SOOE Gold & Silver Jewelry

SOOE Gold & Silver Jewelry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SOOE Gold & Silver Jewelry, Jewelry/Watches, Yangon.

"SOOE Gold & Siver Jewelry" အစမပျိုးခင်ကပေါ့။ ကျွန်မတို့က အမြဲ ပန်းထိမ်ခုံမှာထိုင်ပြီး အာရုံစိုက်အလုပ်လုပ်နေတတ်တဲ့  ဖေဖေ...
15/05/2026

"SOOE Gold & Siver Jewelry" အစမပျိုးခင်ကပေါ့။

ကျွန်မတို့က အမြဲ ပန်းထိမ်ခုံမှာထိုင်ပြီး အာရုံစိုက်အလုပ်လုပ်နေတတ်တဲ့ ဖေဖေကို စိတ်ဝင်တစားကြည့်တတ်တယ်။ ဒီအချိန်ထိလည်း ဖေဖေလုပ်ပေးတဲ့ လက်ဝတ်ရတနာတွေကိုပဲ ညီအမ နှစ်ယောက်လုံး ဝတ်ဖြစ်တယ်။ ဒီပုံလေးတွေက တကယ့်အပြင်ပုံတွေကို Anime Cartoon Version လေး အမှတ်တရ ပြောင်းထားတာပါ။ မကြာခင် လှပပြီး ကျက်သရေရှိတဲ့ ငွေထည်လေးတွေကို ချပြပါတော့မယ်။ 😍

#ငွေထည် #လက်ဝတ်ရတနာ #ငွေဆိုင်

မိဘအားကိုးရတဲ့ သမီးတစ်ယောက် ဖြစ်ချင်တယ်...ဒီဆန္ဒလေးက ကျွန်မတို့ ညီအမ ရင်ထဲမှာ နှစ်ပေါင်းများစွာ အမြဲရှိနေခဲ့တဲ့ ခံစားချက...
14/05/2026

မိဘအားကိုးရတဲ့ သမီးတစ်ယောက် ဖြစ်ချင်တယ်...

ဒီဆန္ဒလေးက ကျွန်မတို့ ညီအမ ရင်ထဲမှာ နှစ်ပေါင်းများစွာ အမြဲရှိနေခဲ့တဲ့ ခံစားချက်တစ်ခုပါ။ အဖေက ပန်းထိမ်ဆရာတစ်ဦး ဖြစ်ပေမယ့် ကျွန်မတို့ကတော့ ပန်းထိမ်အလုပ်ကိုလည်း ကိုယ်တိုင်မလုပ်နိုင်၊ စိတ်ရှည်ရှည်နဲ့ စျေးရောင်းတတ်တဲ့အထဲမပါခဲ့တော့ တော်တော် အဆင်မပြေခဲ့တာပါ။ ကျွန်မတို့ အဖေ့ရဲ့ ပညာတွေကို ဘယ်လိုနည်းနဲ့ လက်ဆင့်ကမ်း ပံ့ပိုးပေးရမလဲဆိုတာ အမြဲ အဖြေရှာနေခဲ့ရတာပါ။

အခုတော့... ကျွန်မတို့ မိသားစု မရဲတရဲ ဆုံးဖြတ်ချက်တစ်ခုကို ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီဆုံးဖြတ်ချက်ကတော့ ဘာဖြစ်မလဲ? အဖေက သူ့ရဲ့ ဆယ်စုနှစ်ချီတဲ့ အတွေ့အကြုံတွေနဲ့ တိကျသေချာတဲ့ ငွေထည်၊ရွှေထည် လက်ရာတွေကို ပုံဖော်ပေးမယ်။ ကျွန်မတို့ကတော့ အခုခေတ်အမျိုးသမီးတွေ ကြိုက်နှစ်သက်မယ့် ခေတ်မှီတဲ့ Design Idea တွေနဲ့ရှာဖွေပေါင်းစပ်ပြီး ကျက်သရေရှိရှိ လှချင်တဲ့ အမျိုးသမီးတွေကို ပံ့ပိုးပေးမယ်...

ဒါဆိုရင် လက်ဝတ်ရတနာတွေထဲကမှ
"ဘာလို့ ငွေထည်ကို ရွေးချယ်ခဲ့တာလဲ?"
အခုခေတ် ရွှေဈေးက အလုပ်စဝင်ခါစ အမျိုးသမီးတွေအတွက် ဝယ်ယူဖို့ တော်တော်လေး ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ အမျိုးသမီးတိုင်းကတော့ လှပချင်ကြတာပဲ မဟုတ်လား?

☑️ Fancy ထည်တွေလို ခဏလေးနဲ့ အရောင်မကျဘဲ ရေရှည်ခံတယ်။
☑️ ရွှေထည်တွေလိုလည်း ဈေးနှုန်း အဆမတန် မမြင့်ဘူး။
☑️မဝတ်ချင်တော့ရင်လည်း ရွှေထည်လို ပြန်ရောင်းလို့ရမယ်။
☑️ကိုယ့်အကြိုက် ဒီဇိုင်းလေးတွေ ပြပြီးတော့လည်း မှာယူနိုင်မှာဖြစ်တဲ့အပြင်
☑️ငွေထည်ကိုမှ ဖေဖေ့ရဲ့ လက်မှုအတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ...တန်ဖိုးတစ်ခုကို ရင်းနှီးမြှုပ်နှံရကျိုးနပ်စေမယ့် လက်ဝတ်ရတနာလေးတွေ ရရှိစေမှာပါ။

ကျွန်မတို့ရဲ့ Jewelry လုပ်ငန်းလေးက အခုမှ အစပျိုးတာ ဖြစ်ပေမယ့်၊ အဖေ့ရဲ့ စေတနာပါတဲ့ လက်ရာတွေနဲ့ ကျွန်မတို့ရဲ့ စိတ်ကူးသစ်တွေပေါင်းစပ်ထုတ်လုပ်ထားတာမို့ ယုံကြည်စိတ်ချစွာ အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

နှလုံးသားနဲ့ ခံစားထိတွေ့ပြီး ဖန်တီးထားတဲ့ ကျွန်မတို့ရဲ့ Silver Jewelry လေးတွေကို မကြာခင်မှာ စတင်မိတ်ဆက်ပေးတော့မှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

#ငွေထည် #လက်ဝတ်ရတနာ #ငွေဆိုင်

✨ ကျွန်မတို့ရဲ့ SOOE Gold & Jewelry ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင် ✨🌺ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ဖန်တီးသွားမယ့် မိသား...
14/05/2026

✨ ကျွန်မတို့ရဲ့ SOOE Gold & Jewelry ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင် ✨

🌺ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ဖန်တီးသွားမယ့် မိသားစု ရွှေထည်၊ငွေထည်လုပ်ငန်းလေး အကြောင်းကို မျှဝေပါရစေ။

SOOE Gold & Silver Jewelry ကို မိသားစုအပေါ်ထားတဲ့ ယုံကြည်မှု၊ ဝါသနာနဲ့ လက်မှုပညာတွေကို အခြေခံပြီးစတင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ပန်းထိမ်ဆရာကြီးဖြစ်သူ ဖခင် ကိုယ်တိုင် စိတ်ရှည်လက်ရှည် ပုံဖော်ထားတဲ့ လက်ရာတွေကို ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းလေးတွေနဲ့ ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့ Collection လေးတွေအဖြစ် ဖန်တီးပေးမှာဖြစ်ပါတယ်🤩

ကျောက်မျက်ရတနာဆိုတာ လှပဖို့သက်သက်ထက် ပိုတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
လက်ဝတ်ရတနာဆိုတာ လှဖို့အပြင် နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့၊ လုံခြုံမှုပေးဖို့နဲ့ ထူးခြားနေစေဖို့ ဖော်ဆောင်ပေးတဲ့ ခံစားချက်တစ်ခုပါပဲ။

နေ့စဉ် ရုံးတက်ရင်းဖြစ်ဖြစ်၊ အပြင်သွားရင်းဖြစ်ဖြစ်... စတိုင်လ်ကျကျနဲ့ လူကြီးလူကောင်းဆန်ဆန်၊ ကျက်သရေရှိရှိ ဆင်ယင်နိုင်ဖို့ ကျွန်မတို့ရဲ့ ငွေထည်လေးတွေက အကောင်းဆုံး အဖော်မွန်ဖြစ်လာမှာပါ💍

လုပ်ငန်းစတင်ကတည်းက ကျွန်မတို့ မိသားစုရဲ့ အိပ်မက်လေးကို အားပေးကူညီပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🤍

နှလုံးသားနဲ့ ပုံဖော်ထားတဲ့ အနုစိတ် လက်မှုငွေထည် ဒီဇိုင်းသစ်လေးတွေကို ဆက်လက် စောင့်မျှော်အားပေးပေးပါဦးနော်။ ✨

#ငွေထည် #လက်ဝတ်ရတနာ #ငွေဆိုင်

Address

Yangon

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SOOE Gold & Silver Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share