13/06/2023
ကျောက်မျက်ရတနာများဆောင်ခြင်းကြောင့် ဖြစ်ပေါ်စေနိုင်သော အစွမ်းသတ္တိများ
****************************************
ပတ္တမြား - ဘုန်းကြီးခြင်း ။
မြ - အေးချမ်းမှုရှိခြင်း ။
စိန် - ဂုဏ်ပညာကြီးမားခြင်း ။
နီလာ - မေတ္တာစွမ်းအား စူးရှခြင်း ။
ဂေါ်မိတ် - ခွန်အားကြီးမားခြင်း ။
ဥဿဖရား - ကျန်းမာခြင်း ။
သန္တာ - အမြင့်သို့တက်လှမ်းခြင်း ။
ကြောင် - ချစ်ခင်သူများခြင်း ။
ပုလဲ - ကျက်သရေရှိခြင်း ။
ကျောက်မျက်ရတနာအမျိုးမျိုးတို့၏ အာနိသင်များ
ပတ္တမြား - ဘေးရန်အမျိုးမျိုးကာကွယ်နိုင်သည်။ စီပွားဥစ္စာတိုးတက်ဖွိ့ဖြိုးစေသည်။ ဂုဏ်ကျက်သရေတိုးစေသည်။ ဘုန်းတန်ခိုး အာဏာတက်စေ၏။
မြ - ရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်သည်။ ဘေးဘယာများဝေးကွာစေသည်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေသည်။
စိန် - ဂုဏ်ဒြပ်ကြီးမြင့်တင့်တယ်စေသည်။ လာဘ်လာဘရွင်လန်းစေသည်။ ပျော်ရွှင်ချမ်းမြေ့မှုပေး၏။
ကျောက်စိမ်း - မင်္ဂလာရှိပြီး ကြောက်ရွံ့ထိန့်လန့်ခြင်းကို ကာကွယ်ပေး၏။
ပယင်း - မူးဝေသော် ရှူရှိုက်ပါက ပျောက်ကင်းစေ၏။ အိပ်ပျော်စေ၏။
မဟူရာ - အဆိပ်ကိုနိုင်၏။ မဟူရာဝတ်ဆင်ထားပါက အဆိပ်ရှိသော သတ္တဝါများကိုက်သော်လည်း အဆိပ်မသင့်နိုင်ပါ။
သလင်း - မျက်စိရောဂါကို ကုစားနိုင်၏။
သန္တာ - ပယောဂကို နိုင်၏။ စုန်း၊ကဝေများ မပြုစားနိုင်။ ပယောဂကုရာ၌ ဥာဏ်ရှိသလို သုံးနိုင်၏။
ကြောင် - လောကီ သီဒ္ဓီပြီး၏။ ဗေဒင်ဆရာ ပယောဂကုဆရာတို့အတွက် ကြောင်လက်စွပ်သည် အကောင်းဆုံးအဆောင်ဖြစ်သည်။
နီလာ - လူချစ်လူခင်ပေါစေသော ပီယသီဒ္ဓီအဆောင်ဖြစ်သည်။
ဂေါ်မိတ် - ကာယသိဒ္ဓီပြီး၏။ ခွန်အားဖြစ်စေသည်။
ဥဿဖရား - အနာရောဂါဝေဒနာကင်းစေနိုင်သည်။ ကျန်းမာရေးအတွက် အဆောင်ကောင်းဖြစ်၏။
ပုလဲ - မင်္ဂလာရှိစေ၏။ သွေးလေခြောက်ခြား စိတ်နှလုံးပျက်ပြားမှု ကို ကုစားနိုင်သည်။