Mercury Media

Mercury Media Augusta is a timeless luxury jewelry and specialty design house based in Rangoon. Shop fine jewelry.

ချဲလ်ဆီးအသင်းအတွက် အစွမ်းကုန်ကြိုးစားပေးသွားမယ်လို့ ဂါနာချိုပြော၂၀၂၆၊ဧပြီလ၊၁၀ရက်ချဲလ်ဆီးအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစား...
10/04/2026

ချဲလ်ဆီးအသင်းအတွက် အစွမ်းကုန်ကြိုးစားပေးသွားမယ်လို့ ဂါနာချိုပြော

၂၀၂၆၊ဧပြီလ၊၁၀ရက်

ချဲလ်ဆီးအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုက ချဲလ်ဆီးအသင်းအတွက် လက်ကျန် ၇ပွဲအပြင် နောက်ရာသီမှာလည်း အသင်းအတွက် ပိုအကျိုးပြုနိုင်အောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ဂါနာချိုက "တစ်ခါတလေမှာ ပထမဆုံး ရာသီတွေက ပိုပြီး ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ကျန်ရှိနေသေးတဲ့ (၇) ပွဲ၊ (၈) ပွဲမှာ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ အဲ့ဒီနောက် နွေရာသီမှာလည်း နောက်ရာသီအတွက် အဆင်သင့်ဖြစ်အောင် အစကတည်းက လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို အသင်းကိုပေးနိုင်ဖို့ ပြင်ဆင်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘာတွေလုပ်နိုင်လဲဆိုတာ ကျွန်တော်ကိုယ်တိုင် သိထားလို့ပါ၊ ဒါက အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။"လို့ ပြောပါတယ်။

ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်ကနေ ချဲလ်ဆီးဆီပြောင်းလာပြီးနောက်ပိုင်း ရုန်းကန်နေရတာဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ကစားခွင့်ပါနည်းပါးလာသူဖြစ်ပါတယ်။

အဆိုတော် "ဂျက်ဆန်ထွန်း"ကွယ်လွန်၂၀၂၆၊ဧပြီလ၊၉ရက်နာမည်ကြီး ကချင်အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် "ဂျက်ဆန်ထွန်း"ဟာ ယနေ့ ဧပြီလ (...
09/04/2026

အဆိုတော် "ဂျက်ဆန်ထွန်း"ကွယ်လွန်

၂၀၂၆၊ဧပြီလ၊၉ရက်

နာမည်ကြီး ကချင်အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် "ဂျက်ဆန်ထွန်း"ဟာ ယနေ့ ဧပြီလ (‌‌‌‌‌‌‌‌၉) ရက်နေ့မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကွယ်လွန်သွားပြီလို့ သတင်းထွက်ခဲ့ပေမယ့် ယနေ့မှသာ အမှန်တကယ်ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ကချင် အနုပညာရှင်အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဂျက်ဆန်ထွန်းဟာ “မနောမြေမှတေးသံသာ”အပါအဝင် နာမည်ကြီး တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ရေနံတိုးမြှင့်ထုတ်ရန်နှင့်ဥပဒေပြဌာန်းနိုင်ရန်ဆောင်ရွက်နေ----------------------------------------------------------------...
09/04/2026

ရေနံတိုးမြှင့်ထုတ်ရန်နှင့်ဥပဒေပြဌာန်းနိုင်ရန်
ဆောင်ရွက်နေ

-----------------------------------------------------------------------------------
၂၀၂၆ခုနှစ်၊ဧပြီလ၊(၉)ရက်
မြန်မာပြည်တွင်းမှာရေနံစနစ်တကျတူးဖော်ဖို့နဲ့ရေနံထုတ်လုပ်မှု
ပိုတိုးဖို့စီစဉ်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်နိုင်ရန် စာချုပ်များချုပ်ဆိုခဲ့ပြီး ပြည်တွင်းရေနံထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်နိုင်စေရန် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဒီ့အပြင်ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး စီမံဆောင်ရွက်နေသလို
ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ခြင်းလုပ်ငန်းများတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်ရေးလုပ်ငန်းများအား ထိန်းကျောင်းကြပ်မတ်သွားမယ့် အစီအမံ၊
နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည့် အစီအမံ၊ လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်သည့်အချိန်တွင် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု စောင့်ကြည့်ကြပ်မတ်သွားမည့် အစီအမံများကို ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဦးဆောင်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ညောင်တုန်းမြို့နယ်မှာ ဆီတန်းစီနေသည့်ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိပြီး ယာဉ်မောင်းတစ်ဦး သေဆုံး၂၀၂၆၊ဧပြီလ၊၉ရက်ညောင...
09/04/2026

ညောင်တုန်းမြို့နယ်မှာ ဆီတန်းစီနေသည့်ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိပြီး ယာဉ်မောင်းတစ်ဦး သေဆုံး

၂၀၂၆၊ဧပြီလ၊၉ရက်

ညောင်တုန်းမြို့နယ်မှာ ဆီတန်းစီနေတဲ့ယာဉ်တစ်စီးကို အခြားယာဉ်တစ်စီးက တိုက်မိပြီး ဆီတန်းစီနေတဲ့ယာဉ်မောင်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် နံနက် ၄ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၂၆/၃) နှင့် (၂၆/၄) ကြားမှာ ရန်ကုန်မှ ပုသိမ်သို့မောင်းနှင်လာသော Nissan Diesel (အဖြူရောင်) ယာဉ်ဟာ ဆီတန်းစီရန် ရပ်ထားတဲ့ Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်ကို နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ဆားမလောက်ကျေးရွာမှ နိဗ္ဗာန်ယာဉ်နဲ့ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် Nissan Diesel (အဖြူရောင်) ယာဉ်ပေါ်ပါကျားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဆားမလောက် တောင်သူလယ်သမားဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo- MFSD

CNG သဘာဝဓာတ်ငွေ့သုံးယာဉ်များ CNGအိုး အရည်အသွေးစစ်ဆေးမှုခံယူရန်ထုတ်ပြန်--------------------------------------------------...
08/04/2026

CNG သဘာဝဓာတ်ငွေ့သုံးယာဉ်များ CNGအိုး အရည်အသွေး
စစ်ဆေးမှုခံယူရန်ထုတ်ပြန်
-----------------------------------------------------------
၂၀၂၆ခုနှစ်၊ဧပြီလ၊(၈)ရက်

သဘာဝဓာတ်ငွေ့(CNG)သုံး ယာဉ်တွေ လိုက်နာရမယ့်အချက်တွေကို စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်နှင့်မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ရေနံချောင်းမြို့တို့တွင် CNG အရောင်းဆိုင်များဖွင့်လှစ်ကာ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးဖို့ရှိတယ်လို့ဆိုပါတယ်။
CNG မော်တော်ယာဉ်များကို နှစ်စဉ်နှစ်ပတ်လည် (Annual Inspection) စစ်ဆေးရမှာ ဖြစ်ပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နဲ့ ဆက်လက်ခွင့်ပြုပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

CNG ဆလင်ဒါအိုးတွေကို ငါးနှစ်တစ်ကြိမ်စစ်ဆေးဖို့လိုပြီးCNG အိုး သက်တမ်း (၁၅)နှစ် ကျော်လွန်သည့်အိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ/ အရည်အသွေး အာမခံမှုပေါ်မူ တည်ပြီး သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမှာ ဖြစ်သော်လည်း အိုးအများစုကို ပယ်ဖျက် ( Reject) စာရင်း သတ်မှတ်ဖျက်ဆီးလျက်ရှိတယ် လို့ဆိုပါတယ်။

လာရောက်စစ်ဆေးခံယူခြင်းမရှိတဲ့ နှစ်ပြည့်သက်တမ်း (၅) နှစ်ကျော်လွန်တဲ့ မော်တော်ယာဉ်တွေကို ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်မှစ၍ CNG ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက်သွားမှာဖြစ်ပါတယ်။
နှစ်ပတ်လည်စစ်ဆေးခြင်းခံယူမှု (၅) နှစ်အောက်ဖြစ်တဲ့ မော်တော်ယာဉ်များ အနေဖြင့် ၂ဝ၂၆ ခုနှစ်၊ မေလ (၁) ရက်မှပြီး (၁) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၃) လ၊ (၂) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၆) လ၊ (၃) နှစ် ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၉) လ နှင့် (၄) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၁) နှစ် အဖြစ် ပြစ်ဒဏ်များသတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကို ရပ်ဆိုင်းခြင်းခံရမှာဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃ဝ) ရက်အတွင်း CNG ဌာနသို့ လာရောက်ဆက်သွယ် စစ်ဆေးခံယူ ကာ CNG ဝယ်ယူခွင့်စာအုပ်နှင့် ကတ်သစ်ထုတ်ယူ ခြင်းများကို လာရောက်ဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။

သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုမဖြစ်စေရန် စည်းကမ်းချက်များထုတ်ပြန်--------------------------------------၂၀၂၆ခုနှစ်၊ဧပြီလ၊...
08/04/2026

သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုမဖြစ်စေရန် စည်းကမ်းချက်များထုတ်ပြန်
--------------------------------------
၂၀၂၆ခုနှစ်၊ဧပြီလ၊(၈)ရက်

သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုမဖြစ်စေဖို့ ယာဉ် စည်းကမ်းချက်တွေထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။

CCTVတွေလည်းတပ်ထားမှာဖြစ်လို့ ယာဉ်စည်းကမ်းတွေလိုက်နာကြဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပနေ၂၀၂၆၊ဧပြီလ၊၃ရက်မြန်မာနိုင်ငံရဲ့ ၁၁ ဦးမြောက် နိုင်...
03/04/2026

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပနေ

၂၀၂၆၊ဧပြီလ၊၃ရက်

မြန်မာနိုင်ငံရဲ့ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ယနေ့(ဧပြီ ၃ ရက်) နံနက် ၁၀ နာရီမှစတင်ပြီးပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမမှာ ကျင်းပလျက်ရှိပါတယ်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ ဒုတိယသမ္မတသုံးဦးဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်နန်းနီနီအေး(ကရင်ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်-၁)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားတဲ့ ဦးညိုစော(ကိုးကိုးကျွန်း မဲဆန္ဒနယ်)တို့အနက် တစ်ဦးကို ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရွေးချယ်နေကြခြင်းဖြစ်ပါတယ်။

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်၂၀၂၆၊ဧပြီလ၊၂ရက်ခွင့်ပြု...
02/04/2026

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်

၂၀၂၆၊ဧပြီလ၊၂ရက်

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code တစ်ခုခု Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်ပါကြောင်းနှင့် Paid ဖြစ်စေရန် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် ကို CEIRနဲ့ EIRစီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့နောက်ပိုင်းမှာ ခွင့်ပြုစာရင်း (Whitelist) ဝင် Handset များရဲ့ ကျန် SIM Slot များ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမှာဖြစ်ပြီး အခွန်ပေးဆောင် ရန် တောင်းဆိုတဲ့အချက်အလက်များ ဖော်ပြမှာဖြစ်သော်လည်းအဆိုပါ Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ပါ ဆိုပြီး ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများမှာ IMEI Code တစ်ခု Paid ဖြစ်နေသော်လည်း အခြား IMEI Code တစ်ခုက Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်ရဲ့အင်တာနက် စာမျက်နှာဖြစ်တဲ့ https://ceir.gov.mm တွင် Check Status ကိုနှိပ်ကာ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေတဲ့ IMEICode နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်က ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက် သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ ကိုလည်းကောင်း၊ တွေ့ဆုံမေးမြန်းလိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service - OSS) (အကောက်ခွန်ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး - ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့) တို့ကိုလည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

ဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြုမည်၂၀၂၆၊ဧပြီလ၊၂ရက်ဓာတ်မြေဩဇာများတ...
02/04/2026

ဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြုမည်

၂၀၂၆၊ဧပြီလ၊၂ရက်

ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံမှ သိရပါတယ်။။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေ ခံအုတ်မြစ်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများရဲ့ ကုန်ထုတ်လုပ်မှုစရိတ်များလျော့ကျစေရန်အတွက် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့်ဓာတ်မြေဩ ဇာများအပေါ် အကျုံးဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ဒီဇယ်ဆီတင်သွင်းမှုအတွက် ဧပြီတစ်လလုံးအား အခွန်ကင်းလွတ်ခွင့်ပြုမည်၂၀၂၆၊ဧပြီလ၊၂ရက်ဒီဇယ် ဆီ HSD (500 ppm)တင်သွင်းမှုအပေါ် ကေ...
02/04/2026

ဒီဇယ်ဆီတင်သွင်းမှုအတွက် ဧပြီတစ်လလုံးအား အခွန်ကင်းလွတ်ခွင့်ပြုမည်

၂၀၂၆၊ဧပြီလ၊၂ရက်

ဒီဇယ် ဆီ HSD (500 ppm)တင်သွင်းမှုအပေါ် ကောက်ခံ‌‌ နေတဲ့အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန်(၂ ရာခိုင် နှုန်း)တို့ကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်ထိ ကင်းလွတ် ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကောက်ခွန်ဦးစီးဌာနက Import Declaration (ID)ဖွင့်လှစ်တင်သွင်းတဲ့ ဒီဇယ်ဆီ HSD (500 ppm)များအ တွက်သာအကျုံးဝင်မယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အခုလို အခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုမှာ အများဆုံးအဓိကအသုံးပြုတဲ့ ဒီဇယ်ဆီ HSD (500 ppm)ဈေးနှုန်းတည်ငြိမ်/လျော့ကျပြီး ကုန်ဈေးနှုန်းများတည်ငြိမ်လျော့ကျစေနိုင်မယ်လို့လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဖုန်းSIM Card မှတ်ပုံတင်ထားပါက ပိတ်သိမ်းခြင်းမခံရဟုဆို၊ E SIMအလောတကြီးပြောင်းစရာမလိုဟုပြော------------------------------...
31/03/2026

ဖုန်းSIM Card မှတ်ပုံတင်ထားပါက ပိတ်သိမ်းခြင်း
မခံရဟုဆို၊ E SIMအလောတကြီးပြောင်းစရာမလိုဟုပြော
------------------------------------------------------------------------------------------------
၂၀၂၆ခုနှစ်၊မတ်လ၊(၃၁)ရက်

မိမိအသုံးပြုနေတဲ့ဖုန်းSIM Cardတွေ မှတ်ပုံတင်ထားတာ၊ ဖုန်းဟမ်းဆက်တွေအခွန်ဆောင်ထားတာတွေဆောင်ရွက်ထားပါက ပိတ်သိမ်းခြင်းမခံရသလို စိုးရိမ်စရာလည်းမရှိဘူးလို့ နည်းပညာကျွမ်းကျင်သူတွေထံမှသိရပါတယ်။

လတ်တလောမှာ ဖုန်းအသုံးပြုတဲ့သူတွေအနေနဲ့ ဖုန်းကတ်နှစ်ကတ်အပြည့်ဝယ်ယူထည့်ထားတာ၊ E SIMနဲ့ ပြောင်းတာတွေ ဆောင်ရွက်လျက်ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ‘’ ဖုန်းSIM Cardတွေက မိမိနာမည်နဲ့မှတ်ပုံတင်တာတွေဆောင်ရွက် ထားရမှာပေါ့။မှတ်ပုံမတင်ထားရင် အပိတ်ခံရနိုင်တဲ့အတွက် အခုချိန်မှာ မှတ်ပုံတင်ကြတာတွေဆောင်ရွက်ကြရမှာဖြစ်တယ်။ အချို့သူတွေကတော့ သူတို့ဖုန်းSIM Cardမှားပြီးတော့ အပိတ်ခံရမှာစိုးလို့E SIMပြောင်းကြတာပေါ့။ E SIMကျတော့ SIM Cardမလိုဘူးလေ။သုံးရစွဲရတာအဆင်ပြေတာပေါ့။ကိုယ်ပြောင်းချင်တဲ့အချိန်ပြောင်းလို့ရတာပေါ့။ အော်ပရေတာတွေက ပြောင်းပေးတယ်။ ဖုန်းSIM Cardတွေမှတ်ပုံတင်ထားရင် E SIMမပြောင်းလဲရပါတယ်။
အဓိကက ကိုယ်သုံးနေတဲ့ ဖုန်းSIM Cardမှတ်ပုံတင်ထားဖို့ပဲလိုအပ်တာပါ။နောက်မှ ဖုန်း SIM Cardဝယ်တာ။E SIMပြောင်းတာတွေလည်း ဆောင်ရွက်လို့ ရပါသေးတယ် ”လို့ ပြောပြပါတယ်။

ဒီ့အပြင် ဖုန်းဟမ်းဆက်တွေကို အခွန်ဆောင်ထားတာရှိမရှိ www.CEIR.gov.mmမှာ စစ်ဆေးနိုင်ပြီး အခွန်မဆောင်ထားပါက ပေးဆောင်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

‘’ဖုန်းဆိုင်တွေကဝယ်တဲ့ ဖုန်းတော်တော်များများကတော့ အခွန်ဆောင်ပြီးသားပါ။ အောက်လမ်းကဝင်လာတဲ့ဖုန်းတွေနဲ့ နိုင်ငံခြားက တိုက်ရိုက်ဝင်လာတဲ့ဖုန်းတွေကတော့ အခွန်ဆောင်ဖို့လိုအပ်နေသေးတယ်။ဒါကြောင့် ဖုန်းဆိုင်တွေက ဝယ်ထားတဲ့ဖုန်းတွေကတော့ စိတ်ချရတယ်”လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးကရှင်းပြထားပါတယ်။
ဖုန်းSIM Cardတွေအသစ်လိုပါက နောက်ပိုင်းမှာလည်း အသစ်ထပ်ဝယ်နိုင်သလို E SIMလည်းအချိန်မရွေးပြောင်းနိုင်တာမို့ စိုးရိမ်မှု မလွန်ကဲရန်လိုအပ်တယ်လို့ သိရပါတယ်။

ဖုန်းSIM Card မှတ်ပုံတင်ထားပါက ပိတ်သိမ်းခြင်းမခံရဟုဆို၊ E SIMအလောတကြီးပြောင်းစရာမလိုဟုပြော------------------------------...
31/03/2026

ဖုန်းSIM Card မှတ်ပုံတင်ထားပါက ပိတ်သိမ်းခြင်း
မခံရဟုဆို၊ E SIMအလောတကြီးပြောင်းစရာမလိုဟုပြော
------------------------------------------------------------------------------------------------
၂၀၂၆ခုနှစ်၊မတ်လ၊(၃၁)ရက်
မိမိအသုံးပြုနေတဲ့ဖုန်းSIM Cardတွေ မှတ်ပုံတင်ထားတာ၊ ဖုန်းဟမ်းဆက်တွေအခွန်ဆောင်ထားတာတွေဆောင်ရွက်ထားပါက ပိတ်သိမ်းခြင်းမခံရသလို စိုးရိမ်စရာလည်းမရှိဘူးလို့ နည်းပညာကျွမ်းကျင်သူတွေထံမှသိရပါတယ်။

လတ်တလောမှာ ဖုန်းအသုံးပြုတဲ့သူတွေအနေနဲ့ ဖုန်းကတ်နှစ်ကတ်အပြည့်ဝယ်ယူထည့်ထားတာ၊ E SIMနဲ့ ပြောင်းတာတွေ ဆောင်ရွက်လျက်ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ‘’ ဖုန်းSIM Cardတွေက မိမိနာမည်နဲ့မှတ်ပုံတင်တာတွေဆောင်ရွက် ထားရမှာပေါ့။မှတ်ပုံမတင်ထားရင် အပိတ်ခံရနိုင်တဲ့အတွက် အခုချိန်မှာ မှတ်ပုံတင်ကြတာတွေဆောင်ရွက်ကြရမှာဖြစ်တယ်။ အချို့သူတွေကတော့ သူတို့ဖုန်းSIM Cardမှားပြီးတော့ အပိတ်ခံရမှာစိုးလို့E SIMပြောင်းကြတာပေါ့။ E SIMကျတော့ SIM Cardမလိုဘူးလေ။သုံးရစွဲရတာအဆင်ပြေတာပေါ့။ကိုယ်ပြောင်းချင်တဲ့အချိန်ပြောင်းလို့ရတာပေါ့။ အော်ပရေတာတွေက ပြောင်းပေးတယ်။ ဖုန်းSIM Cardတွေမှတ်ပုံတင်ထားရင် E SIMမပြောင်းလဲရပါတယ်။ အဓိကက ကိုယ်သုံးနေတဲ့ ဖုန်းSIM Cardမှတ်ပုံတင်ထားဖို့ပဲလိုအပ်တာပါ။နောက်မှ ဖုန်း SIM Cardဝယ်တာ။E SIMပြောင်းတာတွေလည်း ဆောင်ရွက်လို့ ရပါသေးတယ် ”လို့ ပြောပြပါတယ်။

ဒီ့အပြင် ဖုန်းဟမ်းဆက်တွေကို အခွန်ဆောင်ထားတာရှိမရှိ www.CEIR.gov.mmမှာ စစ်ဆေးနိုင်ပြီး အခွန်မဆောင်ထားပါက ပေးဆောင်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

‘’ဖုန်းဆိုင်တွေကဝယ်တဲ့ ဖုန်းတော်တော်များများကတော့ အခွန်ဆောင်ပြီးသားပါ။ အောက်လမ်းကဝင်လာတဲ့ဖုန်းတွေနဲ့ နိုင်ငံခြားက တိုက်ရိုက်ဝင်လာတဲ့ဖုန်းတွေကတော့ အခွန်ဆောင်ဖို့လိုအပ်နေသေးတယ်။ဒါကြောင့် ဖုန်းဆိုင်တွေက ဝယ်ထားတဲ့ဖုန်းတွေကတော့ စိတ်ချရတယ်”လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးကရှင်းပြထားပါတယ်။

ဖုန်းSIM Cardတွေအသစ်လိုပါက နောက်ပိုင်းမှာလည်း အသစ်ထပ်ဝယ်နိုင်သလို E SIMလည်းအချိန်မရွေးပြောင်းနိုင်တာမို့ စိုးရိမ်မှု မလွန်ကဲရန်လိုအပ်တယ်လို့ သိရပါတယ်။

Address

No. 1, Lay Hdaung Kan Road, Bawamyint, Thingangyun
Yangon

Website

Alerts

Be the first to know and let us send you an email when Mercury Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share