Travel Korea Diary by Ko Phyo

Travel Korea Diary by Ko Phyo ကိုးရီးယားမှာ ခရီးသွားရတာ ဝါသနာပါတဲ့ လူတွေအတွက် အတွေ့အကြုံ ဝေမျှတာပါ

"သတိ!ကိုရီးယားကို အလည်လာမယ့်သူတွေ၊ အလုပ်နဲ့ လာမယ့်သူတွေ လေဆိပ်စစ်ဆေးရေးမှာ လုံးဝ (လုံးဝ) မယူလာသင့်၊ မစွန့်စားသင့်တဲ့အရာ။...
19/02/2026

"သတိ!ကိုရီးယားကို အလည်လာမယ့်သူတွေ၊ အလုပ်နဲ့ လာမယ့်သူတွေ လေဆိပ်စစ်ဆေးရေးမှာ လုံးဝ (လုံးဝ) မယူလာသင့်၊ မစွန့်စားသင့်တဲ့အရာ။"
ကိုရီးယားကို အလည်ပဲလာလာ၊ အလုပ်နဲ့ပဲလာလာ မြန်မာပြည်က အသားခြောက်နဲ့ ဝက်အူချောင်းတွေယူလာဖို့အတွက် မစွန့်စားပါနဲ့။ လေဆိပ်မှာ စစ်ဆေးရေးတွေ အရမ်းကိုမှ တင်းကြပ်နေပါတယ်။ အရင်က အသားစိမ်းတွေ အသားခြောက်တွေပဲ တင်းကြပ်တာပါ အခုက အဲ့ထက်ဆိုးပါတယ်။ အသားနဲ့ပတ်သတ်တာ၊ နို့ထွက်ပစ္စည်းနဲ့ပတ်သတ်တာတွေကို အာဖရိက ဝက်အဖျားရောဂါ (아프리카돼지열병 - ASF) ဗိုင်းရပ်စ်ကြောင့် ဆက်စပ်တာတွေကို ယူမလာကြဖို့ ပြင်းပြင်းထန်ထန်နဲ့ တားမြစ်နေပါတယ်။

ဝန်ကြီးဌာနက ပြောကြားရာမှာ ပြည်ပခရီးသွားတွေအနေနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကို သတင်းမပို့ဘဲ ယူဆောင်လာတာဟာ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ အကယ်၍ တိရစ္ဆာန်ထွက်ပစ္စည်း ပါလာလျက်နဲ့ စစ်ဆေးရေးဌာနကို အကြောင်းမကြားဘဲ ဖုံးကွယ်ထားရင် အမြင့်ဆုံး ဒဏ်ငွေ ဝမ် ၁၀ သန်း(ဝမ်သိန်း၁၀၀) အထိ ချမှတ်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အစားအသောက်ဝန်ကြီးဌာနရဲ့ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ (ရှန်းယန်၊ ဟာဘင်) ကနေ အင်ချွန်းလေဆိပ်ကို ဝင်လာတဲ့ တရုတ်ခရီးသွားနဲ့ ဗီယက်နမ် (ဟိုချီမင်း၊ ဟနွိုင်း) ကို သွားရောက်ခဲ့တဲ့ ကိုရီးယားခရီးသွား ၂ ဦး၊ စုစုပေါင်း ခရီးသွားတွေဆီကနေ ပါလာတဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေထဲမှာ အာဖရိက ဝက်အဖျားရောဂါ မျိုးရိုးဗီဇ (DNA) ကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသားနဲ့ပတ်သတ်တာ တခုခုကို မသိပဲယူလာမိရင်တောင် ကိုရီးယားလေဆိပ်မှာ ဒဏ်ကြေး ဝမ်သိန်း ၅၀ ကနေ ဝမ်သိန်း ၁၀၀ ထိ ဒဏ်ရိုက်ခံရနိုင်သလို ၊ ပြည်ဝင်ခွင့်ပိတ်တာ ၊ ဗီဇာသက်တမ်းတိုးမရတာတွေ ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ထိုင်ဝမ် 'ကျုန်းရှီး'(중시신문)သတင်းဌာနရဲ့ ဖော်ပြချက်မှာလည်း ထိုင်ဝမ်နိုင်ငံသားတစ်ယောက်က မကြာသေးခင်က ကိုရီးယားကို အဝင်မှာ အသားဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို ယူဆောင်လာခဲ့လို့ ဒဏ်ငွေ ဝမ် ၅သန်း (ဝမ်သိန်း၅၀) ပေးဆောင်ခဲ့ရတယ်လို့ ဆိုပြီး သတိထားကြဖို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ၁၁ ရက်နေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတစ်ဆင့် ဝင်ရောက်လာချိန်မှာ စစ်ဆေးရေးကနေ ထိုင်ဝမ် ရိုးရာ အစားအစာတွေဖြစ်တဲ့ တန်ပင်းဖီ (ထိုင်ဝမ်စတိုင် မုန့်)၊ ချုံးယိုပင်း (ထိုင်ဝမ်စတိုင် ကြက်သွန်မြိတ်ပန်ကိတ်) စတာတွေကို သိမ်းဆည်းခံခဲ့ရတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒီထုတ်ကုန်တွေထဲမှာ ဝက်ဆီတွေ ပါဝင်နေလို့ဖြစ်တယ်" လို့ ရှင်းပြပါတယ်။ ဒါ့အပြင် "ကျွန်တော့်ရဲ့ အရှေ့နဲ့ အနောက်မှာရှိတဲ့ ထိုင်ဝမ်လူမျိုးတွေလည်း တန်ပင်းဖီတွေကို အသိမ်းခံရသလို၊ တချို့ဆိုရင် မိရွှဲ့ကော (ဝက်သွေးနဲ့လုပ်တဲ့ မုန့်) ယူလာလို့ မိခဲ့ကြတယ်၊ ဝေးလီ ကျာကျန်း ခေါက်ဆွဲခြောက်နဲ့ ထုန်းယီ အမဲသားခေါက်ဆွဲခြောက်တွေ အသိမ်းခံရတဲ့သူတွေလည်း ရှိတယ်" လို့ ပြောပြခဲ့ပါတယ်။

လေဆိပ်တာဝန်ရှိသူတွေက "အသားစစ်စစ်တင်မကဘဲ ဝက်ဆီ၊ ဝက်သွေး၊ ဘဲသွေး စတဲ့ အသားနဲ့ပတ်သက်တဲ့ ထုတ်ကုန်အားလုံးဟာ ယူဆောင်ခွင့် တားမြစ်ထားပါတယ်" လို့ သတိပေးခဲ့ပါတယ်။

ဒါဟာ မကြာသေးခင်က ကိုရီးယားအစိုးရဟာ တိရစ္ဆာန်နဲ့ အပင်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးတွေကို တင်းကျပ်လိုက်တဲ့ အစီအမံကြောင့် ဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ကာကွယ်ရေးဌာနဟာ ကိုရီးယားနှစ်သစ်ကူး ကာလဝန်းကျင်မှာ ပြည်ပခရီးသွားတွေ များပြားလာတာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၉ ရက်နေ့ကစပြီး တရားမဝင် လယ်ယာထွက်ကုန်ပစ္စည်းတွေ ယူဆောင်လာမှုကို အထူးကြပ်မတ် စစ်ဆေးနေတာ ဖြစ်ပါတယ်။ စစ်ဆေးရေးဌာနဟာ လာမယ့် ၂၂ ရက်နေ့အထိ ၂ ပတ်ကြာ လေဆိပ်နဲ့ ဆိပ်ကမ်းတွေမှာ စစ်ဆေးမှုတွေကို အထူး ပိုမိုတင်းကျပ်သွားဖို့ ရှိပါတယ်။

အထူးသဖြင့် စစ်ဆေးရေးဌာနဟာ အရင်က တရားမဝင် ယူဆောင်မှုတွေ များခဲ့တဲ့ နိုင်ငံ ဒါမှမဟုတ် နိုင်ငံခြားသား အလုပ်သမား အဝင်များတဲ့ နိုင်ငံတွေကနေ လာတဲ့ လေယာဉ်နဲ့ သင်္ဘောတွေကို အဓိကထား စစ်ဆေးနေပါတယ်။ အဲဒီ စောင့်ကြည့်ခံနိုင်ငံတွေထဲမှာ ဗီယက်နမ်၊ တရုတ်၊ မွန်ဂိုလီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ နီပေါ စတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။ မြန်မာလည်း သတိာထားရမှာပါ။

တစ်ဖက်မှာလည်း မကြာသေးခင်က ကိုရီးယားနိုင်ငံ ချွန်းနန်း၊ ဒန်ဂျင်း စတဲ့ ဒေသတွေမှာ အာဖရိကဝက်အဖျားရောဂါ ဖြစ်ပွားမှုတွေ ဆက်တိုက်ရှိနေတာကြောင့် ပြည်ပကနေ ကူးစက်ဝင်ရောက်လာမှာကို အထူးစိုးရိမ်နေကြတာပါ။ ဒါကြောင့် ကူးစက်မှုကို တားဆီးဖို့အတွက် အသားနဲ့ အသားနဲ့လုပ်ထားတဲ့ ထုတ်ကုန်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။

ဝက်သားနဲ့ ဆက်စပ်ထုတ်ကုန်တွေကို အကြောင်းမကြားဘဲ ယူဆောင်လာမိခဲ့ရင် ပထမအကြိမ်မှာတင် ဒဏ်ငွေ ဝမ် ၅ သန်း (ဝမ်သိန်း၅၀) ချမှတ်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် စစ်ဆေးရမယ့် ပစ္စည်းတွေကို မပြောဘဲ ဖုံးကွယ်ထားရင် ဒဏ်ငွေ ဝမ် ၁၀ သန်းအထိ ချမှတ်နိုင်ပါတယ်။ နိုင်ငံခြားသားတွေဆိုရင် ပြည်ဝင်ခွင့်ပိတ်တာ ဒါမှမဟုတ် နေထိုင်ခွင့် ကန့်သတ်တာ စတဲ့ နစ်နာမှုတွေလည်း ကြုံရနိုင်ပါတယ်။

မြန်မာနိုင်ငံကနေ ကိုရီးယားကို လာမယ့်သူတွေအနေနဲ့ အထက်ပါသတင်းမှာပါတဲ့အတိုင်း အသားနဲ့ အသားထွက်ပစ္စည်း တွေကို အဓိက သတိထားရပါမယ်။ မြန်မာပြည်က အိမ်ပြန်လက်ဆောင်ပေးလေ့ရှိတဲ့ အမဲခြောက်၊ ဝက်သားခြောက် တွေဟာ အဓိက အဖမ်းခံရဆုံးပစ္စည်းတွေဖြစ်ပါတယ်။ (ချက်ပြုတ်ပြီးသားဖြစ်စေ၊ အခြောက်လှန်းပြီးသားဖြစ်စေ တားမြစ်ထားပါတယ်။)

ပိုတင်းကြပ်လာလို့ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဟမ် (Ham)၊ ဘေကွန် စတာတွေ မရပါ။ မုန့်ဟင်းခါးထုပ်၊ နန်းကြီးသုပ်ထုပ် စတဲ့ အသင့်စားအထုပ်တွေထဲမှာ အသားတုံးလေးတွေ ဒါမှမဟုတ် အသားမှုန့် (Meat Powder) ပါဝင်ရင် သိမ်းဆည်းခံရနိုင်ပါတယ်။ ဝက်ဆီ၊ ဝက်သွေး ပါဝင်တဲ့ မုန့်များ (ဥပမာ - တရုတ်လမုန့်အချို့ ဒါမှမဟုတ် အသားဌာပနာပါသော မုန့်များလည်း မရတော့ပါ)။

သရက်သီး၊ မန်ကျည်းသီးအစိမ်း စတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေဟာ ပိုးမွှားပါလာနိုင်ခြေရှိလို့ ယူဆောင်ခွင့်မပြုပါ။ အပင်ပေါက်၊ မျိုးစေ့၊ မြေကြီး ပါလာတဲ့ အပင်တွေလည်း တားမြစ်ထားပါတယ်။

ငါးခြောက်၊ ပုစွန်ခြောက်၊ ငပိ: ဒါတွေကတော့ အသား (Meat) မဟုတ်ဘဲ ရေထွက်ပစ္စည်းဖြစ်လို့ အခြေခံအားဖြင့် ယူဆောင်လို့ရပါတယ်။ ဒါပေမဲ့ အနံ့မထွက်အောင် သေချာထုပ်ပိုးဖို့တော့ လိုပါတယ်။
ဆေးဝါးအနေနဲ့ ကိုယ်တိုင်သောက်ဖို့ ဆေးဝါးတွေဆိုရင် ဆရာဝန်လက်မှတ် (ဒါမှမဟုတ်) ဆေးညွှန်းပါရင် ပိုစိတ်ချရပါတယ်။

လေဆိပ်မှာ သုံးရမယ့် အသုံးဝင်စကားစုလေးတွေ မှတ်ထားနိုင်ပါတယ်။
အကယ်၍ အကောက်ခွန်အရာရှိက မေးလာရင် ဒါမှမဟုတ် ကိုယ်က အရင်မေးချင်ရင် အောက်ပါအတိုင်း ပြောနိုင်ပါတယ်။

"ဒါက အသားခြောက်လား?" (Is this beef jerky?)
이거 육포예요? (အီဂေါ ယုဖိုယေးယိုး?)

"ဒါက အသားပါတဲ့ အစားအစာလား?" (Does this contain meat?)
고기가 들어있어요? (ဂိုဂီဂါ ဒူရောအစ်စောယိုး?)

"ဒါကို ယူလာလို့ရလား?" (Can I bring this in?)
이거 반입 가능해요? (အီဂေါ ဗာနိပ် ဂါနွန်းဟဲယိုး?)

"ကျွန်တော့်မှာ အသားထုတ်ကုန် မပါပါဘူး။" (I don't have any meat products.)
축산물 없어요. (ချုဆန်မူးလ် အော့စောယိုး။)

လေယာဉ်ပေါ်မှာဖြည့်ရတဲ့ Customs Declaration (အကောက်ခွန်ကြေညာလွှာ) ဖောင်မှာ အသားငါး ပါမပါ မေးတဲ့နေရာမှာ "Meat/Food" ဆိုတဲ့ စာလုံးကို ရှာပြီး အမှန်ခြစ်ရမှာပါ။ ကိုရီးယားလိုဆိုရင် 축산물 (Livestock products) သို့မဟုတ် 식품 (Food) လို့ ရေးထားပါလိမ့်မယ်။

တကယ်လို့ ကိုယ်ယူလာတာက ငါးခြောက် သို့မဟုတ် ပုစွန်ခြောက် ဖြစ်နေရင် အရာရှိကို ရှင်းပြချင်ရင် ဒီလိုပြောပါ-

ငါးခြောက်ဆိုရင် - 말린 생선 (မာလ်လင်း ဆဲင်းဆောန်း)
ပုစွန်ခြောက်ဆိုရင် - 말린 새우 (မာလ်လင်း ဆဲအူ)
ရေထွက်ကုန် (Seafood) ဆိုရင် - 수산물 (ဆူဆန်မူးလ်) - ဒါတွေကတော့ များသောအားဖြင့် ခွင့်ပြုပါတယ်။

အကယ်၍ မိမိလက်ဆောင်ပါလာတဲ့ ပစ္စည်းက အသားပါမပါ မသေချာဘူးဆိုရင် လေဆိပ်ရောက်တဲ့အခါ "Customs Declaration" (အကောက်ခွန်ကြေညာလွှာ) မှာ "Yes" လို့ အမှန်အတိုင်း အမှန်ခြစ်ခဲ့ပါ။ ဒါဆိုရင် အရာရှိက စစ်ဆေးပြီး မရရင် သိမ်းလိုက်ရုံပဲရှိပါမယ်၊ ဒဏ်ငွေ ဝမ် သိန်း၅၀ မဆောင်ရတော့ပါဘူး။ လုံးဝမပါဘူးလို့ ငြင်းပြီးမှ စက်ထဲမှာ မိသွားရင်တော့ ဒဏ်ငွေအကြီးအကျယ် ဆောင်ရပါလိမ့်မယ်။ အပြောအဆိုမတတ်ရင် အများကြီးသယ်လာရင် ခိုးသွင်းတယ်လို့ သံသယရှိရင် ပြည်ဝင်ခွင့် ငြင်းပယ်ခံရတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသားနဲ့ပတ်သတ်တာတွေဟာ လတ်တလောမှာ မူးယစ်ဆေးလိုပဲ အပြင်းထန်ဆုံးတားဆီးနေတာကြောင့် လုံးဝ (လုံးဝ) မယူလာသင့်၊ မစွန့်စားသင့်တဲ့အရာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ကိုရီးယားကို အလည်ပဲလာလာ ၊ အလုပ်နဲ့ပဲလာလာ လေဆိပ်မှာ မေးတတ်တာတွေကို ကိုရီးယားလို ဒါမှမဟုတ် အင်္ဂလိပ်လို အခြေခံ အမေးအဖြေလေးတွေ အခြေခံလောက်တော့ ကြိုတင် လေ့လာပြီး ပြင်ဆင်လာကြရင် အဆင်ပြေချောမွေ့စွာနဲ့ လဝက ကောင်တာ / စစ်ဆေးရေးကောင်တာကို ချောချောမွေ့မွေ့နဲ့ ကျော်ဖြတ်နိုင်ကြပါလိမ့်မယ်။ အားလုံး စစရာရာ ဘေးကင်း ကျန်းမာကြပါစေ....

💻 Dear Facebook Team,
This content is a direct translation of a news report from [ Korea News ] for educational and informational purposes only. It is not intended to promote violence or cause harm.
Information For Public :📑

●☆ Reference —
"이것 들고 한국 가면 500만원"…대만서 퍼진 '뜻밖의 경고
#မြန်မာပြည်ကအသားခြောက်များယူမလာကြပါနဲ့ #ကိုရီးယားလေဆိပ်စစ်ဆေးရေး #ဒဏ်ငွေဝမ်သိန်း၅၀ #အာဖရိကဝက်အဖျားရောဂါ #ကိုရီးယားပြည်ဝင်ခွင့်ဗီဇာသတိပြုရန် #한국입국주의 #아프리카돼지열병 #축산물반입금지 #인천공항검역 #과태료500만원

အင်ချွန်းမြို့ ၏ အကြီးဆုံး မီးရှူးမီးပန်းများနှင့် ဒရုန်းပွဲတော်인천 불꽃놀이&드론 페스티벌 🎆 ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တော်ကြီ...
16/10/2025

အင်ချွန်းမြို့ ၏ အကြီးဆုံး မီးရှူးမီးပန်းများနှင့် ဒရုန်းပွဲတော်
인천 불꽃놀이&드론 페스티벌 🎆


ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တော်ကြီးမှာ ကျင်းပမှာဖြစ်ပါသည်။အံ့မခန်းမီးရှူးမီးပန်းများနှင့် ဒရုန်းပြသမှုများ၊
အဆိုတော်များမှ ဖျော်ဖြေမှုများ၊ ဈေးတန်း၊
အစားအသောက်ကားများဖြင့် ရောင်းချခြင်လည်း ရှိပါတယ်။
နေ့ရက်။ ။ 18.10.2025 စနေနေ့
မီးပန်းနဲ့ ဒရုန်ရှိုးအချိန်။ ။ ည ၈နာရီ

씨사이드 파크 하늘구름광장
လိပ်စာ
📍인천 중구 하늘달빛로2번길 8

Photo.인천광역시
Travel Korea Diary by Ko Phyo
#ကိုရီးယား

13/10/2025
13/10/2025

🍂 🍂 🍂 ❤️❤️❤️

ဆောင်းဦးရွက်ကြွေကာလ လည်ပါက်စရာနေရာများ  အပိုင်း (၁)🍂🍂-Gangwon ပြည်နယ် (အောက်တိုဘာ 15-25) Seoraksan တောင်- Daecheongbong ...
11/10/2025

ဆောင်းဦးရွက်ကြွေကာလ လည်ပါက်စရာနေရာများ

အပိုင်း (၁)🍂🍂

-Gangwon ပြည်နယ် (အောက်တိုဘာ 15-25)

Seoraksan တောင်- Daecheongbong Peak မှ Cheonbuldong တောင်ကြားအထိ ကိုရီးယား၏ အကောင်းဆုံး ကြွေကျသောသစ်ရွက်များ နေရာ Odaesan တောင်- Woljeongsa ဘုရားကျောင်းရှိ ထင်းရှူးတောလမ်းတစ်လျှောက် ရင်သပ်ရှုမောဖွယ် ကြွေကျနေသော သစ်ရွက်များ မြင်ကွင်း

2. ဆိုးလ်/Gyeonggi (အောက်တိုဘာ 25 မှ နိုဝင်ဘာ 4)

Bukhansan တောင်- မြို့အနီးရှိ ဆောင်းဦးသစ်ရွက်ခြေလျင်ခရီး Namsan တောင်- Seoul Tower Observatory နှင့် ဆောင်းဦးသစ်ရွက်များ၏ မြင်ကွင်းများ

3. Chungcheong ပြည်နယ် (အောက်တိုဘာလနှောင်းပိုင်း - နိုဝင်ဘာလအစောပိုင်း)

Gyeryongsan တောင်- ဆောင်းဦးသစ်ရွက်များနှင့် ကျောက်ဆောင်ရှုခင်းတို့၏ ရင်သပ်ရှုမောဖွယ်ရာ ရောယှက်မှု Bomunsan တောင်-
Daejeon မြို့လယ်အနီးတွင် လူကြိုက်များသော ကြွေကျသောသစ်ရွက်များ လမ်းလျှောက်ခြင်း။

Travel Korea Diary by Ko Phyo
#ကိုရီးယား

#서울

#남산

ကိုရီးယားရဲ့  အလှဆုံးအချိန်အခါ ဖြစ်တဲ့ ဆောင်းဦးကာလ ရောက်ရှိလို့လာပါပြီ ဒီလကုန် နောက်လဆန်း အထိ လည်ပါက်လို့ကောင်းပြီး ရူ့ခ...
11/10/2025

ကိုရီးယားရဲ့ အလှဆုံးအချိန်အခါ ဖြစ်တဲ့ ဆောင်းဦးကာလ ရောက်ရှိလို့လာပါပြီ ဒီလကုန် နောက်လဆန်း အထိ လည်ပါက်လို့ကောင်းပြီး ရူ့ခင်းတွေ အရမ်းလှပါတယ်

Travel Korea Diary by Ko Phyo

#ကိုရီးယား

စနေနေ့တိုင်း တစ်ပါက်တစ်ခါ ထွက်တဲ့  ကိုရီးယား Lotto ထီလေး Lucky လေးပါးပါးရ 😍💰💸Travel Korea Diary by Ko Phyo #ကိုရီးယား
11/10/2025

စနေနေ့တိုင်း တစ်ပါက်တစ်ခါ ထွက်တဲ့ ကိုရီးယား Lotto ထီလေး Lucky လေးပါးပါးရ 😍💰💸

Travel Korea Diary by Ko Phyo
#ကိုရီးယား

10/10/2025

❄️☃️❤️❤️

Travel Korea Diary by Ko Phyo
#ကိုရီးယား

ဆိုလ်းတာဝါ( 남산서울타워) သွားချင်တဲ့သူတွေ အတွက် တာဝါပေါ်ကဆင်းတာနဲ့ ညဘက် 명동 ညစျေးတန်းကိုလည်း လည်လို့ရတယ်နော်မြေအောက်ရထား လိုင်...
10/10/2025

ဆိုလ်းတာဝါ( 남산서울타워)
သွားချင်တဲ့သူတွေ အတွက်

တာဝါပေါ်ကဆင်းတာနဲ့
ညဘက် 명동 ညစျေးတန်းကိုလည်း လည်လို့ရတယ်နော်

မြေအောက်ရထား လိုင်းနံပါတ် 4
명동역 ထွက်ပေါက် 4 ကထွက်ပီး
နဲနဲလမ်းလျှောက်တာနဲ့
ကေဘယ်လ် နဲ့ တတ်လို့ရမယ့်နေရာကိုရောက်ပါမယ်

လိပ်စာ - 서울 용산구 남산공원길 105

#서울
#ကိုရီးယား
#남산

#설날

Travel Korea Diary by Ko Phyo

08/10/2025

❤️❤️❤️⭐⭐⭐

08/10/2025

❤️❤️❤️

07/10/2025

❤️❤️❤️

Travel Korea Diary by Ko Phyo

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Travel Korea Diary by Ko Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share