Thiri Shwe Sin Gold, Diamond & Jewellery -သီရိရွှေစင်

  • Home
  • Myanmar
  • Pathein
  • Thiri Shwe Sin Gold, Diamond & Jewellery -သီရိရွှေစင်

Thiri Shwe Sin Gold, Diamond & Jewellery -သီရိရွှေစင် ပစ္စည်းမှန်၊ စျေးတန် ၊Customerစိတ်တိုင်းကျဝန်ဆောင်မှု များပေးနေသော သီရိရွှေစင်

ချစ်ခြင်းမေတ္တာတွေကို...                   စကားလုံးတွေနဲ့ ဖော်ပြဖို့ မလုံလောက်ခဲ့ရင်.....ပန်းလေးတွေ                   လက...
22/05/2025

ချစ်ခြင်းမေတ္တာတွေကို...
စကားလုံးတွေနဲ့ ဖော်ပြဖို့ မလုံလောက်ခဲ့ရင်.....

ပန်းလေးတွေ
လက်ဆောင်ပေးခြင်းနဲ့ ဖော်ကြူးကြတယ်...

တန်ဖိုးထားမြတ်နိုးမှုတွေနဲ့
စေတနာတွေကို ဖော်ကြူးပြသဖို့ အတွက်တော့...

သီရိရွှေစင် ရဲ့....
ဒီလို စိန်လက်စွပ်ဒီဇိုင်းလှလှလေး တစ်ကွင်းထဲနဲ့တောင်

လုံလောက်ပြည့်စုံနေရောပဲ ❣️

Photo.... Natural Diamond Ring

G............3ပဲ 1ရွေး

Dia. ........ 1P...........0.51R.
10Pcs.....0.15R.

Price.......(*******MMK.)

Thiri Shwe Sin, Pathein.
09263345058
09773772685

ချစ်တဲ့သူကို...                လိုလေသေးမရှိ ပြည့်စုံစေဖို့ ....                 စိတ်နှလုံး လုံခြုံ နွေးထွေး စေဖို့....အခ...
22/05/2025

ချစ်တဲ့သူကို...
လိုလေသေးမရှိ ပြည့်စုံစေဖို့ ....
စိတ်နှလုံး လုံခြုံ နွေးထွေး စေဖို့....

အချစ်ဓါတ်တွေ
အကြည်ဓါတ်တွေ
ပျော်ဝင်ကိန်းအောင်းနေတဲ့ ...

Rose Quartz (သူယောင် )
ခေါ်
အချစ်ကျောက်မျက် ရတနာလေး ကို လက်ဆောင်ပေး ဆင်မြန်းစေခြင်းနဲ့ စတင်လိုက်ပါ ❣️❣️

သီရိရွှေစင်

Photo..............Rose Quartz Gold Ring
Rose Quartz..32.565ct.
Gold ............... 3ပဲ 3ရွေး •1

Customized Order
Thankful Mee Mee Aungchan ❣️

Thiri Shwe Sin
Diamond & Jewellery , Pathein.
09263345058
09773772685

Diopside 💚🍀 (မိုးကုတ်မြ)Diopside ဆိုတာ...                       မြ (Emerald) ကဲ့သို့              အစိမ်းရောင်ရှိသော သဘာဝ...
16/05/2025

Diopside 💚🍀 (မိုးကုတ်မြ)

Diopside ဆိုတာ...
မြ (Emerald) ကဲ့သို့
အစိမ်းရောင်ရှိသော သဘာဝတွင်းထွက် ကျောက်တစ်မျိုးပါ...

လှပသော အစိမ်းရင့်ရင့်ထဲမှာမှ
စိမ်းဝါနုရောင်များ
ရောယှက်လက်ဖြာနေလို့ နှစ်သက်ဖွယ်ရာ ထူးခြားတဲ့ မြစိမ်းရောင်ကို တွေ့မြင်ရပါတယ်....

မြန်မာမှာ....
Emerald မြ မထွက်ရှိပေမယ့်
မိုးကုတ်မြို့ရဲ့
အနောက်မြောက်ဖက် ထင်းရှူးတောင်မှာ တူးဖော်ရရှိတဲ့ Emerald ကဲ့သို့ လှပသော...
မြစိမ်းရောင် Diopside ကျောက်လေးကို မိုးကုတ်မြို့ခံ‌‌များက
* မိုးကုတ်မြ * လို့ ခေါ်ဆိုခဲ့ကြပါတယ်...

Diopside ကျောက်လေးရဲ့
ဓါတုဖွဲ့စည်းပုံက....

ကယ်လဆီယမ် မဂ္ဂနီဆီယမ်စီလီကိတ် ဖြစ်ပြီး....

မာဆင့်.... 5 -6
သိပ်သည်းဆ..... - 3.2 - 3.6
အလင်းယိုင်ကိန်း....1.66 -1.77
ဖြစ်ပါတယ်...

Diopside တွေကို ...
💚မြန်မာနိုင်ငံ မိုးကုတ်မြို့
💚ကနေဒါ
💚ဂျာမဏီ
💚အီတလီ
💚ရုရှား
💚ဆွီဒင် နဲ့
💚အမေရိကားတို့မှာ တူးဖေါ်ရရှိနိုင်တယ်လို့ လေ့လာတွေ့ရှိထားတာလေးများကို မျှဝေလိုက်ပါတယ် ရှင်....

Photo .... Natural Diopside
with
Natural Diamond Ring

Gold............8ပဲ 1ရွေး•3
Diopside.... 2.2ct.
Diamond.... 0.73R.

Customized Order
Thankful Sir. Thant ❣️

လှပလွန်းသော      💙မိုးကုတ် နီလာ ရတနာ 💙Photo.... Natural Mogok Sapphire                with               Natural Diamond...
11/05/2025

လှပလွန်းသော
💙မိုးကုတ် နီလာ ရတနာ 💙

Photo.... Natural Mogok Sapphire
with
Natural Diamond Bracelet

Customized Order
Thankful AyeTheint Theint Hnin Aung

Thiri Shwe Sin, Diamond & Jewellery, Pathein.
09263345058
09773772685

မြ ကျောက်ရတနာ💚💚💚💚💚💚မြ ကျောက်ရတနာဟာ ....             အေးချမ်းလှပတဲ့ အစိမ်းရောင် ကျောက်မျက်ရတနာတစ်ပါး ဖြစ်ပါတယ်...ဗုဒ္ဓဟူး...
19/04/2025

မြ ကျောက်ရတနာ
💚💚💚💚💚💚

မြ ကျောက်ရတနာဟာ ....
အေးချမ်းလှပတဲ့ အစိမ်းရောင် ကျောက်မျက်ရတနာတစ်ပါး ဖြစ်ပါတယ်...

ဗုဒ္ဓဟူး သားသမီးများ နဲ့
မေလဖွားတို့အတွက် မင်္ဂလာရှိ‌သော
ကောင်းကျိုးပေးစွမ်းနိုင်သော အဆောင်ကျောက်မျက်လည်းဖြစ်ပါတယ်...

မြ ကျောက်ရတနာဟာ ....
ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့်
အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုးရှိတဲ့
ကျောက်ဖြစ်ပြီး
အပူဒဏ်ကို ခံနိုင်ရည်ရှိကာ
အလွယ်တကူ အရောင်မပြောင်းနိုင်တဲ့ အစွမ်းသတ္တိထူး ရှိပါတယ်...

မြ ဟာ....
အနာအဆာ ပါ၀င်မှုနှုန်းများ‌လေ့ရှိတာကြောင့်
အက်ကြောင်းများ
အမြုပ်များ ပါရှိတတ်ပြီး
လုံး၀အပြစ်အနာကင်းတဲ့ မြကို တွေ့ရဖို့ခဲယဉ်းတယ်လို့လည်း လေ့လာ‌တွ့ရှိရပါတယ်...

အပြစ်အနာကင်းစင်ကာ
ကြည်လင်သန့်ရှင်း လှပပြီး Size ကြီး
ရတီချိန်များတဲ့ မြကျောက် တစ်ပွင့် ရပြီ ဆိုရင်တာ့
သူ့ရဲ့ တန်ဖိုးဟာ စိန်နဲ့ပတ္တမြားကိုတောင် စံချိန်ချိုးနိုင်သွားပါတယ်....

ဟိုးရှေးခေတ်အခါကတော့...
မြ ကို စိန်၊နီလာ၊ပတ္တမြား စသည်တို့လို
အဝိုင်း၊ ဘဲဥပုံ၊ မိုးစက်ပုံများသွေးလေ့မရှိပါဘူး...

အပေါ်စီးကကြည့်လိုက်ရင်
ထောင့်လေးခုကိုသိမ်းထားပေးတဲ့
စတုဂံပုံမျိုးသာ သွေးလေ့ရှိပါတယ်...
(ယခုခေတ်တွင်တော့ ပုံစံအမျိုးမျိုး သွေးလာကြပြီဖြစ်ပါတယ်)

ဒီလိုပုံမျိုးကို
မြကျောက်တစ်မျိုးထဲမှာပဲ အသွေးများလွန်းတာကြောင့်

မြကွက် (Emerald Cut)လို့
ကျောက်လောကမှာခေါ်တွင် ကြပါတယ်...

မြကျောက် ထွက်သော
နိုင်ငံများအဖြစ် ထင်ရှားတဲ့နိုင်ငံများက‌‌ တော့...
အီဂျစ်
ကိုလံဘီယာ
ဘရာဇီး
ဇမ်ဘီယာ
ရုရှားနိုင်ငံရှိ အူရယ်တောင်တန်း
တောင်အာဖရိက ဇင်ဗာဘွေ နဲ့
ပါကစ္စတန်တို့ဖြစ် ပြီး
မြန်မာနိုင်ငံမှာတာ့ မြကျောက် မထွက်ရှိပါဘူး ရှင် ...

ရတနာချစ်မြတ်နိုးသူ
ပညာရှင်များ လောကမှာတော့...
မြကျောက်ရတနာဟာ
ဝတ်ဆင်သူတိုင်းအတွက်....

ချစ်ခြင်းမေတ္တာ

ငြိမ်းအေးခြင်း

ပျော်ရွှင်ခြင်း

ကံကောင်း‌‌ခြင်း

အောင်မြင်ခြင်း

ချမ်းသာကြွယ်ဝခြင်း ...စတဲ့

ကောင်းကျိုးစွမ်းအားတွေကို
ပေးစွမ်းနိုင်တဲ့အတွက် ဝယ်ယူစုဆောင်းသင့်တဲ့
ကျောက်မျက်ရတနာတစ်ပါးအဖြစ် မှတ်ယူ တန်ဖိုးထားကြပါတယ်....

💚💚💚

ဒီလို....
အဆောင်ရတနာပဲ ဖြစ်ဖြစ်
အလှလက်ဝတ်ရတနာပဲ ဖြစ်ဖြစ်
သဘာဝတွင်းထွက်စစ်စစ်လေးတွေကိုမှ
နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်တော့မယ်ဆိုရင်.....

👉 သီရိရွှေစင် 👈 မှာ စိတ်တိုင်းကျ အော်ဒါပေးအပ် မှာယူ ဝတ်ဆင်ကြပါ.....လို့ ဖိတ်ခေါ်လိုက်ပါရစေ😊😊

Photo.... Pendant
(Zambia Emerald with Natural Diamond)

Customized Order
Thankful Phyo Thandar Kyaw ❤️

Thiri Shwe Sin Diamond , Pearl & Jewellery -သီရိရွှေစင် (ပုသိမ်)

09263345058
09773772685

🙏ယုံကြည်နှစ်သက်စွာ ဝယ်ယူအားပေးသူ တစ်ယောက်ချင်းစီတိုင်းကို သီရိရွှေစင် မိသားစုက အထူးကျေးဇူးတင်ရှိပါတယ် ရှင်🙏

ဆန္ဒ နဲ့ ဘဝ            တထပ်ထဲကျဖို့                       ကြိုးစားရတာ မလွယ်ပေမယ့် ....           ကိုယ့် Loyal Customer တ...
18/04/2025

ဆန္ဒ နဲ့ ဘဝ
တထပ်ထဲကျဖို့
ကြိုးစားရတာ မလွယ်ပေမယ့် ....
ကိုယ့် Loyal Customer တွေရဲ့...
လိုချင်တာ နဲ့
လိုအပ်တာကို တထပ်ထဲကျအောင်
ဖန်တီးပေးနိုင်တာကလည်း
ကိုယ့် အလုပ်အပေါ် တာဝန်ကျေခြင်း တစ်မျိုးပဲမို့ ....

ကိုယ့်ကိုယ်ကိုယ်
❣️ ကျေနပ်ရပါတယ်...

ကိုယ်ဖန်တီးပေးထားတဲ့ လက်ဝတ်ရတနာလေးတွေကို ဝတ်ပြီး....

ကြိုက်နှစ်သက်နေတဲ့
ကျေနပ်နေတဲ့ Customer လေး တွေ ရဲ့
အပြုံးမျက်နှာ‌လေးတွေဟာလည်း ....

ကိုယ့်အတွက်တော့ ခွန်အား နဲ့ ပီတိ ပါပဲ....❣️💯✅

လိုချင်တာရှိတိုင်း
Thiri Shwe Sin ဆီပဲ သတိတရ မှာယူအားပေး ဆင်မြန်းကြတဲ့
Loyal Customer များ အားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ် ရှင် ❤️🙏🙏🙏

Photo....Fresh Water Culture
Pearl with Diopside
Necklace & Bangle

Customized Order
Thankful Sky Love

အမျိုးသမီးတစ်ယောက်အတွက်          အရေးပါတဲ့ ကိုယ်ပိုင်သွင်ပြင် Impression သုံးမျိုးထဲမှာ.....✅First Impression က ဝတ်စားဆင...
19/01/2025

အမျိုးသမီးတစ်ယောက်အတွက်
အရေးပါတဲ့ ကိုယ်ပိုင်သွင်ပြင် Impression သုံးမျိုးထဲမှာ.....

✅First Impression က ဝတ်စားဆင်ယင်မှုပါ ...

ကိုယ့်ရဲ့....
ဂုဏ်သရေရှိစွာ
ထည်ဝါ လှပ ကြည်လင် သန့်ပြန့်သော ရိုးရှင်းတဲ့

life style ကို ဖော်ပြပေးပြီး...

ကိုယ်ပိုင်စံနှုန်း Values တွေကို
ပေါ်လွင်ထင်ဟပ်စေမယ့် လက်ဝတ်ရတနာကို ဝတ်ဆင်ဖို့အတွက်တော့....

Thiri Shwe Sin ရဲ့...
ဟောဒီ စိန်ခြယ်လက်စွပ်လေး တစ်ကွင်းထဲနဲ့တင် လုံလောက်နေပါပြီ....

Photo..... Natural Diamond Ring

Gold...... 3ပဲ 6ရွေး တခြမ်း

Di........... 10pcs. 0.705R.

Price ....(*******MMK.)

Thiri Shwe Sin, Pathein.
09263345058
09773772685

Garnet.....ဥဒေါင်ကျောက် **************************Garnet ( ခေါ် ) ဥဒေါင်ကျောက်ဟာ...နှစ် တစ်နှစ်ရဲ့ ပထမဆုံးလ ဖြစ်တဲ့ Janu...
03/01/2025

Garnet.....
ဥဒေါင်ကျောက် **************************

Garnet ( ခေါ် ) ဥဒေါင်ကျောက်ဟာ...
နှစ် တစ်နှစ်ရဲ့ ပထမဆုံးလ ဖြစ်တဲ့ January လ ဖွားလေးများအတွက် မွေးလအဆောင်ကျောက်မျက်တစ်ပါးဖြစ်ပါတယ်...

Garnet Fruit (သလဲသီး / တလည်းသီး)ရဲ့အရောင်ကဲ့သို့ နီရဲစိုရွှမ်းလှပသော အရောင်အဆင်းရှိလို့....
Garnet. လို့ အမည်ခေါ်တွင်ခဲ့ကြပါတယ်...

ကမ္ဘာမှာ BC 3000 ဝန်းကျင်ခန့်ထဲက ဂရိလူမျိုးများ မြတ်နိုးစွာဝတ်ဆင်အသုံးပြုခဲ့ကြတဲ့ ကျောက်မျက်ရတနာတစ်ပါးလည်းဖြစ်ပါတယ်...

Garnet ရဲ့မာခြင်းအဆင့်မှာ
( 7 ) ဖြစ်ပြီး
အနီ
နီညို
မရမ်းနီ
ရွှေလိမ္မော်နီ စသည့်လှပဆွဲဆောင်မှုရှိသော အရောင်များစွာ ရှိပါတယ်...

အဝါရောင် နဲ့ အစိမ်းရောင်လည်း အနည်းငယ် ထွက်ရှိပါတယ်...

မြန်မာနိုင်ငံ မိုးကုတ်ဒေသမှာ အမြောက်အများ ထွက်ရှိပါတယ်...

Garnet ကျောက်ကို
မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်...
အချစ်ခိုင်မြဲခြင်း သင်္ကေတ ချစ်သက်လက်ဆောင် ပေးလေ့ရှိကြလို့
အချစ်ကျောက်မျက်ရတနာ လို့တောင် အသိအမှတ်ပြုကြရပါတယ်...

Garnet ကျောက်မျက်ရတနာဟာ...

1. ဘဝခရီးအတွက် အလင်းရောင်ကို ကိုယ်စားပြုခြင်း
2.ကြောက်ရွံ့မှုကင်းပြီး ရဲရင့်ခြင်း
3.အဆိပ်ဘေး၊မကောင်းသောဘေးဒဏ်များမှ ကင်းဝေးစေခြင်း
4.စိတ်အားတက်ကြွ ခွန်အားပြည့်စေခြင်း
5.အိပ်မက်ဆိုးများမှ ကင်းဝေးစေခြင်း
6.အချစ်ရေးကံကောင်းစေပြီး ခိုင်မြဲသာယာစေခြင်း...
စတဲ့ ကောင်းကျိုးများနှင့်ပြည့်စုံလို့...
မွေးလအဆောင်အဖြစ်သာမဟုတ်ဘဲ လူတိုင်းဝတ်ဆင်သင့်သော ရတနာတစ်ပါး ဖြစ်ပါတယ်...

ဒီလို...ကောင်းကျိုးများနှင့်ပြည့်စုံသောသဘာဝတွင်းထွက်ရတနာစစ်စစ်များကို ဝယ်ယူဝတ်ဆင်ချင်ပြီဆိုရင်တော့...

👉သီရိရွှေစင် မှာ
ကြိုက်နှစ်သက်ရာ သင့်တော်ရာ တိုင်ပင်ဆွေးနွေး ရွေးချယ်လို့ အော်ဒါပေးအပ်နိုင်ပါတယ်ရှင်....

သီရိရွှေစင် ရဲ့ မိတ်ဟောင်းမိတ်သစ်များ အားလုံး နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ
🙏🙏🙏
စီးပွားလာဘ်လာဘများ ပွင့်လန်းဝေဆာပြီး စိန်ရွှေရတနာများလည်း တိုးပွားစုဆောင်းနိုင်ကြပါစေရှင်
🙏🙏🙏

&
09263345048
09773772685
09 5201734

တည်ကြည်ခန့်ငြားတဲ့...                 Gentleman တစ်ယောက်ရဲ့ အသွင်သဏ္ဍန်ကိုပိုမို ဝင့်ထည်စေပြီး                  ဆွဲဆောင်...
24/10/2024

တည်ကြည်ခန့်ငြားတဲ့...
Gentleman တစ်ယောက်ရဲ့ အသွင်သဏ္ဍန်ကို
ပိုမို ဝင့်ထည်စေပြီး
ဆွဲဆောင်မှုရှိတဲ့ လက်ပိုင်ရှင် အမျိုးသားတစ်ယောက် ဖြစ်စေဖို့....

"သီရိရွှေစင်" ရဲ့

ရွှေရည်ပြည့်မီ ၊ လက်ရာသေသပ်လှပပြီး
ခေတ်မီဒီဇိုင်းနဲ့
ဖန်တီးပုံဖော်ထားတဲ့ ရွှေသား ဟန်းချိန်းကိုသာ ရွေးချယ်လိုက်ပါ....

အဖိုးတန်လက်ဝတ်ရတနာကို
နှစ်သက်မြတ်နိုး တန်ဖိုးထားသူတိုင်းအတွက်

အမြဲ ထိုက်တန်ပါတယ် 💯✅

Photo....Gold HC
Customized Order

Thiri Shwe Sin, Pathein.
09263345058
09773772685

💚တကယ်လှတဲ့             Diopside (မိုးကုတ်မြ)....💚💚💚💚 HCDiopside (4pcs.)....1.21ct.Gold.........................3ပဲ 2ရွေး...
24/09/2024

💚တကယ်လှတဲ့
Diopside (မိုးကုတ်မြ)....

💚💚💚💚 HC
Diopside (4pcs.)....1.21ct.

Gold.........................3ပဲ 2ရွေး

Price.........................16.5L

Thiri Shwe Sin, Pathein.
09263345058
09773772685

မြန်မာအမျိုးသမီးတိုင်းရဲ့ အလှကျက်သရေဆောင်...               ရိုးရှင်းစွာ လှပသော စိန်ခြယ် အဝေးပတ် နားကပ်ကြီးပါ...ဘယ်ခေတ် ဘ...
31/08/2024

မြန်မာအမျိုးသမီးတိုင်းရဲ့ အလှကျက်သရေဆောင်...

ရိုးရှင်းစွာ လှပသော စိန်ခြယ် အဝေးပတ် နားကပ်ကြီးပါ...

ဘယ်ခေတ် ဘယ်ကာလပဲ ရောက် ရောက်....
ဘယ်တော့မှ မရိုးနိုင်တဲ့ အရိုးရှင်းဆုံး ဒီဇိုင်းဟာ အဆန်းပြားဆုံးပဲ မဟုတ်လား ရှင် ...

အလယ်စိန် အကြီး သုံးလုံးစီး
ကြည် စင် သန့် တွေကို မှ....

ဘေး စိန် သုံးဆယ်စီး
ပွင့် လက် ဖြာ လေး တွေ ဝန်းရံလို့

လက်ရာ သေသပ်လှပစွာ
ဖန်တီးခတ်လုပ်ထားပါတယ်....

💥စေတနာ တွေ အားဖြည့်ထားလို့
ပိုလှ နေ ပါ ရော ❣️

Photo.... Natural Diamond
Earring

Di..........2Pcs. 0.66R.
22Pcs. 0.8R.

Price....*******MMK.

Thiri Shwe Sin, Pathein.
09263345058
09773772685

Address

No 28, Kan Yeik Thar Street , Pathein Township
Pathein

Telephone

+959263345058

Website

Alerts

Be the first to know and let us send you an email when Thiri Shwe Sin Gold, Diamond & Jewellery -သီရိရွှေစင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiri Shwe Sin Gold, Diamond & Jewellery -သီရိရွှေစင်:

Share