20/08/2026
“စိန်အကြောင်း သိထားတာတွေ… တကယ်မှန်ရဲ့လား? ”
💎 သဘာဝစိန်ကို မြန်မာပြည် မိုးမိတ်မြို့နယ် ကြိမ်တောရွာဒေသတွင် အစောဆုံးတွေ့ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ စိန်နဲ့ပတ်သတ်ပြီး လူအများစု မှားယွင်း မှတ်ယူထားတတ်ကြတဲ့ အချက်လေးတွေကို ရှင်းပြပေးချင်ပါတယ်။
◾ စိန်က ဘယ်တော့မှ မကွဲနိုင်ဘူးလား?
စိန်ဟာ အမာဆုံး ဒြပ်စင်ဆိုပေမယ့် သဘာဝအတိုင်းရှိတဲ့ 𝗰𝗹𝗲𝗮𝘃𝗮𝗴𝗲 𝗱𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻 တွေ၊ အတွင်းအက်ကြောင်းတွေရှိနိုင်တာကြောင့် ပြင်းထန်တဲ့ ရိုက်ခတ်မှုခံရရင် အက်ကွဲခြင်း ကိုဖြစ်နိုင်ပါတယ်။
◾စိန်ကြီးလေ ပိုတန်ဖိုးကြီးလေလား?
𝐂𝐚𝐫𝐚𝐭 𝐖𝐞𝐢𝐠𝐡𝐭 က တန်ဖိုးအပေါ် သက်ရောက်မှုရှိပေမယ့် Carat တစ်ခုတည်းနဲ့ စိန်တန်ဖိုးကို မဆုံးဖြတ်နိုင်ပါဘူး။
အဓိကအားဖြင့် 4Cs ကို ကြည့်ရပါတယ်။
✔️ 𝐂𝐮𝐭 — အဖြတ်အတောက်
✔️ 𝐂𝐨𝐥𝐨𝐫 — အရောင်
✔️ Clarity — အတွင်းအပြင် သန့်ရှင်းမှု
✔️ Carat — အလေးချိန်
တူညီတဲ့ 1 Carat စိန်နှစ်ပွင့်တောင် Cut, Color, Clarity မတူရင် တန်ဖိုးက သိသိသာသာ ကွာနိုင်ပါတယ်။
◾ စိန်က အဖြူရောင်ပဲ ရှိတာလား?
စိန်မှာ Yellow, Pink, Blue, Green, Red, Black စတဲ့ အရောင်တွေရှိပါတယ်။ ဒီလိုစိန်တွေကို Fancy Color Diamonds လို့ ခေါ်ပါတယ်။ အရောင်ရဲ့ ပြင်းအား၊ ရှားပါးမှုနဲ့ အရည်အသွေးပေါ်မူတည်ပြီး တန်ဖိုးက အလွန်မြင့်မားနိုင်ပါတယ်။
📢 ဒါကြောင့် စိန်တွေနဲ့ပတ်သတ်ပြီး အကျိုးတစ်စုံတစ်ရာ ရရှိဖို့မျှော်လင့်ပါတယ်နော်။ စိန်ထည်တွေကိုလည်း ညီမတို့ဆိုင်မှာ ဒုံးထည်တွေပဲ ရောင်းပေးတာဖြစ်လို့ အလျော့တွက်၊ လက်ခ လုံးဝလုံးဝ မပေးရတာမို့ အတန်ဆုံးဈေးနဲ့ စိန်ထည်များကို ပိုင်ဆိုင်နိုင်ပါပြီရှင်။
#စိန်ရွှေရတနာရောင်းဝယ်ရေး #ဒုံးထည်