CHARA Jewelry

CHARA Jewelry At CHARA, you can create a lifetime of meaningful jewelry for yourself and your loved one 💚

22/07/2026

Natural Garnet လေးနဲ့ ငွေထည် tennis bracelet အော်ဒါလေးတွေရှိလို့ ကျောက်လေးတွေ ထပ်ဝယ်ထားတာ ဒီအရည်လေးနဲ့ ၂ ကြိုးရပါဦးမယ်နော် ။
ငွေထည်တွေ ကအလဲအရောင်းမရပါဘူးရှင့် ✨

09/07/2026

Design ဆန်းပြီး သဘာဝကျောက်မျက်အစစ်လေးတွေကို ငွေထည်နဲ့ ခတ်ထားတဲ့ နားဆွဲလေး ၄ စုံနဲ့ bracelet လေးတခု ဒီ video ထဲမှာ ပြထားပါတယ်ရှင့် ✨💎
ငွေထည်လေးတွေက အလဲ/အရောင်း မရပါဘူးနော် 🤗 အော်ဒါ လက်မခံပါဘူးရှင့် ။

မိုးတွေများတဲ့ June လထဲကို ရောက်လာပြီနော် 🌧️ June လရဲ့ birthstone လေးကတော့ ပုလဲပါ 🤍 အသိဥာဏ်ကြွယ်ဝခြင်း ကံကောင်းခြင်း သန်...
01/06/2026

မိုးတွေများတဲ့ June လထဲကို ရောက်လာပြီနော် 🌧️
June လရဲ့ birthstone လေးကတော့ ပုလဲပါ 🤍
အသိဥာဏ်ကြွယ်ဝခြင်း ကံကောင်းခြင်း သန့်စင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ တွေကို ကိုယ်စားပြုတဲ့ ပုလဲရတနာ လေးတွေကို ဒီလ မွေးနေ့ရှင်တွေထဲက ၃ ယောက်ကို လက်ဆောင်ပေးချင်လို့ comment မှာ June Born တွေက ကိုယ့်မွေးနေ့လေးတွေ ရေးသွားပေးပါဦးနော် 🤍✨

လက်ဆောင်ရတဲ့သူတွေကို June 5 ရက်နေ့ သောကြာနေ့ ညနေ ၆ နာရီမှာ post လေးတင်ပြီးကြေငြာပေးပါ့မယ်ရှင့် 🫶🏻🤩

28/05/2026

မြတ်နိုးရတဲ့ ကောင်မလေးအတွက် Singapore ကနေ မှာယူပေးတဲ့ အော်ဒါထည်လေး 🤩💜
Thank you for letting us be a part of your Jewelry Collection 💎 God Bless You 😇

Fb page - CHARA Jewelry နဲ့ Phone No 09421009727 ကနေ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့် 💚

29/04/2026

CHARA(ခါရား) ရဲ့ ကိုယ်ပိုင် design အသစ် Jinghpaw Collection 1️⃣ ထွက်ပါပြီရှင် ✨💚
ဖားကန့်မြေကထွက်တဲ့ ကမ္ဘာကျော် ကျောက်စိမ်းကို ကချင်ရိုးရာ pattern တွေနဲ့ တွဲဖက်လိုက်တဲ့အခါ သူမတူတဲ့ အလှကို မြင်ရမှာပါ 🤩
စျေးနှုန်းနှင့် အသေးစိတ်ကို messenger ကနေ မေးမြန်းနိုင်ပါတယ်ရှင့် ✨

✨စိန်ချစ်သူများအတွက်✨April Birthstone 💎 💎 စိန်ဆိုတာ "Carbon" ဒြပ်စင်လေးတွေနဲ့ ဖွဲ့စည်းထားပေမယ့် ကမ္ဘာပေါ်မှာ အမာဆုံးနဲ့ ...
20/04/2026

✨စိန်ချစ်သူများအတွက်✨April Birthstone 💎

💎 စိန်ဆိုတာ "Carbon" ဒြပ်စင်လေးတွေနဲ့ ဖွဲ့စည်းထားပေမယ့် ကမ္ဘာပေါ်မှာ အမာဆုံးနဲ့ တန်ဖိုးအရှိဆုံး ရတနာတစ်ပါးပဲ ဖြစ်ပါတယ်။ စိန်တစ်လုံးရဲ့ တန်ဖိုးနဲ့ အလှတရားကို ဆုံးဖြတ်ပေးတဲ့ လျှို့ဝှက်ချက်တွေထဲကမှ ဒီနေ့မှာတော့ "Color" အကြောင်းကို ပြောပြပေးသွားမယ်နော်။ ✨

💎 Colorless diamond လို့ခေါ်တဲ့ အရောင်မပါတဲ့စိန်တွေရဲ့ အရောင်ကို GIA စံနှုန်းအရ D ကနေ Z အထိ အခုလို သတ်မှတ်ထားကြပါတယ်။

💎 D, E, F Color (Colorless)
ဒီ grade ထဲမှာပါဝင်တဲ့ စိန်တွေကတော့ အပြစ်ပြောစရာမလိုအောင် ရှားပါးပြီး ဈေးနှုန်းကလည်း အမြင့်ဆုံးမှာ နေရာယူထားတာပဲ ဖြစ်ပါတယ်။

💎 G, H, I, J (Near Colorless )
သာမန်မျက်စိနဲ့ကြည့်ရင် အရောင်မရှိသလိုထင်ရပေမဲ့ သေချာစိုက်ကြည့်မှသာ အဝါဘက်ကို အနည်းငယ်သန်းတာကို တွေ့ရမှာပါ။ဒါပေမဲ့ စျေးနှုန်းသင့်တော်တဲ့အတွက် လူကြိုက်များတဲဲ့ grade တွေပဲ ဖြစ်ပါတယ်။

💎 K to Z (Faint to Light )
ဒီ grade တွေမှာတော့ အဝါ ဒါမှမဟုတ် အညိုရောင်သန်းတာကို သိသိသာသာ မြင်တွေ့ရမှာပါ။ ဝတ်ဆင်ဖို့အတွက်ဆိုရင်တော့ မင်မင်က ဒီအဆင့်တွေကို ဝယ်ဖို့ သိပ်အားမပေးပါဘူးရှင့်။

💡 စကားမစပ် ဒါလေးတော့ သတိထားဦးနော်!
စိန်ရဲ့ "သန့်စင်မှု" က အရောင် (Color) ပေါ်မှာ မူတည်ပေမယ့် စိန်ရဲ့ cut ကောင်းဖို့ကလည်း အရေးကြီးပါသေးတယ်နော် ။

💍 ကိုယ်လုပ်မယ့် ရွှေထည်အရောင်နဲ့ လိုက်ဖက်တဲ့ စိန်အရောင်ကို ရွေးချယ်တတ်ဖို့လည်း လိုပါတယ်နော် ။ Colorless diamond ဆိုရင် white gold , အရောင်နည်းနည်းပါတာဆိုရင် yellow gold or pink gold တို့ကို ရွေးချယ်ပြီး ဝတ်ဆင်လို့ရပါတယ် ။

💚 နောက်ထပ် စိန်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ထပ်ပြီးတော့ တင်ပေးသွားဦးမှာမို့လို့ Page လေးကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!💚

CHARA Jewelry ရဲ့ မြန်မာ့နှစ်သစ်ကူးဆုတောင်းစကား ✨🤗
17/04/2026

CHARA Jewelry ရဲ့
မြန်မာ့နှစ်သစ်ကူးဆုတောင်းစကား ✨🤗

April 20 ရက်နေ့မှ ပြန်ဖွင့်ပါမယ်ရှင့် 💛
12/04/2026

April 20 ရက်နေ့မှ ပြန်ဖွင့်ပါမယ်ရှင့် 💛

ဒီလက April လလေးဖြစ်တာမို့ Aprilလ မွေးနေ့ရှင်များရဲ့ Birthstone အကြောင်းကို ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်ရှင့်။🥰April လရ...
03/04/2026

ဒီလက April လလေးဖြစ်တာမို့ Aprilလ မွေးနေ့ရှင်များရဲ့ Birthstone အကြောင်းကို ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်ရှင့်။🥰

April လရဲ့ Birthstone ကတော့ Diamond (စိန်) ဖြစ်ပါတယ် 💎

💎 စိန်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီယုံတမ်း စကားနဲ့ ယုံကြည်ယူဆချက် များစွာရှိပါတယ်။ ရှေးခေတ် ဂရိလူမျိုးများဆိုရင် စိန်ဟာ ကမ္ဘာကို ပြိုကျလာတဲ့ ကြယ်များရဲ့အခွဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်✨

💎 လူအများစုက စိန်ဆိုရင် အဖြူရောင် သို့မဟုတ် အရောင်မရှိဘူးလို့ ထင်ကြပေမယ့် တကယ်တော့ စိန်တွေမှာ အဝါ၊ အညို၊ မီးခိုး၊ အပြာ၊ ပန်းရောင်၊ အစိမ်း၊ အနက် စတဲ့ အရောင်အသွေး စုံလင်စွာ ရှိပါတယ်။ အထူးသဖြင့် အပြာ၊ ပန်းရောင်၊ အစိမ်းလို့ အရောင်တွေကတော့ တန်ဖိုးမြင့်ပြီး တွေ့ရဖို့လည်း ရှာ:ပါတယ်။

💎 စိန်ဟာ ကမ္ဘာမြေရဲ့ မြေဆီလွှာ အတွင်းဘက် နက်ရှိုင်းတဲ့နေရာများမှာ အပူနဲ့ ဖိအားမြင့်မားမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ကမ္ဘာပေါ်မှာ အမာကျောဆုံး တွင်းထွက် ကျောက်မျက် တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။စိန်ရဲ့မာခြင်းအဆင့်: ၁၀ (Mohs Scale)ရှိ တဲ့အတွက် ကြောင့် နေ့စဥ် ဝတ်ဆင်ဖို့အတွက် အဆင်ပြေပါတယ်ရှင့်။

💎စိန်ကို ထာဝရချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် လက်ခံထားကြတဲ့အတွက် မင်္ဂလာဆောင်လက်စွပ်များနှင့် စေ့စပ်လက်စွပ်များတွင် စိန်ကို အများဆုံး အသုံးပြုကြတာပဲ ဖြစ်ပါတယ်။💍🥰

💎 ဒါကြောင့် April လဖွား မွေးနေ့ရှင်များအတွက် စိန်ဟာ Birthstone တစ်ခုသာမကဘဲ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနှင့် တန်ဖိုးထားမှုကို ဖော်ပြနိုင်တဲ့ အကောင်းဆုံး လက်ဆောင် တစ်ခုလည်း ဖြစ်ပါတယ်နော်။

ဒါလေးကတော့ April မွေးနေ့ရှင်တို့ ရဲ့ Birthstone အကြောင်းလေးကို ဝေမျှသွားတာ ဖြစ်ပါတယ်ရှင့်။ နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုလည်း အပတ်စဥ် တင်ပေးနေတာမို့လို့ page လေးကို follow ထားပေးပါဦးနော် 💚✨

Address

Yangon

Website

Alerts

Be the first to know and let us send you an email when CHARA Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share