15/11/2025
💰
ရွှေဝယ်ထားမယ် vs. ငွေစုမယ် — ဘယ်ဟာက ပိုအကျိုးရှိလဲ?
မိတ်ဆွေတို့စိတ်ထဲမှာ “ငွေစုမယ်” ဆိုတဲ့အတွေးဝင်လာပြီး ဘဏ်ထဲမှာ ငွေတွေအပ်ထား ရတဲ့အတိုးနဲ့ ထိုင်စားမယ်လို့တွေးခဲ့မိဖူးပါသလား?။ ဒီလိုဘဏ်မှာစုထားတဲ့ငွေဟာ အချိန်ကြာလာတာနဲ့အမျှ ငွေကြေးဖောင်းပွတတ်တာကြောင့် စုထားတဲ့ငွေတန်ဖိုးကျလာတတ်ပါတယ်။ တချို့ကျ ဒီလိုအခြေအနေကနေကျော်လွှားဖို့ အဖိုးတန်ကျောက်မျက်၊ရွှေ စသည်တို့မှာ ရင်းနှီးမြုပ်နှံထားလေ့ရှိကြပါတယ်။ ဒါပေမယ့် ရွှေဝယ်ထားတာနဲ့ ငွေစုထားတာ တကယ်ကွာတာ ဘယ်မှာလဲဆိုတာ သိချင်သူများအတွက် Myat Gold & Jewellery မှ ရိုးရှင်းလက်လှမ်းမီအောင်ရှင်းပြ ပေးချင်ပါတယ်။
ဘဏ်မှာငွေစုတာကလည်း ကောင်းကျိုးတွေတော့ရှိပါတယ်။ ဘဏ်မှာဆို အတိုင်းအတာတစ်ခုအထိ လုံခြုံပြီး လိုအပ်ချိန်တိုင်း လက်ငင်းထုတ်ယူနိုင်စိတ်ချရတဲ့အရာပါ။ ဘဏ်မှလည်း ငွေအပ်ထားတဲ့အပေါ်မူတည်ပြီး အတိုးပြန်ရတတ်ပြီး စတင်ရလွယ်ကူပါတယ်။ သို့ပေမယ့် လူတွေသတိမထားမိတဲ့ အကြီးမားဆုံးချို့ယွင်းချက်က ငွေဟာ အချိန်ကြာလာရင် ဂဏန်းနံပါတ်တက်နေသော်လည်း ၎င်းတန်ဖိုးက အမြဲတမ်းတိုးသွားမယ့်အရာမဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှုတက်တဲ့အချိန်တွေမှာ ငွေရဲ့ purchasing power က ကျဆင်းနိုင်ပါတယ်။ ဒီမှာ purchasing powerဆိုတာ အရင်ကာလတွေတုန်းက ၅၀၀ကျပ်နဲ့ လက်ဘတ်ရည်ကောင်းကောင်းသောက်လို့ရပေမယ့် အဲ့၅၀၀ကျပ်နဲ့ခုခေတ်ကာလမှာ လက်ဘတ်ရည်သောက်လို့မရတော့တာမျိုးပါ။
ဒါ့ပြင် ငွေစုတာဟာ လွယ်လွယ်ကူကူ သုံးမိသွားနိုင်တာကြောင့် တစ်ခါတစ်ရံ အစီအစဉ်မဲ့ကုန်သွားနိုင်ပါတယ်။ ဒီအတွက် ရွှေဝယ်ထားခြင်းက မြန်မာတွေအတွက် အထူးအကျိုးပြုတတ်ပါတယ်။ ရွှေဟာ ထူးခြားတာက ငွေဆုံးရှုံးမှုအလွန်နည်းပြီး ဘယ်နိုင်ငံမဆို သူ့ပေါက်ဈေးတန်ဖိုးရှိနေတတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရွှေဈေးက အချိန်ကြာလာရင် တိုးတတ်လေ့ရှိပြီး ငွေကြေးဖောင်းပွမှုတက်တဲ့အချိန်မှာလည်း ငွေတန်ဖိုးကျတာကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ Asset တစ်ခုပါ။ ရွှေက Safe Asset, Real Asset, Long-term Asset ဖြစ်တဲ့အတွက် အနာဂတ်အတွက်စုဆောင်းမှုတစ်ခုအတွက် ကောင်းမွန်တဲ့ assetအဖြစ် ယနေ့အချိန်ထိရပ်တည်နေတာဖြစ်ပါတယ်။
ရွှေလက်ကိုင်ရှိခြင်းဟာ လိုအပ်ရင် အပေါင်ပစ္စည်းအဖြစ်ထားပြီး ငွေချေးလို့လွယ်ကူပြီး အမြန်ငွေပြန်ထုတ်လဲလို့လည်းရပါတယ်။ ဘဏ်စာရေးမလို၊ Credit Score မလိုတဲ့အတွက် လိုအပ်ပေါက်ကရလာတဲ့ အရေးပေါ်အခြေအနေတွေမှာ ရွှေထုတ်ပေါင်ပြီး short-term cash flow ကိုဖြေရှင်းနိုင်ပါတယ်။
ဒါကြောင့် အကျဉ်းချုပ်ပြောရရင် ငွေစုတာက လုံခြုံပြီး လိုအပ်သလိုထုတ်ယူနိုင်တဲ့အတွက် daily life အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် အနာဂတ်အတွက် Asset တစ်ခုအဖြစ်၊ Inflation ကာကွယ်ရေးအဖြစ်၊ တိုးတက်နိုင်စွမ်းအဖြစ်တော့ ရွှေဝယ်ထားခြင်းက ပိုမိုအကျိုးရှိပါတယ်။ လမ်းကြောင်းကောင်းဆုံးကတော့ ငွေစုခြင်းနဲ့ ရွှေဝယ်ထားခြင်းကို 50/50 ( သို့ ) 70/30 သုံးတာပါ။
သင့်ရဲ့ ငွေကြေးအခက်အခဲတွေအတွက် ဘယ်ဟာက သင့်အတွက်ပိုကောင်းလဲဆိုတာ မသေချာသေးလျှင် အမြဲကူညီဖို့အသင့်ရှိပါတယ်နော်၊ Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
💛 Honest • Safe • Trusted — Your Gold & Pawnshop Partner