Amara Gems and Jewellery

Amara Gems and Jewellery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amara Gems and Jewellery, Jewellery wholesaler, East Mogok, Mogok.

ကျောက်နဲ့ပတ်သတ်တဲ့ လက်တွေ့ကျတာတစ်ခု ပြောပြချင်လို့ရှင်🤗🤗 ကျောက်ကလေ ရွှေလိုမျိုး နိုင်သလောက် တစ်ပဲချင်းစုမယ် နှစ်ပဲချင်းစ...
28/01/2026

ကျောက်နဲ့ပတ်သတ်တဲ့ လက်တွေ့ကျတာတစ်ခု ပြောပြချင်လို့ရှင်🤗🤗

ကျောက်ကလေ ရွှေလိုမျိုး နိုင်သလောက် တစ်ပဲချင်းစုမယ် နှစ်ပဲချင်းစုမယ် လုပ်လို့ကောင်းတဲ့အရာမဟုတ်ပါဘူးနော်။ ဝယ်တဲ့သူတွေ လာမေးရင်လည်း ဒါကိုအမြဲပြောပြဖြစ်ပေမယ့် အားလုံးသိရအောင်လို့ပါ။

ကျောက်က ပြန်ရောင်းနေကြလူ၊ အထည်ခတ်ပြန်ရောင်းတဲ့သူမဟုတ်ရင် ရွှေလိုမျိုး ငွေပြန်ဖော်ရမြန်တဲ့အထဲမပါပါဘူး။

ဒါပြီး ကျောက်ကတိကျတဲ့အမြတ်မရှိပါဘူး။
ငါးသိန်းဝယ်လို့ 10%ငါးသောင်းသေချာပေါက်မြတ်မယ် တွက်လို့ရတဲ့ဟာမဟုတ်လို့ပါ။

ငါးသိန်းနဲ့ရောင်းလိုက်ပေမယ့် ပြန်ရောင်းမယ့်လူက သူ့ရောင်းခွင်နဲ့ အံကိုက်နေတာတွေ့လို့ ဝယ်သွားပြီး တစ်ဆယ်နဲ့ရောင်းရတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ခွင်နဲ့ကိုက်မယ်ထင်လို့ ဝယ်ပြီးမှ ကိုယ့်လက်ထဲ တစ်နှစ်လောက်အောင်းနေတဲ့ကျောက်လည်း ကျောက်သမားတိုင်းကြုံဖူးကြမှာပါ။

ဒီလောကထဲ ရောင်းနေဝယ်နေကြလူတွေကတော့ သူခွင်နဲ့သူ ကိုက်မယ့်ဟာကို ရောင်းကြဝယ်ကြတာပါ။
တစ်ယောက်နဲ့တစ်ယောက် မိတ်လည်းမတူသလို ရောင်းခွင်ပေါ်မူတည်ပြီး ကွာတာပါ။

အရောင်းအဝယ်လောကထဲကမဟုတ်ဘဲ ဒါလေးဝယ်ရင် တစ်နှစ်ကြာရင် မြတ်နိုင်လားလို့ မေးတာမျိုးဆို ရောင်းချင်ဇောတစ်ခုတည်းနဲ့ မြတ်မယ် အာမမခံပါဘူးနော်။ ဘာလို့အာမမခံလဲဆို ဝယ်သူပိုက်ဆံပြန်ဖော်ချင်ချိန် ကျောက်က ချက်ချင်းရောင်းရတာမျိုးရှိသလို မရတာလည်းအများကြီးပါ။

ခုနေကြိုက်ရင်ဝယ်ထား နောက်ပြန်ဝယ်ရင်တော့ ဘာနေနေ စျေးတက်တာများတာပဲမို့ ကြိုက်တာဆို ယူထားဖို့ အကြံပေးတာမျိုးပဲရှိပါတယ်။

ရွှေထည်တောင် အလျော့တွက်လက်ခပါတဲ့ design ဆန်းတာမျိုးဆို ဒီနေ့ဝယ်သွားပြီး နောက်နေ့ဆိုင်ပြန်သွင်းရင်သူ့သတ်မှတ် % နှုတ်ပြီးပဲ ပြန်ဝယ်ပေးကြတာပါနော်။

ကျောက်က လေးငါးသိန်းတန် တစ်ခုချင်းစုပြီး ဆယ်ခုလောက်ရရင် ငွေဖော်ရလွယ်မယ်မထင်ကြစေချင်တာပါ။

ဒီလိုတွေပြောလို့ ကျောက်ကို ရင်းနှီးမြှုပ်နှံတာ မလုပ်ကြဘူးလားဆို လုပ်ကြတာပေါ့။ ရင်းနှီးမြှုပ်နှံရမယ့် ကျောက် စုရမယ့်ကျောက်ကျလည်း စျေးသေးသေးပေးပြီး စုလို့မရပါနော်။

တစ်ချိန်ပြန်ရောင်းမယ်စိတ်ကူးရင်လည်း ကိုယ့်ရောင်းခွင်က ဘယ်လိုမျိုးကို target ထားလဲစိတ်ကူးပြီးမှ ဝယ်စုထားကြစေချင်ပါတယ်ရှင်။

ကျောက်ကို ချစ်လို့ ကြိုက်လို့ကို ပေါ့ပေါ့ပါးပါးဝယ်စုတဲ့သူကျလည်း မြတ်တာမမြတ်တာထည့်မတွက်ဘဲ လိုချင်တဲ့အရောင်နဲ့အမျိုးအစားရရင် ပျော်နေကြသူတွေကတော့ သက်သက်ရှိတာပေါ့။

ငွေဖော်ရလွယ်တာကြိုက်ရင်တော့ ကျောက်ထက် ရွှေကိုဦးစားပေးပါ။

ချစ်ခြင်းအားဖြင့် Gems 💎

 #12.12 SaleMogok Spinel  ပန်းဂေါ်ရာမိုးကုတ်ကျောက်အစစ်လေးကို 925လေးနဲ့ခတ်ထားတဲ့ အထည်အလှလေးပါ🥰🥰ဘေးစိန်လေးတွေကို မိုဇာနိုက...
12/12/2025

#12.12 Sale

Mogok Spinel ပန်းဂေါ်ရာ

မိုးကုတ်ကျောက်အစစ်လေးကို 925လေးနဲ့ခတ်ထားတဲ့ အထည်အလှလေးပါ🥰🥰

ဘေးစိန်လေးတွေကို မိုဇာနိုက်လေးအသုံးပြုထားပါတယ်

ပွဲတတ်ပဲသုံးသုံး Daily ပဲဝတ်ဝတ် ရွှေစျေးတွေခေါင်ခိုက်နေချိန်မှာ မိုးကုတ်ကျောက်အစစ်လေးကို တန်မှတန်စျေးလေးနဲ့ရမှာမို့ အမြန်ဦးပါ

💵💵💵 850,000/- Setလိုက်စျေးလေးပါ😍😍

အသေးစိတ်သိလိုပါက CB (or)09.678765308

19/09/2025

Instock ရှိတဲ့ကျောက်လေးတွေကို ထက်ဝက်စျေးတွေနဲ့ရောင်းချပေးတော့မှာမို့ လိုချင်တဲ့ကျောက်လေးများရှိရင် CBမှာအမြန်Hiပါရှင့်😂😂😂

ရှယ်လေး😍😍😍ဖရဲအူပန်းရည်အလှလေးဝယ်ရ😘😘😘😘Vedio အကြည်လေး telegram မှာတင်ပေးထားပါတယ်ရှင် https://t.me/amaragems
17/09/2025

ရှယ်လေး😍😍😍

ဖရဲအူပန်းရည်အလှလေးဝယ်ရ😘😘😘😘

Vedio အကြည်လေး telegram မှာတင်ပေးထားပါတယ်ရှင်

https://t.me/amaragems

ကျောက်လေးများဝယ်မိရင် သိမ်းပဲထားချင်တော့တာ🥰🥰🥰🥰
13/09/2025

ကျောက်လေးများဝယ်မိရင် သိမ်းပဲထားချင်တော့တာ🥰🥰🥰🥰

Mogok Spessartine Garnet 🔶🔶ကလပ်ချိန် -2.70ct💥💥ပွင့်ဆူသန့်သန့်လေးပါရှင်အသေးစိတ်သိလိုပါက CBမှာမေးမြန်းနိုင်ပါတယ်ရှင်🥰🥰
11/09/2025

Mogok Spessartine Garnet 🔶🔶

ကလပ်ချိန် -2.70ct

💥💥ပွင့်ဆူသန့်သန့်လေးပါရှင်

အသေးစိတ်သိလိုပါက CBမှာမေးမြန်းနိုင်ပါတယ်ရှင်🥰🥰

  out🥰🥰Moonstone လေး🤗🤗🤗
07/09/2025

out🥰🥰

Moonstone လေး🤗🤗🤗

Morning Lucky 🥰🥰🥰Thank you so much  😍😍😍
06/09/2025

Morning Lucky 🥰🥰🥰

Thank you so much 😍😍😍

Sold out🥰🥰🥰Moonstone Silver Ring လေး♥️♥️🔺အခိုးလှလှလေးနဲ့ ရွှေမြောလေးပါရှင်🔺ရွှေစျေးတွေခေါင်ခိုက်နေလဲ မိုးကုတ်ပန်းထိမ်ငွေ...
05/09/2025

Sold out🥰🥰🥰

Moonstone Silver Ring လေး♥️♥️

🔺အခိုးလှလှလေးနဲ့ ရွှေမြောလေးပါရှင်

🔺ရွှေစျေးတွေခေါင်ခိုက်နေလဲ မိုးကုတ်ပန်းထိမ်ငွေထည်လှလှလေးနဲ့ ချေပါရှင်

🔺ငွေထည်လေးရဲ့အားသာချက်က အရောင်မှိန်သွားလဲ အချိန်မရွေးအရောင်ပြန်တင်လို့ရတာပါပဲနော်🥰🥰

🔺 တစ်ကွင်းတည်းလေးပဲရှိလို့ အမြန်ဦးတော့ရှင်

 #ထိန်းသိမ်းရန်နည်းလမ်းများ သည် ကျောက်အမျိုးအစားပေါ် မူတည်၍ ကွဲပြားပါသည်။ အောက်ပါ အခြေခံအချက်များကို သိရှိထားပါက ကျောက်မ...
02/09/2025

#ထိန်းသိမ်းရန်နည်းလမ်းများ သည် ကျောက်အမျိုးအစားပေါ် မူတည်၍ ကွဲပြားပါသည်။ အောက်ပါ အခြေခံအချက်များကို သိရှိထားပါက ကျောက်မျက်သိမ်းဆည်ရာတွင် ပိုမိုလွယ်ကူစေပါတယ် ခင်ဗျာ 🙏

၁။ ကျောက်မျက်အလိုက် ထိန်းသိမ်းနည်းများ
(1) မာကျောသောကျောက်များ
မာဆင့်: 7-9
(2) အလယ်အလတ် မာသောကျောက်များ
မာဆင့်: 5-7
(3) မာဆင့်နုသော ကျောက်များ
မာဆင့်: 5အောက်

(1) မာကျောသောကျောက်များ
မာဆင့်: 7-9
ဥပမာ - စိန် (Diamond), ပတ္တမြား (Ruby), နီလာ (Sapphire)

သန့်စင်နည်းမှာ - ပျော့ပျောင်းသော
ပုဝါဖြင့် ဆပ်ပြာရည် (သို့) ရေနွေးနွေးဖြင့် ပွတ်တိုက်သန့်စင်နိုင်သည်။
ယူထရာဆော့နစ် (Ultrasonic) စက်ဖြင့် သန့်စင်နိုင်ပါသည်။

သိမ်းဆည်းနည်း - အခြားကျောက်များနှင့် ချွန်ထက်သောအရာများနှင့် မထိမိစေရန် အိတ်တစ်ခုစီဖြင့် သီးသန့်သိမ်းပါ။
နီလာ ပတ္တမြားအား ဆီစိမ်နိုင်သည်

(2) အလယ်အလတ် မာသောကျောက်များ
မာဆင့် : 5-7
ဥပမာ - ဂေါ်မိတ် (Garnet), ပြောင်ခေါင်းစိမ်း (Peridot), Khunzite,Quartz,Moonstone

သန့်စင်နည်း: ဆပ်ပြာရည်နှင့် ပျော့ပျောင်းသော ဘရပ်ရှ်ဖြင့် ညှင်သာစွာပွတ်တိုက်ပါ။

သိမ်းဆည်းနည်း : ကြမ်းတမ်းသောအရာများနှင့် ထိမိခြင်းမှ ကာကွယ်ရန် အောက်ခံဂွမ်းပါသော ဗူး/အိတ်
များဖြင့် သိမ်းဆည်းသင့်ပါတယ်

(3) မာဆင့်နုသော ကျောက်များ
မာဆင့်: 5အောက်

ဥပမာ - ပုလဲ (Pearl), ရွဲ (Opal)

သန့်စင်နည်း : စိုစွတ်သော ပဝါဖြင့် သုတ်ပါ။
ဓာတုဆေးရည်များ၊ ဆပ်ပြာပြင်းများ မသုံးသင့်ပါ

သိမ်းဆည်းနည်း: လေလုံသောဘူးထဲတွင် စိုထိုင်းဆထိန်းပါ

#အထွေထွေထိန်းသိမ်းနည်းများ

1. ဓာတုပစ္စည်းများကို ရှောင်ပါ
- အယ်လ်ကိုဟော၊ ကလိုရင်း၊ Acid ဓာတ်များသော အရာများ ထိတွေ့ပါက အရောင်ပျက်နိုင်သည်။

2. အပူနှင့် အလင်းရောင်ကို ရှောင်ပါ

- မြ ကဲ့သို့ ကျောက်များသည် အပူဒဏ်ကြောင့် အက်ကွဲနိုင်သည်။
- Amethyst၊ Yellow Quartz
စသော ကျောက်များသည် နေရောင်တိုက်ရိုက်ထိတွေ့ပါက အရောင်မှိန်နိုင်သည်။

3. Yellow Sapphire / Danburite ကဲ့သို့သော ကျောက်များသည် မီး​အလင်းရောင် အနီးကပ်ထိတွေ့မှု့များပါက အရောင်လျော့နိုင်သည်

#အသုံးပြုမှုကို ဂရုပြုပါ

- လက်ဝတ်ရတနာများကို အားကစားလုပ်ချိန်၊ အိမ်သန့်ရှင်းရေးလုပ်ချိန်တွင် ဖြုတ်ထားပါ။
- ပတ္တမြား၊ နီလာကဲ့သို့ ကျောက်များသည် ပြင်းထန်သောထိခိုက်မှုကို ခံနိုင်သော်လည်း မပဲ့ မကြွေ သွားစေရန် ဂရုစိုက်သင့်ပါတယ် ခင်ဗျာ

#အထူးဂရုစိုက်ရမည့် ကျောက်များ

ပုလဲ : ချွေးနှင့် အဆီဓာတ်ကို စုပ်ယူတတ်သောကြောင့် ဝတ်ဆင်ပြီးတိုင်း ပျော့ပျောင်းသောပဝါဖြင့် သုတ်ပါ။

မြ: ရေဓာတ်ပါဝင်သောကြောင့် ရေနွေးငွေ့ဖြင့် မသန့်စင်ရ။

Copy Crd;

Address

East Mogok
Mogok
05091

Telephone

+959256441434

Website

Alerts

Be the first to know and let us send you an email when Amara Gems and Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amara Gems and Jewellery:

Share