BeautyLand Mogok Gems

BeautyLand Mogok Gems မိုးကုတ်သဘာဝတွင်းထွက်ကျောက်မျက်ရတနာစစ်စစ်များကိုသာရောင်းချပေးပါတယ်ရှင့် �

27/11/2024
💎📊  GEMSTONE COLOR CHART💎📊The standard way to organize gemstones is by gem species (corundum, beryl, quartz, etc.) and v...
27/05/2023

💎📊 GEMSTONE COLOR CHART💎📊

The standard way to organize gemstones is by gem species (corundum, beryl, quartz, etc.) and variety (ruby, sapphire, topaz, spinel, etc.).

But for gemstone and jewelry collectors it is sometimes useful to organize gems by color. It provides a different overview of the gemstone world, and can be a timely reminder of the rarity of certain colors, such as red and blue.
Since there is enormous variation in color across the many gem varieties, we have organized this chart around color families. We have also included sections for multicolor, color change and star/cat's eye gems.



👉🏻Red Gems❤️

Red is one of the rarest colors in the gems world, and a pure red, such as the famed pigeon's blood ruby, is exceptionally rare. Most red gems are orangey-red (spinel), pink-red (spinel, garnet) or purplish-red (rubellite tourmaline).



👉🏻Blue Gems💙

Though blue is a more common gem color than red, very few gems occur in a pure saturated blue. Sapphire is really the only example, though tanzanite sometimes comes close. Other blue gems tend to be a grayish-blue (spinel, benitoite), greenish-blue (blue zircon, apatite, tourmaline, gem silica) or a pastel blue (aquamarine, topaz).

👉🏻Green Gems💚

Green presents the most choices in the gems world, but many of the finest green gems, such as emerald, jadeite, tsavorite garnet and demantoid garnet, are quite rare. Green hues are mainly due to traces of chromium and vanadium or iron.


👉🏻Pink Gems💓

The finest pink gems are sapphire, spinel and tourmaline, with tourmaline exhibiting the widest range of pink hues. Kunzite and morganite are popular because they are relatively inexpensive and can be found in large sizes.


👉🏻Yellow/Gold/Bronze Gems💛

The most valuable yellow or gold gems are sapphire and imperial topaz. Citrine and yellow beryl are quite attractive, but relatively common. Yellow tourmaline is rare.

👉🏻Orange Gems🧡

Spessartite garnet is considered the finest of the vivid orange gems, but a number of other gems can be found in shades of orange, including sapphire, spinel, tourmaline and mexican fire opal.


👉🏻Violet/Purple Gems💜

There are relatively few violet or purple gems. Amethyst is the most famous and by far the most popular for jewelry. Sapphire and spinel can sometimes be found in violet, while chalcedony typically occurs in a greyish-lilac color.

👉🏻White/Colorless Gems🤍

Diamond is the hardest and most valuable of the colorless gems, but a number of other gems have been popular over the years as alternatives, particularly white sapphire, white zircon, goshenite (white beryl), petalite and danburite.

👉🏻Multicolor Gems💞

Some unusual gems displays regions of different color, notably the bi-color and tri-color tourmalines and the purple/gold quartz known as ametrine. Opal is famous for its play of color.


👉🏻Color Change Gems❤️‍🔥

Some rare gems change color under varying lighting conditions. Alexandrite is the most famous example of a color change gem, displaying green or brown under daylight and a purplish-red under incandescent light.


👉🏻Star and Cat's Eye Gems💖

The phenomena of asterism (the star effect) and chatoyancy(the cat's eye effect) have been known for centures, and these rare gems are coveted by collectors. Star sapphires and star rubies are the best known gems that can display a star, while cat's eye chrysoberyl is the most famous cat's eye gem.
Credit>>GemEducation

အဖြူရောင် နီလာ****************နီလာဟု ဆို ဆိုလိုက်သည် နှင့် ကျွန်မ တို့ မျက်စိထဲတွင် အပြာရောင် တောက်ပနေသော နီလာကို သာ အမြ...
01/03/2023

အဖြူရောင် နီလာ
****************

နီလာဟု ဆို ဆိုလိုက်သည် နှင့် ကျွန်မ တို့ မျက်စိထဲတွင် အပြာရောင် တောက်ပနေသော နီလာကို သာ အမြန်ဆုံးပြေးမြင်တတ်ကြပါသည်။

သို့သော် နီလာ ဟူသော သဘာဝ ရတနာ တွင် အပြာရောင် တစ်မျိုးတည်းသာမက ပန်းဆီ၊ပန်းလိမ္မော်၊အစိမ်း၊အဝါ၊မရမ်း၊ခရမ်း၊မီးခိုး၊အညို နှင့် အဖြူ အစရှိသဖြင့် ကွဲပြားသောအရောင်များလည်း ရှိကြပါသေးသည်။

ယခု ရေးသားတင်ပြမည့် နီလာ မှာ အဖြူရောင် အလင်းကို ဆောင်သည့် ဥဿဖယားဖြူ ခေါ် နီလာ ဖြူ ခေါ် White Sapphire အကြောင်း ဖြစ်ပါသည်။
White Sapphire ကို Leucosapphire ဟုလည်း ခေါ်ကြပါသေးသည်။

ပတ္တမြားကဲ့သို့ပင် Corundum အမျိုးဖြစ််််ကာ နီလာ၏ Chemical Classification မှာ Oxide ဖြစ်ပြီး Composition မှာ AL2O3 ဖြစ်ပါသည်။

နီလာ ဖြူ သည် အခြား သော နီလာ များကဲ့သို့ မာ ခြင်းအဆင့် ၉ တွင် ရပ်တည်သော ကြောင့် မာ ခြင်း အဆင့် အမြင့်ဆုံး ဖြစ်သည့် စိန် ပြီးလျှင် ဒုတိယလိုက်သော ရတနာ ဖြစ်ပါသည်။

ထို့ကြောင့် နီလာ ဖြူသည် စိန် နေရာတွင် အစားထိုး ဝတ်ဆင်နိုင်သည့် အကောင်းဆုံးသော ရတနာ တစ်ပါးဖြစ်ပြီး ခေတ်မီ ဆန်းသစ်သော သွေးကွက်များဖြင့် ပုံဖော်ဝတ်ဆင်ပါက စိန် အလင်းကဲ့သို့ပင် တောက်ပသော ရတနာတစ်ပါး အဖြစ် မြင်တွေ့ရနိုင်ပါသည်။

အိန္ဒိယ နိုင်ငံမှ ဗေဒင်ပညာရှင်များကလည်း နီလာ ဖြူကို သော ကြာ ဂြိုဟ်ကို ကိုယ်စားပြုသည့် ရတနာ အဖြစ် စိန် နေရာ တွင် အစားထိုး ဝတ်ဆင်နိုင်ကြောင်းကို ဆောင်းပါး များ နှင့် Website များစွာ တို့တွင် ရေးသားဖော်ပြထားကြသည်ကို လေ့လာဖတ်ရှုနိုင်ပါသည်။

သော ကြာ ဂြိုဟ်သည် လူတစ်ယောက်၏ စည်းစိမ် ချမ်းသာ ခံစားရနိုင်မှု၊ ဂုဏ်ကျက်သရေ ကြီးမြင့်မှု၊ အောင်မြင်ခမ်းနားမှု၊ အိမ်ထောင်ရေး သာယာ ချမ်းမြေ့မှု၊ ချစ်ခြင်းမေတ္တာ ကြွယ်ဝမှု အစရှိသည့် အရာများကို ကြီးစိုးသော ဂြိုဟ် ဖြစ်ပါသည်။

ထို့ကြောင့် နီလာ ဖြူကို ဝတ်ဆင်ခြင်းအားဖြင့် သော ကြာ ဂြိုဟ်၏ ကောင်းခြင်းများကို ဆက်နွယ်ခံစားနိုင်ပြီး မွေးဇာတာတွင် သော ကြာ ဂြိုဟ် ရပ်တည်မှု အားမကောင်းသောကြောင့် ရရှိလာနိုင်မည့် ဆိုးကျိုးများကိုလည်း ကာကွယ်နိုင်ကြောင်း အကြံပြုထားကြပါသည်။

နီလာဟု ဆိုလိုက်လျှင်ပင် မည်သည့်အရောင် ဖြစ်ပါစေ ဥာဏ်ပညာကို ကြီးစိုးသော ရတနာ ဖြစ်သည့်အတွက် နီလာ ဖြူသည် လည်း လူတစ်ယောက်၏ အသိဥာဏ်ပညာ နှင့်ပတ်သတ်လျှင် လွှမ်းမိုးနိုင်သော ရတနာတစ်ပါးဖြစ်ပြီး The Stone of Wisdom ဟုပင် တင်စား ခေါ်ဝေါ်ကြပါသည်။

နီလာ ဖြူသည် ကြည်လင်သန့်ရှင်းသည့် အဖြူရောင် အလင်းတန်းကို ပိုင်ဆိုင်ထားသည့်အတွက် ဝတ်ဆင်သူအား စိတ်၏ ကြည်လင်ခြင်း၊ ငြိမ်းချမ်းခြင်း၊အာရုံစူးစိုက် နိုင်ခြင်း၊ ဖြတ်လတ် လျင်မြန်ခြင်း၊ စိတ်ဓာတ်မာကျောကာနောက်မတွန့်ပဲ ဇွဲရှိစေခြင်း၊ ပျင်းရိ ထုံထိုင်းမှုကို ကုစားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ပေးနိုင်သည့်အပြင် မိမိကိုယ်ကိုမိမိ ကောင်းမွန်စွာ ထိန်းကျောင်း ပဲ့ကိုင်နိုင်ခြင်း ဟူသော စွမ်းအင်ကိုလည်း ပေးနိုင်သည့် ရတနာ ဖြစ်ပါသည်။

ထို့ကြောင့် ပညာသင်ယူနေသူ ငယ်ရွယ်သူများ စိတ်လေလွင့်ခြင်း နည်းပါးစေရန်နှင့် ရွေးချယ်ဆုံးဖြတ်မှုများ မလွဲမှားစေရန် အတွင် အဆောင်ရတနာ အနေဖြင့် နီလာ ဖြူ အပွင့်ကြီးကြီးကို ဝတ်ဆင်ထားသင့်ပါသည်။

အပေါင်းအသင်းမှား၍ စိတ်စေရာကို အလိုလိုက်ကာ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ ကာမ စမ်းသပ်လိုခြင်း အစရှိသည့် စွဲလန်းမှု အကျင့်မှားများ ကူးစက်ခြင်းမှလည်း ရှောင်ကြဥ် နိုင်ရန်အတွက် အစောင့်တစ်ပါး သဖွယ် အကျိုးပြုနိုင်သည့် ရတနာတစ်ပါးဖြစ်ပါသည်။

ပညာ နှင့် အသိဥာဏ်ကို အသုံးချကာ အသက်မွေး တာဝန်ထမ်းဆောင်နေသူများအတွက် နီလာ ဖြူသည် အစဥ်အမြဲ ဝတ်ဆင်ထားသင့်သော ရတနာ ဖြစ်သည့်အပြင် ဘဝတွင် နေ့စဥ်နှင့် အမျှ သင်ယူ နေမည်ဟု ခံယူချက်ရှိသူများဝတ်ဆင်ရန် အထူးသင့်တော်သော ရတနာလည်း ဖြစ်ပါသည်။

မိမိ၏ နှလုံးသားမှ မိမိ၏ အရည်အချင်းများကို တိတိကျကျသိရှိကာ အလုပ်တွင် အောင်မြင်မှုရအောင် မိမိ အားသာချက်များကို မည်သည့် နည်းလမ်းဖြင့် အသုံးပြုရမည်ကိုလည်း ထိုးထွင်းသိနိုင်သော လှုံ့ဆော်မှုမျိုးကိုလည်း ရရှိ ခံစားနိုင်သည်ဟု ဆိုကြပါသည်။

အလားတူ မိမိ၏ အားနည်းချက် နှင့် မကောင်းသော အကျင့်စရိုက် များကိုလည်း မိမိကိုယ်တိုင်သိရှိကာ မလုပ်မိခင် ကြိုတင်သတိဖြင့် တားဆီးနိုင်ပြီး အကျင့်ဆိုးကို ရပ်တန့် ဖယ်ရှားစေနိုင်သော ကြီးမားသော စိတ်ခွန်အား နှင့် အသိဥာဏ်အားကို လည်း ရရှိစေနိုင်ပါသည်။

အလုပ်ခွင်အတွင်း၌ စိတ်ဖိစီးမှုများကြုံရသည့်အခါ တွင်လည်း နီလာ ဖြူကို ဝတ်ဆင်ထားပါက စိတ်၏ တင်းကြပ်မှု များကို လျှော့ချနိုင်သည့်အပြင် တစ်ဖက်သားမှ မိမိအပေါ် မလိုတမာ စိတ်ဖြင့် အနိုင်ကျင့်ခြင်း၊ ချောက်တွန်းခြင်း အစရှိသည့်တို့ကို ဒေါသ ဖြင့် တုံ့ပြန်ခြင်းမဟုတ်ပဲ အသိဥာဏ်ကြီးစွာ ဖြင့် မှန်မှန်ကန်ကန် ဖြေရှင်းနိုင်စွမ်းများ တိုးတက်လာစေပါသည်။

ကြယ်ပုံသဏ္ဍာန် Asterisk ပါသည့် နီလာ ဖြူ လုံးချော Cobochon များကို ဝတ်ဆင်ပါက ပညာရှိသော သမာသမတ်ကျ ရိုးသား မျှတသည့် ခေါင်းဆောင်မှု အရည်အချင်းများကို မြှင့်တင်ပေးနိုင်သည်ဟု လေ့လာရပါသည်။

အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ၊ အရာရှိများ အနေဖြင့် မိမိ၏ ရိုးသားမှု နှင့် သိက္ခာကို အလျှော့အတင်းလုပ်ရနိုင်သည့် အနိုင်ကျင့် ခံရသည့် အခြေအနေများမှ ကာကွယ်နိုင်ရန် နီလာ ဖြူ လုံးချော များကိုဝတ်ဆင်သင့်သည်ဟုလည်း ထူးခြားစွာ မှတ်သားရပါသည်။

ထို့အပြင် မည်သူမဆို မိမိ၏အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်ရာတွင် အောင်မြင်မှုကို ကျိန်းသေရရှိရန် လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ပိုင်းဆိုင်ရာ စွမ်းအင်များကိုလည်း နီလာ ဖြူ ကို ဝတ်ဆင်ခြင်းဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ကလေးဘဝ ကတည်းက ထားရှိခဲ့သည့် ရည်ရွယ်ချက် အိပ်မက်များကိုလည်း ဆန်းသစ်သော နည်းလမ်းများ ရှုထောင့်များဖြင့် တဖန်ပြန်လည် ပုံဖော်ရန် အခွင့်အရေးများကိုလည်း ဖြစ်ထွန်းစေသည်ဟုလည်း ဆိုကြပါသည်။

အချုပ်ပြောရလျှင် နီလာ ဖြူသည် ဝတ်ဆင်သူအား မိမိ ပန်းတိုင်သို့ သွားမည့်လမ်းကို ရှင်းလင်းတိကျစွာ မြင်စေနိုင်သည့်အတွက်လမ်းလွဲစေမည့် အနှောင့်အယှက်များကို ရှောင်ကြဥ်နိုင်ကာ တည့်မတ်စွာ ရောက်ရှိစေရန်လိုအပ်သည့် စိတ်စွမ်းအင်ကို လှုံ့ဆော်နိုင်ခြင်းပင် ဖြစ်သည်။

နီလာ ဖြူသည် ထာဝရ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသော သဘောကိုဆောင်သည့်အတွက် စေ့စပ်လက်စွပ်များ၊ လက်ထပ် လက်စွပ်များတွင်လည်း ထည့်သွင်း ဝတ်ဆင်နိုင်သော ရတနာ ဖြစ်ပါသည်။
အချစ်ရေး နှင့် အိမ်ထောင်ရေးတို့ကို အစိုးရသော သော ကြာ ဂြိုဟ်ကိုလည်း ကိုယ်စားပြုသည့် ရတနာ ဖြစ်သည့်အတွက် ချစ်သူများ၊ ဇနီးမောင်နှံများအတွက် ဝတ်ဆင်ရန် သင့်တော်လှပါသည်။

နီလာ ဖြူ ၏အိမ်ထောင်ရေး နှင့် ပတ်သတ်သည့် ထူးခြားချက်တစ်ခုမှာမူ တစ်ပင်လဲ၍ တစ်ပင်ထူကြသည့် အိမ်ထောင်များတွင် ဖြစ်လေ့ ဖြစ်ထ ရှိတတ်သည့် နောက်လူ မှ ရှေ့လူ နှင့် ပတ်သတ်ကာ သိမ်ငယ် မနာလိုစိတ် ဝင်နေတတ်ခြင်း၊ မိမိ သည် နောက်လူ ဖြစ်သည့်အတွက် ရှေ့လူလောက် အချစ်မခံရလေခြင်းဟု အားငယ် နေခြင်းများကိုလည်း ကုစား ပေးနိုင်ခြင်း ဟူသည့် အချက်ပင် ဖြစ်ပါသည်။

တရားထိုင်သည့်အခါတွင်လည်း နီလာ ဖြူကို ဝတ်ဆင်ထားပါက မောဟ နယ်၌ လွင့်မြောနေခြင်းမှ သတိကပ်၍ လျင်မြန်စွာ ရှောင်ကြဥ်နိုင်ပါသည်။ ထို့ကြောင့် သမာဓိ စွမ်းအား တိုးတက်နိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှာ အထောက်အကူပေးသော ရတနာ ဖြစ်ပြီး လောဘ၊ ဒေါသ၊ မောဟ ကြီးသော စရိုက်ကိုလည်း ပြုပြင်ပေးနိုင်သော ရတနာ အဖြစ်လည်း နီလာ ဖြူကို သတ်မှတ်နိုင်ပါသည်။

ထို့ကြောင့် နီလာ ဖြူသည် အိန္ဒိယ နိုင်ငံမှ Chakra ကုထုံးများအရ လောကုတ္တရာ ဥာဏ်အလင်း ပွင့်လင်းခြင်းကို ဖြစ်ပေါ်စေသော ဦးခေါင်း ငယ်ထိပ်ရှိ စွမ်းအားစုနေရာ Crown Chakra ကို အားပြည့် မျှတစေသော ရတနာ ဖြစ်သည်ဟုလည်း တင်ပြထားသည်ကို မှတ်သားရပါသည်။

နီလာ ဖြူ ကို အနောက်နိုင်ငံများမှာ Crystal Healing သုတေသီများက လေ့လာရာတွင် Seeker နှင့် Transformer အမျိုးအစား Crystal ဖြစ်သည်ဟု ဆိုကြပါသည်။
နီလာ ဖြူ ၏အတွင်းပိုင်း Crystalline Lattice ၏ ဖွဲ့စည်းတည်ဆောက်မှု Hexagonal Crystal System အရ Atoms များ၏ တုန်ခါမှုလှိုင်းများသည် မြှားဦးခေါင်းသဖွယ် ထွက်ရှိလာသောကြောင့် ဝတ်ဆင်သူအား ဦးတည်ချက် Direction ကို တိကျစွာ မြင်စေနိုင်သည်ဟု ဆိုပါသည်။

ထို့နောက် နီလာ ဖြူကို Transformer ဟု ခေါ်ဆိုရသည့် အကြောင်းမှာမူ နီလာဖြူတွင်ပါဝင်သည့် မိခင်ကမ္ဘာမြေကြီးကပေးလိုက်သော စွမ်းအား Earth Power ဟု ခေါ်သည့် Chemical Composition သည် အောက်ဆီဂျင် နှင့် ထိတွေ့သည့်အခါ ဓာတ်ပြုပုံမှာ အားပျော့သော သဘာဝမှ အားကောင်းခိုင်မာသည့် သဘာဝသို့ ပြောင်းလဲ လာသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဝတ်ဆင်သူအား အကျိုးပြုရာတွင်လည်း အားနည်းသည့်ဘက်မှာ အားကောင်းလာသည့် အခြေအနေသို့ တိုးတက်ပြောင်းလဲလာအောင် တွန်းအားပေးနိုင်သည့်ရတနာ ဟု သတ်မှတ်ကြပါသည်။

ထို့ကြောင့် လူသားများအနေဖြင့် Transformer Crystal များကို ဝတ်ဆင်ခြင်းဖြင့် မိမိကိုယ်ကိုမိမိ ပြောင်းလဲလိုစိတ် ရှိလာကာ ပိုမိုကောင်းမွန်သော လူသားများအဖြစ် နေထိုင်လိုစိတ်များ ဖြစ်ထွန်းလာ ကြသည်ဟု မှတ်သားရပါသည်။

ထို့ကြောင့် မိခင်ကမ္ဘာမြေကြီးမှ လူသားများအတွက် ပေးထားသော အမွေအနှစ်များဖြစ်သည့် အဖိုးတန် ရတနာများမှ နီလာဖြူ ၏ကန့်လန့်ကာ နောက်ကွယ်မှစွမ်းအားများကို သတိပြု နိုင်စေရန်အတွက် စု စည်းတင်ပြ လိုက်ရပါသည်ရှင့်။

ကျေးဇူးတင်စွာ ဖြင့်
Enricher Crystals

Ref: The Book of Stones by Robert Simmons and Niasha Ahsian
The Crystal Bible 1 & 2 by Judy Hall
Crystal Enlightenment by Katrina Raphaell
The Metaphysical Book of Gems and Crystals by Florence Megemont
The Seven Secrets of Crystal Talisman by Henry M.Mason
https://www.gemstoneuniverse.com/white-sapphire-stone-gemstone.php

Photo Courtesy to https://www.etsy.com/ca/listing/755993542/white-sapphire-engagement-ring-white?93542&pro=1
https://www.etsy.com/ca/shop/AawsombleiJewelry?ref=simple-shop-header-name&listing_id=253799621
https://www.etsy.com/ca/listing/784230657/natural-six-ray-star-sapphire-131ct-good?ga_order=most_relevant&ga_search_type=all&ga_view_type=gallery&ga_search_query=natural+white+sapphire+cabochon&ref=sr_gallery-3-19&organic_search_click=1&pro=1&frs=1

ကျောက်မျက်ရတနာတွေ ရဲ့ ဂုဏ်သတ္တိများCredit:
23/11/2022

ကျောက်မျက်ရတနာတွေ ရဲ့ ဂုဏ်သတ္တိများ

Credit:

နဝရတ်ကိုးပါးတွင်ပါရှိသော ကျောက်မျက်ရတနာတို့၏ အာနိသင်များ1-ပတ္တမြား - ဘေးရန်အမျိုးမျိုးကာကွယ်နိုင်ပေးနိုင်ရုံမက စီးပွါးဥစ...
23/11/2022

နဝရတ်ကိုးပါးတွင်ပါရှိသော ကျောက်မျက်ရတနာတို့၏ အာနိသင်များ

1-ပတ္တမြား - ဘေးရန်အမျိုးမျိုးကာကွယ်နိုင်ပေးနိုင်ရုံမက စီးပွါးဥစ္စာတိုးတက်ဖွံ့ဖြိုးစေသည်။
ဂုဏ်ကျက်သရေတိုးစေသည်။
ဘုန်းတန်ခိုး အာဏာလည်းတက်စေသည်။

2-စိန် - ဂုဏ်ဒြပ်ကြီးမြင့်တင့်တယ်၍လာဘ်ပွင့်စေသည်။ ပျော်ရွှင်ချမ်းမြေ့မှုပေးနိုင်စွမ်းရှိသည်။

3-သန္တာ - ပယောဂကို နိုင်သည် ။
စုန်း၊ကဝေများ မပြုစားနိုင်အောင် ကာကွယ်ပေးနိုင်သည်။

4-ဂေါ်မိတ် - ကာယသိဒ္ဓီပြီး၍ခွန်အားဖြစ်စေသည်။

5-နီလာ - လူချစ်လူခင်ပေါစေသော ပီယသီဒ္ဓီအဆောင်ဖြစ်သည်။

6-ကြောင် - လောကီ သီဒ္ဓီပြီးသည်။

7-ဥဿဖရား - အနာရောဂါဝေဒနာကင်းစေသည်။
ကျန်းမာရေးကောင်းစေသည်။

8-မြ - ရောဂါဝေဒနာများ ပျောက်ကင်းစေသည်။
ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေသည်။

9- ကျက်သရေရှိခြင်း တို့ဖြစ်သည်။

Photo credit.

Ruby vs Spinel အသွင်တူပင်မယ့် ဖွဲ့စည်းမှုမတူသော ပတ္တမြားနှင့်စပင်နယ် 💎 RUBY- Trigonal system (တြိဂုဏ်စနစ်ပုံဆောင်ခဲ)- မာ...
08/09/2022

Ruby vs Spinel

အသွင်တူပင်မယ့် ဖွဲ့စည်းမှုမတူသော ပတ္တမြားနှင့်စပင်နယ်

💎 RUBY
- Trigonal system (တြိဂုဏ်စနစ်ပုံဆောင်ခဲ)
- မာခြင်းအဆင့် (၉)
- သိပ်သည်းဆ (၄)
- သာမာန်မျက်စိနဲ့ကြည့်တယ်ဆိုထူးခြားချက်အနေနဲ့ရောင်စဉ် ၂ ခုရှိပါတယ်။ Strong dichroism C axis ဝန်ရိုးတည့်တည့်ကနေကြည့်မယ်ဆိုရင် (အရပ်အခေါ်အရည်လမ်းတည့်) အနီရောင်အပြည့်ကိုမြင်ရမှာဖြစ်ပြီးတခြားတစ်ဖက်ကလှည့်ကြည့်လိုက်မယ်ဆိုရင် အနီရောင်မှာလိမ္မော်နီဆက်တဲ့အရောင်(သို့)ခရမ်းနီရောင်ကိုမြင်တွေရပါလိမ့်မယ်။
- ဒေသခံတွေစကားယူသုံးရရင် Ruby အရောင်ကအရောင်ရှင်တယ်လို့ပြောကြပါတယ်၊ အတွင်းသားအရည်ရှင်ပြီး လည်နေပါတယ်။
- သဘာဝ Ruby သည် Inclusion အနေနဲ့ Silk (ဂေါ်) လေးတွေရှိပါမယ်။ 10x မှန်ဘီလူးနဲ့ (သို့) သာမန်မျက်စိနဲ့ကျောက်ကိုလှည့်ကြည့်လျှင် အထဲမှာဂေါ်လေးတွေတွေ့ရပါတယ်။ Silk ဂေါ်လေးတွေအရမ်းများပြီးကျောက်သားကအလင်းမှုန်ကနေအလင်းပိတ်ဖြစ်မယ်ဆိုရင်ဂေါ်ကြိုးလို့ခေါ်တဲ့ Star Effect ကိုရပါမယ်။
- အရိုင်းပုံဆောင်ခဲအနေနဲ့ barrel - shape (အရပ်ခေါ်ဘုံတိုစည်ပိုင်းအပုပုံ)တွေ့ရတက်ပါတယ်။

💎 SPINEL
- Cubic system (ကုဗပုံစနစ်ပုံဆောင်ခဲ)
- မာခြင်းအဆင့် (၈)
- သိပ်သည်းဆ (၃.၅) - (၃.၄)
- သာမာန်မျက်စိနဲ့ Ruby နဲ့ Spinel ခွဲမယ်ဆိုရင် အမြန်ဆုံးနဲ့ အကောင်းဆုံးကတော့ Spinel က Ruby လိုရောင်စဉ် ၂ခုမပြပါဘူး။ ဘယ်လို Direction မျိုးမှာပဲဖြစ်ဖြစ် အနီရောင်ကအနီရောင်ပါဘဲ။
- ဒေသခံတွေစကားယူသုံးရရင် Spinel ကအရည်သေပါတယ်။
- 10x မှန်ဘီလူးနဲ့ကြည့်လျှင် Spinel inclusion တစ်ခါတစ်ရံတွေ့ရတတ်ပါတယ်။ Spinel မှာ Inclusion အနေနဲ့ Bipyramid (အရိုင်းပုံဆောင်ခဲ) ပုံလေးတွေဖြစ်ပေါ်နေတဲ့ Octahedral Crystals တွေ့ရများပါတယ်။ Bipyramid ကိုဒေသအခေါ်နတ်သွေးလို့လည်းခေါ်ပါတယ်။ ပုံပျက်သွားတဲ့အရိုင်းတွေ၊ရေတိုက်စားမှုကြောင့်ပါလာတဲ့အရိုင်းတွေမှာတော့ ခွဲခြားဖို့အတွက်အတွေ့အကြုံများစွာလိုအပ်ပါတယ်။ ပုံမှန်အားဖြင့် (Silk) ဂေါ်ပါတာတွေ့ရလေ့မရှိပါ။

မှတ်ချက်။ ။ Ruby နဲ့ Sapphire ဟာ Corundum အုပ်စုကျောက်အမျိုးအနွယ်တွေဖြစ်ကြပါတယ်။ ဖွဲ့စည်းပုံအရ ၂ခူစလုံးက Aluminium Dioxide (Al₂O₃) တွေဖြစ်ပြီ။ Ruby ဟာ Chromium trace (+Cr) ပါဝင်ရခြင်ကြောင့် အနီရောင်ကိုပိုင်ဆိုင်ပြီး။ Sapphire ဟာ Iron and Tianium traces (+Fe,Ti) ပါဝင်ခြင်းကြောင့် အပြာရောင်ကိုပိုင်ဆိုင်ပါတယ်။

ဤစာကိုကူညီပြုစုပေးသူ Myanmar Treasure Lab မှာ Ko BoBo နှင့် Ko Aung KoKo (FGA London) ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။

___________________________________________

အသွင်တူပင်မယ့်ဖွဲ့စည်းမှုမတူသောလဲ ရှားပါးလာတဲ့တွင်းထွက်သဘာဝကျောက်များဖြစ်ကျသော ပတ္တမြားနှင့်စပင်နယ်တို့သည် အဖိုးတန်ကျောက်မြတ်ရတနာများအနေနဲ့ ပြည်တွင်းပြည်ပ မှဝယ်ယူစုဆောင်လေ့ရှိသည်။ အထူးသဖြင့် မိုးကုတ်ပတ္တမြားနှင့်စပင်နယ်တို့သည် ကမ္ဘာကျော်အသိအမှတ်ပြုသောကျောက်မြတ်ရတနာများဖြစ်ပါသည်။ ထို့ကြောင့် မျိုးရိုးစဥ်ဆက်အမွေအနှစ်အဖြစ် ထာဝရတန်ဖိုးထားဝယ်ယူစုဆောင်းချင်သူများအတွက် MAHA မှာ ပတ္တမြားနှင့်စပင်နယ်ဖွဲ့စည်းပုံများဝေမျှလိုက်ပါတယ်။

© 2022 MAHA All Rights Reserved

✨ Maha Gems & Jewelry ✨

“Staying true to our heritage with quality Myanmar gemstones and fine craftsmanship.” - Maha


ကျောက်မျက်ဝေါဟာရများAmber       ပယင်းApatite.        နဂါးသွဲ့Beryl.      မြမျိုးကျောက်Aquamarine မြပြာ/စလင်းစိမ်း(မိုးကု...
18/08/2022

ကျောက်မျက်ဝေါဟာရများ
Amber ပယင်း
Apatite. နဂါးသွဲ့
Beryl. မြမျိုးကျောက်
Aquamarine မြပြာ/စလင်းစိမ်း(မိုးကုတ်အခေါ်)
Emerald မြ
Chalcedony
(agate) စေတီကျောက်
Chrysoberyl. မြောစိမ်း
Alexandrite. သုံးပန်လှ
Chrysoberyl cat's eye(yellow) သီလဂုတ်
Coral. သန်တာ
Corundum. အမာမျိုးကျောက်
Ruby. ပတ်တမွား
Sapphire. နီလာ
Colourless sapphire. နီလာဖြူ
Light blue/light yellow sapphire ဥဿဖယား
Yellow sapphire နီလာဝါ
Purple sapphire ဣန္ဒနီလာ
Star ruby. ပတ္တမြားဂေါ်ကြိုး
Star sapphire နီလာဂေါ်ကြိုး
Ruby & sapphire mixed in one ကျောက်ဆန်း
Danburite. ရွှေတွင်းဝါ
Diamond. စိန်
Diaopside. မိုးကုတ်မြ
Epidote. ကြံဆစ်ရည်ကျောက်
Enstatite. မြောစိမ်း
Feldspar ကြွေမျိုးကျောက်
Fluorite မိုးကုတ်ပုလဲပြာ
Garnet. ဥဒေါင်/ဇီး
Demantoid garnet ဥဒေါင်စိမ်း
Grossular garnet ပူတာအိုကျောက်စိမ်း
Hematite. ရေသံ
Iolite. အညံ့နီလာ
Jadeite. ကျောက်စိမ်း
Violet/purple jade ချွမ်
Kornerupine ရေဂေါ်မိတ်
Kyanite မိုးညှင်းနီလာ
Lapis lazuli ပါလဒုတ်ထာ
Moonstone မြော
Nephrite နယူးဇီလန်ကျောက်စိမ်း
Opal အိုပါယ်/ကျောက်ဆန်း
Peridot ပြောင်ခေါင်းစိမ်း
Phenakite သလင်းတူကျောက်
Pyrite ဗဟန်း
Quartz စလင်း/သလင်း
Amethyst ခရမ်းစွဲ/စလင်းစွဲ
Citrine စလင်းဝါ
Rose quartz ပန်းရောင်စလင်း
Blue quartz စလင်းပြာ
Milky quartz စလင်းဖြူ
Smoky quartz စလင်းညို/စလင်းမီးခိုး
Qtz cat's eye စလင်းကြောင်ကျောက်
Scapolite သူရောင်
Silimanite ထပ်ကျောက်
Spinel. အညံ့ပန်း/ပန်းညံ့
Spodumene ထပ်ကွာကျောက်
Topaz. ထပ်တရာ
Tourmaline ဖရဲအူ
Black tourmaline မဟူရာ/မှတ်မီး
Green tourmaline စောလဖေါ်မြ
Zircon ဂေါ်မိတ်/ဂေါ်မုတ်

ကမ္ဘာ့ ရှားပါး  ကျောက်မျက် 10- မျိုး ကို တောင်းဆိုထားသူများအတွက်ပါ
01/07/2022

ကမ္ဘာ့ ရှားပါး ကျောက်မျက် 10- မျိုး ကို တောင်းဆိုထားသူများအတွက်ပါ


ကျောက်မြတ်များ၏ တန်ခိုးအာနိသင်များ......................................................ပတ္တမြားသည် ဘေးရန်အမျိုးမျိုးကို...
27/06/2022

ကျောက်မြတ်များ၏ တန်ခိုးအာနိသင်များ......................................................

ပတ္တမြားသည် ဘေးရန်အမျိုးမျိုးကို ကာကွယ်နိုင်၏။
စီးပြားတိုး၏။

မြ သည် ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာ၏။
ဘေးဘယာများကို ကုစားနိင်၏။

ပုလဲသည် ကျက်သရေရှိ၏။သွေးလေ ခြောက်ခြား စိတ်နှလုံး
ပျက်ပြားသူများအား ကုစားနိုင်၏။

စိန်သည် ပျော်ရွှင်ချမ်းမြေ့၏။လာဘ်လာဘ ရွှင်၏။ဂုဏ်ရှိ၏။

ကျောက်စိမ်းသည် မင်္ဂလာရှိ၏။ ကြောက်ရွံ့ထိတ်လန့်ခြင်းကို
ကာကွယ်၏။

ပယင်းသည် မူးဝေသူရှုရှိုက်လျှင် ပျောက်ကင်းပြီး အိပ်ပျော်စေ၏။

မဟူရာသည် အသားနှင့်ထိ၍ ဆောင်ထားခြင်းဖြင့်
အဆိပ်ရှိသော် သတ္တဝါများကိုက်သော် အဆိပ်မတက်နိုင်၊
သောက်ရေအိုးထဲ ထည့်ထားသော် အပြင်မှ အဆိပ်ခတ်ခြင်း
ဆေးခတ်ခြင်းတို့က်ို ပျောက်ကင်းစေနိုင်၏။

သန္တာသည် စုန်းပရောဂများ ပြုစားမှုများကို ကာကွယ်၏။

စလင်းသည် မျက်စိရောဂါကို ကာကွယ်၏။

Credit Min Khant

SPECIAL COLOUR REPORTS"ROYAL BLUE"/ "PIGEON'S BLOOD RED"Each of these colour types covers a range, not just a single col...
27/06/2022

SPECIAL COLOUR REPORTS

"ROYAL BLUE"/ "PIGEON'S BLOOD RED"

Each of these colour types covers a range, not just a single colour. The appearance of "colour types" is also affected by cutting, clarity, pleochroism and in some cases, fluorescence. All colours are affected by the spectral output distribution (SPD) of the light source used to view them. Certain colours visible to our eyes are not reproducible either in print or on screen. These are termed "out of gamut" colours. Special colour terms will not be awarded for;

🔅Beryllium-treated
🔅Lead-glass-treated
🔅Surface diffusion treated Sapphires / Rubies.

ROYAL BLUE

This is a vivid blue-violet with a deep tone and is epitomized by the fine sapphires from Burma's Mogok region. In addition to Myanmar, royal blue sapphires are also found in Sri Lanka, Madagascar, Tanzania, Cambodia and Nigeria. Of all the colours of ruby and sapphire, the royal blue is the most difficult to show onscreen or in print, as the colour is out-of-gamut for both printing and most computer monitors.

The "Royal Blue" colour graded at GIC could either be heat-treated or unheated.
Colour is graded in day light and the colour descriptive term GIC colour range - “Royal Blue” is added.

PIGEON'S BLOOD

It is said that a perfect ruby is the same colour as the first two drops of blood drawn from the nose of a killed pigeon. The term is said to have originated from Burma, where locals call the finest and most vivid rubies ko-twe meaning “pigeon's blood”. The pigeon's blood colour is sometimes compared to the colour of a live pigeon's eye. "Pigeon's blood red" is traditionally the term used to describe the finest colours of ruby. It is quite rare to have a stone that is a straight red colour.

Pigeon’s blood colour is a vivid red colour (high intensity and low tone, e.g. no brown, purple and orange overtones) of a certain group of natural rubies. Rubies are medium to strong fluorescence if exposed to UV (365nm) light. Colour is graded in day light and the colour descriptive term GIC colour range - “pigeon’s blood red” is added.

The pigeon’s blood colour graded at GIC could either be heat-treated or unheated.

အထူးအရောင်အစီရင်ခံစာများ

"တော်ဝင်အပြာ"/ "ခိုသွေးနီ"

ဤအရောင်အမျိုးအစားတစ်ခုစီသည် တစ်ရောင်တည်းမဟုတ်ဘဲ အပိုင်းအခြားတစ်ခုကို အကျုံးဝင်ပါသည်။ "အရောင်အမျိုးအစားများ" ၏အသွင်အပြင်သည်ဖြတ်တောက်ခြင်း၊ ကြည်လင်ပြတ်သားခြင်း၊ pleochroism နှင့်အချို့ကိစ္စများတွင် fluorescence ကြောင့်လည်းသက်ရောက်မှုရှိသည်။ ၎င်းတို့ကို ကြည့်ရှုရန် အသုံးပြုသည့် အလင်းရင်းမြစ်၏ ရောင်စဉ်တန်း အထွက် ဖြန့်ဖြူးမှု (SPD) ကြောင့် အရောင်အားလုံးကို ထိခိုက်ပါသည်။ ကျွန်ုပ်တို့၏မျက်စိဖြင့် မြင်နိုင်သော အချို့သောအရောင်များသည် ပုံနှိပ်ခြင်း သို့မဟုတ် စခရင်ပေါ်တွင် မျိုးပွားမရနိုင်ပါ။ ဤအရောင်များကို "out of gamut" ဟုခေါ်သည်။ အထူးအရောင်သတ်မှတ်ချက်များအတွက် ဆုချီးမြှင့်မည်မဟုတ်ပါ။

🔅 ဘယ်ရီလီယမ်ကို ကုသပေးသည်။
🔅 ခဲ-မှန်-ဆေး
🔅Surface diffusion သည် Sapphires/ Rubies များကို ကုသပေးသည်။

တော်ဝင်အပြာ

၎င်းသည် နက်နဲသော လေသံဖြင့် ကွက်ကွက်ကွင်းကွင်း အပြာရောင် ခရမ်းရောင်ဖြစ်ပြီး မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ နီလာကောင်းများဖြင့် ပုံဖော်ထားသည်။ မြန်မာနိုင်ငံအပြင် တော်ဝင်အပြာရောင်နီလာများကို သီရိလင်္ကာ၊ မဒါဂတ်စကာ၊ တန်ဇန်းနီးယား၊ ကမ္ဘောဒီးယားနှင့် နိုင်ဂျီးရီးယားတို့တွင်လည်း တွေ့ရှိရသည်။ ပတ္တမြားနှင့် နီလာတို့၏ အရောင်အားလုံးတွင် တော်ဝင်အပြာသည် ပုံနှိပ်ခြင်းနှင့် ကွန်ပျူတာ မော်နီတာ အများစုအတွက် အရောင်သည် ဘောင်အပြင်ဘက် ဖြစ်နေသောကြောင့် တော်ဝင်အပြာသည် စခရင်ပေါ်တွင် သို့မဟုတ် ပုံနှိပ်တွင် ပြသရန် အခက်ခဲဆုံးဖြစ်သည်။

GIC တွင် အဆင့်သတ်မှတ်ထားသော "တော်ဝင်အပြာ" အရောင်သည် အပူဖြင့် ကုသခြင်း သို့မဟုတ် အပူမခံဘဲ ဖြစ်နိုင်သည်။
အရောင်ကို နေ့အလင်းရောင်တွင် အဆင့်သတ်မှတ်ထားပြီး အရောင်ဖော်ပြချက်အခေါ်အဝေါ် GIC အရောင်အပိုင်းအခြား - "တော်ဝင်အပြာ" ကို ထည့်သွင်းထားသည်။

ခိုင့်သွေး

ပြီးပြည့်စုံသော ပတ္တမြားတစ်လုံးသည် အသတ်ခံရသောခို၏နှာခေါင်းမှ သွေးစက်နှစ်စက်နှင့် ပထမအရောင်တူသည်ဟု ဆိုကြသည်။ ဤအခေါ်အဝေါ်သည် မြန်မာနိုင်ငံမှ ဆင်းသက်လာသည်ဟု ဒေသခံများက ဆိုကြပြီး အကောင်းမွန်ဆုံးနှင့် အထင်ရှားဆုံး ပတ္တမြားကို ခိုနှစ်ဟု အဓိပ္ပာယ်ရသော ခိုသွေးဟု ခေါ်ဆိုကြသည်။ ခို၏သွေးအရောင်သည် ခိုမျက်လုံးအရောင်နှင့် တစ်ခါတစ်ရံ နှိုင်းယှဉ်လေ့ရှိသည်။ “ခိုသွေးနီ” သည် ပတ္တမြား၏ အကောင်းမွန်ဆုံးအရောင်များကို ဖော်ပြရန်အတွက် ရှေးယခင်ကတည်းက အသုံးပြုသည့် အသုံးအနှုန်းဖြစ်သည်။ အနီရောင်ဖြောင့်စင်းတဲ့ ကျောက်တုံးတစ်တုံးရှိဖို့က တော်တော်ရှားပါတယ်။

Pigeon ၏သွေးအရောင်သည် သဘာဝပတ္တမြားအုပ်စုတစ်စု၏ အချို့သောသဘာဝပတ္တမြားအုပ်စု၏ ပြင်းထန်မှုပြင်းထန်မှုနှင့် အသံနိမ့်၊ အညိုရောင်၊ ခရမ်းရောင်နှင့် လိမ္မော်ရောင်တို့ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (365nm) အလင်းရောင်နှင့် ထိတွေ့ပါက ပတ္တမြားသည် အလယ်အလတ်မှ ပြင်းထန်သော အလင်းရောင်ဖြစ်သည်။ အရောင်ကို နေ့အလင်းရောင်တွင် အဆင့်သတ်မှတ်ထားပြီး အရောင်ဖော်ပြချက်အခေါ်အဝေါ် GIC အရောင်အပိုင်းအခြား - "ခိုသွေးနီ" ကို ထည့်ထားသည်။

GIC တွင် အဆင့်သတ်မှတ်ထားသော ခို၏သွေးအရောင်သည် အပူဖြင့် ကုသခြင်း သို့မဟုတ် အပူမခံရဘဲ ဖြစ်နိုင်သည်။

ကျောက်မျက်ရတနာတွေ ရဲ့ ဂုဏ်သတ္တိများCredit:
27/06/2022

ကျောက်မျက်ရတနာတွေ ရဲ့ ဂုဏ်သတ္တိများ

Credit:

Address

Mogok

Website

Alerts

Be the first to know and let us send you an email when BeautyLand Mogok Gems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share