27 GEMs Diamonds & Fine Jewelry

27 GEMs Diamonds & Fine Jewelry ✨🤍Customer စိတ်တိုင်းကျ Customized designများကို စက်ပန်းထိမ်၊ လက်ပန်းထိမ် ဖြင့် ခတ်လုပ်ပေးပါသည် 🤍 ✨

ကျောက် တစ်ပွင့်ကို တန်ဖိုး ဖြစ်စေတဲ့ အခြေခံ4Cs အပြင် နောက်ထပ်အချက် ၃ ချက်ဖြစ်တဲ့ 1. ✨ BEAUTY — လှပမှု2. 💎 RARITY — ရှားပ...
08/08/2026

ကျောက် တစ်ပွင့်ကို တန်ဖိုး ဖြစ်စေတဲ့ အခြေခံ4Cs အပြင် နောက်ထပ်အချက် ၃ ချက်ဖြစ်တဲ့

1. ✨ BEAUTY — လှပမှု
2. 💎 RARITY — ရှားပါးမှု
3. 🛡️ DURABILITY — တာရှည်ခံနိုင်မှု

ဆိုတာတွေဟာ အရေးကြီးတဲ့ Foundation တွေ ဖြစ်တယ်လို့လည်း အရင် sharing post ကိုဖတ်ပြီးတဲ့မိတ်ဆွေဆိုရင် သိထားလောက်ပါပြီ …

ဒါပေမယ့် ဒီ ၃ ခုကို “Value Formula အတိအကျ” လို့လည်း တထစ်ချမယူဆသင့်သေးပါဘူး။

အမှန်တကယ် ကျောက်တပွင့်ရဲ့တန်ဖိုး ဟာ—

💎Beauty + Rarity + Durability + Quality + Market Demand + Origin + Treatment + Provenance + Size + Fashion/Consumer Preference

စတဲ့ အချက်များစွာလည်းထပ်ပေါင်းစပ်ပြီး ဆုံးဖြတ်ရမယ်ဆိုတာ ထပ်တိုးမှတ်စေချင်ပါတယ်။

💎 ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးကို “လှတာတစ်ခုတည်း” နဲ့ ဆုံးဖြတ်လို့ရမလား?

ကျောက်တစ်ပွင့်ကို ကြည့်လိုက်ရင်

✨ “လှလိုက်တာ…” ဆိုပြီး လူတိုင်းပထမဆုံးခံစားမိမှာပါ။

ဒါပေမယ့် လှပခြင်းတစ်ခုတည်းက ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူးဆိုတာလည်း သိကြလောက်ပြီလို့ထင်ပါတယ် 😊

ကျောက်တစ်ပွင့်ရဲ့ တန်ဖိုး ဆိုတာ
အချက်အလက်များစွာ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းတစ်ပုဒ် လိုပါပဲ။

ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးကို သက်ရောက်စေတဲ့ အရေးကြီးတဲ့ အပေါ်က ၁၀ ချက် ကို ထပ်ကြည့်ရအောင်ပါ…☺️

① BEAUTY — “အမြင်ကို ဖမ်းစားနိုင်လား?”

ကျောက်တစ်ပွင့်ရဲ့ ပထမဆုံးဆွဲဆောင်မှုက Beauty ပါ။

Color က တောက်ပပြီး သန့်ရှင်းလှပသလား?
Transparency ကောင်းသလား?
Luster ကောင်းသလား?
Cut က အလင်းပြန်မှုကောင်းအောင် ဖန်တီးထားသလား?

ဥပမာ—

Ruby တစ်ပွင့်မှာ အနီရောင်က vivid ဖြစ်ပြီး အလင်းပြန်မှုကောင်း၊ transparency ကောင်းတယ်ဆိုရင် မျက်စိကို ပိုဆွဲဆောင်နိုင်ပါတယ်။

② RARITY — “ဒီလိုကျောက်မျိုး ဘယ်လောက်ရှားလဲ?”

လှတဲ့ကျောက်တွေ အများကြီးရှိနိုင်ပါတယ်။

ဒါပေမယ့် လှပြီး ရှားပါး သွားပြီဆိုရင် Value က ပိုတက်လာနိုင်ပါတယ်။

ဥပမာ—

Ruby တွေရှိပေမယ့်

အရောင်ကောင်း + Transparency ကောင်း + Size ကောင်း + Quality မြင့် တဲ့ Natural Ruby တွေက ပိုရှားပါးပါတယ်။

အဲ့ဒီအခါ—
“လှလို့တန်ဖိုးရှိတာ” ထက်
“လှပြီး ရှားလို့ ပိုတန်ဖိုးရှိတာ” ဖြစ်လာပါတော့တယ်။

③ DURABILITY — “နေ့စဉ်ဝတ်ဖို့ တာရှည်ခံရဲ့လား?”

ကျောက် တစ်ပွင့်က လှပဖို့အပြင်
ဝတ်ဆင်အသုံးပြုနိုင်ဖို့လည်း လိုပါတယ်။

Durability ကို အဓိကအားဖြင့်
Hardness + Toughness + Stability တို့နဲ့ ဆက်စပ်စဉ်းစားနိုင်ပါတယ်။

ဥပမာ—

💎 စိန် — Hardness အလွန်မြင့်
💙 ပတ္တမြား/နီလာ — Hardness မြင့်ပြီး Jewelry အတွက် အသုံးများ
💚 မြ — Hardness သင့်သင့်ရှိသော်လည်း Fracture/Inclusions ကြောင့် ဂရုတစိုက် ဝတ်ဆင်ရပါတယ်

ဒါကြောင့်—

“Hardest = အမြဲတမ်း Toughest” မဟုတ်ပါဘူး။

ကျောက်တစ်ပွင့်ကို Jewelry အဖြစ်အသုံးပြုမယ်ဆိုရင် Durability ကိုလည်း မေ့ထားလို့မရပါဘူး။

④ QUALITY — “အရည်အသွေးက ဘယ်အဆင့်မှာရှိလဲ?”

ကျောက်တစ်မျိုးတည်း ဖြစ်ပေမယ့် Quality က တစ်ပွင့်နဲ့တစ်ပွင့် မတူနိုင်ပါဘူး။

✔️Color
✔️Clarity
✔️Transparency
✔️Cut
✔️Luster
✔️Phenomenon
✔️Inclusions
✔️Overall appearance…

စတဲ့အချက်တွေက Quality ကို သက်ရောက်စေပါတယ်။

ဥပမာ—

Ruby နှစ်ပွင့်လုံး Natural ဖြစ်ပေမယ့်
တစ်ပွင့်က color ကောင်း၊ clarity ကောင်းပြီး appearance ကောင်းတယ်။

နောက်တစ်ပွင့်က inclusions များပြီး color အားနည်းရင်

“နှစ်ပွင့်လုံး Ruby” ဖြစ်ပေမယ့် Value က မတူပြန်ဘူး။

⑤ MARKET DEMAND — “လူတွေက အဲ့ဒီကျောက်ကို ဘယ်လောက်လိုချင်လဲ?”

တန်ဖိုးဆိုတာ သဘာဝအခြေအနေတစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။

Market Demand ကလည်း အရေးကြီးပြန်ပါတယ်။

ဥပမာ—

တစ်ချိန်မှာ Sapphire ကို လူတွေ ပိုမိုစိတ်ဝင်စားလာရင်
Quality ကောင်းတဲ့ Sapphire တွေရဲ့ Demand တက်လာနိုင်ပါတယ်။

တစ်ဖက်မှာ Consumer Trend ပြောင်းသွားရင်
အရင်က လူကြိုက်များခဲ့တဲ့ Color တစ်မျိုးရဲ့ Demand လျော့သွားနိုင်ပါတယ်။

ဒါကြောင့် Gemstone Market မှာ—

“ရှားတာ” နဲ့ “လူတွေလိုချင်တာ” က မတူပါဘူး။

ရှားပေမယ့် Demand နည်းနိုင်သလို
ရှားပါးမှုမများပေမယ့် Fashion Trend ကြောင့် Demand မြင့်နိုင်ပါတယ်။

⸝

⑥ ORIGIN — “ဘယ်ကနေ ထွက်လာတာလဲ?”

ကျောက်တစ်ပွင့်ရဲ့ Geographic Origin ကလည်း တန်ဖိုးအပေါ် သက်ရောက်နိုင်ပါတယ်။

ဥပမာ—

Myanmar Ruby ဆိုတဲ့ Origin ဟာ Ruby Market မှာ သမိုင်းကြောင်းနဲ့ Reputation ကြောင့် အထူးအာရုံစိုက်ခံရနိုင်ပါတယ်။

ဒါပေမယ့်—

Origin တစ်ခုတည်းကြောင့် ကျောက်တစ်ပွင့်က အလိုအလျောက် High Value ဖြစ်သွားတာ ဍတော့ မဟုတ်ပါဘူး။

ကျောက်ရဲ့ Quality, Treatment, Evidence of Origin စတာတွေနဲ့လည်း တွဲဖက်စဉ်းစားရပါတယ်။

⸝

⑦ TREATMENT — “သဘာဝအတိုင်းလား၊ ပြုပြင်ထားလား?”

ဒီအချက်က Gem Buyer တွေအတွက် အလွန်အရေးကြီးပါတယ်။

Gemstone တချို့မှာ—

🔥 Heat Treatment
🛢️ Filling
💎 Fracture Filling
🎨 Dyeing
…စတဲ့ Treatment မျိုးတွေ ရှိနိုင်ပါတယ်။

ဥပမာ—

Natural Ruby တစ်ပွင့်ဟာ Heat Treatment (မီးဖုတ်) ပြုလုပ်ထားနိုင်ပါတယ်။

Treatment ရှိတာ = ကျောက်မကောင်းတာ လို့ တိုက်ရိုက်မဆိုနိုင်ပါဘူး။

ဒါပေမယ့် Treatment ရှိ/မရှိ၊ ဘယ်လို Treatment လုပ်ထားသလဲဆိုတာက Value, Rarity နဲ့ Care Requirements တွေအပေါ် သက်ရောက်နိုင်ပါတယ်။

⸝

⑧ PROVENANCE — “ဒီကျောက်ရဲ့ နောက်ကွယ်မှာ ဘာဇာတ်လမ်းရှိလဲ?”

Origin နဲ့ Provenance ကို မရောထွေးသင့်ပါဘူး။

Origin ဆိုတာ ကျောက်ရဲ့ Geological Source / Geographic Origin (ထွက်ရှိရာဒေသ) ကို ရည်ညွှန်းတာဖြစ်ပြီး—

Provenance ဆိုတာတော့
အဲ့ဒီကျောက်ရဲ့ ပိုင်ဆိုင်ခဲ့သူ၊ သမိုင်းကြောင်း၊ မှတ်တမ်း စတဲ့ နောက်ခံဇာတ်လမ်းကို ရည်ညွှန်းတာပါ။

ဥပမာ—

ကျောက်တစ်ပွင့်ဟာ သမိုင်းဝင် Royal Collection (တော်ဝင် မင်းမျိုးမင်းနွယ်) ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုရင်
အဲ့ဒီ Provenance က ကျောက်ရဲ့ Historical & Collectible Value ကို တိုးစေနိုင်ပါတယ်။

တစ်ခါတလေ—

ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးက
ကျောက်ထဲမှာပဲ မရှိဘူး။
ကျောက်ရဲ့ နောက်ကွယ်က ဇာတ်လမ်းထဲမှာလည်း ရှိပါတယ်။

⸝

⑨ SIZE — “ကြီးလေလေ တန်ဖိုးတက်လေလေလား?”

အမြဲတမ်း မဟုတ်ပါဘူး။

ကျောက်ကြီးတာက အရေးကြီးတဲ့ Factor တစ်ခု ဖြစ်နိုင်ပေမယ့်
Quality မကောင်းရင် Size တစ်ခုတည်းနဲ့ Value မြင့်သွားမှာ မဟုတ်ပါဘူး။

ဥပမာ—

Quality အလွန်ကောင်းတဲ့ 2 ct Ruby တစ်ပွင့်နဲ့
Quality အားနည်းတဲ့ 5 ct Ruby တစ်ပွင့်ရှိမယ်ဆိုရင်—

5 ct ဖြစ်တာတစ်ခုတည်းကြောင့် 5 ct ကျောက်က ပိုတန်ဖိုးရှိမယ်လို့ မပြောနိုင်ပါဘူး။

ဒါကြောင့်—

Size + Quality ကို အတူတကွ ကြည့်ရပါတယ်။

⸝

⑩ FASHION & CONSUMER PREFERENCE — “လူတွေ အခု ဘာကို ကြိုက်နေကြလဲ?”

Gemstone Market က Fashion နဲ့လည်း နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။

👑 Ruby + Sapphire + Emerald + Diamond + Pearl တွေဟာ ရှေးတော်ဝင်ခေတ် ကတည်းက ခုထိ အထူးအရေးပါတဲ့ ကျောက်မျက်တွေ ဖြစ်ပါတယ်။

ခုခေတ်မှာတော့—
🌈 Fancy Color Gems (OPS-Other Precious Stones) တွေလည်း Consumer Preference ကြောင့် လူကြိုက်များလာပါတယ်။

အထူးသဖြင့် Jewelry Design Trend တွေ ပြောင်းလဲလာတာနဲ့အမျှ Gemstone တွေရဲ့ Demand လည်း ပြောင်းလဲနိုင်ပါတယ်။

💎 ဒါဆို ကျောက်တစ်ပွင့်ရဲ့ “တန်ဖိုး” ဆိုတာ ဘာလဲ?

ကျောက်တစ်ပွင့်ကို လက်ထဲမှာကိုင်ပြီး—

“လှတယ်” လို့ပြောလိုက်တာနဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။

အဲ့ဒီကျောက်ကို ပိုနက်နက်ရှိုင်းရှိုင်းကြည့်မယ်ဆိုရင်—

✨ Beauty — လှပမှု
💎 Rarity — ရှားပါးမှု
🛡️ Durability — ခံနိုင်ရည်
🔬 Quality — အရည်အသွေး
📈 Market Demand — စျေးကွက်လိုအပ်ချက်
🌍 Origin — ထွက်ရှိရာဒေသ
🔥 Treatment — ပြုပြင်ထားမှု
📜 Provenance — သမိုင်းကြောင်း
⚖️ Size — အရွယ်အစား
👗 Fashion & Consumer Preference — ခေတ်ရေစီးကြောင်းနဲ့ လူကြိုက်နှုန်း

ဆိုတဲ့ အချက်တွေ အားလုံးက ကျောက်တစ်ပွင့်ရဲ့ Value ကို ပုံဖော်ပေးနိုင်မှာပဲဖြစ်ပါတယ်။





“မြေကြီးထဲက ထွက်လာကြတာချင်းတူတူ… ဘာကြောင့် တစ်လုံးက ရတနာဖြစ်ပြီး တစ်လုံးက သာမန်ကျောက်ပဲ ဖြစ်နေရတာလဲ?”💎🗿ဒါပေမယ့် သူတို့နှ...
02/08/2026

“မြေကြီးထဲက ထွက်လာကြတာချင်းတူတူ… ဘာကြောင့် တစ်လုံးက ရတနာဖြစ်ပြီး တစ်လုံးက သာမန်ကျောက်ပဲ ဖြစ်နေရတာလဲ?”💎🗿

ဒါပေမယ့် သူတို့နှစ်လုံးရဲ့ ဇာတ်လမ်းအစကတော့ တစ်နေရာတည်းက စတင်လာတာပဲ ..အဲ့တာ ကမ္ဘာမြေထဲကပါ 🌏

ဒီနေရာကနေ Mineral (တွင်းထွက်) နဲ့ Gem (ကျောက်မျက်) တို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ခြားနားချက်ကို စတင်လေ့လာရအောင် …

Mineral (တွင်းထွက်) ဆိုတာဘာလဲ?

Mineral (တွင်းထွက်) ဆိုတာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ (Naturally Occurring)၊ အစိုင်အခဲ (Solid) ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ Chemical Composition (ဓာတုဖွဲ့စည်းခြင်း) နဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ Crystal Structure ရှိတဲ့ Inorganic Substance ဖြစ်ပါတယ်။

ဥပမာ Quartz (သလင်းကျောက်) ပါ။

Quartz ရဲ့ Chemical Composition က SiO₂ ဖြစ်ပါတယ်။

Quartz တစ်လုံးကို မြေကြီးထဲက ထွက်လာတဲ့အတိုင်း ကြည့်လိုက်ရင် တောက်ပတဲ့ Jewelry Stone တစ်လုံးလို ချက်ချင်းမမြင်ရနိုင်ပါဘူး။

ဒါပေမယ့်…သူ့ကို

✔️Cut (သွေး) လုပ်လိုက်တဲ့အခါ
✔️Polish (အရောင်တင်) လုပ်လိုက်တဲ့အခါ
✔️Color ကောင်းတဲ့ Specimen ကို ရွေးလိုက်တဲ့အခါ

အဲဒီ Mineral (တွင်းထွက်) တစ်ခုဟာ Gem (ရတနာ) အဖြစ် အသုံးပြုနိုင်လာပါတော့တယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။

“ကျောက်မျက် အားလုံးနီးပါးသည် တွင်းထွက် ဖြစ်သော်ညားလည်း Mineral (တွင်းထွက်) အားလုံးက Gem (ကျောက်မျက်) မဟုတ်ပါဘူးနော် …”

စိတ်ဝင်စားစရာအကောင်းဆုံး ဥပမာတစ်ခု ရှိပါတယ်။

“Pearl.” (ပုလဲ)

Pearl ဟာ Gem တစ်လုံးဖြစ်ပါတယ်။

ဒါပေမယ့် Mineral (တွင်းထွက်) မဟုတ်ပါဘူး။

ဘာကြောင့်လဲ?

Pearl ဟာ သက်ရှိက ဖန်တီးပေးတဲ့ Organic Material ဖြစ်လို့ပါ။

ဒါကြောင့် Gem (ကျောက်မျက်) ဆိုတာ Mineral (တွင်းထွက်) တစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။

သက်ရှိက ဖန်တီးပေးလိုက်တဲ့ Organic Gem တွေလည်း ရှိပါတယ်။

✨Pearl - ပုလဲ
✨Coral -သန္တာ
✨Amber - ပယင်း & Jet
တို့ဟာ Organic Gem တွေရဲ့ ဥပမာတွေပါ။

ဒါဆို Gem (ကျောက်မျက်) ဆိုတာ ဘာလဲ?

Gem (ကျောက်မျက်) ဆိုတာ Jewelry (လက်ဝတ်ရတနာ) တွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ လှပမှု (Beauty)၊ ခံနိုင်ရည် (Durability) နဲ့ ရှားပါးမှု (Rarity) စတဲ့ အရည်အသွေးတွေရှိတဲ့ Material ဖြစ်ပါတယ်။

တစ်ခါတလေ Gem တစ်လုံးရဲ့ တန်ဖိုးဟာ သူ့ရဲ့ Chemical Composition တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်ပါဘူး။

✨Color အရောင် ဘယ်လောက်လှသလဲ?

✨Transparency အလင်းပေါက်မှု ဘယ်လောက်ကောင်းသလဲ?

✨Brilliance အရောင်ဘယ်လောက်လက်သလဲ?

✨Durability ကြံ့ခိုင်မှုက Jewelry လက်ဝတ်ရဆနာ အတွက် သင့်တော်ရဲ့လား?

💰ရှားပါးလား?

💰Market Demand ဝယ်လိုအား ရှိလား?

ဒီအချက်တွေ အားလုံးက Gem တစ်လုံးရဲ့ တန်ဖိုးနဲ့ ဆက်စပ်နေပါတယ်။

ဒါကြောင့် …. “လှတယ်” ဆိုတာက စတင်ကြည့်တဲ့နေရာပဲ ရှိပါသေးတယ်။ အဆုံးသတ်အဖြေ မဟုတ်ပါဘူး။

ဒါဆို Mineral (တွင်းထွက်) နဲ့ Gem (ကျောက်မျက်)ကို ဘယ်လိုခွဲမလဲ?

✨Mineral ကို “Science” ရဲ့ အမြင်နဲ့ ကြည့်ပါတယ်။

✨Gem ကိုတော့ “Science + Beauty + Durability + Rarity + Demand” ဆိုတဲ့ အမြင်တွေနဲ့ ကြည့်ရပါတယ်။

ဥပမာ Diamond (စိန်)ကို ကြည့်ပါ။

Diamond ဟာ Carbon (C) နဲ့ ဖွဲ့စည်းထားတဲ့ Mineral (တွင်းထွက်) တစ်မျိုးပါ။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ Beauty, Hardness, Durability နဲ့ Rarity ကြောင့် Gemstone အဖြစ်လည်း အသုံးပြုပါတယ်။

ဒါကြောင့် Diamond ဟာ…

“Mineral လည်း ဖြစ်တယ်။
Gem လည်း ဖြစ်တယ်။”

ကဲဒီလောက်ဆိုရင် … ကျောက်မျက်တိုင်းက တွင်းထွက်မဟုတ်နိုင်ဘူးဆိုတာကိုတော့ အနည်းကျဉ်း သိသွားပြီထင်ပါတယ်နော် 🥰🥰

မိတ်ဆွေတို့ ကိုယ်ဝတ်နေတဲ့ကျောက်မျက်ဟာ တွင်းထွက် (inorganic gem)လား .. သက်ရှိက ဖန်တီးပေးလိုက်တဲ့ (organic gem) ရတနာလားဆိုတာ ဖြေခဲ့ပါဦးနော် 😘😘







“ကျောက်တစ်လုံးကို လှတယ်လို့ မြင်တာနဲ့ အဖိုးတန်ကျောက်ဖြစ်သွားပြီလား?”💎တောက်ပတဲ့ ကျောက်တစ်လုံးကို မြင်လိုက်တိုင်း “ဒါ စိန်...
28/07/2026

“ကျောက်တစ်လုံးကို လှတယ်လို့ မြင်တာနဲ့ အဖိုးတန်ကျောက်ဖြစ်သွားပြီလား?”💎

တောက်ပတဲ့ ကျောက်တစ်လုံးကို မြင်လိုက်တိုင်း “ဒါ စိန်လား?”၊ “ ပတ္တမြား၊နီလာ လား?” လို့ မေးဖူးကြမှာပါ။😉

ဒါပေမယ့် Gemologist တစ်ယောက်ကတော့ အရောင်လှတာတစ်ခုတည်းကို မကြည့်ပါဘူး။ သူတို့က “ဒီကျောက်က ဘာလဲ?”၊ “ဘယ်လိုဖွဲ့စည်းထားတာလဲ?”၊ “သဘာဝကျောက်လား၊ Lab-grown လား?” ဆိုတာတွေကို သိပ္ပနည်းကျကျ စစ်ဆေးပါတယ်။

အခုကစပြီး Gemology Knowledge Sharing Series မှာ Gemology ရဲ့ အခြေခံအကျဆုံး အပိုင်းကို sharing ပေးသွားမှာဖြစ်လို့ page ကို like & follow လေးလုပ်ခဲ့ပါဦးနော် ✨

━━━━━━━━━━━━━━

Gemology ဆိုတာဘာလဲ? (Gemology)

Gemology ဆိုတာ Gemstones (ကျောက်မျက်များ) ကို သိပ္ပံနည်းကျ လေ့လာတဲ့ Science ဘာသာရပ် ပဲ ဖြစ်ပါတယ်။

Gemologist တစ်ယောက်ဟာ ကျောက်တစ်လုံးရဲ့

• Identity (အမျိုးအစား)
• Natural / Synthetic / Treated (ဖြစ်မှု)
• Physical Properties (ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ)
• Optical Properties (အလင်းဆိုင်ရာဂုဏ်သတ္တိများ)
• Durability (တာရှည်ကြံ့ခိုင်မှု)
• Value (တန်ဖိုး) တို့ကို စမ်းသပ်ပြီး သတ်မှတ်ပေးနိုင်ရပါတယ်။

Jewelry Industry မှာ Gemology က ဘာကြောင့် အရေးကြီးသလဲ?

✔ Customer ကို မှန်ကန်တဲ့ Information ပေးနိုင်တယ်။
✔ Natural နဲ့ Synthetic ကို ခွဲခြားနိုင်တယ်။
✔ Stone Value ကို နားလည်နိုင်တယ်။
✔ Jewelry Design အတွက် သင့်တော်တဲ့ ကျောက်ကို ရွေးချယ်နိုင်တယ်။
✔ ယုံကြည်မှု (Trust) ကို တည်ဆောက်ပေးနိုင်တယ်။

Gemology ဟာကျောက်ကြည့်တတ်ဖို့သာ မဟုတ်ဘဲ Professional Ethics ကိုပါ တည်ဆောက်ပေးတဲ့ ဘာသာရပ် လည်းဖြစ်ပါတယ်။









🌍 ငလျင် ဘာကြောင့် ဖြစ်တာလဲ? ငလျင်နဲ့ ကျောက်မျက်တို့ရဲ့ ဆက်စပ်မှု 💎ငလျင် (Earthquake) ဆိုတာ ကမ္ဘာမြေအောက်မှာ စုဆောင်းနေတဲ...
26/07/2026

🌍 ငလျင် ဘာကြောင့် ဖြစ်တာလဲ? ငလျင်နဲ့ ကျောက်မျက်တို့ရဲ့ ဆက်စပ်မှု 💎

ငလျင် (Earthquake) ဆိုတာ ကမ္ဘာမြေအောက်မှာ စုဆောင်းနေတဲ့ ဖိအား (Stress) ကို ရုတ်တရက် လွှတ်ထုတ်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာမြေရဲ့ အပေါ်ယံအလွှာ (Lithosphere) ဟာ ကျောက်သားတစ်တုံးတည်း မဟုတ်ဘဲ Tectonic Plates လို့ခေါ်တဲ့ မြေထုချက်ကြီးတွေ အဖြစ် ခွဲခြားထားပြီး အမြဲတမ်း ရွေ့လျားနေပါတယ်။

ဒီ Plate တွေဟာ တစ်နှစ်မှာ၂ စင်တီမီတာကနေ ၁၅ စင်တီမီတာခန့် နှုန်းနဲ့ ရွေ့လျားကြပါတယ်။ လူတွေအတွက် နှေးတယ်လို့ ထင်ရပေမယ့် နှစ်သန်းပေါင်းများစွာ ကြာလာတဲ့အခါ တောင်တန်းကြီးတွေ၊ သမုဒ္ဒရာတွေ၊ ပြတ်ရွေ့ကြီးတွေကိုတောင် ဖန်တီးနိုင်တဲ့ အင်အားရှိလာပါတယ်။

⸝

↔️ Plate တွေ ဘယ်လိုလှုပ်ရှားသလဲ?

Plate တွေဟာ ကမ္ဘာမြေရဲ့ Mantle အလွှာအတွင်းက အပူစီးဆင်းမှု (Convection Currents) ကြောင့် ရွေ့လျားတာဖြစ်ပါတယ်။
ကမ္ဘာမြေရဲ့ အတွင်းပိုင်းမှာရှိတဲ့ Core (အူတိုင်)ဟာ အပူချိန် ၅,၀၀၀–၆,၀၀၀°C ခန့် ရှိပြီး ဒီအပူကြောင့် Mantle ထဲက ကျောက်သားတွေဟာ အလွန်နှေးကွေးစွာ စီးဆင်းနေကြပါတယ်။

ဒီစီးဆင်းမှုက Plate တွေကို ဆွဲယူ၊ တွန်းပို့ပြီး ကမ္ဘာမြေအပေါ်ယံကို အမြဲတမ်း ပြောင်းလဲနေစေပါတယ်။

⸝

Plate Boundary အမျိုးအစား (၃) မျိုး

① Convergent Boundary (တိုက်မိခြင်း)

Plate နှစ်ခု မျက်နှာချင်းဆိုင် တိုက်မိတဲ့ Boundary ဖြစ်ပါတယ်။

* Oceanic Plate က Continental Plate အောက်ကို ဆင်းသွားတတ်တယ် (Subduction)
* Continental Plate နှစ်ခု တိုက်မိရင် Himalaya တောင်တန်းလို တောင်တန်းကြီးတွေ ဖြစ်ပေါ်လာတယ်။
* ဖိအား အလွန်များတဲ့အတွက် အင်အားကြီး ငလျင်များ အများဆုံး ဖြစ်ပွားတဲ့ နေရာဖြစ်ပါတယ်။

⸝

② Divergent Boundary (ခွာထွက်ခြင်း)

Plate နှစ်ခု အချင်းချင်း ခွာထွက်သွားတဲ့ Boundary ဖြစ်ပါတယ်။

* Mantle ထဲက Magma တက်လာပြီး မြေလွှာအသစ် ဖွဲ့စည်းပေးတယ်။
* Mid-Ocean Ridge တွေမှာ အများဆုံး တွေ့ရတယ်။
* ငလျင်တွေ ဖြစ်ပေမယ့် အများအားဖြင့် အင်အား မပြင်းထန်ပါဘူး။

⸝

③ Transform Boundary (ပွတ်တိုက်ခြင်း)

Plate နှစ်ခုဟာ အချင်းချင်း ဘေးတိုက် ပွတ်တိုက်ပြီး ရွေ့လျားကြပါတယ်။

ဒါပေမယ့် ကျောက်သားတွေက အမြဲမရွေ့နိုင်ဘဲ တစ်နေရာမှာ ညပ်နေ (Locked) တတ်ပါတယ်။

Plate တွေက ဆက်ရွေ့နေတဲ့အတွက် ဖိအားတွေ တဖြည်းဖြည်း စုပုံလာပါတယ်။

နောက်ဆုံးမှာ ကျောက်သားတွေက ဖိအားကို မခံနိုင်တော့တဲ့အခါ…

“Crack!” လို့ခေါ်တဲ့ …

ရုတ်တရက် ပြတ်ရွေ့တစ်လျှောက် လျှောကျသွားပြီး စုဆောင်းထားတဲ့ စွမ်းအင်အားလုံးကို လှိုင်းအဖြစ် ထုတ်လွှတ်လိုက်ပါတယ်။

အဲဒီ လှိုင်းတွေကပဲ Seismic Waves ဖြစ်ပြီး ကျွန်တော်တို့ ခံစားရတဲ့ ငလျင် ကိုဖြစ်ပေါ်စေပါတော့တယ်။

⸝
🪄 Elastic Rebound Theory

သိပ္ပံပညာရှင်တွေက ငလျင်ဖြစ်ပုံကို Elastic Rebound Theory နဲ့ ရှင်းပြကြပါတယ်။

ဥပမာ…

ရော်ဘာကြိုးတစ်ချောင်းကို ဖြည်းဖြည်းချင်း ဆွဲနေမယ်ဆိုရင်…

* အစမှာ ဆွဲလို့ရတယ်။
* ဖိအား ပိုများလာတယ်။
* နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာ ရုတ်တရက် ပြတ်သွားတယ်။

Plate တွေမှာလည်း အတူတူပါပဲ။

နှစ်ပေါင်းရာ၊ ထောင်၊ သန်းနဲ့ချီပြီး ဖိအား စုပုံလာပြီး နောက်ဆုံးမှာ တစ်ခါတည်း လွှတ်ထုတ်လိုက်တဲ့အခါ ငလျင် ဖြစ်ပေါ်လာတာပါ။

⸝

မြန်မာနိုင်ငံမှာ ဘာကြောင့် ငလျင်များဖြစ်ပေါ်တာလဲ?

မြန်မာနိုင်ငံဟာ Indian Plate နဲ့ Sunda Plate (Eurasian Plate ၏ အရှေ့တောင်ပိုင်း အစိတ်အပိုင်း) ထိတွေ့နေတဲ့ နယ်နိမိတ်အနီးမှာ တည်ရှိပါတယ်။

Indian Plate က မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး Sunda Plate က တောင်ဖက်ရွေ့လျားမှုနဲ့ အပြန်အလှန် ဖိအားပေးနေပြီး …

* Sagaing Fault
* Subduction Zone များ
* အခြား ပြတ်ရွေ့စနစ်များ

မှာ ဖိအားတွေ အမြဲတမ်း စုပုံနေပြီး အချိန်တန်ရင် ငလျင်အဖြစ် လွှတ်ထုတ်ကြပါတယ်။

⸝

🌏ငလျင်နဲ့ ကျောက်မျက်တို့ရဲ့ ဆက်စပ်မှု💎

ဒီလို Plate Collision တွေ၊ Fault Movement တွေကြောင့် ဖြစ်လာတဲ့ အပူချိန်မြင့်မားခြင်း၊ ဖိအားအလွန်ပြင်းထန်ခြင်း၊ Hydrothermal Fluid လှုပ်ရှားမှုများ က သတ္တုဓာတ်တွေကို ပြန်လည်ဖွဲ့စည်းပေးပြီး Ruby, Sapphire, Spinel, Jadeite စတဲ့ အဖိုးတန်ကျောက်မျက်တွေကို နှစ်သန်းပေါင်းများစွာအတွင်း မွေးဖွားပေးနိုင်ပါတော့တယ်။

တစ်နည်းအားဖြင့်…

ငလျင်ဟာ လူသားတွေအတွက် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပေမယ့်၊ ကမ္ဘာမြေအတွက်တော့ တောင်တန်းတွေ၊ ကျွန်းတွေကို တည်ဆောက်ပေးပြီး အဖိုးတန်ကျောက်မျက်တွေကို မွေးဖွားပေးတဲ့ သဘာဝရဲ့ အရေးကြီးဆုံး စက်ယန္တရားတစ်ခုလည်း ဖြစ်စေပါတယ်။

💎Big 3 ထက်တောင် ရှားတဲ့ ကျောက်တွေ ရှိတယ်ဆိုတာ မိတ်ဆွေတို့သိပြီးပြီလား?💎☺️ကျောက်မျက်ရတနာအကြောင်း ပြောလိုက်တာနဲ့ လူအများစု...
24/07/2026

💎Big 3 ထက်တောင် ရှားတဲ့ ကျောက်တွေ ရှိတယ်ဆိုတာ မိတ်ဆွေတို့သိပြီးပြီလား?💎☺️

ကျောက်မျက်ရတနာအကြောင်း ပြောလိုက်တာနဲ့ လူအများစုရဲ့ စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ ကျောက်တွေက Ruby၊ Sapphire နဲ့ Emerald ပါပဲ… Gem Trade လောကမှာ ဒီကျောက် (၃) မျိုးကို “The Big 3” လို့ ခေါ်ကြပြီး၊ သဘာဝအလှတရား၊ သမိုင်းတန်ဖိုးနဲ့ ရှေးဘုရင်တွေကအစ ယနေ့ခေတ်အထိ တန်ဖိုးထားလာခဲ့တဲ့ Colored Gemstones တွေ ဖြစ်ပါတယ်။

🪄ဒါပေမယ့် လူသိများခြင်းနဲ့ ရှားပါးခြင်းဟာ တစ်ခုတည်းမဟုတ်ပါဘူး။

တကယ်တော့ ကမ္ဘာပေါ်မှာ Big 3 ထက်တောင် ပိုရှားပါးတဲ့ ကျောက်မျက်တွေ ရှိနေပြီး၊ အချို့ကျောက်တွေကို Gemologists၊ Mineral Collectors နဲ့ Museums တွေကတောင် အလွန်တန်ဖိုးထား သိမ်းဆည်းထားကြရလောက်ထိကို ရှားပါးပါတယ်။
⸝

အဲ့ဒီရှားပါးကျောက်တွေကတော့ …

💎Painite — မြန်မာနိုင်ငံက မွေးဖွားပေးခဲ့တဲ့ အံ့ဖွယ်ကျောက်

ရှားပါးတဲ့ ကျောက်မျက်အကြောင်း ပြောမယ်ဆိုရင် Painite ကို မဖြစ်မနေ ထည့်ပြောရပါမယ်။

၁၉၅၀ ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံ မိုးကုတ်ဒေသမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ Painite ဟာ တစ်ချိန်က ကမ္ဘာ့အရှားပါးဆုံး Gemstone အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။

ယနေ့မှာ နမူနာအသစ်တွေ တွေ့ရှိလာပေမယ့် လက်ဝတ်ရတနာပြုလုပ်နိုင်တဲ့ Gem Quality Painite ကတော့ အလွန်နည်းပါးနေဆဲ ဖြစ်ပါတယ်။

⸝

💎Red Beryl — Ruby နဲ့ ဆင်ပေမယ့် Ruby မဟုတ်တဲ့ ကျောက်

အရောင်အရ Ruby နဲ့ ဆင်တူပေမယ့် Red Beryl ကတော့ Beryl မျိုးရင်းဝင် ဖြစ်ပြီး Emerald ရဲ့ ဆွေမျိုးတစ်မျိုးပါ။

အဓိကအားဖြင့် အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာသာ တွေ့ရှိရပြီး Gem Quality Crystal တွေက အလွန်ရှားပါးတာကြောင့် Gem Collectors တွေ အမြဲရှာဖွေနေတဲ့ ကျောက်မျက်တစ်မျိုး ဖြစ်လာပါတယ်။

⸝

💎Musgravite — ရှာတွေ့ဖို့တောင် ခက်ခဲတဲ့ ကျောက်

Musgravite ဟာ သဘာဝမှာ တွေ့ရတဲ့ ပမာဏကိုယ်တိုင် အလွန်နည်းပါးပြီး၊ Jewelry အဖြစ် ဖြတ်တောက်နိုင်တဲ့ အရည်အသွေးမြင့် နမူနာတွေကတော့ ပိုပြီး ရှားပါးပါတယ်။

ဒါကြောင့် ဈေးကွက်မှာ မြင်ရတာထက် Auction နဲ့ Private Collection တွေမှာ ပိုတွေ့ရတတ်ပါတယ်။

⸝

💎Taaffeite — သဘာဝမတွေ့ခင် လူတွေ လက်ထဲရောက်ခဲ့တဲ့ ကျောက်

Taaffeite ရဲ့ သမိုင်းက အလွန်ထူးခြားပါတယ်။

ဒီကျောက်ကို သဘာဝထဲက Mineral အဖြစ် မတွေ့ရှိခင်၊ ဖြတ်တောက်ပြီးသား Gemstone အဖြစ် အရင်ဆုံး သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

Gemology လောကမှာ ဒီလို သမိုင်းကြောင်းရှိတဲ့ ကျောက်မျိုးက အလွန်နည်းပါတယ်။

⸝

💎Grandidierite — အလင်းရောင်နဲ့အတူ အရောင်ပြောင်းမြင်ရတဲ့ အလှ

စိမ်းပြာရောင် တောက်ပမှုနဲ့ နာမည်ကြီးတဲ့ Grandidierite ဟာ Pleochroism ပြင်းထန်တဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။

ကြည့်တဲ့ထောင့်အလိုက် အရောင်ကွဲပြားစွာ မြင်ရတဲ့ အလှကြောင့် Gem Collectors တွေရဲ့ စိတ်ဝင်စားမှုကို အမြဲရရှိနေပါတယ်။

ဒါပေမယ့် ကြည်လင်ပြီး Jewelry အတွက် သင့်တော်တဲ့ Gem Quality ကျောက်တွေကတော့ အလွန်ရှားပါးပါတယ်။

⸝

ဒါဆို… ဘာကြောင့် ပိုက်ဆံရှိရုံနဲ့တောင် ဝယ်လို့မရတာလဲ?

လူအများစုက “စျေးကြီးလို့ ဝယ်မရတာ” လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် ဒီကျောက်မျက်တွေမှာ ပြဿနာက စျေးနှုန်းမဟုတ်ပါဘူး။ ဒီအချက်မှာ “ရရှိနိုင်မှု” (Availability) ဖြစ်ပါတယ်။

ပထမအချက်က သဘာဝမှာ ထွက်ရှိတဲ့ ပမာဏဟာ အလွန်နည်းပါတယ်။ ကျောက်တစ်မျိုး ဖြစ်ပေါ်လာဖို့အတွက် အပူချိန်၊ ဖိအား၊ ဓာတုဖွဲ့စည်းမှုနဲ့ ဘူမိဗေဒဆိုင်ရာ အခြေအနေတွေဟာ သန်းပေါင်းများစွာသော နှစ်တွေအတွင်း အတိအကျ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒီလိုအခြေအနေတွေ ထပ်မံဖြစ်ပေါ်ဖို့က အလွန်ရှားပါးလို့ပါပဲ …

ဒုတိယအချက်က တွေ့ရှိတဲ့ ကျောက်တိုင်းဟာ လက်ဝတ်ရတနာလုပ်လို့ မရပါဘူး။ Crystal အရွယ်အစား၊ ကြည်လင်မှု၊ အရောင်နဲ့ အက်ကြောင်းမရှိတဲ့ Gem Quality ကျောက်တွေက ပိုပြီး ရှားပါးပါတယ်။

တတိယအချက်က အရည်အသွေးမြင့် ကျောက်အများစုဟာ ဈေးကွက်ကို မရောက်ဘဲ Private Collectors၊ Museums နဲ့ Research Institutions တွေရဲ့ စုဆောင်းမှုထဲကို ရောက်သွားတတ်ပါတယ်။ တစ်ခါတစ်ရံ ဝယ်ယူသွားတဲ့ ကျောက်တစ်လုံးဟာ ဆယ်စုနှစ်များစွာ စျေးကွက်ထဲကို ပြန်မပေါ်လာတော့တာမျိုးလည်း ရှိပါတယ်။

⸝

နိဂုံးအဆုံးသတ် အားဖြင့်ဆိုရမယ်ဆ်ိုရင်…

Ruby၊ Sapphire နဲ့ Emerald တို့ဟာ ယနေ့အထိ ကမ္ဘာ့အကျော်ကြားဆုံး ကျောက်မျက်တွေ ဖြစ်နေဆဲပါ။

ဒါပေမယ့် ရှားပါးမှု ကို တိုင်းတာမယ်ဆိုရင် သဘာဝက လူသိနည်းတဲ့ အံ့ဖွယ်ကျောက်တွေက Big 3 ထက်တောင် ပိုထူးခြားနိုင်ပါတယ်။

ကျောက်မျက်တစ်လုံးရဲ့ တန်ဖိုးဟာ စျေးနှုန်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်လောက်နည်းနည်းသာ ရှိသလဲ၊ နောက်တစ်လုံး ထပ်တွေ့နိုင်မလားဆိုတဲ့ မသေချာမှု ကလည်း တန်ဖိုးတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် တစ်ခါတစ်ရံ…

✨အဖိုးတန်ဆုံး ကျောက်ဆိုတာ ဈေးအကြီးဆုံး ကျောက်မဟုတ်ပါဘူး။ ပိုက်ဆံရှိရုံနဲ့တောင် ဝယ်ခွင့်မရနိုင်တဲ့ ကျောက်မျက်တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။✨

#
27gems

💰ကျောက်မျက်ရတနာတွေရဲ့တန်ဖိုးကို 4C အပြင် နောက်ထပ်တန်ဖိုးဆုံးဖြတ်ပေးတဲ့ လျှို့ဝှက်ချက် (၃)ချက်💰🌏 ကမ္ဘာမြေကြီးရဲ့ အတွင်းပိ...
04/07/2026

💰ကျောက်မျက်ရတနာတွေရဲ့တန်ဖိုးကို 4C အပြင် နောက်ထပ်တန်ဖိုးဆုံးဖြတ်ပေးတဲ့ လျှို့ဝှက်ချက် (၃)ချက်💰

🌏 ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းထဲကနေ အချိန်ကာလ ကြာမြင့်စွာ ပေါက်ဖွားလာတဲ့ ကျောက်မျက်ရတနာတွေဟာ ရှေးခေတ်ဘုရင်တွေကစလို့ ယနေ့ခေတ် လူသားတွေအထိ အမြဲတမ်း ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပါတယ်။ သာမန်ကျောက်ခဲလေးတွေနဲ့မတူဘဲ ကျောက်မျက်တွေက ဘာကြောင့် ဒီလောက်တောင် အဖိုးတန်နေရတာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကျောက်မျက်တစ်ပွင့်ရဲ့ တန်ဖိုးကို အဓိက သတ်မှတ်ပေးတဲ့ မဏ္ဍိုင်ကြီး (၃) ရပ် ရှိပါတယ်။ အဲဒါတွေကတော့ အလှအပ (Beauty)၊ ရှားပါးမှု (Rarity) နဲ့ ခိုင်ခံ့မှု (Durability) တို့ပဲ ဖြစ်ပါတယ်။ ဒီအချက် (၃) ချက်က ကျောက်မျက်တွေကို ဘယ်လိုအသက်ဝင်စေသလဲ ဆိုတာ အတူလေ့လာကြည့်ရအောင် ..

✨ လူကိုဖမ်းစားနိုင်သော အလှအပ (Beauty)
ကျောက်မျက်တစ်ပွင့်ကို စတင်တွေ့ရှိလိုက်တာနဲ့ လူတွေကို ပထမဆုံး ဆွဲဆောင်နိုင်တဲ့အရာကတော့ သူ့ရဲ့ မျက်စိပသာဒဖြစ်စေတဲ့ အလှအပ (Beauty) ပဲ ဖြစ်ပါတယ်။ ကျောက်မျက်တွေရဲ့ အရောင်အသွေး (Color)၊ ကြည်လင်တောက်ပမှု (Clarity) နဲ့ အလင်းပြန်အားတွေဟာ သဘာဝတရားရဲ့ ပြိုင်ဘက်ကင်း အနုပညာလက်ရာတွေပါ။ ဥပမာအားဖြင့် ပတ္တမြားရဲ့ ရဲရဲတောက် အနီရောင်၊ နီလာရဲ့ နက်ရှိုင်းတဲ့ အပြာရောင်နဲ့ မြရဲ့ စိမ်းလန်းစိုပြည်မှုတွေဟာ ကြည့်လိုက်တာနဲ့တင် ရင်ကို အေးချမ်းစေပါတယ်။ ထို့ပြင် ကျောက်သွေးပညာရှင်တွေရဲ့ သေသပ်လှပတဲ့ အကွက်ချ သွေးနည်းတွေကြောင့် အလင်းရောင်ဖြတ်သန်းသွားတဲ့အခါ ဖြာထွက်လာတဲ့ တောက်ပမှုတွေက ကျောက်မျက်တွေကို ပိုပြီး အသက်ဝင် လှပစေပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ အလှတရားက ကျောက်မျက်တွေကို လူတိုင်းပိုင်ဆိုင်ချင်တဲ့ အရာအဖြစ် တန်ဖိုးမြင့်တက်စေပါတယ်။

🪄 တန်ဖိုးကို မြှင့်တင်ပေးသော ရှားပါးမှု (Rarity)
ပစ္စည်းတစ်ခုဟာ ဘယ်လောက်ပဲလှလှ အလွယ်တကူ ပေါပေါများများ ရနိုင်နေရင် တန်ဖိုးကြီးလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောက်မျက်တွေ အဖိုးတန်ရခြင်းရဲ့ ဒုတိယလျှို့ဝှက်ချက်ကတော့ ရှားပါးမှု (Rarity) ပဲ ဖြစ်ပါတယ်။ ကျောက်မျက်ရတနာတွေဟာ ကမ္ဘာ့မြေအောက် အနက်ကြီးထဲမှာ ပြင်းထန်တဲ့ အပူချိန်နဲ့ ဖိအားတွေအောက်မှာ နှစ်သန်းပေါင်းများစွာ အချိန်ယူပြီးမှ ဖြစ်တည်လာရတာပါ။ မြေကြီးထဲက တူးဖော်ရရှိတဲ့ ကျောက်ရိုင်းတုံးတိုင်းကလည်း ရတနာအဖြစ် သတ်မှတ်လို့မရပါဘူး။ အပြစ်အနာအဆာကင်းပြီး အရည်အသွေး ကောင်းမွန်တဲ့ ကျောက်တစ်ပွင့်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ သဲကန္တာရထဲမှာ အပ်ကျတာကို ရှာရသလို အလွန်ကို ခက်ခဲပါတယ်။ ဒီလို ရရှိဖို့ ခက်ခဲပြီး ကမ္ဘာပေါ်မှာ အရေအတွက် ကန့်သတ်ချက်ရှိနေတဲ့အတွက် သူတို့ရဲ့တန်ဖိုးဟာ အဆမတန် မြင့်မားနေရခြင်း ဖြစ်ပါတယ်။

🛠️ အချိန်ကို အံတုနိုင်သော ခိုင်ခံ့မှု (Durability)
အလှအပနဲ့ ရှားပါးမှု ရှိရုံနဲ့တင် ရတနာတစ်ပါး ဖြစ်မလာသေးပါဘူး။ အချိန်ကာလ ကြာရှည်စွာ တည်တံ့နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် တတိယအချက်ဖြစ်တဲ့ ခိုင်ခံ့မှု (Durability) ဟာ အလွန်အရေးကြီးပါတယ်။ ကျောက်မျက်တွေဟာ သာမန်အရာတွေလို လွယ်လွယ်ကူကူ ပဲ့ကြေပျက်စီးသွားတာမျိုး မရှိပါဘူး။ ဥပမာ - စိန်ဆိုရင် ကမ္ဘာပေါ်မှာ အမာကျောဆုံး သဘာဝဓာတ်ပစ္စည်းဖြစ်ပြီး ခြစ်ရာ၊ ပဲ့ရာ ထင်ဖို့ အလွန်ခက်ခဲပါတယ်။ ကျောက်မျက်အများစုဟာ နေ့စဉ်ဝတ်ဆင်ရင်တောင် အရောင်အသွေး မှေးမှိန်သွားတာ၊ ပျက်စီးသွားတာမျိုး မရှိဘဲ ရာစုနှစ်ပေါင်းများစွာ တည်တံ့နိုင်ပါတယ်။ ဒီလို ခိုင်ခံ့မှုရှိတဲ့အတွက်ကြောင့်လည်း ကျောက်မျက်ရတနာတွေကို မိသားစု အမွေအနှစ်တစ်ခုအနေနဲ့ မျိုးဆက်တစ်ဆက်မှ တစ်ဆက်ဆီကို ဂုဏ်ယူစွာ လက်ဆင့်ကမ်း သိမ်းဆည်းထားနိုင်ကြတာ ဖြစ်ပါတယ်။

💎အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် ကျောက်မျက်ရတနာတစ်ခုဆိုတာ သဘာဝတရားကြီးက အချိန်ယူ ဖန်တီးပေးလိုက်တဲ့ အံ့ဖွယ်လက်ဆောင်တစ်ခုပါ။ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ အလှအပ (Beauty)၊ ရှာဖွေရခက်ခဲတဲ့ ရှားပါးမှု (Rarity) နဲ့ မျိုးဆက်တိုင်အောင် တည်တံ့နိုင်တဲ့ ခိုင်ခံ့မှု (Durability) ဆိုတဲ့ ဒီအချက်သုံးချက် ပြီးပြည့်စုံစွာ ပေါင်းဆုံသွားတဲ့အခါမှာတော့ လောကမှာ အဖိုးထိုက်တန်ဆုံးနဲ့ လူသားတိုင်း တန်ဖိုးထား မြတ်နိုးရတဲ့ ကျောက်မျက်ရတနာတွေအဖြစ် အဓွန့်ရှည်စွာ ရပ်တည်နေခြင်းပဲ ဖြစ်ပါတော့တယ်။

✨ “Some stones are not just beautiful… they are timeless stories of Earth.” ✨

✨ Jewelry Care & Cleaning✨လက်ဝတ်ရတနာတစ်ခုရဲ့တန်ဖိုးကို ရွှေ၊ စိန်၊ ကျောက်မျက်တို့ကသာ သတ်မှတ်ပေးခြင်း မဟုတ်ပါဘူး …၎င်းအတွ...
03/07/2026

✨ Jewelry Care & Cleaning✨

လက်ဝတ်ရတနာတစ်ခုရဲ့တန်ဖိုးကို ရွှေ၊ စိန်၊ ကျောက်မျက်တို့ကသာ သတ်မှတ်ပေးခြင်း မဟုတ်ပါဘူး …

၎င်းအတွင်း သိမ်းဆည်းထားသော အမှတ်တရများ၊ အချိန်များနှင့် ချစ်ခြင်းမေတ္တာတို့ကသာ အမှန်တကယ် တန်ဖိုးကို ဖန်တီးပေးတာဖြစ်ပါတယ်။

ဒါကြောင့် အဖိုးတန်လက်ဝတ်ရတနာများကို နှစ်ပေါင်းများစွာ မပြောင်းလဲတဲ့ အလှတရားနဲ့တည်ရှိစေရန် အောက်ပါအချက်တွေနဲ့ ဂရုတစိုက် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

01 | Wear Last, Remove First 💎

အလှကုန်များ၊ Perfume၊ Lotion၊ Sunscreen နှင့် Hair Spray များကို အသုံးပြုပြီးမှ လက်ဝတ်ရတနာကို နောက်ဆုံးအဆင့်အဖြစ် ဝတ်ဆင်ပါ။

တစ်နေ့တာပဝတ်ဆင်ပြီးဆုံးချိန်မှာလည်း လက်ဝတ်ရတနာတွေကို အရင်ဆုံး ဖြုတ်သိမ်းပေးခြင်းဟာ သူ့ရဲ့တောက်ပမှုနှင့် အရောင်အသွေးကို ကြာရှည်စွာ ထိန်းသိမ်းနိုင်စေပါတယ်။

02 | Protect It from Harsh Environments 💎

ရေကူးကန်ရှိ Chlorine၊ ပင်လယ်ရေ၊ အိမ်သုံးသန့်ရှင်းရေးဓာတုပစ္စည်းများနှင့် အားကစားလုပ်စဉ် ချွေးဓာတ်တို့သည် လက်ဝတ်ရတနာတွေရဲ့မျက်နှာပြင်နဲ့ ကျောက်မျက်တို့အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

ထိုသို့သော အခြေအနေများမှာ ခေတ္တဖြုတ်ထားခြင်းဟာလည်း အကောင်းဆုံး ကာကွယ်မှုဖြစ်ပါတယ်။

03 | Store with Elegance 💎

လက်ဝတ်ရတနာတစ်ခုချင်းစီကို သီးသန့် Jewelry Box (သို့) နူးညံ့သော Pouch အတွင်း သိမ်းဆည်းပါ။

ဤသို့ပြုလုပ်ခြင်းဖြင့် ပွတ်တိုက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ခြစ်ရာများကို လျှော့ချပေးပြီး မူလအလှတရားကို ကြာရှည်စွာ ထိန်းသိမ်းနိုင်ပါတယ်။

04 | Gentle Cleaning Preserves Brilliance 💎

ဝတ်ဆင်ပြီးတိုင်း Microfiber Cloth ဖြင့် အသာအယာ သုတ်ပေးခြင်းဟာ အဆီ၊ ချွေးနှင့် ဖုန်မှုန့်များကို ဖယ်ရှားပေးပြီး သဘာဝတောက်ပမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ပိုမိုသန့်ရှင်းစေရန် လိုအပ်ပါက ရေနွေးနွေးနှင့် Mild Soap အနည်းငယ်ကို အသုံးပြုပြီး နူးညံ့တဲ့ Brush ဖြင့် ဂရုတစိုက် သန့်ရှင်းပေးပြီး ရေသန့်ဖြင့် ဆေးကြောကာ အဝတ်ပျော့ဖြင့် ခြောက်သွေ့အောင် သုတ်ပေးပါ။

05 | Every Gemstone Deserves Individual Care 💎

ကျောက်မျက်ရတနာတိုင်းတွင် သဘာဝဖွဲ့စည်းပုံနှင့် ဂုဏ်သတ္တိများ မတူညီကြပါ။

✨• Pearl နှင့် Opal တို့သည် ဓာတုပစ္စည်းများကို ထိခိုက်လွယ်ခြင်းကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

✨• Emerald သည် သဘာဝအက်ကွဲလေးများ ပါဝင်တတ်တဲ့အတွက် Ultrasonic Cleaner နှင့် အပူချိန်ပြောင်းလဲမှုများကို ရှောင်ကြဉ်သင့်ပါတယ်။

✨• Diamond, Ruby နှင့် Sapphire တို့သည် မာကျောသော်လည်း အချင်းချင်း ထိတွေ့ပွတ်တိုက်ပါက ခြစ်ရာများ ဖြစ်ပေါ်နိုင်သဖြင့် သီးသန့်သိမ်းဆည်းရန် အကြံပြုအပ်ပါတယ်။

စစ်မှန်သော Luxury ဆိုသည်မှာ ဝတ်ဆင်သည့် အခိုက်အတန့်တွင်သာ တောက်ပနေခြင်း မဟုတ်ဘဲ …

အချိန်ကာလကြာမြင့်ပြီးနောက်မှာလည်း မပြောင်းလဲတဲ့ အလှတရားနဲ့ တန်ဖိုးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။

✨Every piece tells a story.
Care for it, and let its brilliance live for generations.✨

✨ Birthstone – ကျောက်တစ်လုံးထက် ပိုတဲ့ အဓိပ္ပာယ် ✨တချို့လူတွေအတွက်က ကျောက်မျက်ရတနာဆိုတာ လှပတဲ့ Accessories တစ်ခုပါပဲ။ဒါပ...
30/06/2026

✨ Birthstone – ကျောက်တစ်လုံးထက် ပိုတဲ့ အဓိပ္ပာယ် ✨

တချို့လူတွေအတွက်က ကျောက်မျက်ရတနာဆိုတာ လှပတဲ့ Accessories တစ်ခုပါပဲ။

ဒါပေမယ့် တချို့လူတွေအတွက်ကတော့…

မွေးလကို ကိုယ်စားပြုတဲ့ Birthstone ဟာ ကိုယ့်ရဲ့ အမှတ်တရတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ မိသားစုရဲ့ ဆုတောင်းတွေနဲ့ ဘဝရဲ့ အရေးကြီးဆုံးအချိန်တွေကို သိမ်းဆည်းထားတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။

✨မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တဲ့ Birthstone…

✨ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုဖို့ ဝယ်ခဲ့တဲ့ Birthstone…

✨ချစ်ရသူဆီက အမှတ်တရအဖြစ် ရရှိခဲ့တဲ့ Birthstone…

ကျောက်တစ်လုံးချင်းစီမှာ ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ် ရှိနေတတ်ပါတယ်။

ရိုးရာယုံကြည်ချက်များအရ Birthstone တိုင်းမှာ…

✨ကံကောင်းခြင်း

✨မျှော်လင့်ချက်

✨သတ်တိ

✨ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတို့ကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်တွေ ရှိတယ်လို့ ဆိုကြပါတယ်။

ကျောက်တစ်လုံးက ပေးနိုင်တဲ့ စိတ်ခွန်အားနဲ့ အမှတ်တရတွေကတော့ တကယ်တန်ဖိုးရှိပါတယ်။

💎မိမိမွေးလအလိုက် ကျောက်မျက်တို့ရဲ့ အဓိပ္ပာယ်နဲ့ စွမ်းအား …

မွေးလ - January
Birthstone - Garnet
အဓိပ္ပာယ် - သစ္စာရှိမှု၊ သတ္တိ၊ မိတ်ဆွေကောင်း
ရိုးရာယုံကြည်ချက်အရ စွမ်းအား - အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ ခွန်အားနှင့် ယုံကြည်မှုတိုးစေခြင်း

မွေးလ - February
Birthstone - Amethyst
အဓိပ္ပာယ် - ဉာဏ်ပညာ၊ ငြိမ်းချမ်းမှု
ရိုးရာယုံကြည်ချက်အရ စွမ်းအား - စိတ်ဖိစီးမှု လျော့ပါးစေခြင်း၊ စိတ်တည်ငြိမ်မှု မြှင့်တင်ပေးခြင်း


မွေးလ - March
Birthstone - Aquamarine
အဓိပ္ပာယ် - ရဲရင့်မှု၊ ရိုးသားမှု၊ ငြိမ်းချမ်းမှု
ရိုးရာယုံကြည်ချက်အရ စွမ်းအား - ဆက်သွယ်ရေးကောင်းမွန်စေခြင်း၊ စိတ်အေးချမ်းစေခြင်း

မွေးလ - April
Birthstone - Diamond
အဓိပ္ပာယ် - သန့်ရှင်းမှု၊ ထာဝရချစ်ခြင်း၊ အောင်မြင်မှု
ရိုးရာယုံကြည်ချက်အရ စွမ်းအား - စိတ်ဓာတ်ကြံ့ခိုင်စေခြင်း၊ အကာအကွယ်ပေးခြင်း

မွေးလ - May
Birthstone - Emerald
အဓိပ္ပာယ် - မေတ္တာ၊ ကြီးပွားမှု၊ မျှော်လင့်ချက်
ရိုးရာယုံကြည်ချက်အရ စွမ်းအား - နှလုံးသားကို ဖွင့်ပေးခြင်း၊ သဟဇာတဖြစ်စေခြင်း

မွေးလ - June
Birthstone - Pearl / Moonstone / Alexandrite
အဓိပ္ပာယ် - သန့်ရှင်းမှု၊ အလိုက်သင့်ပြောင်းလဲနိုင်မှု
ရိုးရာယုံကြည်ချက်အရ စွမ်းအား - စိတ်ခံစားချက် ညီမျှစေခြင်း၊ အတွင်းစိတ်ကို အားပေးခြင်း

မွေးလ - July
Birthstone - Ruby
အဓိပ္ပာယ် - ချစ်ခြင်းမေတ္တာ၊ စိတ်အားထက်သန်မှု
ရိုးရာယုံကြည်ချက်အရ စွမ်းအား - အသက်စွမ်းအား၊ ယုံကြည်မှုနှင့် ခေါင်းဆောင်မှု တိုးစေခြင်း

မွေးလ - August
Birthstone - Peridot / Spinel
အဓိပ္ပာယ် - ကြွယ်ဝမှု၊ ပျော်ရွှင်မှု
ရိုးရာယုံကြည်ချက်အရ စွမ်းအား - အဆိုးမြင်စိတ် လျော့ပါးစေခြင်း၊ ကံကောင်းမှုကို ဆွဲဆောင်ပေးခြင်း

မွေးလ - September
Birthstone - Sapphire
အဓိပ္ပာယ် - သစ္စာ၊ ဉာဏ်ပညာ၊ သမာဓိ
ရိုးရာယုံကြည်ချက်အရ စွမ်းအား - စိတ်အာရုံစူးစိုက်မှု တိုးစေခြင်း၊ ဉာဏ်ပညာကို မြှင့်တင်ပေးခြင်း

မွေးလ - October
Birthstone - Opal / Tourmaline
အဓိပ္ပာယ် - ဖန်တီးနိုင်စွမ်း၊ မျှော်လင့်ချက်
ရိုးရာယုံကြည်ချက်အရ စွမ်းအား - အပြုသဘောစိတ် တိုးစေခြင်း၊ တီထွင်ဖန်တီးနိုင်မှုကို လှုံ့ဆော်ပေးခြင်း


မွေးလ - November
Birthstone - Topaz / Citrine
အဓိပ္ပာယ် - ကြွယ်ဝမှု၊ အောင်မြင်မှု၊ ဝမ်းမြောက်ခြင်း
ရိုးရာယုံကြည်ချက်အရ စွမ်းအား - စိတ်အားတက်ကြွစေခြင်း၊ ယုံကြည်မှုနှင့် ချမ်းသာကြွယ်ဝမှုကို ဆွဲဆောင်ပေးခြင်း

မွေးလ - December
Birthstone - Turquoise / Tanzanite / Zircon
အဓိပ္ပာယ် - ကာကွယ်မှု၊ ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်
ရိုးရာယုံကြည်ချက်အရ စွမ်းအား - ခရီးသွားဘေးကင်းစေခြင်း၊ စိတ်တည်ငြိမ်စေခြင်း၊ ကံကောင်းမှုကို ဆောင်ကြဉ်းပေးခြင်း

💎 သင့်ရဲ့ Birthstone ကရော ဘာကျောက်လေးဖြစ်မလဲ… 😍

✨ Your birth month. Your story. Your timeless gem. ✨

Address

NOK
Yangon

Alerts

Be the first to know and let us send you an email when 27 GEMs Diamonds & Fine Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share