05/09/2025
ယနေ့ ကျရောက်တဲ့ တော်သလင်းလပြည့်
(ဂရုဓမ္မ အခါတော်နေ့)လေးကတော့
မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကာလကပင်
လူအများကြုံတွေ့ခဲ့ရဘူးသော ဒုဗ္ဘိက္ခန္တရကပ်ဘေးမှ ကင်းဝေးစေရန်
✅ပါဏာတိပါတာ - သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
✅အဒိန္နာဒါနာ -သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
✅ကာမေသုမိစ္ဆာစာရာ -သူတစ်ပါး သားမယားတို့ကို ပစ်မှား ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
✅မုသာဝါဒါ -မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
✅သုရာမေရယ -အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းစတဲ့ သီလ(၅)ပါးကိုအထူးစောင့်ထိန်းပြီး ကုသိုလ်တရားများ
ပွါးများကျင့်ကြံကြတဲ့ အချိန်အခါ သမယလေးပဲဖြစ်ပါတယ်ရှင်
ဒါ့အပြင် မွန်လူမျိုးတို့ ရိုးရာ ဆွမ်းတော်ကြီး ကပ်လှူတဲ့နေ့တစ်နေ့လည်းဖြစ်တဲ့ တော်သလင်းလပြည့်နေ့မှာတော့ မိသားစုနဲ့အတူ ဆွမ်းကပ်ကုသိုလ်ယူရင်း သာယာအေးချမ်းတဲ့ နေ့ရက်လေးကို
ပိုင်ဆိုင်နိုင်ပါစေကြောင်း ” Lin Sandarမိသားစု”မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်