13/08/2026
ဒီထက် ထောင့်စေ့တဲ့ feedback မရှိတော့ဘူးထင်တယ်နော်🥰
Positive feedback that I appreciate…🤩
ခရီးမသွားခင်ကရော ခရီးမှာရော ပြန်လာပြီးတော့ရော engagement ring orderလေး၁ခုအတွက် နေ စိတ်တွေပိုထည့်ပြီး pressure အရမ်းများနေရတာ အနီးနားကလူတွေဆိုသိကြမှာ..
ကိုယ့် ငယ်သူငယ်ချင်း ဖြစ်တာရော အခုမှ လက်ထပ်တော့မဲ့သူ အပျိုကြီးချောချောလေး အရမ်း details ကျတဲ့သူ အဝေးကယုံယုံကြည်ကြည်လှမ်းမှာတာမို့ စိတ်ထဲ အရမ်း pressure ဖြစ်ခဲ့ရတာ...တကယ်...
3D အဆင်ပြေ ရွှေမိုလောင်းပြီးအဆင်မပြေ
ရွှေလောင်းပြီး ကျောက်တပ်ပြီးမှ လုံးဝမလှ
အဲ့လိုတွေ လာယူပေးမဲ့သူကလဲ ရောက်နေပြီ
လက်စွပ်ကမပြီးသေး.. ဟိုနားဒီနားပြန်ပြင်ရင်လဲ လက်ရာမချောမှာစိုးလို့ အစဆုံးအသစ်ပြန်ခတ်ပေးခဲ့တာ..
မမီမှာစိုးလို့ လွယ်တဲ့ဒီဇိုင်းအသစ်ခတ်ဖို့ သူပြောခဲ့ပေမဲ့ ရအောင်ခတ်ပေးမယ်ကတိပေးပြီး ၅ရက်နဲ့အပြီးရအောင် စီစဉ်ပေးခဲ့ရတာလေး... သူမကြိုက်တာဆို ရှေ့ပုံတွေတုန်းက ငိုငိုနေလို့.. မပြီးမခြင်း သူ့လဲမပြရဲ..
ညမအိပ်ပဲ 3D အပြီးဆွဲပေးတဲ့ 3D ဆရာတွေရော
လက်ရာအရမ်းကောင်းလို့အမြဲ လက်တွဲဖြစ်တဲ့ ပန်းထိမ် team ရော
အသေးစိပ် QC စစ်ပြီး ပန်းထိမ်ကို ညွှန်ကြားပေးတဲ့ ဒို့ယောင်္ကျား
တဖွဲ့လုံးရဲ့ အားထုတ်ပေးမှုတွေနဲ့ အောင်"မြင်" အချိန်မီ လက်ထဲအရောက်ပို့ပေးနိုင်ခဲ့ပါပြီ...
ဘယ်လောက်လှလဲဆို အောက်က feedback လေးကိုသာကြည့်ပါတော့ရှင်..
(လက်ရိုးမှာတပ်ချင်တဲ့ fancy cut စိန်လှလှဆိုဒ်လေးတွေက ဒီမှာမရလို့ HK ကနေ သီးသန့်ထပ်မှာပေးခဲ့ရတာလေး..)
အမောတွေပြေခဲ့ရပြီ.. (ပုံလေးကတော့ ပွဲလေးပြီးမှ အချောလေးဝတ်ထားတဲ့ပုံလေးမှတင်တော့မယ်ရှင်..)☺️
အခုလဲ ကျောက်တွေထပ်မှာပြီး အသစ်တွေထပ်ခတ်ဖို့ ဒီဇိုင်းတွေစဉ်းစားနေပြီတဲ့..🥶🥰
ကျေးဇူးပါ သူငယ်ချင်းလေး.. အရမ်းချစ်နော်..
အလုံးစုံယုံကြည်ပေးပြီး အမြဲအားပေးပေးလို့...💝