရှိ၌ $72000ဝန်းကျင်၌ ရှိနေပါသည်။ Bitcoinဟာ ၁၇နှစ်သက်တမ်းအတွင်း၌ ရာခိုင်နှုန်း 72 သန်း နီးပါးအထိ အတက်ရှိခဲ့ပါသည်။
လက်တွေ့တွက်နည်း -
((72,000 - 0.001) / 0.001) × 100 = 7,199,999,900%
အီရန်က ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သွားတဲ့ သင်္ဘော တွေကို တစင်းလျှင် ဒေါ်လာ ၂သန်းနှုန်းကောက်ခံရာ၌ ဒေါ်လာနဲ့ ပေးချေမှုကို လက်မခံပါ။ ဘာလို့ လက်မခံသလဲ ဆိုရင် USD က SWIFTစနစ်ကနေ freeze လုပ်လို့ ရနိုင်သောကြောင့်ဖြစ်သည်။
ဒါဆိုရင် တရုတ်ယွမ်ငွေကြေးနဲ့ ဘာလို့ မတောင်းသလဲ? ယွမ်ငွေကတရုတ်အစိုးရရဲ့ အလုံးစုံထိန်းချုပ်မှုအောက်၌ ရှိသည့်ငွေကြေးဖြစ်နေသောကြောင့် ဖြစ်ပါသည်။ Bitcoinကြတော့ဘယ်သူကမှ၊ဘယ်နိုင်ငံကမှ freeze လုပ်လို့မရသလို၊ အမေရိကန် ထရမ့်အစိုးရက အားပေးသော ခရစ်တိုငွေကြေးဖြစ်နေသောကြောင့်လည်း ခိုင်မာမှုအဖြစ် ရှိစေနိုင်ပြီး၊ ပေးချေရ လွယ်သလို၊ cashအဖြစ် ပြောင်းရတာလည်း အလွန် လွယ်ကူသောကြောင့်ဖြစ်ပါသည်။
ရုရှားသမ္မတ ပူတင်ဆိုရင် Bitcoin ကို ဘယ်သူကမှ ပိတ်လို့မရဘူးလို့ 3 ကြိမ်ထက်မနည်း ဆိုခဲ့ပြီးလည်း ဖြစ်ပါသည်။
Crd
9. 4. 2026