Hannah San Jewellery Myanmar

Hannah San Jewellery Myanmar ဟန်နန်းဆန် မှ ဒီဇိုင်းဆန်းဆန်း သဘာဝကျောက်မျက်နှင့် လက်၀တ်ရတနာများ

Maw Sit Sit မော်စစ်စစ်/ မှော်စစ်စစ် / မောစစ်စစ် လို့ခေါ်ကြတဲ့ ကျောက်ပန်းပုနားဆွဲလေးတွေပါရှင်။ ပြုပြင်ပြင်ဆင်ထားခြင်းမရှိ...
30/05/2025

Maw Sit Sit မော်စစ်စစ်/ မှော်စစ်စစ် / မောစစ်စစ် လို့ခေါ်ကြတဲ့ ကျောက်ပန်းပုနားဆွဲလေးတွေပါရှင်။ ပြုပြင်ပြင်ဆင်ထားခြင်းမရှိတဲ့ Untreated သဘာ၀ ကျောက်လေးတွေပါ။ ဟန်နန်းဆန်မှ Certificate နှင့်တကွ ရောင်းပေးပါတယ်ရှင့်။

တောင့်တင်းလှပတဲ့ရွှေနားချိတ်လေးကို ပန်းပုလက်ရာ သပ်သပ်ရပ်ရပ်လေး နှင့် တော်၀င်နန်းဆန် ရိုးရိုးရှင်းရှင်း နားဆွဲလေး‌တွေဖြစ်လို့ ၀တ်ထားမယ်ဆိုရင် Elegant ဖြစ်ပြီး Royal ဆန်ဆန် လှနေမှာပါ။ နားပေါ်မှာလည်း လေးလေးကြီး မဖြစ်ပါဘူးနော်။

ဒီ ‌မော်စစ်စစ် ကျောက်လေးတွေဟာ Only exclusively in Myanmar ၊ မြန်မာနိုင်ငံတစ်ခုထဲမှာသာထွက်ပြီး တွေ့ရတဲ့ ကျောက် အမျိုးအစားပါ။
မှော်စစ်စစ်ကျောက်လေးတွေကို မြန်မာနိုင်ငံ မြောက်ပိုင်း ဟိမ၀န္တာတောင်ခြေဖျားမှာရှိတဲ့ မှော်စစ်စစ် ရွာလေးမှာ ဆွစ်ဇလန် Gemologist , Edward Gubelin မှ ပထမဆုံးစတင်တွေ့ခဲ့တာဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့တဲ့ အရင်းအမြစ်ရွာလေးကို အစွဲပြုပြီး မှော်စစ်စစ် ဖြစ်လာတယ်လို့ သိရပါတယ်။

ထူးခြားပြီး သီးသန့်ဆန်တဲ့ ရှားပါးကျောက်လေးတွေဖြစ်လို့ ချစ်မိတ်ဆွေတို့ရဲ့ collection ထဲမှာ ထည့်ဖို့ ဟန်နန်းဆန်မှာ ၀ယ်ယူအားပေးပါအုံးလို့။

ဈေးနှုန်း - ၁၅ သိန်းမှ ၁၈ သိန်း ၀န်းကျင်

#ဟန်နန်းဆန် #မှော်စစ်စစ် #မော်စစ်စစ် #မောစစ်စစ် #မှော်စစ်စစ်နားဆွဲ

ပျားအုံပြာပြာလေးလား  နီနီလေးယူချင်လား ပြောပေးခဲ့အုံးနော် 🐝🍯။ #ဟန်နန်းဆန်      #နီလာနားကပ်  #ပျားအုံ    #ပျားအုံနားကပ်  #...
24/05/2025

ပျားအုံပြာပြာလေးလား နီနီလေးယူချင်လား ပြောပေးခဲ့အုံးနော် 🐝🍯။

#ဟန်နန်းဆန် #နီလာနားကပ် #ပျားအုံ #ပျားအုံနားကပ် #နီလာ

တည်တည်ငြိမ်ငြိမ် ကြွကြွရွရွ လင်းလက် တောက်ပနေတဲ့ စိန်လက်စွပ်လေးပါရှင်။ ပြူးပြူးကြီးကြီးမဟုတ်ဘဲ စိန်လေးတွေကို အကြီးအသေး ဟန...
23/05/2025

တည်တည်ငြိမ်ငြိမ် ကြွကြွရွရွ လင်းလက် တောက်ပနေတဲ့ စိန်လက်စွပ်လေးပါရှင်။ ပြူးပြူးကြီးကြီးမဟုတ်ဘဲ စိန်လေးတွေကို အကြီးအသေး ဟန်ချက်ညီညီ သေချာစီစဉ်ထားတာဖြစ်လို့ ရိုးရိုးလေးနှင့် တစိမ့်စိမ့်ကြည့်လှနေမယ့်လက်စွပ်လေးပါ။ ပါးပါး မျှင်မျှင်လေးမဟုတ်ဘဲ ရွှေထူထူ၊ ခိုင်ခိုင်ခံ့ခံ့ ၊ တောင့်‌တောင့်တင်းတင်း လုပ်ထားတာဖြစ်လို့ ၂၄ နာရီ ၀တ်ထားလည်း စတိုင်လ်ကျ လှပနေမှာ အသေအချာပါနော်။

#ဟန်နန်းဆန် #စိန်လက်စွပ် #စိန်ထည်

ပြာပြာခဲခဲ classic 2တန်းကြိုး ဟန်းချိန်း လေးပါရှင်။ သူ့တစ်ခုထဲလေး၀တ်ရင်ကိုပဲ ထည်ထည်လေးနှင့် တခြားထပ်၀တ်စရာမလိုအောင်ကို ယ...
23/05/2025

ပြာပြာခဲခဲ classic 2တန်းကြိုး ဟန်းချိန်း လေးပါရှင်။ သူ့တစ်ခုထဲလေး၀တ်ရင်ကိုပဲ ထည်ထည်လေးနှင့် တခြားထပ်၀တ်စရာမလိုအောင်ကို ယဉ်ယဉ်ငြိမ်ငြိမ်လေးနှင့် တစိမ့်စိမ့်လှတဲ့ အလှလေးပါ။
မြန်မာ အင်္ကျီလေးတွေနှင့်ပဲဖြစ်ဖြစ် ၊ ဘိုဆန်ဆန်လေးပဲ ၀တ်၀တ် ဒီ ဟန်းချိန်းလေးက သင့်တော်ကိုက်ညီလ်ိုက်ဖက်မယ့်အတွဲလေးပါ။
ပုံလေးတွေမတင်ဖြစ်တာကြာလို့ ဟန်နန်းဆန်လေးကို မေ့မသွားပဲ သတိရပေးကြပါအုံးနော်လို့။ စိတ်ချမ်းမြေ့စရာကောင်းတဲ့ weekend လေးဖြစ်ပါစေရှင်။

ဈေး - ၉၈ သိန်း ၀န်းကျင်ပါ။

#ဟန်နန်းဆန် #နီလာဟန်းချိန်း
#နီလာလက်ကောက်

"The Pearl is the Queen of Gems and the Gem of Queens" ~Grace Kellyကျက်သရေမင်္ဂလာနှင့်ပြည့်စုံပြီး ယဉ်ယဉ်လေးနှင့်လှတဲ့ ဟ...
08/03/2025

"The Pearl is the Queen of Gems and the Gem of Queens" ~Grace Kelly

ကျက်သရေမင်္ဂလာနှင့်ပြည့်စုံပြီး ယဉ်ယဉ်လေးနှင့်လှတဲ့ ဟန်နန်းဆန်ရဲ့ Pearl Collection လေးပါရှင်။ ပိုင်ရှင်ရှိပြီးအော်ဒါထည်လေးတွေဖြစ်တဲ့အတွက် ဒီလိုလှလှလေး ဆင်မြန်းချင်ရင်ဖြင့် ဟန်နန်းဆန်မှာ မှာယူအားပေးကြပါလို့ 😊။

#ဘိတ်ပုလဲ #ဟန်နန်းဆန် #ပုလဲဆွဲသီး #မြိတ်ပုလဲ #ပုလဲလက်စွပ် #ပုလဲနားကပ် #ပုလဲနားဆွဲ

ဒီနေ့ ဟန်နန်းဆန်မှ ထွက်တဲ့ Collection အသစ်လေးကို‌တော့ "Sweet Pea" လို့နာမည်ပေးထားပါတယ်။ ပဲသီးလေးထဲ ပဲစိလေးတွေ တိုးကြိတ်ပ...
02/03/2025

ဒီနေ့ ဟန်နန်းဆန်မှ ထွက်တဲ့ Collection အသစ်လေးကို‌တော့ "Sweet Pea" လို့နာမည်ပေးထားပါတယ်။
ပဲသီးလေးထဲ ပဲစိလေးတွေ တိုးကြိတ်ပြီး လုံးလုံးထွေးထွေးလေး နှင့် အသဲယားစရာလေးဖြစ်နေတာလေးကို သဘောကျမိလို့ ပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။

ဟန်နန်းဆန်မှ ပုလဲများ အားလုံး ရေငံပုလဲပါရှင်။ Cream အဖြူ ၊ ‌ရွှေရောင် ပုလဲလေးတွေဟာ မြိတ်ပုလဲလေးတွေပါရှင့်။
မီးခိုးခဲရောင် ပုလဲလေးတွေကတော့ Tahitian Pearl တီဟီတီ ပုလဲလေးတွေပါရှင်။ အားလုံး ရွှေထည်တွေပါ။

ယခု ပုလဲ collection လေးဟာ ဟန်နန်းဆန် designer collection အော်ဒါထည်လေးဖြစ်လို့ အကယ်၍ ဒီcollection လေးကို ကြိုက်နှစ်သက်လို့ အပ်ချင်တယ်ဆိုရင် ဟန်နန်းဆန်မှာ အော်ဒါထပ်မှာလို့ရပါတယ်ရှင်။

#ဟန်နန်းဆန် #မြိတ်ပုလဲ #ဘိတ်ပုလဲ #ပုလဲလက်စွပ် #ပုလဲ #ပုလဲနက် #ပုလဲနားကပ် #ပုလဲနားဆွဲ #ပုလဲဆွဲသီး

ဒါလေးကတော့ ‌ဟန်နန်းဆန်ရဲ့ နားကွင်းcollection ထဲကမှ နှစ်ဘက်လှ ဒီဇိုင်းနောက်တစ်မျိုးပါရှင်။ နားကွင်းလေးတစ်စုံရှိရုံနှင့် အ...
28/02/2025

ဒါလေးကတော့ ‌ဟန်နန်းဆန်ရဲ့ နားကွင်းcollection ထဲကမှ နှစ်ဘက်လှ ဒီဇိုင်းနောက်တစ်မျိုးပါရှင်။

နားကွင်းလေးတစ်စုံရှိရုံနှင့် အမျိုးမျိုး အလဲအလှယ် စတိုင်လ်ထုတ် အလှဆင်လို့ရအောင်ပုံဖော်ပေးထားတဲ့ ဒီဇိုင်း‌လေးပါ။

မိမိကြိုက်နှစ်သက်ရာ ကျောက်လေးများကို ကွင်းလေးနှင့် အလဲအလှယ် ဉာဏ်ကွန့်မြူးပြီး ရှိုးထုတ်လို့ရမယ့် ဒီဇိုင်းလေး‌ပေါ့။
ကြိုက်နှစ်သက်ရာကျောက်လေးတွေနှင့် တွဲစပ်ဖို့ကိုလည်း ဟန်နန်းဆန်မှာ တခါထဲ မှာယူလို့ရပါတယ်ရှင်။

ဒီနားကွင်းလေးတွေနှင့် ပုလဲလေးတွေနှင့်တွဲမလား၊ classic စိန်ပတ် ဒီဇိုင်းလေးတွေနှင့်ပဲတွဲမလား ၊ ဟန်နန်းဆန်ရဲ့ collection ထဲက ပန်းပွင့်လေးတွေ ၊ ကြယ်လေးတွေနှင့်ပဲ တွဲချင်သလား အမျိုးမျိုးတွဲ ဆွဲဖို့ကို ဟန်နန်းဆန်က တာ၀န်ယူပါရစေရှင်။

ကျွန်မတို့ငယ်ငယ်က လက်ပတ်နာရီလေးတွေကို ရောင်စုံကွင်းလေးတွေ တနေ့တမျိုး အင်္ကျီအရောင်နှင့်လိုက်‌အောင်လဲတပ်ပြီး ရှိုးထုတ်တဲ့ ခေတ်ကို ပြန်‌ပြောင်းအောက်မေ့ မြင်ယောင်ပြီး ဒီ စွယ်စုံရ ဒီဇိုင်းလေးကို ဖန်တီးထားတာပါ။ အားပေးကြပါဦးလို့ 😊။

ဈေး - 28 သိန်း၀န်းကျင် (ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်ရှင်)

#နီလာနားကွင်း #ပတ္တမြားနားကွင်း #မြနားကွင်း #ဟန်နန်းဆန် #နီလာနားကပ် #မြနားကပ် #ပတ္တမြားနားကပ် #ရောင်စုံနားဆွဲ #စိန်နားကွင်း

ကြည်ပြာရောင် စင်စင်သန့်သန့် မိုးကုတ်သဘာ၀နီလာလေးတွေနှင့် စီခြယ်ထားတဲ့ နားကွင်းလှလှလေးပါရှင်။ ‌‌စိန်သွေးကွက်လိုသွေးထားတဲ့ ...
28/02/2025

ကြည်ပြာရောင် စင်စင်သန့်သန့် မိုးကုတ်သဘာ၀နီလာလေးတွေနှင့် စီခြယ်ထားတဲ့ နားကွင်းလှလှလေးပါရှင်။ ‌‌

စိန်သွေးကွက်လိုသွေးထားတဲ့ စိန်ချွန်း အမျိုးအစား နီလာကျောက်လေးတွေကို မျက်နှာပြင်အတည့်ရော ၊ အတွင်းမှာပါ သုံးထားတာမို့ ကြည်ပြာအလင်းတန်းလေးတွေဖြာထွက်နေသလို့ ဖြတ်ဖြတ်ခါ လှနေမှာ အသေအချာပါပဲရှင်။ အားပေးကြပါဦးလို့။

ဈေး - 28 သိန်း ၀န်းကျင်
နားကွင်းအကျယ် (အချင်း) - 1.5 cm

#ဟန်နန်းဆန် #နားကွင်း #နီလာနားကွင်း #နီလာ #နီလာနားကပ် #အဆောင်ကျောက်

နီလာဖြူ Mogok Natural Colorless Sapphire (ဥဿဖရား) လေးကို အဆောင်အနေနှင့် ၀တ်ချင်တယ် Modern လူငယ်ဆန်ဆန်‌လေးမှဆို ဟန်နန်းဆန...
22/02/2025

နီလာဖြူ Mogok Natural Colorless Sapphire (ဥဿဖရား) လေးကို အဆောင်အနေနှင့် ၀တ်ချင်တယ် Modern လူငယ်ဆန်ဆန်‌လေးမှဆို ဟန်နန်းဆန်မှာ အော်ဒါမှာလို့ရပါတယ်နော်။

တစ်ပွင့်တည်းလေးကို လည်တိုင်မှာကျော့ကျော့ ရှင်းရှင်းလေးနှင့်လှနေမယ့် ဒီဇိုင်းလေးပါရှင်။ အခြားကျောက်လေးများနှင့် လည်း အော်ဒါအပ်ချင် တယ်ဆို ဟန်နန်းဆန် Messenger မှာလာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေရှင်။

#ဟန်နန်းဆန် #နီလာဖြူ #ဥဿဖယား #ဥဿဖရား #အဆောင်ကျောက် #အဆောင်ဆွဲသီး #အဆောင်လည်ဆွဲ #အဆောင်

Address

Yangon

Telephone

+959789463387

Website

Alerts

Be the first to know and let us send you an email when Hannah San Jewellery Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hannah San Jewellery Myanmar:

Share