Cherry Oo Service Centre

Cherry Oo Service Centre အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ နာရီတွေကိုပြုပြင်ပေးနေတဲ့ “Cherry Oo Service Centre"

⌚ မန္တလေးမြို့က နာရီချစ်သူတွေ သိထားသင့်တဲ့ နာရီ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 လိပ်စာအသစ် ⌚ယခင်ဖွင့်လှစ်ထားတဲ့ မန္တလေး 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကိ...
10/08/2026

⌚ မန္တလေးမြို့က နာရီချစ်သူတွေ သိထားသင့်တဲ့ နာရီ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 လိပ်စာအသစ် ⌚

ယခင်ဖွင့်လှစ်ထားတဲ့ မန္တလေး 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကို ပြောင်းလဲဖွင့်လှစ်ထားကြောင်း မသိသေးတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအတွက် 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 လိပ်စာအသစ်လေးကို ပြန်လည်အသိပေး ကြေငြာပေးလိုက်ရပါတယ်ခင်ဗျာ။

𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

“နာရီဆိုလျှင် ချယ်ရီဦး”

⌚ နာရီနဲ့ပက်သက်တဲ့ ပြဿနာတွေအတွက် 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ရှာနေလား?⌚ နာရီတွေကို ဝယ်ထားပေမယ့် အာမခံချက်အပြည့်နဲ့ ပြုပြင်ထိန်း...
03/08/2026

⌚ နာရီနဲ့ပက်သက်တဲ့ ပြဿနာတွေအတွက် 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ရှာနေလား?

⌚ နာရီတွေကို ဝယ်ထားပေမယ့် အာမခံချက်အပြည့်နဲ့ ပြုပြင်ထိန်းသိမ်းပေးမယ့် နေရာကို ရှာရင်း ခေါင်းခြောက်နေရပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကို သတိရလိုက်ပါ။

𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှာဆိုရင်တော့ …

⌚ ပြုပြင်ပြီး နာရီများကို အာမခံ 𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 ပေးတာကြောင့် ယုံကြည် စိတ်ချစွာ အသုံးပြုနိုင်ခြင်း၊

⌚ အပ်ထည်နာရီများကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်၊ ရက်ချိန်းအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း၊

⌚ 𝐁𝐚𝐭𝐭𝐞𝐫𝐲 နဲ့ နာရီရဲ့ စက်အစိတ်အပိုင်းတွေကို လဲလှယ်ရာမှာ အရည်အသွေး စိတ်ချရတဲ့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 ပစ္စည်းများကို အသုံးပြုဆောင်ရွက်ပေးခြင်း၊

⌚ နာရီတွေကို အသေးစိတ် ပြုပြင်နိုင်ဖို့ ခေတ်မီ ကိရိယာတွေနဲ့ကိုင်တွယ် အသုံးပြုဆောင်ရွက်ခြင်း၊

⌚ နာရီရဲ့ စက်အစိတ်အပိုင်းများကို အမှန်တကယ် နားလည်တတ်ကျွမ်းသော အတွေ့အကြုံရှိ ဝါရင့် နာရီ ပညာရှင် များနဲ့ ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
ဖုန်း - 09 420 047 267

⌚ 𝐀𝐮𝐭𝐨 နာရီတွေကို မပတ်ဘဲ သိမ်းထားတော့မယ်ဆိုရင် ဒါလေးတွေကို သိထားဖို့လိုမယ်နော်…⌚ 𝐀𝐮𝐭𝐨 နာရီကို မပတ်ဘဲ ဘူးထဲမှာ ဒီအတိုင်းပ...
31/07/2026

⌚ 𝐀𝐮𝐭𝐨 နာရီတွေကို မပတ်ဘဲ သိမ်းထားတော့မယ်ဆိုရင် ဒါလေးတွေကို သိထားဖို့လိုမယ်နော်…

⌚ 𝐀𝐮𝐭𝐨 နာရီကို မပတ်ဘဲ ဘူးထဲမှာ ဒီအတိုင်းပဲ သိမ်းထားမယ်ဆိုရင် စက်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ 𝐀𝐮𝐭𝐨 နာရီတွေဟာ လူရဲ့ လက်ကောက်ဝတ် လှုပ်ရှားမှုကနေ စွမ်းအင်ယူပြီး အလုပ်လုပ်တာဖြစ်လို့ ရေရှည် မပတ်ဘဲ သိမ်းတဲ့အခါ စက်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိအောင် ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။

⌚ 𝐏𝐨𝐰𝐞𝐫 𝐑𝐞𝐬𝐞𝐫𝐯𝐞 ကုန်သွားလို့ စက်ရပ်တာ စက်ပျက်တာ မဟုတ်ပါဘူး။ ပြန်ပတ်မှ အချိန် ပြန်ညှိပေးပါ။ ‌နောက်ပြီး စက်ဆီတွေ ခဲမသွားအောင် တစ်လ အနည်းဆုံး ၁ ကြိမ် ခေါင်းလှည့် သော့ပေးပါ ဒါမှမဟုတ် ခဏထုတ်ပတ်လိုက်ပါ။ သံလိုက်စက်ကွင်းများတတ်တဲ့ ဖုန်း၊ စပီကာ၊ တီဗီနားမှာ နာရီကို မသိမ်းပါနဲ့။ သံလိုက်ဓာတ်မိရင် အချိန်က လွဲသွားတတ်ပါတယ်။ 𝐃𝐚𝐭𝐞/𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 အများကြီးပါတဲ့ နာရီဆိုရင် အချိန်ခဏခဏ ပြန်မညှိရအောင် 𝐖𝐚𝐭𝐜𝐡 𝐖𝐢𝐧𝐝𝐞𝐫 စက်ထဲ ထည့်သိမ်းတာမျိုးက အကောင်းဆုံးပါပဲ။

⌚ နာရီနဲ့ ပက်သက်တဲ့ ပြဿနာတွေဖြစ်လာပြီဆိုရင်တော့ အသေးအဖွဲလေးကစလို့ 𝐌𝐚𝐣𝐨𝐫 𝐜𝐚𝐬𝐞‌ တွေအထိ ကျွမ်းကျင်တဲ့ 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 တွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးနေတဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကို အမြန်ဆုံး လှမ်းလာခဲ့ဖို့ မမေ့ပါနဲ့နော်။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
ဖုန်း - 09 420 047 267

ဝါဆိုလပြည့် ၊ ဓမ္မစကြာ အခါတော်နေ့ 🙏🙏🙏ယနေ့ကျရောက်သော နေ့ထူးနေ့မြတ် အခါသမယတွင် ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံး စိတ်၏ချမ်းသာခ...
29/07/2026

ဝါဆိုလပြည့် ၊ ဓမ္မစကြာ အခါတော်နေ့ 🙏🙏🙏

ယနေ့ကျရောက်သော နေ့ထူးနေ့မြတ် အခါသမယတွင် ချစ်ရတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ကောင်းမှုကုသိုလ်များ တိုးပွားနိုင်ကြပါစေကြောင်း 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှဆုမွန်ကောင်း တောင်းရင်း ......

ကျွန်တော်တို့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ ဝန်ဆောင်မှုများအား ဝါဆိုလပြည့်နေ့တွင် တစ်ရက်တာ ရပ်နားထားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

⌚ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှာ ရရှိနိုင်တဲ့ ထူးထူးခြားခြား ဝန်ဆောင်မှုတစ်ခုက ဘာလဲ? ❤ ချစ်ခင်ရသူတစ်ဦးကို အမှတ်ရနေစေမယ့် ...
24/07/2026

⌚ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှာ ရရှိနိုင်တဲ့ ထူးထူးခြားခြား ဝန်ဆောင်မှုတစ်ခုက ဘာလဲ?

❤ ချစ်ခင်ရသူတစ်ဦးကို အမှတ်ရနေစေမယ့် နာရီလေးတစ်လုံး လက်ဆောင်ပေးတော့မယ်ဆိုရင် အများနဲ့မတူအောင် နာရီနောက်ဖုံးမှာ အဓိပ္ပါယ်ရှိတဲ့ စာသားလေးတွေ ထွင်းပြီးပေးလိုက်တာက လက်ခံသူအတွက်ရော ပေးတဲ့သူအတွက်ပါ အမှတ်တရရှိစေမှာပါ။

⌚ ဒီလို နာရီနောက်ဖုံးမှာ 𝐋𝐚𝐬𝐞𝐫 နဲ့ ထွင်းပေးတဲ့ ဝန်ဆောင်မှုလေးကို ကျွန်တော်တို့ရဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှာ ရရှိနိုင်ကြောင်း ချစ်ရသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ သိရှိစေဖို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

⌚ နာရီကြိုး အမျိုးအစားကိုလိုက်ပြီး ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ? ⌚ ကိုယ့်နာရီမှာပါတဲ့ ကြိုးအမျိုးအစားတွေကိုလိုက်ပြီး နာရ...
17/07/2026

⌚ နာရီကြိုး အမျိုးအစားကိုလိုက်ပြီး ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ?

⌚ ကိုယ့်နာရီမှာပါတဲ့ ကြိုးအမျိုးအစားတွေကိုလိုက်ပြီး နာရီကြိုးတွေကို ထိန်းသိမ်းသန့်ရှင်းရတဲ့ နည်းတွေက မတူညီနိုင်ပါဘူး။ ဒီနေ့မှာတော့ ကိုယ့်နာရီရဲ့ ကြိုးအမျိုးအစားပေါ်မူတည်ပြီး ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

⌚ 𝑳𝒆𝒂𝒕𝒉𝒆𝒓
နူးညံ့ပြီး 𝐂𝐥𝐚𝐬𝐬𝐢𝐜 ဆန်တဲ့ ဒီကြိုးတွေက ဝတ်ရတာ သက်တောင့်သက်သာရှိပေမယ့် ရေ၊ ချွေးတို့နဲ့ ထိတာ ကြာပြီး သန့်ရှင်းရေးမလုပ်ရင် ပျက်စီးလွယ်တတ်ပါတယ်။ 𝐋𝐞𝐚𝐭𝐡𝐞𝐫 ကြိုးတွေကို သန့်ရှင်းတော့မယ်ဆိုရင် အဝတ်ပျော့လေးနဲ့ ရေနည်းနည်းစွတ်ပြီး ညင်ညင်သာသာ သုတ်ပေးလို့ရပါတယ်။ 𝐋𝐞𝐚𝐭𝐡𝐞𝐫 အတွက် သီးသန့်ထုတ်ထားတဲ့ 𝐋𝐞𝐚𝐭𝐡𝐞𝐫 𝐂𝐥𝐞𝐚𝐧𝐞𝐫 ကို သုံးတာက ပိုကောင်းပါတယ်။ အဲဒီ့နောက်မှာတော့ ကြိုးကို အခြောက်ခံပြီးမှ သိမ်းဖို့ အရေးကြီးပါတယ်။ ရေ၊ ချွေးတို့ကြောင့် နာရီကြိုး ရေစိုသွားပြီဆိုရင် အခြောက်မခံဘဲ သိမ်းမယ်ဆိုရင် မှိုစွဲတာ၊ ဆွေးတာတွေ ဖြစ်တတ်တာကြောင့်ပါ။

⌚ 𝑺𝒕𝒂𝒊𝒏𝒍𝒆𝒔𝒔 𝑺𝒕𝒆𝒆𝒍
အကြမ်းခံတဲ့ ဒီကြိုးတွေကတော့ အချိန်ကြာကြာ သုံးလို့ကောင်းတဲ့ နာရီကြိုးတွေပါ။ 𝐒𝐭𝐚𝐢𝐧𝐥𝐞𝐬𝐬 𝐒𝐭𝐞𝐞𝐥 ကြိုးတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ရေနွေးနွေးထဲကို ဆပ်ပြာအနည်းငယ်ထည့်ပြီး အဝတ်ပျော့ ဒါမှမဟုတ် သွားတိုက်တံနုနုနဲ့ အညစ်အကြေးတွေပြောင်တဲ့ထိ ညင်သာစွာ ပွတ်ပေးပါ။ ရေသန့်နဲ့ ဆေးပြီးတဲ့နောက်မှာတော့ ရေစက်တွေ ကွက်မကျန်ခဲ့အောင် ခြောက်သွေ့တဲ့ထိ သေချာသုတ်ပေးရပါမယ်။

⌚ 𝑹𝒖𝒃𝒃𝒆𝒓/ 𝑹𝒆𝒔𝒊𝒏
ဒီနာရီကြိုးတွေကလည်း သုံးထားတဲ့ 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 ကောင်းရင်ကောင်းသလောက် ကြာရှည်ခံပြီး သက်တောင့်သက်သာရှိတဲ့ အမျိုးအစားတွေပါ။ သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ထင်သလောက်မခက်ခဲပါဘူး။ အရင်ဆုံး ရေနွေးနွေးထဲကို ဆပ်ပြာအနည်းငယ်ထည့်ပြီး အဝတ်နုနုနဲ့ သန့်စင်ပေးပြီး ရေနဲ့ ပြောင်အောင် ဆေးပေးရပါမယ်။ ပြီးရင်တော့ သန့်ရှင်းတဲ့အဝတ်နဲ့ ခြောက်ထဲထိ သုတ်ပေးရင် 𝐑𝐞𝐬𝐢𝐧/ 𝐑𝐮𝐛𝐛𝐞𝐫 ကြိုးတွေ သန့်ရှင်းသွားပြီ ဖြစ်ပါတယ်။

⌚ 𝑵𝒚𝒍𝒐𝒏/ 𝑭𝒂𝒃𝒓𝒊𝒄
ဒီကြိုးတွေကတော့ သန့်ရှင်းရေးလုပ်ရတာ အလွယ်ဆုံးပါပဲ။ ကြိုးကို နာရီအိမ်ကနေဖြုတ်၊ ဆပ်ပြာနည်းနည်းနဲ့ ရေသုံးပြီး ပွတ်ပေးလိုက်တာနဲ့ သန့်ရှင်းသွားမှာပါ။ အဲဒီ့နောက်မှာတော့ ခြောက်သွေ့တဲ့ထိ အခြောက်ခံပေးဖို့ မမေ့နဲ့နော်။

အရေးအကြီးဆုံးက ဘယ်နာရီကြိုး အမျိုးအစားကိုပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ဆပ်ပြာပျော့ပျော့ အဝတ်နုနုကိုပဲ သုံးပေးသင့်ပါတယ်။ ကြာရှည်ခံပြီး သန့်ရှင်းသပ်ရပ်တဲ့ နာရီတစ်လုံးဟာလည်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြတဲ့အခါ အရေးပါတာကြောင့် စနစ်တကျသန့်ရင်းရေးလုပ်ပေးဖို့ လိုပါတယ်။

⌚ နာရီနဲ့ ပက်သက်တဲ့ ပြဿနာတွေဖြစ်လာပြီဆိုရင်တော့ အသေးအဖွဲလေးကစလို့ 𝐌𝐚𝐣𝐨𝐫 𝐜𝐚𝐬𝐞‌ တွေအထိ ကျွမ်းကျင်တဲ့ 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 တွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးနေတဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကို အမြန်ဆုံး လှမ်းလာခဲ့ဖို့ မမေ့ပါနဲ့နော်။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
ဖုန်း - 09 420 047 267

⌚ သော့သီးသုံးလုံးပါတယ်ဆိုတိုင်း 𝐂𝐡𝐫𝐨𝐧𝐨𝐠𝐫𝐚𝐩𝐡 နာရီလို့ ထင်နေသေးရင်တော့…⌚ နာရီချစ်သူတွေကြားထဲမှာ အမြဲလိုလို အမေးများပြီး အမ...
14/07/2026

⌚ သော့သီးသုံးလုံးပါတယ်ဆိုတိုင်း 𝐂𝐡𝐫𝐨𝐧𝐨𝐠𝐫𝐚𝐩𝐡 နာရီလို့ ထင်နေသေးရင်တော့…

⌚ နာရီချစ်သူတွေကြားထဲမှာ အမြဲလိုလို အမေးများပြီး အမှတ်မှားလေ့ရှိတဲ့ အချက်လေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ "နာရီမှာ ဒိုင်ခွက်အသေးလေးတွေပါတယ်၊ ဘေးမှာလည်း သော့သီး (၃) လုံးပါတယ်ဆိုရင် ဒါ 𝐂𝐡𝐫𝐨𝐧𝐨𝐠𝐫𝐚𝐩𝐡 နာရီပဲ" ဆိုပြီး ထင်တတ်ကြတာပါ။ ဒါပေမယ့် ဒီအချက်ကိုပဲ ကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရပါဘူး။

⌚ 𝐂𝐡𝐫𝐨𝐧𝐨𝐠𝐫𝐚𝐩𝐡 ဆိုတာ လွယ်လွယ်ပြောရရင် 𝐒𝐭𝐨𝐩𝐰𝐚𝐭𝐜𝐡 ပါပဲ။ အားကစားသမားတွေ၊ အချိန်အတိအကျ မှတ်သားဖို့ လိုအပ်တဲ့ အလုပ်လုပ်သူတွေအတွက် အထူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဘေးက သော့သီး ၃ လုံးမှာ အလယ်ခလုတ်က ပုံမှန်အချိန်ညှိဖို့ ဖြစ်ပြီး၊ အပေါ်ခလုတ်က 𝐒𝐭𝐨𝐩𝐰𝐚𝐭𝐜𝐡 ရဲ့ (𝐒𝐭𝐚𝐫𝐭/𝐒𝐭𝐨𝐩) ဖြစ်ကာ၊ အောက်ခလုတ်ကတော့ (𝐑𝐞𝐬𝐞𝐭) လုပ်ဆောင်ပေးတာပါ။ ဒိုင်ခွက်အသေးလေးတွေထဲမှာ စက္ကန့်ရဲ့ အသေးဆုံးအပိုင်းအစ၊ မိနစ် (𝐌𝐢𝐧𝐮𝐭𝐞𝐬 𝐂𝐨𝐮𝐧𝐭𝐞𝐫) နဲ့ နာရီ (𝐇𝐨𝐮𝐫𝐬 𝐂𝐨𝐮𝐧𝐭𝐞𝐫) အချိန်မှတ်တွေကို ပြသပေးပါတယ်။ 𝐂𝐡𝐫𝐨𝐧𝐨𝐠𝐫𝐚𝐩𝐡 နာရီတိုင်းမှာ သော့သီး ၃ လုံးက မဖြစ်မနေ ပါဝင်ပါတယ်။

⌚ 𝐌𝐮𝐥𝐭𝐢-𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 နာရီတွေကျတော့ အချိန်မှတ်ဖို့ထက် နေ့စဉ်လူနေမှုဘဝမှာ ပြက္ခဒိန်ကြည့်ရတာ လွယ်ကူစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘေးက ခလုတ်တွေက အချိန်မှတ်ဖို့ မဟုတ်ဘဲ နေ့ရက်၊ ရက်စွဲတွေကို အလွယ်တကူ နှိပ်ပြီး ပြောင်းလဲပြင်ဆင်ဖို့အတွက် ဖြစ်ပါတယ်။ ဒိုင်ခွက်အသေးလေးတွေထဲမှာ ရက်စွဲ (𝐃𝐚𝐭𝐞 - ၁ ရက်မှ ၃၁ ရက်)၊ နေ့ရက် (𝐃𝐚𝐲 - 𝐌𝐨𝐧 𝐭𝐨 𝐒𝐮𝐧) နဲ့ ၂၄ နာရီစက်ဝန်း (𝐀𝐌/𝐏𝐌) တို့ကို ဖော်ပြပေးပါတယ်။

⌚ ဒါဆိုရင်တော့ 𝐂𝐡𝐫𝐨𝐧𝐨𝐠𝐫𝐚𝐩𝐡 နာရီနဲ့ 𝐌𝐮𝐥𝐭𝐢-𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 နာရီတွေရဲ့ ကွာခြားချက်ကို သိလောက်ပြီလို့ ထင်ပါတယ်။ လူကြီးမင်းတို့ရဲ့ နာရီတွေမှာ ပြဿနာတစ်ခုခု ရှိလာပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နာရီလောကမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ 𝐆𝐫𝐚𝐧𝐝 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 ရဲ့ ကျွမ်းကျင်မှုနဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေကို တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ဖို့ အခုပဲ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကို လှမ်းလာခဲ့တော့နော်။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
ဖုန်း - 09 420 047 267

⌚ ကိုယ့်ရဲ့  နာရီလေးကို ဘယ်ချိန်မှာ 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပြသင့်ပြီလဲဆိုတာ သိလား? ⌚ နာရီတစ်လုံးဟာ အပြင်ပန်းကြည့်ရင် ပုံမှန်လည်ပတ်နေပေမ...
10/07/2026

⌚ ကိုယ့်ရဲ့ နာရီလေးကို ဘယ်ချိန်မှာ 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပြသင့်ပြီလဲဆိုတာ သိလား?

⌚ နာရီတစ်လုံးဟာ အပြင်ပန်းကြည့်ရင် ပုံမှန်လည်ပတ်နေပေမယ့် အတွင်းပိုင်းစက်တွေ ကောင်းမွန်ဖို့နဲ့ သက်တမ်းရှည်ဖို့အတွက် ပုံမှန်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ နာရီလေးမှာ အခုလို အပြောင်းအလဲလေးတွေ သတိထားမိလာရင်တော့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပြသပေးဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ။

⌚ နာရီက ပုံမှန်ထက် အရမ်းမြန်လာတာ ဒါမှမဟုတ် နောက်ကျကျန်ခဲ့တာမျိုးဟာ အတွင်းပိုင်းစက်ဆီ ခြောက်နေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ပြီးတော့ နာရီမှန်အောက်မှာ အခိုးအငွေ့ ဒါမှမဟုတ် ရေစက်လေးတွေ တွေ့ရရင် ရေလုံဝါရှာ လဲလှယ်ဖို့ လိုနေပါပြီ။ ချက်ချင်းမစစ်ဆေးရင် စက်တွေ သံချေးတက်သွားတတ်ပါတယ်။ နောက်ထပ် နာရီသော့သီး (𝐂𝐫𝐨𝐰𝐧) က လှည့်ရတာ ကြပ်နေတယ်ဆိုရင် နာရီစက်အတွင်းထဲမှာ ဖုန်နဲ့ အညစ်အကြေးတွေ ပိတ်ဆို့နေတာမျိုး ဖြစ်တတ်ပါတယ်။ တခြား ဘာလက္ခဏာမှမပြရင်တောင် ဓာတ်ခဲ (𝐐𝐮𝐚𝐫𝐭𝐳) နာရီဆိုရင် ၁ နှစ်ခွဲမှ ၂ နှစ်တစ်ကြိမ်၊ (𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜) နာရီဆိုရင်တော့ ၃ နှစ်မှ ၅ နှစ်တစ်ကြိမ် ပုံမှန်စက်ဆီအသစ်ထည့်ပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ နာရီလောကမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 ရဲ့ ကျွမ်းကျင်မှုနဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေကို တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ဖို့ အခုပဲ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ကို လှမ်းလာခဲ့တော့နော်။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
ဖုန်း - 09 420 047 267

⌚ နာရီချစ်သူတွေ သိထားသင့်တဲ့ အမြို့မြို့အနယ်နယ်က 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 လိပ်စာများ ⌚ ချယ်ရီဦးရဲ့ နာရီချစ်သူတွေအနေနဲ့ ...
03/07/2026

⌚ နာရီချစ်သူတွေ သိထားသင့်တဲ့ အမြို့မြို့အနယ်နယ်က 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 လိပ်စာများ

⌚ ချယ်ရီဦးရဲ့ နာရီချစ်သူတွေအနေနဲ့ တန်ဖိုးထားရတဲ့နာရီလေးတွေ ပြုပြင်ဖို့ လိုနေပြီဆိုရင် မိမိမြို့နယ်က နီးစပ်ရာ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ဆီကို အမြန်ဆုံးသွားရောက်နိုင်ဖို့ အမြို့မြို့အနယ်နယ်က 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 လိပ်စာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
📞09 - 428902904/ 📞01-8601086 / 📞 01-8601087

Mini Service Center(အနော်ရထာလမ်း)
အမှတ် -213 ၊မြေညီထပ်၊ 31လမ်းနှင့် 32လမ်းကြား၊အနော်ရထာလမ်း၊ ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။ 📞09759030406

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
📞09-256528322 /📞 02-4067364

Cherry Oo Service (မြစ်ကြီးနား)
အခန်း-A8၊ စည်ပင်တိုက်တန်း၊ သခင်နက်ဖေလမ်း၊တောင်ရှမ်းစု၊ မြစ်ကြီးနားမြို့
📞09-255111055 📞 09-780385298

Cherry Oo Service (မော်လမြိုင်)
အမှတ် ( 104 ) ၊ အထက်လမ်းမကြီး ၊ ဘိုကုန်းရပ် ၊ တနင်္သာရီလမ်းထိပ် ၊ Ocean Super Centre ရှေ့ ၊ မော်လမြိုင်မြို့ ။
📞09-421649749

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
📞 09-420 047 267

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Service (မုံရွာ)
အမှတ် -100 ၊ ကျောက်က္ကာလမ်း ၊ရန်ကင်းရပ်ကွက် ၊ မုံရွာမြို့။
📞09786690065

Pathein (Ocean)
အမှတ်(16), Second floor , Ocean supercenter ,ကမ်းနားလမ်း ၊ပုသိမ်မြို့။
📞 09-4570 53 855

“နာရီဆိုလျှင် ချယ်ရီဦး”

တိုင်ကပ်နာရီနဲ့ စားပွဲတင်နာရီတွေအတွက်လည်း 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပေးနေပြီဗျို့…ကျွန်တော်တို့ရဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှာ 𝐓𝐚𝐛𝐥𝐞 𝐂𝐥𝐨𝐜...
29/06/2026

တိုင်ကပ်နာရီနဲ့ စားပွဲတင်နာရီတွေအတွက်လည်း 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပေးနေပြီဗျို့…

ကျွန်တော်တို့ရဲ့ 𝐂𝐡𝐞𝐫𝐫𝐲 𝐎𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 မှာ 𝐓𝐚𝐛𝐥𝐞 𝐂𝐥𝐨𝐜𝐤 နဲ့ 𝐖𝐚𝐥𝐥 𝐂𝐥𝐨𝐜𝐤 တွေအတွက် လိုအပ်တဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေကို ဆောင်ရွက်ပေးလျက်ရှိပြီး လူကြီးမင်းတို့ရဲ့ နာရီများကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ကာဝန်ဆောင်မှုနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087

Cherry Oo Service Centre (Mandalay)
အမှတ် ၂/၃ ၊ ၇၈ လမ်း (၃၁x၃၂ကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09-256528322 / 02-4067364

Cherry Oo Service (‌တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
📞09-964123821 📞0812123821

Cherry Oo Mini Service Centre (နေပြည်တော်)
အမှတ် TA (Ta-Sa-Za)နေပြည်တော် မြို့မစျေး၊ နေပြည်တော်
ဖုန်း - 09 420 047 267

Address

Times Mall @ Times City
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Cherry Oo Service Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share