23/08/2026
ပုလဲဝယ်တဲ့အခါ အဓိက မှားလေ့ရှိတဲ့
အမှားကြီး ၃ ခုကို ပြောပြရဦးမယ်။
ပထမဆုံး အမှတ်မှားကြတာကလေ
လုံးဝန်းပြီး အပြစ်အနာအဆာကင်းမှ
သဘာဝပုလဲအစစ်" လို့ ထင်မှတ်မှားခြင်းပဲ။
ဒါက အဖြစ်အများဆုံး အမှားပါ။
လူအများစုက ပုလဲဆိုရင် စက်ဝိုင်းပုံစံ စင်းလုံးချော လုံးဝန်းနေရမယ်၊ မျက်နှာပြင်မှာ အစက်အပြောက် လုံးဝမရှိရဘူးလို့ ထင်တတ်ကြပါတယ်။
တကယ် အမှန်တရားက သဘာဝအတိုင်း
မွေးမြူထားတဲ့ Saltwater (ပင်လယ်ရေငန်)
ဒါမှမဟုတ် Freshwater (ရေချို) ပုလဲအစစ်တွေမှာ မွေးရာပါ အမာရွတ် သို့မဟုတ် အဝိုက်လေးတွေ
ရှိတတ်ပါတယ်။ လုံးဝန်းမှုအပိုင်းမှာလည်း လုံးဝ စက်ဝိုင်းပုံစံ စင်းလုံးချော (Round) ပုလဲတွေက အရမ်းရှားပြီး ဈေးအလွန်ကြီးပါတယ်။
ဒီအချက်ကို မသိတဲ့အခါ ပလတ်စတစ် ဒါမှမဟုတ် ဖန်နဲ့လုပ်ထားတဲ့ လုံးဝန်းစင်းလုံးချောနေတဲ့ ပုလဲအတုတွေကို ပုလဲအစစ်အဆင့်မြင့်ကြီးဆိုပြီး ဈေးကြီးပေးဝယ်မိတတ်ကြပါတယ်နော် 🔥
ဒုတိယအမှတ်မှားတာက ပုလဲရဲ့ "အရွယ်အစား (Size)" တစ်ခုတည်းကိုကြည့်ပြီး တန်ဖိုးဖြတ်ခြင်းပါပဲ
"ပုလဲက ကြီးလေ၊ ပိုကောင်းလေ၊ ပိုဈေးကြီးလေပဲ" လို့ အများစု တွေးတတ်ကြတာမျိုးပါ။
ပုလဲရဲ့ တန်ဖိုးကို ဖြတ်တဲ့နေရာမှာ အရွယ်အစား (Size) ၊ မျက်နှာပြင်ရဲ့ တောက်ပမှု (Luster)၊ ပုလဲအမျိုးအစား (Type) နဲ့ ရှားပါးမှုက ပိုပြီး အရေးကြီးပါတယ်။
ဥပမာ- အရွယ်အစား ကြီးပေမယ့် မှိန်ပြီး
အရောင်မထွက်တဲ့ ပုလဲတစ်လုံးထက်၊ အရွယ်အစား သေးပေမယ့် ပြောင်လက်တောက်ပနေပြီး ရောင်ပြန်အားကောင်းတဲ့ ပုလဲတစ်လုံးက ပိုပြီး
တန်ဖိုးကြီး၊ ဈေးကြီးတတ်ပါတယ်။
နောက်ဆုံး အမှားအများဆုံးအချက်ကတော့
ပုလဲအမျိုးအစား ကွာခြားချက်ကို မမေးမြန်းဘဲ ဝယ်ယူခြင်းဖြစ်ပါတယ်။
ရေချိုပုလဲ (Freshwater) လား၊ ပင်လယ်ရေငန်ပုလဲ (Saltwater ဖြစ်တဲ့ Akoya, South Sea, Tahitian) လား ဆိုတာကို သေချာမခွဲခြားဘဲ ဝယ်မိတာမျိုးပါ။
ရေချိုပုလဲတွေက ကမာကောင်တစ်ကောင်ထဲကနေ အလုံးရေအများကြီး အချိန်တိုအတွင်း ထွက်တဲ့အတွက် ရရှိနိုင်မှု ပိုများပြီး ဈေးနှုန်း ပိုမိုသက်သာပါတယ်။ ပင်လယ်ရေငန်ပုလဲတွေကတော့ ဂုံးကောင်တစ်ကောင်မှာ တစ်လုံးပဲ ရတတ်ပြီး မွေးမြူရခက်တဲ့အတွက် တောက်ပမှု ပိုသာလွန်သလို ဈေးနှုန်းလည်း အဆမတန် ကွာခြားပါတယ်။
တချို့သော အရောင်းဆိုင်တွေက ရေချိုပုလဲ (Freshwater) ကို အရည်အသွေးမြင့် ပင်လယ်ရေငန်ပုလဲ (Saltwater) ရဲ့ ဈေးနှုန်းအတိုင်း အမြတ်အစွန်းအများကြီးတင်ပြီး လိမ်လည်ရောင်းချတာကို ခံရတတ်ပါတယ်🔥
ကဲ…ဒီအချက်တွေ သိထားမယ်ဆိုရင်
ပုလဲဝယ်ယူတဲ့နေရာမှာ အကျိုးရှိစေဖို့ မျှဝေပေးလိုက်ပါတယ်ရှင်။
Crd to ချစ်သောနိုရာ❤️
#ရေချိုပုလဲ #မွေးပုလဲ
#ပုလဲအစစ်