The Value Gems and Jewellery

The Value Gems and Jewellery The Value Gems and Jewellery brings the finest quality gemstones and luxurious jewellery setting to our valued customers.

🌸 A 3.85-carat Pink Spinel straight from the legendary mines of Mogok, Myanmar - the pinnacle of elegance and rarity. Th...
03/10/2024

🌸 A 3.85-carat Pink Spinel straight from the legendary mines of Mogok, Myanmar - the pinnacle of elegance and rarity. This rare gem exudes pure sophistication and grace, perfect for anyone with an eye for timeless luxury. 💎✨

Facebook - The Value Gems and Jewlery
Instagram -
📞 - +66953621687
Email - [email protected]

ကျောက်သား အရမ်းတင်းပြီး ဖန်သားမှန်သား ဖျက်ဖျက်လက် နေမဲ့ ကျောက်ကောင်းလေးတပွင့်။2.3ct+ ရှိပြီး ပြာရွှင်လေးပါ။ သဘာဝသင်္ကေတ ...
20/07/2024

ကျောက်သား အရမ်းတင်းပြီး ဖန်သားမှန်သား ဖျက်ဖျက်လက် နေမဲ့ ကျောက်ကောင်းလေးတပွင့်။

2.3ct+ ရှိပြီး ပြာရွှင်လေးပါ။ သဘာဝသင်္ကေတ ချွန်းမှာ တောစ လေးပါပါမယ်။

မိုးကုတ်သဘာဝ နီလာ ရွှင်ပြာ။ လက်စွပ်ခတ်ဖို့ အရွယ်ကောင်း။ ပစ္စည်းထဲဝင်ရင် တရည်တက်ပါမယ်။ ချွန်းပယ် အချိုးကျ ပြည့်စုံတဲ့ ကျောက်ကောင်းလေးတပွင့်ပါ။

1xx သိန်းပါ။ အရည်တဝက် ဒီ့ထက်တက်မယ်ဆို ဒီလို ကျောက်သားတင်းပြီး ဒီလိုရောင်လက်ကောင်းတာ သိန်း ၃၀၀ တောင်ဝယ်မရ တော့ပါဘူး။ chatbox မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်။

#မိုးကုတ်သဘာဝနီလာ
#နီလာ
#ရွှင်ပြာ




Mogok natural unheated Pink sapphire and blue sapphire pair.ခေတ်စားနေတဲ့ တဖက်ပန်းရောင် တဖက်နီလာပြာ ပုံစံစုံ။ နားကပ်အဖြစ်...
20/07/2024

Mogok natural unheated Pink sapphire and blue sapphire pair.

ခေတ်စားနေတဲ့ တဖက်ပန်းရောင် တဖက်နီလာပြာ ပုံစံစုံ။ နားကပ်အဖြစ် ဝတ်လို့ရသလို လက်စွပ် တကွင်းတည်းမှာပဲ ဖြစ်ဖြစ် ချစ်သူနဲ့ တစ်ယောက်တကွင်းပဲဖြစ်ဖြစ် ဖန်တီး ဝတ်ဆင်လို့ရပါတယ်။

အသားကြည် အနာအစာ မပါသလောက်ရှင်းပါတယ်။ pink sapphire ကလည်း ပန်းရောင်ဖျောင့်ဖျောင့် အသားတင်းပြီး ကြည်တောက်နေတာမျိုးပါ။

နီလာကလည်း လုံးဝ ပြာအိပြီး မဲရိပ်လုံးလုံးမပါပါ။ ကျောက်ရည်ကျောက်သားကတော့ ပထမတန်းပါပဲ။

ကျောက်တလုံးစီက 0.91ct ရှိပြီး ၂ လုံးပေါင်း 1.82ct ရှိပါတယ်။ စျေးတန်တန်လေးနဲ့ ကျောက်သန့်သန့် အရည်မှန်မှန် တင်းတင်းလေး ဝတ်ဖို့ စုဖို့ သင့်တဲ့ ကျောက်တစုံပါ။ တစ်ကလပ်ပြည့်ရင် တကလပ်ကို ရာကျော်ပေးရမဲ့ ကွာလတီပါ။

ရောင်းစျေး Xx သိန်းပါ။ ရာမကျော်တဲ့ စျေးနဲ့ ကျောက်သန့်သန့် တန်တန်လေးရပါမယ်။ chat box မှာ detail လာရောက်မေးမြန်းနိုင်ပါတယ်။





#နီလာ
#ပန်းရောင်နီလာ

မြိတ်ပုလဲအဖြူ အိုဗာဆိုက် တွေနဲ့ မိုးကုတ် သဘာဝ နီလာ စိန်ချွန်း၊ သဘာဝ စိန်တို့နဲ့ ပေါင်းဆက်ပြီး ရင်ထိုး ဆွဲသီး အဖြစ် ဖန်တီ...
18/07/2024

မြိတ်ပုလဲအဖြူ အိုဗာဆိုက် တွေနဲ့ မိုးကုတ် သဘာဝ နီလာ စိန်ချွန်း၊ သဘာဝ စိန်တို့နဲ့ ပေါင်းဆက်ပြီး ရင်ထိုး ဆွဲသီး အဖြစ် ဖန်တီးထားသော လက်ရာကောင်းရတနာ

မိုးကုတ် သဘာဝ ပတ္တမြား ၂တန်းကြိုး
17/07/2024

မိုးကုတ် သဘာဝ ပတ္တမြား ၂တန်းကြိုး

မိုးကုတ်သဘာဝ ပတ္တမြား ၁ကိုက် ၁၂ လုံးနှင့် စိန်ကောင်း ၈ ရတီကျော် ပတ္တမြား စိန်ချွန်း တွေနဲ့ ဖန်တီးထားတဲ့ ရင်ထိုးလေးပါ။ကျေ...
15/07/2024

မိုးကုတ်သဘာဝ ပတ္တမြား ၁ကိုက် ၁၂ လုံးနှင့် စိန်ကောင်း ၈ ရတီကျော် ပတ္တမြား စိန်ချွန်း တွေနဲ့ ဖန်တီးထားတဲ့ ရင်ထိုးလေးပါ။

ကျောက်ရဲ့အရည်အသွေး သန့်စင်မှု အရောင် ကတော့ အပစ်ပြောစရာမရှိ သလောက်ပါပဲ။

ထိပ်တန်း အရည်အသွေးကို စုလည်းစု အသင့်လည်း ဝတ်ချင်တယ်ဆိုရင် သင့်တော်တဲ့ ပစ္စည်းကောင်းတခုပါ။

မိုးကုတ် သဘာဝ နီလာရောင်စုံ(အမာရောင်စုံ) ကို စိန် မြပြာ(အကွာမာရင်း) တို့နဲ့ပေါင်းစပ်ထားတဲ့ ရင်ထိုး ဆွဲသီး။နီလာရောင်စုံကို...
15/07/2024

မိုးကုတ် သဘာဝ နီလာရောင်စုံ(အမာရောင်စုံ) ကို စိန် မြပြာ(အကွာမာရင်း) တို့နဲ့ပေါင်းစပ်ထားတဲ့ ရင်ထိုး ဆွဲသီး။

နီလာရောင်စုံကို တစ်လုံးချင်းစီ အနာကင်း luster အကောင်းစုံးတွေပဲ သေချာရွေးခတ်ထားတဲ့ပစ္စည်းပါ။ အထဲမှာပါတဲ့နီလာတွေ ပန်းရောင်နီလာတွေ ပတ္တမြားတွေက ခုချိန် အသန့် ၁ကိုက်ဆို ဆယ်ကြီး ရာပိုင်း ပေးနေရပါပြီ။

ရွှေတင် ၂ ကျပ်ကျော်။ လက်တဝါးစာလောက်ရှိတဲ့ အဟန့်။

ကာလာစပ်ကလည်း အစီးစပ်ပါ။ ကိုယ်တိုင်ဝတ်ဝတ် ရင်းနှီးမြှုပ်နှံမှုပဲလုပ်လုပ် သင့်တော်ပါတယ်။

ပတ္တမြား (စုစုပေါင်း ၅ ကလပ်ကျော်) သုံးဆင့်နားကပ် ကျောက်ရည်ကောင်း အသန့်ငွေမကိုင်ထားချင်ရင် ပစ္စည်းကောင်းဝယ်စုကြပါ။
12/07/2024

ပတ္တမြား (စုစုပေါင်း ၅ ကလပ်ကျော်) သုံးဆင့်နားကပ် ကျောက်ရည်ကောင်း အသန့်

ငွေမကိုင်ထားချင်ရင် ပစ္စည်းကောင်းဝယ်စုကြပါ။

မိုးကုတ်သဘာဝ ရွှေတွင်းဝါ ဝါစိမ်း နားကပ်စုံ။ ရွှေတွင်းဝါ ရှားတယ်၊ နားပန်စုံ ဆိုပိုရှားတယ်၊ နှစ်ဖက်ညီပြီး သန့်တဲ့ နားပန်စု...
24/06/2024

မိုးကုတ်သဘာဝ ရွှေတွင်းဝါ ဝါစိမ်း နားကပ်စုံ။ ရွှေတွင်းဝါ ရှားတယ်၊ နားပန်စုံ ဆိုပိုရှားတယ်၊ နှစ်ဖက်ညီပြီး သန့်တဲ့ နားပန်စုံပိုလို့တောင် ရှားတယ်၊ ဒီလို ဆိုက်မျိုးကိုမှ နှစ်ဖက်ညီပြီး သန့်ရင်ပိုလို့ရှားမယ်။

🎯နှစ်ဖက်ပေါင်း ၁၁ ကလပ်ခွဲကျော်

🎯ကာလာရွှင်ပြီး လူတိုင်းကြိုက်သော စိမ်းဝါရည်။

🎯ကျောက်သားတင်းတင်း ကျစ်ကျစ်။ ထွေးခြင်း ပွခြင်း မရှိ

🎯အစင်းကြောင်း အပစ်များ အကွဲများ တော်တော်ကင်းစင်။ သန့်ရှင်းမှု ကောင်းသော နားကပ်စုံ။ စုံတော်တော်များများမှာ တဖက်က နည်းနည်း ကွာလတီ ကျတတ်တယ်။ ဒီစုံမှာ နှစ်ဖက်လုံး သန့်ဂုဏ် ညီမျှ။

🎯မိုးကုတ်သဘာဝ ထွက်နှုန်းနည်း၍ ရှားပါးသော ရွှေတွင်းဝါ ကျောက်မျက်ကိုမှ ဆိုက်ကြီးကြီး သန့်သန့် နှစ်လိုဖွယ်ရှိတဲ့ အရောင်ရှိတဲ့ ရှာရခက်မဲ့ နားပန်စုံ

🎯ဝတ်လှ၊ သိမ်းကောင်း၊ ရောင်းစွံမည့် ကျောက်တစုံ

#ရွှေတွင်းဝါ

ရတောင့်ရခဲ စျေးကွက်ထဲ သိပ်မတွေ့ရတဲ့ ကျောက်မျက် ရတနာ ကျောက်ကောင်းတပွင့်မှာ ရှိရမဲ့ အင်္ဂါအရပ်ရပ်နဲ့ပြည့်စုံတဲ့ မြန်မာ့ မိ...
24/06/2024

ရတောင့်ရခဲ စျေးကွက်ထဲ သိပ်မတွေ့ရတဲ့ ကျောက်မျက် ရတနာ ကျောက်ကောင်းတပွင့်မှာ ရှိရမဲ့ အင်္ဂါအရပ်ရပ်နဲ့ပြည့်စုံတဲ့ မြန်မာ့ မိုးကုတ် သဘာဝ ပတ္တမြား။

🎯ထိပ်တန်း ကျောက်ဆီ ကျောက်သား။ ကျောက်သားတင်းပြီး ကြည့်လိုက်တာနဲ့ ထွေးမှိုင်းမှု စိုးစဉ်းမရှိပဲ ဖန်စမှန်စ လို လင်းလက်မှု ရှိ။

🎯မရိပ် မညို့ မမှိုင်းပဲ ရွှင်၍ ပွင့်သော စွဲမက်ဖွယ် အရောင်။ နေ့ရော ညပါ အနီး အဝေးမရွေး ပတ္တမြား နီရောင် တဖျက်ဖျက် ရွှန်းတောက်လက်နေတဲ့ အရည်

🎯အနာ အစာကင်းစင်မှု။ ကွဲ အက်မှု၊ အဆင်းများ၊ ဂေါ်များ ကင်းစင်ပြီး သဘာဝတတရားက ပေးထားသော အမြင့်ဆုံးစင်ကျယ်မှု

🎯ပထမတန်းစား သွေးကွက်။ ချွန်းပယ်အချိုးကျ၊ သွေးကွက် ပုံကျလို့ အရည်ဟာခြင်း ပုံမကျခြင်း ပါးခြင်း ထူခြင်း မရှိ

🎯ဝတ်ဆင်ရန်(သို့) ဝယ်သိမ်းရန် သင့်တော်သော ဝိတ်(ကလပ်ချိန်)။ ၁ ကလပ်ကျော် ဆိုက်(စျေးကွက်ထဲတွင် သိမ်းကောင်း ရောင်းစွန် လူကြိုက်များ၍ ဝယ်သူများများ လက်လှမ်းမှီသော ဆိုက်)။ တလုံးကောင်းကွာလတီဆိုက်

🎯သဘာဝမိုးကုတ်တွင်းထွက်စစ်စစ်ဖြစ်ကြောင်း ကျောက်မျက်ဓါတ်ခွဲခန်းတွင်စစ်ချက်ထုတ်ပြီး။ ပြုပြင်မှု အလျှင်းမရှိ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Value Gems and Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share