11/09/2026
ဇွန်လ မွေဖွားသူများ ဝတ်ဆင်ရမယ့်ကျောက်မျက်ရတနာ
ပုလဲ (Pearl) ဟာ တခြားကျောက်မျက်တွေလို မြေကြီးထဲက တူးဖော်ရတာမဟုတ်ဘဲ သက်ရှိသတ္တဝါ ဂုံး (Oysters) တွေဆီက ရရှိတဲ့ တစ်ခုတည်းသော "Organic Gem" ဖြစ်ပါတယ်။ ရတနာအားလုံးထဲမှာမှ ပုလဲဟာ ပြုပြင်စရာမလိုဘဲ သဘာဝအတိုင်း ဝင်းပနေတဲ့ ထူးခြားတဲ့ ဂုဏ်အင်ကို ပိုင်ဆိုင်ထားပါတယ်။
ပုလဲကို မြတ်နိုးသူတိုင်း သိထားသင့်တဲ့ စိတ်ဝင်စားဖွယ် အချက် (၃) ချက်ကတော့...
၁။ သက်ရှိသတ္တဝါမှ ရရှိသော တစ်ခုတည်းသော ရတနာ ပုလဲဟာ ကျောက်သားမဟုတ်ဘဲ ဂုံး(ကမာကောင်)လေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာကြာပြီးမှ အနုစိတ် ဖြစ်တည်လာရတာပါ။ ဒါကြောင့် ပုလဲကို "The Living Gem" (သက်ရှိရတနာ) လို့လည်း ခေါ်ကြပါတယ်။ သူ့ရဲ့ ဝင်းပမှုဟာ လူ့အသားအရေနဲ့ ထိတွေ့တဲ့အခါ ပိုမိုတောက်ပလာတတ်တဲ့ သဘာဝရှိပါတယ်။
၂။Last On, First Off-ပုလဲထိန်းသိမ်းနည်း
ဒါကတော့ ပုလဲဝတ်ဆင်သူတိုင်း မဖြစ်မနေ သိထားရမယ့် အချက်ပါ။ ပုလဲဟာ ဓာတုပစ္စည်းတွေကို အရမ်းကြောက်ပါတယ်။
Last On ဆိုတာ မိတ်ကပ်၊ ရေမွှေးနဲ့ Hair Spray တွေ အားလုံး လိမ်းခြယ်ပြီးမှသာ နောက်ဆုံးမှ ပုလဲကို ဝတ်ဆင်ပါ။
First Off ဆိုတာကတော့ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ပုလဲကို အရင်ဆုံး ချွတ်ပါ။ ဒီလိုလုပ်ခြင်းဖြင့် ပုလဲရဲ့ တောက်ပတဲ့ အလွှာလေး (Nacre) ကို ဓာတုပစ္စည်းတွေကြောင့် အရောင်မှိန်မသွားအောင် ကာကွယ်နိုင်ပါတယ်။
၃။စိတ်နှလုံး အေးချမ်းခြင်း ပုလဲဟာ ဗေဒင်ပညာအရ "လမင်း" ကို ကိုယ်စားပြုပါတယ်။ ဇွန်လမွေးဖွားသူတွေအတွက်သာမက တနင်္လာသားသမီးတွေအတွက်လည်း အထူးအကျိုးပေးတဲ့ အဆောင်ရတနာဖြစ်သလို ဝတ်ဆင်သူကို စိတ်အေးချမ်းစေခြင်း၊ မေတ္တာရေး ကံကောင်းစေခြင်းနဲ့ မိခင်တစ်ဦးရဲ့စိတ်ကဲ့သို့ နူးညံ့သိမ်မွေ့တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
June