Medicine for Mind

Medicine for Mind ကျောက်အရည်အသွေးကောင်းမို့ ပစ္စည်းစိတ်ချပါ

"ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး" ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤၁။ သူတစ်ပါးတို့ ရှိခိုးခံထိုက်ခြင်း။ ၂။ စိတ်၏ ရဲရင့် တည်ကြည်ခ...
26/12/2023

"ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

၁။ သူတစ်ပါးတို့ ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၄။ နောင်ဘုရားနှင့် တွေ့သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။ ၆။ သူတစ်ပါးတို့၏ အရိုအသေအပြုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အဂါင်္နှင့် ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့မွှေးခြင်း။
၁၀။ ခံတွင်းအနံ့မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၅။ ရွှင်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၆။ ဆန်းကြယ်သော ဥာဏ်ပညာနှင့် ပြည့်စုံရခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။တို့ဖြစ်ကြပါတယ်။

ကျမ်းမာ၊ချမ်းသာကြပါစေ။

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

26/12/2023

ခင်ပွန်း ဖတ်ဖို့ !
`````````````````````
#မိသားစုအတွက်အပြုံး

#မိန်းမ ရော့မင်းကြိုက်တာဝယ်
ကြိုက်တာသုံးဆိုတဲ့၊
စကားထက်....
မိန်းမ အပြင်အတူသွားကြမယ်လေ
ပြင်ဆင်လိုက်၊
ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့၊
စကား အသုံးပြုမှုလေးက
ပိုနွေးထွေးကျေနပ်စေရတာပါ။

#မိန်းမ စားနှင့်ကွာ ဝမ်းမှမဆုံတာဆိုတဲ့၊
စကားထက်.....
မိန်းမခဏတော့စောင့်ပေးနော်၊
ဗိုက်ဆာပေမယ့်
အလုပ်မပီးသေးလို့ပါဆိုတဲ့၊
စကားအသွားအလာလေးက
ပိုစိတ်ကျေနပ်စေရတာပါ။

#မိန်းမ အိမ်အသုံးစရိတ်က
ကုန်လှချည်လားဆိုတဲ့၊
စကားထက်.....
မိန်းမကုန်စျေးနှုန်း
အခြအနေဘယ်လိုလဲ၊
လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ
မလောက်ရင်ပြောပေါ့ဆိုတဲ့၊
စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုက
ပိုမလာတဲ့ အသုံးစရိတ်နောက်မှာ
စိတ်သက်သာရာ ရစေတာပါ။

#မိန်းမ အချေအတင်မဖြစ်ချင်ဘူးကွာ
ဆိုတဲ့၊စကားထက်.....
မိန်းမ ဘာအလိုမကျတာရှိလည်း
ညှိနှိုင်းကြမယ်ပြောကြည့်ဆိုတဲ့
၁၀မိနစ္စာ
အချိန်ပေးလမ်းဖွင့်မှုက
ပိုအကျိုးသက်ရောက်စေတာပါ။

#မိန်းမ ပင်ပန်းတယ်ကွာ
အဆင်ပြေပြေနေရအောင်ဆိုတဲ့၊
စကားထက်.....
မိန်းမဒီနေ့တော့
ဘယ်လုပ်ငန်း ဘယ်အကြောင်းအရာမှာ
အဆင်ပြေတယ်မပြေဘူးဆိုပီး
သူငယ်ချင်းနဲ့ပြောသလို
ရင်ဖွင့်ချပြောပြလိုက်တာက
နှစ်ဦးနှစ်ဖက်စိတ်အဖုအထစ်
ပြေလျော့စေတာပါ။

#မိန်းမ ပြင်ပြင်ဆင်ဆင်နေစမ်းပါဆိုတဲ့၊
စကားထက်.....
မိန်းမနေကောင်းကျန်းမာရဲ့လား၊
ဘာတွေစိတ်တိုင်းမကျတာရှိလည်းလို့
တစ်လမှာ တစ်ကြိမ်လောက်မေးလိုက်ရင်ကို
စကားများရန်ဖြစ်တယ်ဆိုတာမရှိသလောက်
နည်းပါးလာမှာပါ။

#မိန်းမသားတိုင်းက
ခင်ပွန်းဝေယျာဝစ္စ
၊သားသမီးဝေယျာဝစ္စ၊
မိဘရှိရင်မိဘဝေယျာဝစ္စ၊
အိမ်မှုကိစ္စ၊အကုန်
တာဝန်ယူလုပ်ကိုင်နေရတာမို့
ငွေရှာရုံနဲ့တာဝန်ကျေပီမထင်ပါနဲ့၊
ပြည့်စုံအောင်ထားပေးနိုင်ရုံနဲ့
ပြီးမြောက်ပီမထင်ပါနဲ့၊
လိုလေသေးမရှိဖြည့်ဆည်းပေးရုံနဲ့
မလိုအပ်တာမရှိတော့ဘူးမထင်ပါနဲ့။

#စကားတစ်ခွန်းက
လက်ဆောင်တစ်ခုထက်
ပိုတန်ဖိုးရှိပါတယ်၊
စကားကအားဖြစ်စေတာနေရာ
အတော်များများမှာမို့၊
ကိုယ့်မိသားစုအေးချမ်းမှုဟာ
ကိုယ့်စကားတစ်ခွန်းပေါ်
မူတည်နေတာမေ့မထားပါနဲ့။

#ကိုယ်ပင်ပန်းသလို
တနေကုန်မနားတမ်း
မျက်လုံးထဲချွေးဝင်သည်ထိ၊
ဝေယျာဝစ္စတွေလုပ်နေရတဲ့မှီခိုဇနီးသည်ဟာ၊
သူ့ကိုပြန်မှီခိုနေသူတွေအတွက်
သူ့အပြုံးဟာအရေးပါတာမို့။

#အိမ်ထောင်တစ်ခုမှာ.....
ဘယ်သူက
ဘယ်သူ့ကို
ပိုပြုံးနိုင်စေနေတာလဲ?

Credit
✍️မူရင်းစာရေးသူကိုCrdပေးပါသည်

" ဘဝ လှေခါး ကိုယ်တိုင် တက်ပါ "+++++++++++++++++++ဘဝကို မယိမ်းမယိုင်ချင်ရင် တစ်ကနေ တစ်ဆယ် သွားပါ။ကျော်ချ..... ဝါးချလို့ မ...
05/12/2023

" ဘဝ လှေခါး ကိုယ်တိုင် တက်ပါ "
+++++++++++++++++++
ဘဝကို မယိမ်းမယိုင်ချင်ရင် တစ်ကနေ တစ်ဆယ် သွားပါ။ကျော်ချ..... ဝါးချလို့ မရပါဘူး
သူများ တစ် ပြီးတော့ ငါး ရောက်တာမျိုးတွေ့ရင်လည်း ကျိတ်ပြီး အားမကျပါနဲ့
တစ်ပြီးတော့ ငါး ရောက်တာ သူ့ တို့ ... အမေ လင် က ပေးတာ ဖြစ်မှာပါ
ဘူမသိကိုးမသိနဲ့ ကိုယ် သွားလုပ်ရင် ငါးပါးမက ဘူး ဆယ်ပါးမှောက်သွားတတ်ပါတယ် ...
ကိုယ့်ဘာသာ တစ် ကနေ ရောက်သွားတဲ့ နှစ်က စာကြေလို့ ရောက်သွားတာ ထောင်းလမောင်းကြေပြီမို့ ဘယ်တော့မှ တစ်တန်း ပြန်မဆင်းရပါဘူး ... စာထပ်မရသေးရင် နောက်တစ်ဆင့် ထပ်မတတ်နိုင်တာဘဲ ရှိပါမယ် အောက်မဆင်းရဘူး ... တစ်ကနေ ငါးရောက်တဲ့ လူကတော့ .... အခန့်မသင့်လို့ အခြေပျက်တာ နဲ့ ပင့်တင်ပေးမည့်သူ မရှိတော့တဲ့နေ့ ... အောက်ပြုတ်ကျမှာပါ မတူပါဘူး ..
အလကားရဖို့ မမျှော်လင့်ပါနဲ့ မိမိ ဘာသာ ကြိုးစားပါ ... ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ ယုံကြည် စိတ်မွေးပါ ...
ရိုးသားမှု နဲ့ ကြိုးစားမှုဆိုတာ ဒီနိုင်ငံအတွက်တင် လိုအပ်တဲ့ အရာမျိုးမဟုတ်ပါဘူး ... တကမ္ဘာလုံး ဘယ်ရောက်ရောက် အသုံးတည့်ပါတယ် ...
ငါကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတာကို ယုံကြည်ပါ ...
ကိုယ့် ဘဝ လှေကားထစ်ကို ကိုယ်တိုင် တက်ပါ သူများတင်ပေးတာထက် ပိုမြန်ပါတယ် ...
crd

၂ + ၂ = ဘယ်လောက်လဲ?**************************ဥက္ကဌ ကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး မေးခွန်း တစ်ခုမေးတယ် ။"၂ + ၂ = ၅...
19/09/2023

၂ + ၂ = ဘယ်လောက်လဲ?
**************************

ဥက္ကဌ ကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး မေးခွန်း တစ်ခုမေးတယ် ။

"၂ + ၂ = ၅ မှန်သလား?"

ပထမ မန်နေဂျာက "လုံးဝ တစ်ရာ ရာခိုင်နှုန်း မှန်ပါတယ် ဥက္ကဌကြီး"

ဒုတိယ မန်နေဂျာက "၂ + ၂ မှာ ၁ ထပ်ပေါင်း လိုက်ရင် ၅ မှန်ပါတယ်" လို့ ဖြေတယ် ။

တတိယ မန်နေဂျာက "လုံးဝ မှားပါတယ် ၂ + ၂ = ၄ ရပါတယ်"

နောက်တနေ့ ရုံးတက်ချိန်မှ စပြီး တတိယ မန်နေဂျာကို ရုံးမှာ နောက်ထပ် မတွေ့ရတော့ပေ ။
တတိယ မန်နေဂျာ ကိုမှ ဘာကြောင့် အလုပ်ဖြုတ်လိုက်တာ လဲ ဆိုပြီး ဥက္ကဌ ကြီး လက်ထောက်က စောဒက တက်တယ် ။

ဥက္ကဌကြီးက ရှင်းပြတယ် ။

"ပထမ မန်နေဂျာ က လူလိမ် ဖြစ်တယ် သူ လူလိမ် ဆိုတာလည်း ငါသိတယ်။( ဒါပေမယ့် သူနဲ့ အလုပ် ဖြစ်နိုင်တယ် )"

"ဒုတိယ မန်နေဂျာ က ဥာဏ်ပညာ ရှိတယ်။ သူ ဥာဏ်ပညာ ရှိတာလည်း ငါသိတယ် ( သူလည်း အလုပ်ဖြစ်တယ် )"

"တတိယ မန်နေဂျာက လူမှန် သူ လူမှန် ဆိုတာ ငါသိတယ် (သူကျတော့ လူ့ဂွစာ အရမ်း လက်ပေါက်ကပ် ပြီး ပေါင်းသင်းရခက်မယ် ) ဒါကြောင့် သူ့ကို မလိုအပ်တာ ။

ရှင်းပြပြီးတာ နဲ့ သူ့လက်ထောက်ကို ပါ မေးခွန်း ထုတ်လိုက်တယ် ။

"မင်းရော ဖြေပါအုံး ၂ + ၂ = ၅ မှန်သလား?"

လက်ထောက်က ပျာပျာသလဲနဲ့ "ဆရာကြီး အခုလို ရှင်းပြလို့ သဘောပေါက်သွားတယ်.. ဆရာ့ ပညာ အရမ်း မြင့်တယ် နက်နဲတယ်။
ဆရာ့ လို ပညာရှိ စကားကို တပည့် လို ဘာမဟုတ်တဲ့ ကောင်က ဖွင့်ဆို နိုင်စွမ်း မရှိပါဘူး" ဆိုတော့

ဥက္ကဌ ကြီးက "မင်းက လူလည် လူပါး.. ဘယ်ဘက်က သာလဲကြည့်မယ်..
သာတဲ့ဘက်ကို ပြေးကပ်တတ်တယ်..
( ဒါကြောင့် မင်းလိုလူလဲ ငါ့အတွက် လိုအပ်တယ်.)

ဝမ်းနည်းစရာပဲ ဒါ ဒီခေတ်ရဲ့ လက်ရှိ အခြေအနေပါ ပဲ ။

30/07/2023
အဲကွန်းနဲ့အိပ်တယ်ချွေးမထွက်ဘူးအိပ်လို့ကောင်းတယ်မနက်ကျတော့ လေးလံနေတယ်ဘာလို့လဲသိလား..သွေပျစ်လို့ပါအအေးတွေက ကိုယ်ထဲစိမ့်ဝင်...
30/07/2023

အဲကွန်းနဲ့အိပ်တယ်
ချွေးမထွက်ဘူး
အိပ်လို့ကောင်းတယ်
မနက်ကျတော့ လေးလံနေတယ်
ဘာလို့လဲသိလား..သွေပျစ်လို့ပါ

အအေးတွေက ကိုယ်ထဲစိမ့်ဝင်တာပေါ့
တညလုံး အေးနေတာ
ညဆိုတာ ၁၂ နာရီကျော်တာနဲ့
အပူ ချိန်ပြောင်းပြီ
သွေပျစ်တော့
လူလည်း မကျန်းမာတော့ဘူး ။

အအေးလွှတ်ထားတော့
ချွေးလည်းမထွက်တော့ ဘူး ။

အခိုး ပိတ် သွားပြီ
အခိုး ဆိုတာ မြန်မာ့ပညာရပ်
မှာဘဲရှိပါတယ်။
အနောက်တိုင်းပညာအရ
လုံးဝနားမလည်နိုင်ပါ။
အခိုးပိတ် လို့ ရောဂါ ရ နိုင် ပါတယ်။

ဂျပန် ပညာရှင်သုတေသနအရ
ကိုယ်အနွေးဓာတ်လျော့နည်းခြင်းက
ကိုယ်ခန္ဓါ၏ရောဂါခုခံအားကို
ကျဆင်းစေပါသည်။
ကိုယ်အနွေးဓာတ် သည်
၁ ဒီဂရီ စင်တီဂရိတ်
လျော့ကျသွားတိုင်း
ခုခံအား ၃၀ % အထက်
လျှော့ကျသွားသည်ဟုသိရပါ သည်။

လေဖြတ်ဖို့
လေဖြန်းဖို့
ဆီးချိုသွေချိုဖြစ်ဖို့
အသည်းအဆီ ဖုံးဖို့ လာပြီ

Creditပါ

Address

Thazi

Telephone

+959760865320

Website

Alerts

Be the first to know and let us send you an email when Medicine for Mind posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share