My Glory Gallery

My Glory Gallery Beauty,Relationship,Travelling,Exploring

အရင်က တိုးတိုးတိတ်တိတ် လုပ်ခဲ့ရာကနေ ခုဆို Tiktok ပေါ်မှာလဲ ဖော်ကာတွေ တပုံကြီး...Telegram ပေါ်မှာလဲ ဖော်ကာတွေ တပုံကြီး......
30/08/2025

အရင်က တိုးတိုးတိတ်တိတ် လုပ်ခဲ့ရာကနေ ခုဆို Tiktok ပေါ်မှာလဲ ဖော်ကာတွေ တပုံကြီး...
Telegram ပေါ်မှာလဲ ဖော်ကာတွေ တပုံကြီး.....
​ဖော်ကာစျေးကွက်ကို social media မှာ ပေါ်တင် ကြေညာကြ ပေါ်တင်
မားကတ်တင်း ဆင်းကြ
တိုင်းပြည် ခေါတ်ပျက်ချိန်မျာ ဒါတွေ ပိုဆိုးလာတာလဲ သိပ်တော့လဲ မဆန်းပါဘူး
Date Girl တဲ့ နတ်သမီး တဲ့
ရှင်းရှင်းပြောရရင်တော် ဖော်ကာ က ဖော်ကာ ပါပဲ
သမားရိုးကျ ရှာစားရ ခက်နေချိန်မှာ
အလွယ်လမ်း လိုက်ကုန်ကြတာ
တချို့လဲ ဖော်ကာ မဖြစ်ချင်ပဲနဲ့ ဖြစ်ရတာ ရှိသလို တချို့ကျတော့လဲ ဝမ်းစာအတွက် အဲ့ဒီလိုင်း အလွယ်လိုက်သွားတာလဲရှိတယ်...
Date girl တေက သူတို့ တရက်ဝင်ငွေ ဆယ်ချီရှိကြောင်း လိုင်းပေါ်တင်ပြီးကြွယ်ကြချိန် အမျိုးကောင်းသမီးတွေလဲ အတုယူမှားမှာ စိုးရိမ်ရတယ်....
မြင်နေရတာတွေက စိတ်ပျက်စရာကြီးတွေပေါ့လေ...
လိုင်းပေါ်ကနေ s*x chat တာလဲ ရှိသေးတယ် ချွတ်ပြ ဖော်ပြ လှန်ပြ နဲ့
တနာရီ chat ရင် ဘယ်လောက် ဘာညာပေါ့...
KTV တို့ မာဆပ် တို့ က အများသုံး စော်ကော် တွေ ဖော်ကာ တွေလဲ အတူတူပဲ
တကယ်တော့ ရွံစရာကြီး
ရှေ့ ဆက်ရှင် က အကောင်တွေက
ပွေး ဝဲ ညှင်း ပေါက်ရင် ပေါက်နေမယ်
သူတို့ ပလူးသွား တဲ့ စော်ကော်တွေကို
နောက် ဆက်ရှင် က အကောင်တွေက
တခါထပ်ပလူး
တွေးကြည့်ရင် ရွံစရာကြီးတွေ......
အိမ်သာလိုပေါ့
အများသုံး အိမ်သာက အများသုံးအိမ်သာပါပဲ.....
HIV AIDS ကလဲ တခါ ခေါင်းမော့်လာပြီ
လိင်နဲ့ပတ်သက်တဲ့ အနာရောဂါ တွေလဲ ပြန် တခေါတ်ထ လာပြီ
ဖော်ကာ မဖြစ်သေးတဲ့ တချို့ကလေးမတွေ ကျပြန်တော့လဲ တွဲတဲ့ကောင်လေးတွေက ၃ယောက်လောက် ရှိတယ် အဲ့ ၃ ယောက်လုံးနဲ့ အိပ်တယ်
အဲ့ ၃ ယောက် ပေးစာ ကျွေးစာ စားတယ် ယူတယ် ချူတယ်
မတော် ကိုယ်ဝန်ရကုန်တော့ ဘယ်သူနဲ့ရတဲ့ဟာမှန်း သူ့ကိုယ်သူ မသိ....
DNA စစ်ကြည့်မှ သိ​တေ့ာမယ့်အဖြစ်..
ကိုင်တဲ့ ဖုန်းက ၃ လုံးလောက်ရှိတယ်
တွဲတဲ့ကောင် ၁ ယောက် ကို ဖုန်းတလုံးစီနဲ့ နိုင်ငံခြားရောက်နေတဲ့ကောင်
တခြားမြို့ကကောင် တမြို့ထဲအတူတူနေတဲ့ကောင်စသည်...စသည်....
ရည်းစားဖြစ်တာ ၁လ မပြည့်သေးဘူး hotel ရောက်ပြီးပြီ အဲ့လိုတွေ....
တချို့ ကောင်မလေးတွေကျတော့လဲ
အမ်းနိုင်တဲ့ ကောင်ဆို အိမ်ထောင်သည်ဖြစ်နေလဲ လာထားပဲ
သူများအိမ်ထောင်ဖြိုခွဲဘို့လဲဝန်မလေးကြတော့ဘူး
ကာမေသုလဲ မသိတော့ဘူး
ဒု သ န သော လဲ မသိတော့ဘူး
အရှက် သိက္ခါ လူမှုရေးကျင့်ဝတ် ဆိုတာ ဘာလား သူတို့မသိကြတော့ဘူး...သိလဲမသိချင်ကြတော့ဘူး....
သိဘို့လဲမကြိုးစားချင်ကြတော့ဘူး.....
အရင်ခေါတ်ကဆို မယားငယ် ဆိုတာ ရပ်ကွက်က သိသွားရင် ရှက်လို့ မနေရဲလို့ မြို့ရွာပြောင်းရွှေ့ပြေးကြရတာမျိုး....
ခုခေါတ်ကျ မယားငယ် တွေက လိုင်းပေါ်တက်ပြီး ဂုဏ်ဆာပြနေတာမ​ျိုး
ပြောင်းပြန်တွေကို ဖြစ်လို့
ဒီလို ခေါတ် ဒီလို အချိန်အခါကြီးထဲမယ်.....အရှက် သိက္ခါ လူမှုရေးကျင့်ဝတ်ရှိသူတွေက ကြေကွဲရ ဝမ်းနည်းရ ငတ်ကြပြတ်ကြရ.....
တွေးကြည့်လိုက်ရင် စိတ်တွေ အလီလီ ကုန်ဆုံးစရာကြီး......👎
အမျိုးသမီးတွေ ကိုယ့်ဘဝကိုယ်တန်ဘိုးထား ကြိုးစားပြီး တန်ဘိုးရှိတဲ့လူတွေ ဖြစ်ကြပါစေ လို့သာ
တောင်းဆုတခုပြုရင်း......🙏
ဗိုလ်ချုပ်ပြောတဲ့ ဖော်ကာ နိုင်ငံကြီးကတော့ ဖြစ်သွားခဲ့ပြီ.....😰

မင်းရဲ့ ဦးနှောက်ကို Storage ထပ်တိုးပြီးမင်းရဲ့ နှလုံးသားကိုတော့ RAM ထပ်စိုက်လိုက်ပါအဆင်ပြေသွားပါပြီ....ဦးနှောက်ကိုပဲ သ...
12/08/2025

မင်းရဲ့ ဦးနှောက်ကို Storage ထပ်တိုးပြီး
မင်းရဲ့ နှလုံးသားကိုတော့ RAM ထပ်စိုက်လိုက်ပါ
အဆင်ပြေသွားပါပြီ....
ဦးနှောက်ကိုပဲ သိမ်းထားခိုင်းလိုက်ပါ
နှလုံးသားကိုတော့ ခဏပဲခံစားပါစေ 😇😇😇

Put more memory for your brain
And more RAM for your heart
Store in the brain but feel a while.

အသက်အရွယ်လေးရလာတော့လဲရင့်ကျက်သင့်သလောက်ရင့်ကျက်တတ်နေပါပြီကိုယ့်အပေါ်မကောင်းတဲ့ သူတွေကိုလဲ ငြိမ်းချမ်းစွာ နှုတ်ဆက်တတ်ခဲ့ပ...
11/08/2025

အသက်အရွယ်လေးရလာတော့လဲ
ရင့်ကျက်သင့်သလောက်ရင့်ကျက်တတ်နေပါပြီ
ကိုယ့်အပေါ်မကောင်းတဲ့ သူတွေကိုလဲ
ငြိမ်းချမ်းစွာ နှုတ်ဆက်တတ်ခဲ့ပြီ

ကိုယ့်အတွက်မဟုတ်တဲ့သူတွေကိုလဲ
မခင်တွယ်တတ်တော့ဘူး

ကိုယ်နဲ့ အယူအဆ မတူတဲ့ သူတွေကိုလဲ
အချိန်တခုပေးပြီး ပြိုင်မငြင်းမိတော့ဘူး

ကိုယ့်အကြောင်း အကုန်မသိပဲ ဝေဖန်နေကြရင်လဲ
မသိသလိုမဆိုင်သလို လျစ်လျူရှုတတ်နေပြီ

ကိုယ့်ပျော်ရွှင်မှုကိုလဲ ကိုယ်တိုင်ပဲ
လွတ်လပ်စွာ ဖန်တီး တတ်ခဲ့ပြီ

ကိုယ့်ရဲ့ကျန်ရှိနေတဲ့ ဘဝ သက်တမ်း တလျောက်မှာ
ကိုယ့် ကမ္ဘာလေးထဲမှာပဲ ကိုယ်ရှင်သန်မယ်လေ
#ရင့်ကျက်ခြင်း

ရင့်ကျက်တယ်ဆိုတာတကယ်တော့ဘယ်အရာကိုမှ မျက်စိမှိတ်ပြီး မယုံတတ်တော့တာရင့်ကျက်တယ်ဆိုတာတကယ်တော့တသက်လုံးဖက်တွယ်ထားချင်တဲ့အရာတွေ...
11/08/2025

ရင့်ကျက်တယ်ဆိုတာ
တကယ်တော့
ဘယ်အရာကိုမှ မျက်စိမှိတ်ပြီး မယုံတတ်တော့တာ

ရင့်ကျက်တယ်ဆိုတာ
တကယ်တော့
တသက်လုံးဖက်တွယ်ထားချင်တဲ့အရာတွေကို
စွန့်လွှတ်နိုင်သွားတာ

ရင့်ကျက်တယ်ဆိုတာ
တကယ်တော့
စိတ်ဆင်းရဲနေရင်တောင်
မြိုသိပ်ဟန်ဆောင်တတ်သွားတာ

ရင့်ကျက်တယ်ဆိုတာ
တကယ်တော့
ကိုယ့်အပေါ်မကောင်းတဲ့သူတေကို
ဥပေက္ခာပြုတတ်သွားတာ

ရင့်ကျက်တယ်ဆိုတာ
တကယ်တော့
ခံစားရပါများလာလို့
အဲ့ဒီခံစားချက်နဲ့အသားကျအောင်
စီးမြောလိုက်ပါသွားတာ
အဲ့ဒီခံစားချက်ကြောင့်
မနာကြင်ရအောင် ရုန်းထွက်နိုင်မဲ့
ထွက်ပေါက်တခုကိုရှာတာ

ရင့်ကျက်တယ်ဆိုတာ
တကယ်တော့
ဘာကိုမှ အကြာကြီး မခံစားတတ်တော့တာ

တကယ်​တော့​လေ လူမှုဆက်ဆံ​ရေးက ရိုးရှင်းတယ်...ကိုယ့်ကို မခင်ဘူးမို့လားကိုယ်ကလဲ မခင်နဲ့ကိုယ့်ကို တန်ဘိုးမထားဘူးမို့လားကိုယ်...
11/04/2025

တကယ်​တော့​လေ လူမှုဆက်ဆံ​ရေးက ရိုးရှင်းတယ်...
ကိုယ့်ကို မခင်ဘူးမို့လား
ကိုယ်ကလဲ မခင်နဲ့
ကိုယ့်ကို တန်ဘိုးမထားဘူးမို့လား
ကိုယ်ကလဲ တန်ဘိုးမထားနဲ့
ကိုယ့် မိသားစု ကို ​စေတနာမရှိဘူးမို့လား
ကိုယ်ကလဲ သူ့မိသားစု ကို စေတနာမရှိနဲ့
ကိုယ့်အ​​ပေါ်တွန့်တို့တယ် မို့လား
ကိုယ်ကလဲ တွန့်တိုလိုက်
ကိုယ့်ကို အ​ရေးမ​ပေးဘူးမို့လား
ကိုယ်ကလဲ အ​ရေးမ​ပေးနဲ့
ကိုယ့်ကို မချစ်ဘူးမို့လား
ကိုယ်ကလဲ မချစ်နဲ့
ဘယ်သူကမှ ဘယ်သူ့ကို ဘာ​ကျေးဇူးမှ မရှိပဲ တဘက်သတ် ​ပေးဆပ်ဘို့ရန် တာ၀န်ရှိမ​နေဘူးရယ်
​အေးးး တဘက်သတ်​ပေးဆပ်မယ်ဆိုရင်လဲ ကိုယ့် စိတ်ကို အပြတ်ထား ဘာကိုမှ ဘာအတွက်နဲ့မှ ပြန်လည်ရယူဘို့ မ​မျှော်လင့်နဲ့
ငါ ခင်သ​လောက် သူက ပြန်မခင်ပါဘူးတို့
ငါ​ပေးသ​လောက် သူက ပြန်မ​ပေးပါဘူးတို့
ငါ ​ကောင်းသ​လောက် သူက ပြန်မ​ကောင်းပါဘူးတို့
ငါ ချစ်သ​လောက် သူက ပြန်မချစ်ပါဘူတို့ ​ပြော​ပြောပီး ခံစားမ​နေနဲ့
တခါနာဖူးရင် ​နောက်တခါကို ​ရှောင်
မ​ရှောင်နိုင်ရင် အခါခါ နာ...
ဒါပဲရှိတယ်ရယ်

Address

Yangon

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Wednesday 11:00 - 20:00
Thursday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00
Sunday 11:00 - 20:00

Telephone

+959955123665

Website

Alerts

Be the first to know and let us send you an email when My Glory Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share