Welcome to Shwe Sin Damond, Gold & Jewellery Shop - 4
ရွှေစင်ရတနာ ရွှေဆိုင်ကို ၁၉၇၄ တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဦးတင်ဦး၏ အဘိုးများမှာ စင်္ကာပူတွင် ရွှေဆိုင်စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်အတွင်း မြန်မာပြည်သို့ ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
ရွှေစင်ရတနာရွှေဆိုင်အနေနဲ့ မျိုးဆက်ငါးဆက်တိုင်အောင်ကောင်းမွန်မှန်ကန်တဲ့ လက်ရာဒီဇိုင်းတွေကြောင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၈၅ခုနှစ်မှာဆိုရင်တော့ ဦးတင်ဦး+ဒေါ်လှမြင့်တို့ဟာ “၁၅ပဲရည်ပြည့်” ရွှေရည်ကို ပထမဦးဆုံးစွန့်ဦးတီထွင်ခဲ့ရာမှ ရွှေအရည်အသွေးလွန်စွာကောင်းမွန်မှုကြောင့် မိတ်ဟောင်း မိတ်သစ်များ၏ ကျိတ်ကျိတ်တိုး ဝယ်ယူအားပေးမှုကို ရရှိခဲ့ပါသည်။
...
Customers များ သက်သောင့်သက်သာနဲ့ အဆင်ပြေစွာဝယ်ယူနိုင်စေရန်ရည်ရွယ်၍ ၂၀၀၀ ခုနှစ်တွင် ဒုတိယမြောက်ဆိုင်ခွဲ(ရွှေစင် II စိန်ရွှေရတနာဆိုင်) ကို၎င်း၊ ၂၀၁၅ ခုနှစ်တွင် တတိယမြောက်ဆိုင်ခွဲ (ရွှေစင် III စိန်ရွှေရတနာဆိုင်) နှင့် ၂၀၁၇ ခုနှစ်တွင် စတုတ္ထမြောက်ဆိုင်ခွဲ (ရွှေစင် IV စိန်ရွှေရတနာဆိုင်) ကို၎င်း အောင်မြင်စွာအသီးသီးဖွင့်လှစ်နိုင်ခဲ့ပါသည်။
စိန်ရွှေရတနာဆိုင်မှာ ၁၆ ပဲရည်နှင့် ၁၅ပဲရည်အပြည့် ရွှေအရည်အသွေး အကောင်းဆုံး လက်ဝတ်ရတနာများကို ရရှိနိုင်ခြင်း၊ မြန်မာ့တွင်းထွက်လက်ဝတ်ရတနာ အမျိုးအစားစုံလင်စွာရရှိနိုင်ခြင်း၊ ပထမတန်းစား စိန်အဖြူအသန့်အကောင်းစားတစ်မျိုးတည်းကိုသာ အသုံးပြုထားခြင်းနှင့် နောက်ဆုံးပေါ်ရွှေဖြူအစစ် လက်ဝတ်ရတနာ ဒီဇိုင်းမျိုးစုံတို့ကို စုံလင်စွာရရှိနိုင်ခြင်းကြောင့် ဖောက်သည်များရဲ့ စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးမှုကို ရရှိလာခဲ့ပါသည်။
လက်ရာဒီဇိုင်းများလှပသေသပ်ခြင်း၊ စိတ်တိုင်းကျ အော်ဒါမှာယူနိုင်ခြင်း၊ ရက်ချိန်းမှန်ကန်ခြင်း၊ ရောင်းလို လဲလိုပါက မည်သည့်ငွေသား ပမာဏမဆို ချက်ခြင်းငွေသားပြန်လဲပေးခြင်း၊ လဲလှယ်လိုသောဖောက်သည်များကိုလည်း အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်ပေးခြင်းတို့ကြောင့် ဖောက်သည်များ၏ အားပေးယုံကြည်မှုတို့ကို စဉ်ဆက်မပြတ်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ယခုနောက်ဆုံးဖွင့်လှစ်လိုက်ပြီဖြစ်သော ရွှေစင် IV စိန်ရွှေရတနာဆိုင်မှ ဝန်ထမ်းများ၏ ချိုသာသော ဆက်ဆံရေး၊ ရင်းနှီးနွေးထွေးသော အပြုံးများနဲ့ လှိုက်လှဲစွာကြိုဆိုနေမှာဖြစ်လို့ လာရောက်အားပေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါသည်။