21/08/2025
𝐇𝐞𝐥𝐥𝐨 ~ ပြည်တွင်းကရော ပြည်ပကရောရွှေကို 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 တစ်ခုအနေနဲ့ စုထားချင်တဲ့သူတွေတွက် စလုပ်ပေးဖြစ်တဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐨𝐥𝐝 𝐒𝐚𝐯𝐢𝐧𝐠 𝐩𝐫𝐨𝐠𝐫𝐚𝐦 လေးပါ ။
ဒီထဲကမြန်မာရွှေနဲ့ ထိုင်းရွှေအကြောင်းအရင်ပြောပြပါမယ် ၊မြန်မာမှာအဝယ်များလို့မြန်မာရွှေလို့ခေါ်လိုက်တာပါ တကယ်တော့ 𝟗𝟗.𝟗𝟗% ရွှေပါ။ ထိုင်းနိုင်ငံမှာအရောင်းဝယ်အများဆုံးလုပ်တဲ့ ထိုင်းရွှေကတော့ 𝟗𝟔.𝟓% ရွှေပါ ။
၂ ခုလုံးဝယ်စုလို့ရပါတယ် ၊ဒါပေမဲ့ မြန်မာရွှေ 𝟗𝟗.𝟗𝟗 ကတော့စျေးတက်/ကျ အရမ်းကြမ်းနေတဲ့ချိန်ဆိုဝယ်/ရောင်းခန နားတာမျိုးရှိတတ်ပါတယ် ။ ထိုင်းရွှေကတော့ ပုံမှန်တိုင်းအမြဲအရောင်းဝယ်ပြုကြပါတယ် ။
𝐒𝐁𝐒 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐨𝐥𝐝 𝐒𝐚𝐯𝐢𝐧𝐠 𝐩𝐫𝐨𝐠𝐫𝐚𝐦 မှာတော့ ထိုင်းရွှေ ၊ မြန်မာရွှေ ၂ မျိုးလုံးရပါတယ် ထိုင်းရွှေဆို 𝟏 𝐠𝐫𝐚𝐦 ကစ၊ မြန်မာရွှေဆို ၁ ပဲကစဝယ်လို့ရပါတယ် ၊
𝐃𝐢𝐠𝐢𝐭𝐚𝐥 နည်းနဲ့ရွှေစုနည်း 📈
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐆𝐨𝐥𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐚𝐯𝐢𝐧𝐠 𝐬𝐞𝐫𝐯𝐢𝐜𝐞 💛
မြန်မာရွှေ ၁ ပဲကစစုလို့ရတာမို့
ဖြတ်စလေးတွေဖြတ်ပေးပြီးစုမယ်ဆို တစ်ခါဖြတ်ခ ၁သောင်း/ ၂ သောင်းယူပါတယ်။
(လက်စွပ်လက်ကောက်လိုချင်ရင်ကွင်းပေးလို့ရပါတယ် အလျော့တွက်လက်ခယူပါတယ် )
𝐓𝐡𝐚𝐢 𝐆𝐨𝐥𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐬𝐚𝐯𝐢𝐧𝐠 𝐬𝐞𝐫𝐯𝐢𝐜𝐞 💛
ထိုင်းရွှေဆို 𝟏 𝐠𝐫𝐚𝐦 ကစပြီး စုလို့ရပါတယ်
(𝟏 𝐠𝐫𝐚𝐦 ကစပြီး ဘယ်လောက် 𝐠𝐫𝐚𝐦 ထိဝယ်ဝယ် ၁ ခါဝယ် 𝐬𝐞𝐫𝐯𝐢𝐜𝐞 ခ ၂၀၀ ဘတ်ပါ )
ကိုယ်ဝယ်တဲ့ရွှေအလေးချိန်နဲ့ ကျသင့်ငွေကို 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐫𝐞𝐜𝐞𝐢𝐩𝐭 ရမှာဖြစ်ပါတယ် 𝐆𝐨𝐥𝐝 𝐝𝐢𝐠𝐢𝐭𝐚𝐥 𝐫𝐞𝐜𝐞𝐢𝐩𝐭 များကိုသေချာသိမ်းထားရပါမယ် ၊ ပြန်ရောင်းချင်တဲ့ခါ 𝐒𝐁𝐒 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐫𝐞𝐜𝐞𝐢𝐩𝐭 ပြပြီး ပြန်ရရှိမဲ့ငွေကိုအကောင့်ထဲပြန်ထည့်ပေးမှာဖြစ်ပါတယ်
ငွေမယူဘဲ ရွှေတုံး /ရွှေပြား ပြန်ထုတ်ချင်ရင်တော့
မြန်မာရွှေ ၈ ပဲ ပြည့်ရင် ထုတ်လို့ရပါတယ် ။
ထိုင်းရွှေ 𝟏 𝐬𝐚𝐥𝐚𝐧𝐠 = 𝟑.𝟖𝟏𝐠 ပြည့်ရင် ထုတ်လို့ရပါတယ် ။
ဒီလောက်ဆိုရင် 𝐃𝐢𝐠𝐢𝐭𝐚𝐥 နည်းနဲ့ ရွှေစုနည်းကိုအကျယ်တဝင့်လေးနားလည်ကြမယ်လို့မျှော်လင့်ပါတယ် ။ နားမလည်တာရှိရင်လဲ 𝐜𝐡𝐚𝐭 𝐛𝐨𝐱 မှာလာမေးလို့ရပါတယ်နော် ။