25/04/2026
တစ်ပတ်တာကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ..။
“ကိုယ့်အတွက်အကျိုးရှိတာတွေ မလုပ်ဖြစ်ဘဲ တစ်ပတ် တစ်ပတ်နဲ့
အချိန်ကုန်မှန်းမသိ ကုန်သွားပြီး စိတ်ဓာတ်တွေကျကာ ဘာဆက်လုပ်ရမှန်း
မသိတော့ဘူး” ဆိုတဲ့ အခြေအနေတွေက ခဏခဏဖြစ်လေ့ရှိကြတယ်ဟုတ်???
အဲ့ဒီအခြေအနေတွေက လွန်မြောက်နိုင်ဖို့ ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ပါနော်..။
⌚အရင်ဆုံး ကိုယ့်ရဲ့ တစ်လတာပန်းတိုင် (Monthly Goal) ကို ရွေးချယ်ထားပါ။
⌚ကိုယ်ရွေးချယ်ထားတဲ့ ပန်းတိုင်တစ်ခုချင်းစီအတွက် လုပ်ရမယ့်အချက်အလက်များကို
ချရေးထားပါ။
⌚ပြီးရင် ဒီလိုရေးမှတ်ထားတဲ့ အကြောင်းအရာတွေကို
တစ်ပတ်တာလုပ်ရမယ့်အရာတွေအဖြစ် ပြန်လည်ခွဲခြားသတ်မှတ်ပါ။
⌚ရေးမှတ်ထားတဲ့ တစ်ပတ်တာရဲ့ လုပ်ဆောင်ချက်တွေပြီးမြောက်မှု အပေါ်မှာ
အမြဲတမ်းပြန်လည်သုံးသပ်ပါ။ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပါ။
⌚ညအိပ်ယာ၀င်ခါနီးတိုင်း နောက်တစ်နေ့အတွက် လုပ်ဆောင်ရမယ့်အရာတွေအတွက်
ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားပါ။
ဒီနည်းလေးတွေအတိုင်း အချိန်ကိုကြိုတင်စီစဉ်ထားပြီး
အလုပ်တွေကိုလုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့တစ်ပတ်တာ၊ တစ်လတာတိုင်းဟာ အဖိုးတန်တဲ့အချိန်လေးတွေ အဖြစ်နဲ့အကောင်းဆုံးဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
Watches Myanmar