Aster Su Gems & Jewelry

Aster Su Gems & Jewelry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aster Su Gems & Jewelry, Jewellery wholesaler, Yangon.

🪻အရည်ရော အရည်ကွက် အရည်ဆွဲ🪻🪻အရည်ရော🪻🪻ပုံမှာပြထားတဲ့နီလာလေးက အရည်ရောတယ် ခေါ်ပါတယ် နီလာ အပြာကနေ အဝါရည်ရောနေတာ တစ်နည်းပြောရရ...
04/09/2026

🪻အရည်ရော အရည်ကွက် အရည်ဆွဲ🪻

🪻အရည်ရော🪻

🪻ပုံမှာပြထားတဲ့နီလာလေးက အရည်ရောတယ် ခေါ်ပါတယ် နီလာ အပြာကနေ အဝါရည်ရောနေတာ တစ်နည်းပြောရရင်အရည်ကူးတာပါ🪻

🪻အဝါကနေအပြာဖြစ်ဖို့အတွက်အရည်ကူးတယ်ခေါ်ပါတယ် ဖိအားတွေ အပူချိန်တွေ ပွတ်တိုက်မူ့တွေနဲ့နှစ်ပတေ့စေတကြာလာတဲ့အခါ အရည်ကူးသွားပါတယ်🪻

🪻ပန်းကနေခရမ်း အပြာကနေခရမ်းပြာ ခရမ်းပြာကနေမရမ်းပြာ စသဖြင့် အရည်ကူးကြပါတယ် အဲ့ဒါအရည်လေးတွေရောသွားတဲ့အတွက်အရည်ရောတယ်လို့ဘဲပြောချင်ပါတယ်🪻

🪻ဘယ်ပညာရှင် ဘာပြောပြော ကျမအနေနဲ့ကျမအမြင်အတိုင်းဘဲ ရှင်းပြပါမယ်🪻

🪻အရည်ကူး အရည်ရောတဲ့အထိကျောက်က လှသေးတယ် အရည်ရောလေးတွေ ကြိုက်သူအတွက်က အရမ်းကို ချစ်ဖို့ကောင်းပီးလှတယ် လူချင်းမတူသလိုအကြိုက်ချင်းလဲမတူကြဘူး တချို့ကလဲ အရည်မှန်ကြိုက်ကြပါတယ်🪻

🪻ကျောက်ဆန်းကြိုက်သူ ရှားပါးကာလာ သူများနဲ့မတူဘဲ စတိုင် ကွဲတာကြိုက်သူတွေအတွက်က အရည်ရောလေးတွေကြိုက်ကြတယ် စုကြပါတယ် အရည်ရောတာကြ ကျောက်ဆန်းစျေးကွက်ထဲပါဝင်ပါတယ်🪻

🪻ကျောက်ဆန်းစျေးကွက်ကလဲ ရှော့တွက်လို့မရပါဘူး သာမာန်အရည်မှန်စျေးကွက်ထက် စျေးကွက်ပိုကောင်းတယ် ဘာလို့လဲဆို အတိုချုံးပြောရရင် အရည်ရော အရည်ကူးကျောက်လေးတွေကလဲ ပေါများနေတာမဟုတ်ဘူး ရချင်တိုင်းလဲမရဘူး အပွင့် ၁ထောင် ၁သောင်းမှာ ဒီလိုအရည်ရောတာလေးတွေ အများကြီးမလာဘူး မတွေ့ရဘူး🪻

🪻စျေးကွက်ထဲရောင်းသူတွေတော့ရှိတယ် ဒီကျောက်လေးရဲ့ထူးခြားဆန်းပြားတဲ့ အချက်ကို သိတဲ့ကျောက်ကုန်သည်တွေက သိမ်းကြ စုကြတာပိုများတယ် အဲ့တော့ စျေးကွက်ထဲပေါ်မလာတော့ဘူး သူက စျေးကွက်သိသူအတွက်တော့ အဖိုးဖြတ်မရတဲ့ရတနာပါ🪻

🪻နောက်နေ့ အရည်ကွက်တာ ရေးတင်ပေးပါမယ် စောင့်မျှော် အားပေးကြပါအုံး အဆုံးထိ စာဖက်ပေးတဲ့ တစ်ဦး တစ်ယောက်ချင်းကိုလဲ ကျေးဇူးတင်ပါတယ်🪻

04/09/2026

Hello 👋 ကျောက်ကို အရည်စွဲတာရယ် အရည်ကွက်တာရယ် အရည်ရောတာရယ် ကို သေချာ မသဲကွဲသူတွေကို စာရေးပီးရှင်းပြပါအုံးမယ်ရှင့်🪻🌼🌻

01/09/2026

ရတနာ ကျောက်လေးတွေ နဲ့ပက်သက်တဲ့အကြောင်း ပြောရမယ်ဆိုရင် ပြောမကုန်ဘူး ပြောရင်လဲ ခေါင်းထဲစာစီရတာမို့ စိတ်ကူးပေါ်လာရင် ချရေးပေးပါမယ်🌺🌺🌺

26/08/2026

🐦‍🔥ကိုယ်တွေမြန်မာနိုင်ငံက ကျောက်ပေါတော့ နည်းနည်းအရှပါရင် အက်ရာလေးပါရင် ကို လက်မခံနိုင်ကြဘူး သူများတင်မဟုတ်ဘူး ကိုယ်လဲအပါဝင်ပေါ့🐦‍🔥

🐦‍🔥သူများနိုင်ငံက ကျောက်ရှားတော့ မီးဖုတ်တာလဲ ဝတ်ကြတာဘဲ မီးဖုတ်က နိုင်ငံတကာလဲ လက်ခံတယ်ရောင်းတန်းဝင်တယ် ဒို့မြန်မာကသာ မီးဖုတ်ဆိုတာနဲ့မဝယ်ချင်ကြတော့ဘူး🐦‍🔥

🐦‍🔥မီးဖုတ်လဲမဝယ်ချင်ဘူး အက်ရာပါရင်လဲမဝယ်ချင်ဘူး အကောင်းစားလိုချင်တယ် စျေးကောင်းပေးနိုင်လားဆိုတော့လဲ စျေးကောင်းလဲမပေးနိုင်ဘူး🐦‍🔥

🐦‍🔥စျေးကောင်းမပေးနိုင်ရင် ရတနာကောင်းမပိုင်းဆိုင်နိုင်ပါဘူးနော် ကုန်သည်တွေလဲ ရတနာကောင်းတာလှတာ ရချင်ရင် စျေးကောင်းပေးဝယ်ကြရတာဘဲ🐦‍🔥

🐦‍🔥စျေးကောင်းလဲပေးပါလျှက်နဲ့ရတနာ ကောင်းတာ လှတာမရပြန်ရင်လဲ ကိုယ်ညံ့လို့ ကိုယ်အဝယ်မတော်လို့ ပညာမစုံသေးလို့ ပညာမပြည့်ဝသေးလို့ လေ့လာမူ့အားနည်းသေးလို့ပါ🐦‍🔥

🐦‍🔥ပညာစုံပါလျှက် တစ်ခါတစ်လေလဲ အမြင်ရှမ်းတက်ပါတယ် အဓိကကပြောချင်တာ ကိုယ်က သဘာဝလဲလိုချင်တယ် မီးဖုတ်လဲမကြိုက်ဘူး ဒီ ရတနာ လောကထဲမှာလဲ ကျင်လယ်တယ်ဆို တော်တန်ရုံ အပစ်အနာစာ ပါတာတော့ လက်ခံပေးရပါမယ်🐦‍🔥

🐦‍🔥သဘာဝစစ်စစ်ကျောက်က စင်းလုံးချော ဘယ်ကျောက်မှမလာဘူး သဘာဝစစ်လို့ကို inclusion ပါတာ ကျောက်ကိုချစ်ရင် သူ့ပါတဲ့ inclusion လေးတွေပါချစ်ရပါမယ် ဒါမှ စစ်မှန်တဲ့ချစ်ခြင်းပါလို့ ပြောရင်း အဆုံးသက်ပါတယ်🐦‍🔥

🐦‍🔥နောက်လဲ ရတနာနဲ့ပက်သက်တာ ဗဟုသုတရမယ်ထင်တာတွေ မကြာမကြာ တင်ပေးပါမယ် ပြောပါအုံးမယ်ရှင့်🐦‍🔥

25/08/2026

🍓🍓Hello 👋 မနက်ဖြန်ကြရင် ကျောက်လေးတွေ သူများနိုင်ငံမှာ ဘယ်လို မီးဖုတ်တယ်ဆိုတာ ဗဟုသုတ ရအောင် video တင်ပေးပါ့မယ်ရှင့်🍓🍓🍓

🌺ကျောက်အရောင်းအဝယ်မှာအမြဲရှုပ်တတ်တဲ့ ပြဿနာတစ်ခုရှိတယ်ဘာလဲဆိုတော့ပြန်သွင်းလို့ရလားးးး ဆိုတဲ့မေးခွန်းပါ...🌺အဲသည်တော့အရင်အခ...
15/08/2026

🌺ကျောက်အရောင်းအဝယ်မှာ
အမြဲရှုပ်တတ်တဲ့ ပြဿနာတစ်ခုရှိတယ်
ဘာလဲဆိုတော့
ပြန်သွင်းလို့ရလားးးး ဆိုတဲ့မေးခွန်းပါ...

🌺အဲသည်တော့
အရင်အချိန်မှာ ကျောက်ဟာ ရောင်းသူပြန်ဝယ်လားဆိုတဲ့ ကျောက်သမိုင်းကို
လေ့လာရပါမယ်
ပြန်ဝယ်တဲ့ ဓလေ့ မရှိပါဘူး....

🌺ကျောက်ဟာ ရတနာပါ
တလက်နဲ့ တလက် ဈေးမတူပါဘူး
ကိုယ့်လက်မှာ တန်ဖိုး တက်သွားတတ်သလို
ကိုယ့်လက်မှာပဲ တန်ဖိုးကျတတ်တယ်
ဒါကလဲ ကျောက်ရဲ့သဘောတရားပဲ
ကျောက်ကိုင်သူအများစု ကြုံရတတ်သော
သဘာဝပါ...

🌺ဒါကြောင့် လာဘ် သဘောထားပြီး
ပြန်လာကျောက် မယူတတ်ကြပါဘူး
စိတ်ပြတ်လို့ ဝယ်ပြီးရင် ကိုယ့်
လက်မှာ တန်ဖိုးတက်ဖို့ တန်ဖိုးထားပါ....

🌺နောက်တလက်ကိုပဲ ကူးပါ
ရှေ့ကလက်ကို ပြန်မပို့ပါနဲ့
ဘယ်လောက်တန်ကြေး မြင့်ပြီး မြတ်မယ်ဆိုအုံး သူပြန်ဝယ်လေ့မရှိပါဘူး
အဝယ်မမှားဖို့ကတော့
ကိုယ့်ရဲ့ အရည်အချင်းနဲ့သာ သက်ဆိုင်ပါတယ်....

🌺ရတနာကိုတန်ဘိုးထား သူဆီကို ရတနာတွေ ဟာ အကြောင်းရှာ ရောက်လာပြီး ဝင်လာမစဲ ဖြစ်တတ်တာ ယုံကြည်လိုက်ပါ.....

🌺တန်ဘိုးမထားတတ်ရင် ရတနာကောင်းမရတတ်ပါဘူး...ရလဲအကျိုးပေးမသန်ပါဘူးနော်...

🌺တွင်းထွက်ရတနာ ဟာ နတ်ကြီးပါတယ်...လာဘ်ပွင့်ပါတယ်...အကျိုးပေးသန် ပါတယ်....

🌺ရတနာ ကန်းသူမဖြစ်ကြပါစေ နဲ့ ...

🌺ရတနာထိုက်တန်သူများ ဖြစ်ကြပါစေ 🙏

Copy Crd....

#မူရင်းရေးသားသူကို

🌺Natural Ruby Mogok 🌺🌺မနေ့က အပြင်မှာ မင်္ဂလာဖြစ်သွားတာလေး🌺🌺ကျောက်လေး ပုံမရိုက်လိုက်ရလို့ Customer ရိုက်ပေးတဲ့ပုံလေး အမှတ...
14/08/2026

🌺Natural Ruby Mogok 🌺

🌺မနေ့က အပြင်မှာ မင်္ဂလာဖြစ်သွားတာလေး🌺

🌺ကျောက်လေး ပုံမရိုက်လိုက်ရလို့ Customer ရိုက်ပေးတဲ့ပုံလေး အမှတ်တရတင်လိုက်ပါတယ်🌺

🌺2.20ct🌺65 သိန်း🌺

11/08/2026

🌹🌹🌹မနက်ဖြန် ဝယ်ထားတဲ့ ကျောက်လေးတွေ ပို့ပါမယ် ပီးရင်အရောင်းနားပါပီ ရှင့် တခြားလုပ်စရာတွေရှိလို့ အလုပ်ဖျက်ထားချင်လို့ပါရှင့်🌹🌹🌹

🌹🌹🌹ရတနာလောကက အပီးထွက်သွားတာ မဟုတ်ပါဘူးနော် ဒါ ကျမရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့အတွက် အသက်ကြီးတဲ့ထိ မှန်မှန်ကန်ကန်လုပ်သွားမှာပါ🌹🌹🌹

🌹🌹🌹ရှေ့အလှန်း ၁၀၀ လှန်းဖို့အတွက် နောက်တစ်လှန်း ဆုပ်တဲ့သဘောပါဘဲ 🌹🌹🌹

🌹🌹🌹ကိုယ်ကမှန်မှန်ကန်ကန် အလုပ်လုပ်တဲ့သူဖြစ်တဲ့အတွက် ဘယ်အချိန်ဘဲ ထရောင်းရောင်း ကိုယ့်မိတ်တွေက ကိုယ့်ဆီပြန်လာဝယ်မှာဘဲ ဘာလို့လဲဆို ကိုယ်က ကိုယ့် brand ကိုယ်တည်ဆောက်ထားတာကို🌹🌹🌹

🌹🌹🌹ကျောက်လေးတွေကို ပစ္စည်းမှန် စျေးနူန်းမှန်ရောင်းတာရော သူကယုံကြည်ရတဲ့သူဖြစ်တဲ့အတွက် သူ့ဆီကမို့လို့ကို ဝယ်တာ သူရောင်းတာမို့လို့ကို ယုံကြည်ပီးဝယ်တာဆိုတဲ့ ကိုယ့်ရဲ့ brand ကို တည်ဆောက်ထားလို့ပါ🌹🌹🌹

🌹🌹🌹အလုပ်နားလဲ အချိန်တန်ကိုယ်အလုပ်ပြန်လုပ်ရင် လာအားပေးကြမှာဘဲဆိုတာ ကိုယ်လဲ ကိုယ့်ရဲ့ Customers တွေ အပေါ်မှာ ယုံကြည်မူ့အပြည့်ရှိပီးသားမို့ပါ ရှင့် 🌹🌹🌹

🥳🥳🥳Sold out 🥳🥳Thank you 🙏🍃ပြောင်ခေါင်းစိမ်း 🍃🍃သစ်ရွက်ပုံ ပန်းပုပန်းထိုးလေးတွေ🍃🍃47.75ct,(41 pcs)🍃467,000🍃09-261309918🍃
11/08/2026

🥳🥳🥳Sold out 🥳🥳Thank you 🙏

🍃ပြောင်ခေါင်းစိမ်း 🍃

🍃သစ်ရွက်ပုံ ပန်းပုပန်းထိုးလေးတွေ🍃

🍃47.75ct,(41 pcs)🍃467,000🍃09-261309918🍃

🥳🥳🥳Sold out 🥳🥳Thank you 🙏🫐Sapphire Mogok 🫐🫐နီလာ ဆိုက်ထွားကြီး အလယ်က တစ်ဝက်ဝက်ပီး ဆွဲသီး လက်စွပ် ၂ခုတောင်လုပ်လို့ရတယ်🫐🫐18...
10/08/2026

🥳🥳🥳Sold out 🥳🥳Thank you 🙏

🫐Sapphire Mogok 🫐

🫐နီလာ ဆိုက်ထွားကြီး အလယ်က တစ်ဝက်ဝက်ပီး ဆွဲသီး လက်စွပ် ၂ခုတောင်လုပ်လို့ရတယ်🫐

🫐18.55ct🫐55,000k🫐09-261309918🫐

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959261309918

Website

Alerts

Be the first to know and let us send you an email when Aster Su Gems & Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aster Su Gems & Jewelry:

Shortcuts

Share