08/07/2026
Sein Kywel Jewels 1st Anniversary Tea Party
— September 2026 —
နောက်လကုန်ဆို Sein Kywel Jewels & Gift Shop ဆိုင်လေး တည်ထောင်ခဲ့တာ ၁နှစ် ပြည့်ပါပြီ...
ဆိုင်လေး ၁နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ Tea Party လေး လုပ်ပေးချင်ပါတယ်...
စာမေးပွဲလေး တစ်ခု ရှိနေလို့ Sein Kywel Jewels 1st Anniversary Tea Party ကို September 2026 ထဲမှာ ကျင်းပပါမယ်နော်...
ဆိုင်ဖွင့်ပွဲတုန်းက မေတ္တာစေတနာရှေ့ထားပြီး ကြွရောက်ချီးမြှင့်ပေးကြတဲ့ တစ်ဦးတစ်ယောက်ခြင်းစီကို ကျေးဇူးတင်စွာဖြင့် အမှတ်တရ ရေးပေးသွားတဲ့ စာလေးတွေကို ဆိုင်မှာ မှတ်တမ်းလေး သိမ်းဆည်းထားပါတယ်ရှင်...🙏
မေတ္တာကြီးမားစွာဖြင့် ပေးအပ်သွားတဲ့ လက်ဆောင်လေးတွေကိုလည်း ဆိုင်မှာ အမှတ်တရ ပြပေးထားပါတယ်ရှင်...🙏
ဆိုင်ဖွင့်ပွဲတုန်းက စိန်ကြွယ်ရတနာဆိုင် က ပစ္စည်းတွေကို အားပေးဝယ်ယူသွားကြတဲ့သူတွေအားလုံးကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်...🙏
Tea Party လေးမှာလဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် အားလုံးနဲ့ ပြန်ဆုံချင်ပါတယ်ရှင်...🥰
ပွဲရက်လေး အတိအကျ စီစဥ်ပြီးတာနဲ့ Digital ဖိတ်စာလေးဖြင့် ဖိတ်ကြားစာလေး တင်ပေးပါမယ်ရှင်... ကြွရောက်ချီးမြှင့်ပေးကြပါအုံးနော်...😍🥰
#စိန်ကြွယ်ရတနာ