Real Gems ရတနာစစ္

Real Gems ရတနာစစ္ ကျောက်မျက်ရတနာများနှင့် ပတ်သက်သော ဗဟုသုတများ လူတိုင်း သိရှိစေရန် ရည်ရွယ်သည်။

လက်ကိုင်မှန်ဘီလူး အသုံးပြုခြင်းမှန်ဘီလူးဖြင့် ကျောက်၏ အတွင်း အပြင်လေ့လာမှုများသည် ကျောက် အမျိုးအစား အရည်အသွေး ခွဲခြားမှု...
04/02/2024

လက်ကိုင်မှန်ဘီလူး အသုံးပြုခြင်း
မှန်ဘီလူးဖြင့် ကျောက်၏ အတွင်း အပြင်လေ့လာမှုများသည် ကျောက် အမျိုးအစား အရည်အသွေး ခွဲခြားမှုအတွက်များစွာအ ထောက်အကူဖြစ်သည်။
ဥပမာ သဘာဝတွင်းထွက်ဟုတ်မဟုတ်၊ပြုပြင်ထားမထား စသည်...
ကျောက်ရဲ့ အသွင်အပြင် လက္ခဏာတွေက သေးငယ်လွန်းလို့ မှန်ဘီလူး အကူအညီယူရပါသည်။
ကျောက်မျက်ပညာတွင် ဆယ်ဆချဲ့ 10X lensနှင့် အဆ 10X to 60 X မိုက်ခရို စကုပ်ကို အသုံးများပါသည်။10 ဆချဲ့ လက်ကိုင်မှန်ဘီလူး 10X lens ကို သယ်ရလွယ်ကူမှု၊ဈေးမကြီးမှုတို့ကြောင့် ကျောက်မျက်ကုန်သည်များကျယ်ပြန့်စွာ မရှိမဖြစ်အသုံးပြုကြပါသည်။10Xlens နဲ့ လုံလောက်တဲ့ အလင်းရောင်ရှိရင် ကျောက်ရဲ့ အတွင်းအပြင်တော်တော်များများကြည့်လို့ရပါပြီ၊20Xlens ကအဆ20ပိုချဲ့နိုင်ပေမယ့် အသုံးနည်းပါသည်။အဆများများချဲ့လေ ပိုကောင်းလေ ဟု မယူဆစေချင်ပါ။
🛑လက်ကိုင်မှန်ဘီလူးရွေးချယ်ရာမှာ
မှန်သုံးထပ်ပါ triplet lens ကိုသုံးသင့်ပါသည်
အဖြူရောင် ဂရပ်စာရွက် မျဥ်းလိုင်းတွေအပေါ်ကို မှန်ဘီလူးကို ချကြည့်ပြီး မျဉ်းတွေမကွေး အရောင်မဝင်တဲ့ lens ကိုရွေးချယ်ပါ၊lens ရဲ့ ကိုယ်ထည်အရောင်က သတ္ထုရောင် metallic
၊အမဲရောင် pure black ကိုရွေးပါ၊ကိုယ်ထည်က အရောင်နဲ့ဆိုရင် သူ့ရဲ့ အရောင်က စစ်ဆေးတဲ့ကျောက်ရဲ့အရောင်ကို ရှုပ်ထွေးစေတဲ့အတွက်ကြောင့်ပါ၊
ကျောက်ကိုစစ်ဆေးတော့မယ်ဆိုလျင်
ပထမ အရင် မျက်စိနဲ့ဦးစွာစစ်ပါ
ကျောက်ရဲ့မျက်နှာပြင်မှာ ဖုန် အဆီ အညစ်အကြေး လက်ဗွေရာတွေ ကင်းစင်ပါစေ
သင့်တော်တဲ့အလင်းရောင်‌မှာ
Lens ကိုင်သောလက်က တည်ငြိမ်စေရန်ပါးတဖက်ကိုထိထားပါ၊အခြားလက်ကကျောက်ကိုကိုင်ပါ၊လက်တဖက်နဲ့ တဖက် ပြန်ထိထားပါ၊တထောင်ဆစ်ကို အမာခံ စားပွဲစသည်ပေါ်ထောက်ထားပါ၊စိတ်ကိုလျော့အသက်ပုံမှန်ရှူပါ၊မျက်စိနှစ်ဖက်လုံးဖွင့်ထားပါ၊**လူအများစု
ကြ ည့်ရတာအားမရလို့ မျက်စိ တဖက်မှိတ်ပြီးကြည့်ကြတာ နည်းမှားပါတယ်၊မျက်စိနှစ်ဖက်ဖွင့်ကြည့်တာက အစမှာ ခက်သယောင်ယောင်နဲ့ ရေရှည် အချိန်ကြာကြာကြည့်မယ်ဆို မျက်စိကို သက်တောင့်သက်သာဖြစ်စေပါတယ်၊မျက်မှန်သမားများ မျက်မှန်ချွတ်ပစ်ဖို့မလိုပါ၊ကျောက်ကို ရှု့ထောင့်အမျိုးမျိုးမှနေ၍စစ်ဆေးပါ။
Ref..FGA foundation course

31/12/2023

Address

Anawrahta Road
Yangon

Website

Alerts

Be the first to know and let us send you an email when Real Gems ရတနာစစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Real Gems ရတနာစစ်:

Share