Mogok Lu Lu Jewel

Mogok Lu Lu Jewel Mogok Natural Beautiful Gems Selling 💎
General Knowledge of Gems Sharing🖋
International Jewel Design Sharing 💍

23/08/2026

💁💎 ကျောက်တပွင့်ဝယ်ယူရာတွင် ဂရုပြုရမည့် အချိန်ပဏာများ 🌅☀️🌤️

1. နံနက် 6 နာရီ မှ 8 နာရီ ( မဝယ်သင့်သောအချိန် )
အလင်းရောင်ရသော်လဲ နေရောင်ကောင်းကောင်းမရသေးသောကြောင့် ပဏာအုံ့နေလို့ အရောင်းအဝယ်မလုပ်သင့်သေးပါ။

2. နံနက် 8 နာရီမှ နေ့ခင်း 12 နာရီ (ဝယ်သင့်သောအချိန် )
အလင်းရောင်ရပြီး နေရောင်လဲကောင်းစွာရသောကြောင့် ပဏာကောင်းပြီး လိုတိုးပိုလျှော့လေးချိန်ပြီး ဝယ်ယူသင့်ပါတယ်။

3. နေ့ခင်း12နာရီမှ 1နာရီအချိန်ကတော့ အလင်းစူးပြီး နေရောင်ပြင်းတဲ့အချိန်ရောက်တဲ့အတွက် ပဏာစူးလို့ နားချိန် ဖြစ်ပါတယ်။

4. နေ့ခင်း 1နာရီမှ ညနေ 5 နာရီအထိ ( ပဏာကောင်း နေရောင်ရ အလင်းရှိတဲ့အတွက်
ဝယ်ယူသင့်သောအချိန် ) ဖြစ်ပါတယ်။

5. ညနေ 5 နာရီမှ 7 နာရီအချိန်ထိ ( မဝယ်သင့်သောအချိန် ) အလင်းရှိဆဲဖြစ်သော်လဲ နေအားနည်း ပဏာအုံ့ချိန်ဖြစ်တဲ့အတွက်ကြောင့် အရောင်းအဝယ်မလုပ်သင့်သောအချိန် ဖြစ်ပါတယ်။

💁🌤️ ဒီလို အချိန်သတ်မှတ်ချက်တွေကတော့ အပြင်ဈေးကွက်ထဲမှာ ကိုယ်တိုင်ဝယ်ရောင်းလုပ်တဲ့အခါ သိထားရမယ့် အချိန်တွေပဲဖြစ်ပါတယ်။

📝Admin ကျောက်မျက်သင်တန်းတက်ခဲ့ဖူးသော GGA (The Genuine Gems Associates)သင်တန်းမှ 🙏 ဆရာကြီး ဦးအောင်ကို 🙏 ကိုယ်တိုင်သင်ကြားပြသပေးခဲ့သော အဖိုးတန် စကားစုများနဲ့ 👨‍🏫

💎 Admin Lu မွေးဖွားရာဇာတိဖြစ်တဲ့ မိုးကုတ်မြို့မှာနေထိုင်ပြီး ကျောက်လုပ်ငန်း လုပ်ကိုင်ခဲ့ကြတဲ့ မင်မင်တို့ရဲ့ မျိုးရိုးစဉ်ဆက် 🤶🕵️ ရှေးလူကြီးကျောက်ကုန်သည်များထံမှ တဆင့် ကြားသိသင်ယူခဲ့သမျှတွေကို မှတ်မိသလောက် ပြန်လည်မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်ရှင် 📝

💁💎🕵️ Knowledge Sharing by ~

👩‍💻Mogok Lu Lu Jewel
📍Yangon ,Myanmar

20/08/2026

🙋မင်မင်အခုတလော အပြင်မှာ အလုပ်များနေလို့ ပိုစ့်တွေမတင်ဖြစ်တာပါ ....ဘယ်သူတွေမျှော်နေကြသေးလဲရှင့်

တခါတလေ လူအားရင်စိတ်မအား ...စိတ်အားတော့လူမအားနဲ့မို့ page ကိုပစ်ထားမိတာ မကြာခဏပဲနော်

ဒီနေ့တော့ အပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက သွားတဲ့ 🌹💐 curving ပန်းအလှလေးတွေ လာတင်ပေးတာပါ ...အပျင်းပြေလေး ဝင်ကြည့်ပေးကြပါအုံး...

ကြည့်နေရင်းနဲ့ ဒါမျိုး‌လေးတွေရော တခြားမတူညီတဲ့ 🍁🌿 ပန်းကနုတ်နဲ့ သစ်ရွက်အလှလေးတွေရော လိုချင်စိတ်ဖြစ်လာရင် မင်မင်လုဆီမေးပါရှင့် 😊




12/08/2026

🧚✨ Fairy Golden Hair ✨
🧚သိပ်လှတဲ့ နတ်သမီး‌ရွှေမျှင်ဝင်ကျောက်‌သစ်လေးတပွင့်ကို
မိတ်ဆက်ပေးလိုက်ပါပြီနော်

✨ သူ့နာမည်လေးက သိပြီးကြမှာပါနော် အရင်ပိုစ့်တွေမှာလဲ တွေ့ဖူးကြမှာပါ 🧚 ထပ်တရာရွှေမျှင်ဝင်ကျောက်လို့ခေါ်တဲ့

✨ Rutilated golden topaz ✨
Wt ~ 20.44 cts ရှိပြီး စိန်လောက်နီးပါးမာဆင့်ရှိလို့ သူ့ပွင့်အားက ဖျတ်ဖျတ်ခါ ပွင့်လက်နေတာပဲ ...အတွင်းမှာလဲ သဘာဝတရားရဲ့ လက်ဆောင်အဖြစ် ရွှေရောင်အပ်ချောင်းမျှင်လေးတွေပါနေတဲ့အတွက် တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်လို့မဝတဲ့ နတ်သမီးကျောက်လေးပေါ့ရှင် 🧚✨

💰အများကြီးညွှန်းနေပေမယ့် ဈေးမများစေရဘူးနော် 💰အနည်းဆုံးဈေး နဲ့ပဲရောင်းပေးပါမယ်ရှင်

🧚✨🍀

#ထပ်တရာရွှေမျှင်ဝင်ကျောက် #နတ်သမီးဆံချည်မျှင် ゚viralシ

08/08/2026

🙋ဟိတ် ...မင်မင်လု မနေ့က ရောက်ခဲ့တဲ့ Lotte Hotel မှာကျင်းပနေတဲ့ YGJF 2026 International gems& Jewellery ပွဲမှာ မင်မင် မှတ်တမ်းတင်ရိုက်ခဲ့သမျှတွေကို ပြန်ပြီး တင်ပေးလိုက်တယ်‌နော် 🎥📸 မင်မင်လုပုံရှာကြည့်လိုက် ဘယ်နေရာမှာတွေ့
လိုက်လဲဆိုတာ 😊

🏪2018 နဲ့ 2020 တုန်းက ဒီလိုပွဲကြီးမှာ ကိုယ်တိုင် ဆိုင်ဖွင့်ရောင်းခဲ့တာလေးလဲ လွမ်းမိတယ်ကွယ် ....အခုတော့ ဆိုင်မဖွင့်ဖြစ်တော့ပေမယ့် ကျောက်ပြပွဲတိုင်း မလွတ်တမ်း သွားပြီး ကျောက်တွေကြည့်ရမှ ကြိုက်တာတွေ့ရင်လဲဝယ်လိုက်ရမှ ကွကိုယ် ကျောက်သမားပီသတယ်လို့ တွေးမိပြီး ကျေနပ်နေသူလေးပါရှင့် 😊

🤔ကိုယ်တိုင်မရောက်ဖြစ်ကြပေမယ့် မင်မင်တင်ပေးတာလေးကြည့်ပြီး တစုံတခုသော အတွေးအမြင်‌လေးတွေ ကိုယ်စီရရှိနိုင်ကြပါစေနော် 🍀

🎖️🎀✨





06/08/2026

💎💛 ကျောက်အမျိုးအစားတူတာလေးတွေက 4 ပွင့်နဲ့ မတူတာလေး တပွင့်ကို အတူတူ ယှဉ်တွဲပြီး တင်ဆက်ပေးထားပါတယ် 💛💎 အမျိုးအစားမတူပေမယ့် ပွင့်အားနဲ့ အရွယ်လေးတွေက နီးစပ်မှုရှိပြီး မျက်စိပသာဒဖြစ်နေတာနဲ့ အခုလိုလေး တင်ဖြစ်သွားတာပေါ့ကွယ် 🤩
⚖️ Weight လေးတွေက တပွင့်ကို ကျော်ဝန်းကျင်တွေရှိပြီး 💰တန်ဖိုးတွေကတော့ တပွင့်ကို #350000အောက်မှာ ရောင်းပေးမှာမို့ ကြိုက်တဲ့အပွင့်လေးတွေကို detail လေးမေးပေးနော် 😊
💁ဘာကျောက်လေးတွေလဲဆိုတော့ #ထပ်တရာရွှေမျင်ဝင်ကျောက် နဲ့ လို့ခေါ်တဲ့ #အကွာမရင်းအပြာဖျော့ ကျောက်တွေပါ 💎💛

မအားရင်ပိုစ့်မတင် 🤭 ပျင်းရင်လဲပိုစ့်မတင် 🤭 အာရုံမရရင်လဲပိုစ့်မတင်တဲ့ မင်မင်လုရဲ့ come back လေးတဖြတ် 🤩







27/07/2026

🌊ဘယ်သူတွေ ဘယ်လိုdesign နဲ့ပဲ ခတ်ဝတ်ကြပါစေ ဝတ်တဲ့သူတိုင်းကို အလန်းလွန် အလွန်လန်းသွားစေမယ့် သိပ်လှတဲ့🌊aqua sea blue colour လေး...အရွယ်ကလဲ ဆွဲသီး လက်စွပ် ကြိုက်ရာခတ်💎 ခန့်ထည် ဝင့်ကြွားစေမယ့်
⚖️ 6.68 cts size

💰Price ~ 750,000 Ks အရမ်းကြိုက်ပြီး တကယ် ဝယ်ချင်နေတဲ့သူတယောက်လောက်ရှိရင်ရပါပြီလေ ...တ‌ကယ်ဝယ်မယ်ဆိုရင် #အချစ်ဈေး လေးနဲ့ ရောင်းပေးမှာပေါ့ 🤩

#ပင်လယ်ပြာ

💰အတန်ဆုံးဈေး~ 𝟑𝟐𝟎,𝟎𝟎𝟎 𝒌𝒔 💰 ပျမ်းမျှ size  တပွင့်ကို 3မတ်အရွယ်ရှိတဲ့  အလှလေးတွေ ✨𝟏𝟒 𝒑𝒔 ~ 𝟗.𝟖𝟔 𝒄𝒕𝒔 ဒီတခါတော့ စာတွေအများကြီ...
24/07/2026

💰အတန်ဆုံးဈေး~ 𝟑𝟐𝟎,𝟎𝟎𝟎 𝒌𝒔 💰

ပျမ်းမျှ size တပွင့်ကို 3မတ်အရွယ်ရှိတဲ့
အလှလေးတွေ ✨

𝟏𝟒 𝒑𝒔 ~ 𝟗.𝟖𝟔 𝒄𝒕𝒔

ဒီတခါတော့ စာတွေအများကြီးရေးမနေချင်တော့လို့ လိုရင်းတိုရှင်းပဲ တင်ပေးလိုက်ပါတယ်ရှင်



🙋 Hello, မင်မင်လုရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ စဖွင့်လိုက်တဲ့ Mogok Lu Lu Jewel 💎 TikTok အကောင့်အသစ်လေးဖြစ်ပါတယ်ရှင့် 🍀မ...
24/07/2026

🙋 Hello, မင်မင်လုရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ စဖွင့်လိုက်တဲ့ Mogok Lu Lu Jewel 💎 TikTok အကောင့်အသစ်လေး
ဖြစ်ပါတယ်ရှင့် 🍀

မင်မင့် page follower တွေထဲက အကောင့်ရှိတဲ့သူလေးတွေလဲ Tt မှာလဲ follow လုပ်ပေးထားပါနော်✌️VPN တွေချိတ်ဖို့ ခက်နေရင် TikTok ဘက်ကနေ အချိန်မရွေးကြည့်ပြီး contact မပြတ်အောင်ပေါ့နော်

သူများတွေက လွန်ခဲ့တဲ့နှစ်တွေကတည်းက VPN အခက်အခဲတွေကြောင့် Tt ဘက်ပြောင်းထားကြပေမယ့် ဒီမင်မင်ကတော့ အာရုံများမစိုးလို့ဆိုပြီး မဖွင့်ချင်ခဲ့ဘူးလေ 😌

အခုကျမှ ကိုယ်တိုင်လဲ တခါတလေ VPN ချိတ်ရတာ အဆင်မပြေတဲ့ရက်တွေရှိလာလို့ မဖွင့်မနေ ထဖွင့်လိုက်ရတာ... တကယ်က fb page လေးသာ ကိုယ့်အတွက် တည်တည်ငြိမ်ငြိမ်လေးနဲ့ အဆင်ပြေဆုံးလေးပါ 😊
အခုတလောတော့ VPN က အရမ်းအဆင်ပြေနေပြန်ပြီ😄

ကဲ... ဘယ်လိုပဲဖြစ်ဖြစ်ပါလေ Tt acc ဖွင့်ရကျိုးလေးနပ်အောင် ဝန်းရံပေးကြပါအုံးလိုစ့် 🥰

.lu.lu.jewel 22 Followers, 8 Following, 97 Likes - Watch awesome short videos created by Mogok Lu Lu Jewel

💙 Quality Big size Mogok natural Sapphire Cabochon 💙နီလာလုံးချောလို့ ပြောလိုက်တာနဲ့ အမြဲတမ်း  #ဈေးပေါပါတယ် လို့ မသတ်မှတ်...
19/07/2026

💙 Quality Big size Mogok natural Sapphire Cabochon 💙

နီလာလုံးချောလို့ ပြောလိုက်တာနဲ့ အမြဲတမ်း #ဈေးပေါပါတယ် လို့ မသတ်မှတ်လိုက်ပါနဲ့နော် ...
ကျောက်ရဲ့ အရောင်နဲ့ ကျောက်မျိုးပေါ်မူတည်ပြီးမှ သိန်းဆယ်ပိုင်း/ဆယ်ကြီးပိုင်း/ ရာပိုင်း/ ရာကြီးပိုင်း စသဖြင့် ဈေးအမျိုးမျိုးရှိကြပါတယ် 💁

အခုဒီ‌နီလာလုံးချောကြီးကိုတော့ ပုံထဲမှာ တွေ့ရတဲ့အတိုင်း ရွှေလမင်းကြီးလို #ဝိုင်းစက်ပြီး colour ကလဲ

အရွယ်အားဖြင့်လဲ >>> 11.90 cts

Address

Yangon

Telephone

+959760913939

Website

Alerts

Be the first to know and let us send you an email when Mogok Lu Lu Jewel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share