12/07/2024
Credit ပေးပါတယ်ရှင်....
=======
Precious stones အ၀ယ် မမှားချင်ရင် တော့ Budget နဲ့ 4Cs ချိန်သာ၀ယ်ပါနော် 😊
သိန်းဆယ် ဂဏန်းသုံးမယ် ကလပ်ချိန်ကြီးတာ ကြိုက်ရင် luster , color and clarity မှာလျော့ပါမယ် ။
Color and luster ကြိုက်ရင် clarity and carat ကိုလျှော့မှရပါမယ် ။
Cutting , color , carat , clarity and luster အကုန် 10/10 ဆိုရင် ချက်ကျောက်ပဲရှိပါမယ် ရှန် 😁
* အနီနဲ့အပြာရဲ့ အားနည်းချက်ကိုပြောပါဆိုရင် သန့်ဂုဏ်ပဲပြောရမယ်ရှင်
ပတ္တမြားနဲ့နီလာက သန့်ဂုဏ်အားအရမ်းနည်းပါတယ်
အသန့်ကတော်တော်လေးရှားသလိုတစ်တွင်းလုံးမှာမှတပွင့်ကောင်းရဖို့ လုံးဝမလွယ်ပါ
ပတ္တမြားနဲ့ နီလာမွာ 2ctsကျော်အထက် အရည်ကောဂ်းကောင်း ကျောက်သား သန့် လုံးဝအသန့် perfect ကျောက်မျိုးဆိုရင် သိန်းထောင်ကြီးပိုင်းထိ ဈေးဖြစ်နေပါပြီးရှင်
ရာကျော်ဆိုရင်တောင် အနာမကင်းပါဘူးနော်
ဆယ်အထက်ဝယ်ချင်တယ်ဝတ်ချင်တယ်ဆိုရင် သန့်ဂုဏ်ထက် ကျောက်ရည်လေးလှပြီး မျက်နာရှင်း အထည်ခတ်ရင်လှမယ့်ကျောက်ရည်မျိုးကိုသာ အဓိကထားဝယ်ရမှာပါ
4ctကျော်တပွင့် အရည်လေးတော်တော်လှပြီး အတွင်းမှာဂေါ်လေးအနဲငယ်ရှိတာတောင် သိန်း၄ထောင်ကို စစ်လို့တောင်မရပါဘူးနော် ကျောက်ရှင်ကတုတ်တုတ်မလှုပ်
4ctကိုသိန်း40000တဲ့
ကျောက်ဈေးတွေကိုသေချာလေ့လာပါ အနာကင်းအရည်လှပြီး pgဖြစ်သွားရင် 1ctကိုသိန်း၈၀၀အထက်ဖြစ်နေပါပြီး ဆယ်အထက်နဲ့ 3cts 4ctsကိုအသန့်ဘယ်လိုမှမရနိင်ပါနော်
ကျောက်လောက က ပညာအရမ်းလဲများသလို
မသိနားမလည်တဲ့သူတိုင်း ကျောက်ဝယ်တော့မယ်ဆိုရင် သေချာလေ့လာပြီးမှဝယ်သင့်ပါတယ်လို့ အကြံလေးပေးပါရစေရှင်
မည်သူကိုမှထိခိုက်နစ်နာလိုစိတ်မရှိပါရှင် 🙏