MSP ပျားရည်နှင့် ပျားထွက်ပစ္စည်း

  • Home
  • Myanmar
  • Mandalay
  • MSP ပျားရည်နှင့် ပျားထွက်ပစ္စည်း

MSP ပျားရည်နှင့် ပျားထွက်ပစ္စည်း မြရွှေပြည် တိုင်းရင်းဆေးမြစ်မျိုးစုံနှင့် ပျားရည် ပျားဖယောင်း ရောင်းဝယ်ရေး22လမ်း 86& 87 ကြားMandalay

24/04/2026

၂၄.၄.၂၆

အရန်သင့်အမှုံကြိတ်ထားသော ဆေးများဈေးနှုန်းများ

# ကျမတို့ မြရွှေပြည် ဘယဆေးဆိုင်မှာတောထွက် ဆေးမြစ်ပေါင်း အမျိုး ၃၀၀ ကျော် ရရှိနိုင်သကဲ့သို့ ပြည်ပမှတင်သွင်းသောဘယဆေးမြစ်များလည်း ရရှိနိုင်ပါသည်
# ဆေးမြစ်များအနေနှင့်လည်း ရရှိနိုင်သလို အရန်သင့်သုံးနိုင်သော ဆေးအမှုံ့များအနေနှင့်လည်း ရရှိနိုင်ပါသည်
# ဆေးဝါးထုတ်လုပ်သော လုပ်ငန်းရှင်များ ဆေးအမှုံကြိတ်အပ်လိုပါက ဆေးအမှုံ့ကြိတ်ခြင်း ဆေးပြားရိုက်ခြင်း/ဆေးအလုံးလုံးခြင်းများကို တစ်နေရာထဲတွင် အပြီးစီး ဆောင်ရွက်နိုင်ပါသည်
# တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်စဉ်များကို အချိုးအဆ မှန်ကန်တိကျစွာ /လတ်ဆတ်စွာ ဖော်စပ်ထားသောကြောင့် အရန်သင့် အသုံးပြုလိုသော ဈေးဝယ်များအတွက်လည်း အဆင်ပြေစေမှာပါရှင့်
# အသုံးများသော ဆေးမြစ်များကို အရန်သင့်ကြိတ်ပြီး ပါကင်ထုတ်ငယ်များဖြင့် ရရှိနိုင်ပါသည်
* တစ်ထုပ်တွင် အလေးချိန် တစ်ဆယ်သားပါရှိသည်
* တစ်ထုပ်ချင်းဈေးနှင့် ပိသာလိုက် အများဈေး ကွာခြားပါမည်
*လက်ကားမှာယူနိုင်ပါသည်
* အထုပ်ငယ်များကို အောက်မှ videoတွင် ပြထားပါသည်

(၁)ပဲနံ့သာမှုံ တစ်ထုပ် ၅၀၀၀
(၂)ဆင်တုံးမနွယ်မှုံ့ တစ်ထုပ် ၃၀၀၀
(၃) ဟင်းခတ်ဆနွင်းမှုံ တစ်ထုပ် ၄၀၀၀
(၄) ဆေးသုံးဆနွင်းခါးမှုံ့ တစ်ထုပ် ၃၀၀၀
(၅) မက်လင်ချဉ်မှုံ့ တစ်ထုပ် ၅၀၀၀
(၆) ကရဝေးရွက်မှုံ့ တစ်ထုပ် ၃၀၀၀
(၇) သစ်ဂျပိုးမှုံ့ တစ်ထုပ် ၄၀၀၀
(၈) ကင်ပွန်းသီးမှုံ့ တစ်ထုပ် ၄၀၀၀
(၉) ဆားခါး တစ်ထုပ် ၁၂၀၀
(၁၀) ကျောက်ချဉ်မှုံ တစ်ထုပ် ၂၅၀၀
(၁၁) သိန္ဒောဆား တစ်ထုပ် ၁၅၀၀
(၁၂) ဆားပုတ်ဆား တစ်ထုပ် ၂၀၀၀
(၁၃) ကရမက်မှုံ တစ်ထုပ် ၁၅၀၀၀
(၁၄). သနပ်ခါးမှုံ တစ်ထုပ် ၆၀၀၀
(၁၅) တမာရွက်မှုံ့ တစ်ထုပ် ၅၀၀၀
(၁၆) ပွေးကိုင်းရွက်မှုံ တစ်ထုပ် ၃၀၀၀
(၁၇) နံံ့သာ ငါးပါးမှု့ံ တစ်မျိုးကို ၁ ကျပ်သားစီပါ စုစုပေါင်း ၅ ကျပ်သားထုပ် တစ်ထုပ် ၉၀၀၀
(၁၈) မိတ်သလင်မှုံ့ တစ်ထုပ် ၄၀၀၀
(၁၉) ဂျင်းမှုံ့ တစ်ထုပ် ၅၀၀၀
(၂၀) ငရုတ်ကောင်းမှုံ့ တစ်ထုပ် ၉၅၀၀
(၂၁) လေးညှင်းမှုံ ့ တစ်ထုပ် ၁၅၀၀၀
(၂၂) ပိတ်ချင်းမှုံ့ တစ်ထုပ် ၁၂၀၀၀
(၂၃) ပဒဲကောမှုံ့ တစ်ထုပ် ၉၀၀၀
(၂၄) ပျားရည်စစ်စစ် တစ်ဘူး ၃၀ သားပါ ၁၀၀၀၀
(၂၅)ပျားဖယောင်း စစ်စစ် တစ်ပိသာ ၆၄၀၀၀
(၂၆) တမာရွက်မှုံ့ တစ်ထုပ် ၅၀၀၀
(၂၇) ဒန့်ဒလွန်ရွက်မှုံ့ တစ်ထုပ် ၇၀၀၀
(၂၈)နလင်ကျော်မှုံ့ တစ်ထုတ် ၅၀၀၀
(၂၉) တောင်တန်ကြီးမှုံ့ တစ်ထုပ် ၆၀၀၀
(၃၀) ဇီးဖြူသီးမှုံ့ တစ်ထုပ် ၅၀၀၀
(၃၁) ဖန်ခါးသီးမှုံ့ တစ်ထုပ် ၅၀၀၀
(၃၂) သစ်ဆိမ့်သီးမှုံ့ တစ်ထုပ် ၅၀၀၀
(၃၃) ကွမ်းရွက်မှုံ့ တစ်ထုပ် ၄၀၀၀
(၃၄) နံနံစေ့မှုံ့ တစ်ထုတ် ၃၀၀၀
(၃၅) စမုံစပါးမှုံ့ တစ်ထုပ် ၄၀၀၀
(၃၆) မြင်းခွာရွက်မှုံ့ တစ်ထုပ် ၄၀၀၀
(၃၇) မန်ကျည်းနှစ်+ ထန်းလျက် တစ်ထုပ် ၃၀၀၀
(၃၈) ဘုဒလက်မှုံ့ တစ်ထုပ် ၄၅၀၀

02/04/2026

၂.၄.၂၀၂၆
အနယ်နယ် အရပ်ရပ်မှကျမတို့ page ရဲ့ ဈေးဝယ်များသို့ အသိပေးအပ်ပါသည်
(၁) သင်္ကြန်ပိတ်ရက် ၉.၄.၂၆ မှ နှစ်ဆန်း ၂ ရက်ထိ
( နှစ်ဆန်း ၃ ရက်ပြန်ဖွင့်ပါမည်)
(၂) ဈေးနှုန်း အပြောင်းအလဲများကြောင့် ဈေးနှုန်းများ တင်ရန် အခက်ခဲ ရှိသောကြောင့် သိလိုသည်များရှိပါက
09 7850 200 67
09 79860 8892 တို့သို့ မနက်(၈) ညနေ (၆) အတွင်း တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်
(၃) ဈေးသိချင်ရုံဘဲ မဝယ်ဖြစ်သေးလို့ ဖုန်းမဆက်ချင်ပါဆိုလျှင်လဲ ထို ဖုန်းများ Viber ရှိပါသည် /Viber တွင် စာပို့ မေးမြန်းနိုင်ပါသည်
(၄) ဥပုသ်နေ့တိုင်းဆိုင်ပိတ်ပါသည် /
(၅) ဘယဆေးမြစ်မျိုးစုံ
- လုံနှင့် အဂ္ဂိရတ်ပစ္စည်းများ
- အမှုံ့ကြိတ်ခြင်း /ဆေးအပြားရိုက်ခြင်း
-လိမ်းဆေးသုံးအဆီမျိုးစုံ
- မဆလာနှင့်ဟင်းခတ်အမွှေးကြိုင်ပစ္စည်းမျိုးစုံ
စသည်တို့ကို အမြဲမပြတ် ရရှိနိုင်ပါသည်

17/12/2025
17/12/2025

17.12.2025
ရေးထားသော ဈေးများသည် ၂၅ ကျပ်သားပါသော အထုပ်ဈေးများဖြစ်သည်

(၁) ပွေးကိုင်းမှုံ့ တစ်ထုပ်၄၀၀၀(၂၅ ကျပ်သားပါ)
(၂) မြင်းခွာရွက်မှုံ့တစ်ထုပ် ၅၀၀၀ (၂၅ ကျပ်သားပါ)
(၃)ဆနွင်းမှုံ့ တစ်ထုပ် ၅၀၀၀
(၄) ဆနွင်းခါးမှုံ့ တစ်ထုပ် ၄၀၀၀
(၅)နံ့သာဖြူမှုံ့ တစ်ထုပ် ၄၅၀၀၀
(၆) ကရမက်မှုံ တစ်ထုပ် ၂၀၀၀၀
(၇) နံ့သာနီမှုံ တစ်ထုပ် ၂၀၀၀၀
(၈) ကွမ်းရွက်မှုံ တစ်ထုပ် ၄၀၀၀
(၉) ဒါန်းရွက်မှုံ့ တစ်ထုပ် (၃ကျပ်သားပါ) ၆၀၀၀
(၁၀) ကရဝေးရွက်မှုံ တစ်ထုပ် ၅၀၀၀
(၁၁) သစ်ဂျပိုးခေါက်မှုံ့ တစ်ထုပ် ၈၀၀၀
(၁၂) ငရုတ်ကောင်းမှုံ့ တစ်ထုပ် ၁၈၀၀၀
(၁၃) ငရုတ်ကောင်းဆီ တစ်ပေါင် ၆၀၀၀၀
(၁၄) လေးညှင်းမှုံ့ တစ်ထုပ် ၂၁၅၀၀
(၁၅) လေးညှင်းဆီ တစ်ပေါင် ၇၀၀၀၀
(၁၆) ဂျင်းမှုံ့ တစ်ထုပ် ၇၀၀၀
(၁၇) ဘုဒလက်သီး တစ်ထုပ် ၁၃၀၀၀
(၁၈) ရေမျောသီး တစ်လုံး ၃၀၀၀
(၁၉) ဒန့်ဒလွန်ရွက်မှုံ့ တစ်ထုပ် ၁၂၀၀၀
(၂၀) တမာရွက်မှုံ့ တစ်ထုပ် ၈၀၀၀
(၂၁) မန်ကျည်းထန်းလျက် တစ်ထုပ် ၆၀၀၀
(၂၂) မိတ်သလင်မှုံ့ တစ်ထုပ် ၇၀၀၀
(၂၃) စမုံနက်စေ့မှုံ့ တစ်ထုပ် ၉၀၀၀
(၂၄) ကင်ပွန်းသီးမှုံ တစ်ထုပ် ၇၀၀၀
(၂၅) ဆင်တုံးမနွယ်မှုံ တစ်ထုပ် ၃၀၀၀
(၂၆) ကံ့ကော်ပန်းခြောက် တစ်ထုပ် ၉၀၀၀
(၂၇) ခရေပန်းခြောက် တစ်ထုပ် ၉၀၀၀
(၂၈) သနပ်ခါးမြစ်မှုံ့ တစ်ထုပ် ၉၀၀၀
(၂၉) နံနံစေ့မှုံ့ တစ်ထုပ် ၄၀၀၀
(၃၀) စမုံစပါးမှုံ့ တစ်ထုပ် ၄၀၀၀
(၃၁) ပင်ပွားစေ့ တစ်ထုပ် ၁၀၀၀၀
(၃၂) ပဲနံ့သာမှုံ့ တစ်ထုပ် ၁၀၀၀၀
(၃၃) တပင်တိုင်မြနန်းမှုံ့ တစ်ထုပ် ၂၀၀၀၀
(၃၄)စပါးလင်အဆီ တစ်ပေါင် ၄၀၀၀၀
(၃၅) ယူကလစ်ဆီ တစ်ပေါင် ၆၀၀၀၀
(၃၆)မုံညင်းဆီ တစ်ပေါင် ၇၀၀၀
(၃၇) နှမ်းဆီတစ်ပေါင် ၇၀၀၀
(၃၈) bee wax ပျားဖယောင်း တစ်ပေါင် ၁၇၀၀၀
၂၂ လမ်း ၈၆× ၈၇ ကြား ခြင်္သေ့ကြီးနှစ်ကောင်အနီး
09 7850 200 67
09 79860 8892 (Viber )

26/09/2025

၂၆.၉.၂၀၂၅

ရောင်းချလျက်ရှိသော ဈေးနှုန်းများ

အဂ္ဂိရတ်သုံး ကုန်ကြမ်းများ

၁. ဘော် တစ်ကျပ်သား ၉၅၀၀၀

၂. ဂျွတ် တစ်ကျပ်သား ၃၅၀၀
တစ်ဆယ်သား ၃၃၀၀၀

၃. ဘင် တစ်ကျပ်သား ၅၀၀၀
တစ်ဆယ်သား ၄၅၀၀၀

၄. နာ တစ်ကျပ်သား ၄၀၀
တစ်ဆယ်သား ၃၅၀၀

၅. ပြဒါး တစ်ကျပ်သား ၂၁၀၀၀


၆. သွပ် တစ်ကျပ်သား ၄၀၀
တစ်ဆယ်သား ၃၅၀၀

၇.သွပ်ရွှေဝါ တစ်ကျပ်သား ၃၀၀၀
တစ်ဆယ်သား ၂၇၀၀၀

၈. စိန်ဦးနှောက် တစ်ကျပ်သား ၃၇၀၀၀

၉.ကြက်တူရွေးစိန်နီ /စိန်ဒိုးဆံ
တစ်ကျပ်သား ၇၀၀၀

၁၀.ဟင်းရိုင်းဖြူ ပစ္စည်းပြတ်

၁၁. ဟင်းရိုင်းနီ တစ်ကျပ်သား ၃၇၀၀၀

၁၂. ဒုထ္ထာမှုံ့ Russia တစ်ပိသာ ၇၀၀၀၀

၁၃. လက်ချားခဲ တစ်ပိသာ ၁၈၀၀၀

၁၄. လုံအမျိုးမျိုး

- ပါရမီလုံ
- စကြ်ာလုံ
- ကျောက်လုံ
- ဂရပ်ဖိုက်လုံ / သံလုံ
- နှစ်ထပ်လုံ
- ရွှေကျိုလုံ
- လုံအပိတ် မျိုးစုံ

အမြဲရရှိနိင်သော ပစ္စည်းများ ဖြစ်သောကြောင့် ယခု post. ကို လ အတော်ကြာမှ တွေ့ခဲ့သည်ရှိသော် ပစ္စည်းမပြတ်ရရှိပါသည် /ဈေးနှုန်းများ ဆက်သွယ်မေးနိုင်ပါသည်

၂၂လမ်း ၈၆&၈၇ ကြား
ပုလင်းဝန်းရပ် မန္တလေး
မြရွှေပြည် ဘယဆေးဆိုင်

📞09 7850 20067
📞09 79860 8892

💥💥💥ဥပုသ် နေ့ တိုင်း ဆိုင်ပိတ်ပါသည်။

ကျန်ရက်များ မနက်၈ နာရီ မှ ညနေ ၆နာရီအတွင်း ဝယ်ယူနိုင်ပါသည် / ဆက်သွယ် မေးမြန်းနိုင်ပါသည် ။

Call now to connect with business.

03/09/2025

3.9.2025

06/08/2025

၆.၈.၂၀၂၅
မြရွှေပြည် ဘယဆေးဆိုင်တွင် ဝယ်ယူနိုင်သော ပစ္စည်းများ
- ကျမတို့ ဘယဆေးဆိုင်တွင် ဝယ်ယူသော ဈေးဝယ်အများစုမှာ အသက်ကြီးသူများ အများစု ဖြစ်သောကြောင့် စာအရှည်ကြီး မဖတ်နိုင်ပါက အဆင်ပြေစေရန် ဗီဒီယိုဖိုင်ရိုက်ပြီးသာ တင်လိုက်ပါတယ်ရှင့်
သိလိုသောဈေးများ / မရှင်းလင်း လိုက်တာများပါခဲ့ရင် ဖုံးဆက်မေးမြန်းနိုင်ပါတယ်
09 7850 200 67
09 79860 8892
၂၂ လမ်း ၈၆&၈၇ ကြား မန္တလေး
( ဥပုသ်နေ့တိုင်း ဆိုင်ပိတ်ပါသည်)

10/05/2025

၁၀.၅.၂၀၂၅
မြန်မာတိုင်းရင်းဆေးကို ကြိုက်နှစ်သက်သူများအတွက်
အသုံးများသော အဝယ်များသော အောက်ပါဆေးမြစ်များကို ကျွန်မတို့ page ကနေ မှာယူလို့ ရပါသည်/

(၁) တပင်တိုင်မြနန်းဥ
(၂) ကရမက်
(၃) နံ့သာဖြူ
(၄) တောင်တန်ကတိုး
(၅)နံ့သာငါးပါး
(၆) ကံ့ကော်ပန်းဝတ်ဆံ
(၇) ပျားရည်
(၈)ဘုဒလက်သီး
(၉)ဆနွင်းမှုံ့
(၁၀) ဆနွင်းအခါးမှုံ
(၁၁) တောင်တန်ကြီးမြစ်
(၁၂) ကျားမနိုင်မြစ်
(၁၃) တောရှောက်မြစ်
(၁၄) နလင်ကျော်မြစ်
(၁၅) ဝင်အူမြစ်
(၁၆) မက်လင်ခေါက်
(၁၇) မိတ်သလင်မှုံ
(၁၈) လျှော်ဖြူစေး
(၁၉) ဒန်ဒလွန်စေ့
(၂၀) လောက်သေရွက်
(၂၁)ဧကရာဇ်မြစ်
(၂၂)ကင်ပွန်း သီးမှုံ
(၂၃)ပင်ပွားစေ့
(၂၄) ရှဉ့်မတက် ဥ

အသုံးဝင်ပုံ ဆေးနည်းများ

(၁)တပင်တိုင်မြနန်း
_ ကိုယ်တွင်း ကိုယ်ပ အဖု အကြိတ် များ (မြစ်ပွားနာများ)
ကို ကုသရာတွင် သုံးသည်
- ကိုယ်ခန္ဓာပြင်ပအဖုအကြိတ်များအတွက် တပင်တိုင်ဥ ကို သန့်စင်စွာ သွေးကာ လိမ်းနိုင်သည်
- ခန္ဓာကိုယ်အတွင်း အဖုအကြိတ်များအတွက် တပင်တိုင်ဥကို သန့်စင်စွာ သွေးကာသောက်နိုင်သည်
(၂). ကရမက်
_ အရေပြားယားယံခြင်း
- ပူပြင်းသောရာသီကြောင့် မိတ်ဖုများ ထွက်ခြင်း
- ပူသော ဥတု ကြောင့် မျက်စိဝေဝါး မျက်ဝတ်ထွက်ခြင်း
- ခြေဖဝါး လက်ဖဝါးများ အရေပြား ကွဲခြင်း
-အသားအရေ ပူစပ်ခြင်း များအတွက် ကရမက်ကို လိမ်းပေးရသည်
(၃) နံသာဖြူ / (၄) တောင်တန်ကတိုး
- ခေါင်းအုံ နှာပိတ်ခြင်း
- မူးဝေ အကြော တက်ခြင်း
- ကိုယ်နံ့ ပြင်းခြင်း
- အသားအရေ ညစ်နွမ်းခြင်း
စသည်တို့အတွက် နံသာဖြူ နှင့် တောင်တန်ကတိုး တို့ကို
သွေးလိမ်းနိုင်သည်
(၅) နံ့သာ ငါးပါး ( နံ့သာဖြူ + ကရမက်+ နံ့သာနီ+ အကျော်+ စံပါ)
- အိမ်သစ်တက်ခြင်းနှင့် အလှု မင်္ဂလာ အခမ်းအနားများတွင် မင်္ဂလာ ယူခြင်း အတိတ်နမိတ်ဖြင့် နံံ့သာငါးပါးအရည်ကို ပက်ဖြန်း လေ့ ရှိကြသည်
- နေအိမ် ဈေးဆိုင်များတွင်လဲ နံ့သာရည် ပက်ဖြန်းကာ စိတ်လက်ရွှင်သာစေကြသည်
- အမွှေးနံ့သာ အနေနှင့်လဲသနပ်ခါးနှင့်ရောကာ လိမ်းကြသည်
(၆) ကံ့ကော်ဝတ်ဆံ
- ကိုယ်နံ့ သင်းပျံ့စေရန် သနပ်ခါးနှင့် ရောကြိတ်ကာ လိမ်းကြသည်
(၇)ပျားရည်
-စစ်မှန်သော ပျားရည်ကို စားသုံခြင်းဖြင့် ဝမ်းမှန်စေခြင်း + ရောင်ယမ်းမှုများကို လျော့ကျစေခြင်း +အားအင်ဖြစ်ထွန်းခြင်း စသော အကျိုးများ ရရှိစေပါသည်
- စစ်မှန်သော ပျားရည်ကို လိမ်းပေးခြင်းဖြင့် အသားအရေ အစိုဓာတ် ထိန်းပေးခြင်း + အမာရွတ်များ မှေးမှိန်စေခြင်း+ အရေးအကြောင်းများ လျော့နည်းစေခြင်း စသော အကျိုးများရရှိစေပါသည်
(၈)ဘုဒလက်သီး
- ဝက်ခြံ နှင်​့ တင်းတိတ်များ လျော့နည်းစေရန် လိမ်းပေးနိုင်သည်
(၉)ဆနွင်းမှုံ (၁၀) ဆနွင်းခါးမှု့ံ့
- ဆနွင်းမှုံ့ကို ဟင်းချက်ရာတွင် အဓိက သုံးပြီး ဆနွင်းအခါးမှုံကို ဆေးအဖြစ်သုံးရာတွင် အဓိက က သုံးသည်
- အစာခြေဖျက်ခြင်းစနစ်ကို ကောင်းစွာ ပြုလုပ်စေသည်
-လေထိုးလေအောင့်ခြင်းများကို သက်သာစေသည်
- သွေးသား စင်ကြယ်စေသည်
(၁၁)တောင်တန်ကြီး
- ညောင်းညာကိုက်ခဲခြင်း /အကြောကပ်ခြင်းများအတွက် တောင်တန်ကြီးမြစ်ကို သွေးလိမ်းနိုင်သည်
- ပင့်ကူ ခါချဉ် ကဲ့သို့အကောင်ငယ်များကိုက်ခဲ့လျှင်တောင်တန်ကြီးမြစ်ကို ဆားရည်နှင့် သွေးကာ လိမ်းပေးလျှင် ကိုက်ခဲနာကျင်ခြင်း သက်သာစေနိုင်သည်
(၁၂)ကျားမနိုင်မြစ်
(၁၃) တောရှောက်မြစ်
(၁၄) ဝင်အူမြစ်
(၁၅) နလင်ကျော်မြစ်

- အရိုးအကြော ညောင်းညာကိုက်ခဲခြင်း
-လေဖြတ်ခြင်း
- ခြေလက် လေးလံခြင်း တို့အတွက် ကျားမနိုင်+ တောရှောက်+ ဝင်အူ + နလင်ကျော် စသည်တို့ကို လိမ်းနိုင်သည်
(၁၇) မိတ်သလင်ဥ
- အကြောတင်ခြင်း
- ထိခိုက်မှုကြောင့် အညိုအမဲစွဲဒဏ်ဖြစ်ခြင်း စသည်တို့ကို မိတ်သလင်ဥ သွေးလိမ်းပါက သက်သာနိုင်သည်
(၁၈)လျှော်ဖြူစေး (or) ဆေးကုလားမ
- ဆီးနည်း ဆီးအောင့်ခြင့်
- ဝမ်းချုပ်ခြင်း တို့အတွက် လျှော်ဖြူပင်အစေးကို ရေစိမ်ကာ ပွလာပါက. ရှောက်ရည်/ သံပုရာရည် / သကြားရည် တို့ဖြင့် ရောဖျော်ကာ သောက်ပေးရသည်
(၁၉)ဒန့်ဒလွန်စေ့ (၂၁)ဧကရာဇ်မြစ်
- ခေါင်းအုံ ဇာတ်ကြောထိုးခြင်း
- သွေးတက်ခြင်း တို့အတွက် ဒန့်ဒလွန်စေ့ကိုဝါးစားပေးနိုင်သည် /ဧကရာဇ် မြစ်ကို သွေးသောက်နိုင်သည်
- အလှကုန်ပစ္စည်းများတွင်လဲ ဒန့်ဒလွန်စေ့အမှုံ့ကို အသုံးပြုကြသည်
(၂၀) လောက်သေရွက်
- လူနှင့် အိမ်မွေးတိရစ္ဆာန် တို့တွင် အရေပြားအနာများဖြစ်ပါက လောက်သေရွက်ကို ပြုတ်ကာ ထိုပြုတ်ရည် ဖြင့် ရေချိုးပေးပါက အရေပြားယားယံခြင်းများ သက်သာစေသည်
- လောက်သေရွက်ကို စင်ကြယ်စွာ ဆေးပြီး အခြောက်လှန်းကာ ရေနွေးစိမ် သောက်​ပါက သန်ကောင်များ ကင်းစေသည်
(၂၂) ကင်ပွန်းသီးမှုံ့
- ကိုယ်တိုက်ဆပ်ပြာရည်နှင့် တွဲသုံးပါက ဒူးမဲ တံတောငိဆစ်မဲခြင်း / နေလောင်ဒဏ်ကြောင့် အသားညစ်မဲခြင်း များကို သက်သာစေသည်
- စတီးပစ္စည်းများကို သန့်စင် အရောင်ထွက်စေရန် ပန်းကန်ဆေးဆပ်ပြာ + ဆော်ဒါမှုံံ+ ကင်ပွန်းသီးမှုံ သုံးမျိုးရောကာ တိုက်ချွတ်ပေးနိုင်သည်
(၂၃)ပင်ပွားစေ့ (or) ချီယားစေ့(Chia seed)
- အမျှင်ဓာတ် / ပရိုတင်းဓာတ်များ ပါဝင်သောကြောင့် ဖြည့်စွတ်စာအနေနှင့် သုံးကြသည်
- အရိုးနှင့် သွားများကို ကြံ့ခိုင်စေသည်
_ ဗိုက်ပြည့်လွယ်ပြီး အဆာခံသောကြောင့်ဝိတ်ချခြင်းကို အထောက်အကူပြုသည်

(၂၄) ရှဉ့်မတက်ဥ
- နွားနို့ဖြင့်ရောကျိုသောက်ပါက အားအင်တိုးစေသည်
နို့တိုက်မိခင်များ မိခင်နို့ထွက်များစေသည်
- ရှဉ့်မတက်ဥမှုံံ့ကို ငရုတ်ကောင်း+ ပျားရည်တို့နှင့် ရောစပ်သောက်ပါက ရက်ကြာရှည် ချောင်းဆိုးခြင်းကို သက်သာစေဟု တိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားပါသည်

မှတ်ချက်
# ဘယဆေးဆိုင်ဖြစ်သည့်အတွက် အထက်ပါဆေးမြစ်များအားလုံးသည် အခြောက်လှန်းပြီးသားဖြစ်သည် / အစို အဟုတ်ပါ
# တိရစ္ဆာန်များ မှ ရသော ဆေးဘက်ဝင် ပစ္စည်းများ မရနိုင်ပါ (စပါးကြီးသည်းခြေ .....အစရှိသကဲ့သို့ ပစ္စည်းများ )
# အထက်ပါ ဆေးမြစ်၂၃ မျိုး အတွက်တိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားသော အသုံးပြုပုံတို့ကို ဈေးဝယ်သူတို့ အထောက်အကူဖြစ်စေရန်သာ စုဆောင်းကူးယူဖော်ပြထားခြင်း ဖြစ်သည်

# ရောဂါ ပေါင်းစုံအတွက် သောက်သုံးရမည့် ဆေးများကို ကျွန်မတို့ ညွှန်းမပေးတတ်ပါ / တတ်ကျွမ်းနားလည်သည့် ဆရာများနှင့် ဆွေးနွေးပါ / လိုအပ်သည့် ဆေးမြစ်ဆေးဥများကို ကျွန်မတို့ဆိုင်တွင် ရောင်းချလျက်ရှိကြောင်း ကြော်ငြာခြင်းသာ ဖြစ်ပါသည်

# မန္တလေး ၂၂ လမ်း ၈၆&၈၇ ကြား
ခြင်္သေ့ကြီးနှစ်ကောင်ရုပ်ထုနှင့် ကပ်ရပ်
မြရွှေပြည် ဘယဆေးဆိုင်
09 79860 8892
09 7850 200 67

# ဥပုသ်နေ့တိုင်း ပိတ်ပါသည်


-

02/05/2025

၂.၅.၂၀၂၅

ရောင်းချလျက်ရှိသော ဈေးနှုန်းများ

အဂ္ဂိရတ်သုံး ကုန်ကြမ်းများ

၁. ဘော် တစ်ကျပ်သား ၈၃၀၀၀

၂. ဂျွတ် တစ်ကျပ်သား ၃၀၀၀
တစ်ဆယ်သား ၂၇၀၀၀

၃. ဘင် တစ်ကျပ်သား ၄၅၀၀
တစ်ဆယ်သား ၄၂၀၀၀

၄. နာ တစ်ကျပ်သား ၄၀၀
တစ်ဆယ်သား ၃၅၀၀

၅. ပြဒါး တစ်ကျပ်သား ၂၂၀၀၀


၆. သွပ် တစ်ကျပ်သား ၄၀၀
တစ်ဆယ်သား ၃၅၀၀

၇.သွပ်ရွှေဝါ တစ်ကျပ်သား ၂၅၀၀
တစ်ဆယ်သား ၂၃၀၀၀

၈. စိန်ဦးနှောက် တစ်ကျပ်သား ၃၂၀၀၀

၉.ကြက်တူရွေးစိန်နီ /စိန်ဒိုးဆံ
တစ်ကျပ်သား ၇၀၀၀

၁၀.ဟင်းရိုင်းဖြူ တစ်ကျပ်သား ၃၀၀၀၀

၁၁. ဟင်းရိုင်းနီ တစ်ကျပ်သား ၃၀၀၀၀

၁၂. ဒုထ္ထာမှုံ့ Russia တစ်ပိသာ ၆၀၀၀၀

၁၃. လက်ချားခဲ တစ်ပိသာ ၁၆၀၀၀

🌲🌲🌼ဘယဆေးကုန်ကြမ်းများ

လိမ်းဆေးသုံး ပစ္စည်းများ

၁ . မင်သော် တစ်ပေါင် ၄၃၀၀၀
၂.ပရုပ် တစ်ပိသာ ၅၅၀၀၀
၃.သိုင်မို တစ်ပေါင် ၂၆၀၀၀
၄.ဖုံးမသိမ် တစ်ကတ် ၆၀၀၀
၅. ပက်ပါမင့်ဆီ တစ်ပေါင် ၆၀၀၀၀
ယူကလစ်ဆီ တစ်ပေါင် ၆၀၀၀၀
၆ထင်းရူးဆီအသန့် တစ်ပိသာ ၄၆၀၀၀
၇.လေးညှင်းဆီ တစ်ပေါင် ၇၀၀၀၀
၈.စပါးလင်ဆီ တစ်ပေါင် ၂၅၀၀၀/၃၄၀၀၀
၉.တာပင်တိုင်ဆီ တစ်ပေါင် ၂၅၀၀၀/၃၄၀၀၀
၁၀. မီသိုင်းဆီ တစ်ပေါင် ၉၀၀၀
၁၁ . ဗက်စလင်းဆီ တစ်ပေါင် ၁၂၀၀၀
၁၂.သံလွင်ဆီ တစ်ကျပ်သား ၂၅၀၀
၁၃.ကြက်ဆူဆီ တစ်ကျပ်သား ၁၅၀၀
၁၄ မုံညင်းဆီ တစ်ပိသာ ၁၈၀၀၀
၁၅ နှမ်းဆီ တစ်ပိသာ ၂၀၀၀၀

🌲🌲🌲🌲🌲ဆေးဖုံသုံး ကုန်ကြမ်း ဆေးမြစ်များ

၁၆ .နွယ်ချို လက်မအရွယ်ဆိုဒ် တစ်ပိသာ ၄၀၀၀၀
၁၇ .ငရုတ်ကောင်း တစ်ပိသာ ၄၉၀၀၀
၁၈ကွမ်းစားဖာလာ တစ်ပိသာ ၂၆၀၀၀၀
၁၉ နာနတ်ပွင့် တစ်ပိသာ ၅၀၀၀၀
၂၀. နာနတ်ပွင့်မှုံ တစ်ပိသာ ၅၃၀၀၀
၂၁.ရှောက်ခေါသီး တစ်ပိသာ ၅၀၀၀၀
၂၂.ရှောက်ခေါသီးမှုံ့ တစ်ပိသာ ၅၅၀၀၀
၂၃.ပိတ်ချင်း တစ်ပိသာ ၆၅၀၀၀
၂၄.ဇာတိဖိုလ်သီး တစ်ပိသာ ၅၄၀၀၀
၂၅ကျောက်ချဉ်ခဲ တစ်ပိသာ ၆၅၀၀
၂၇.ကျောက်ချဉ်မှုံ တစ်ပိသာ ၈၀၀၀
၂၈.ဆားခါး တစ်ပိသာ ၄၀၀၀
၂၉.ရှိန်းခို တစ်ပေါင်ဘူး ၂၂၀၀၀
၃၀.လေးညှင်း တစ်ပိသာ ၇၅၀၀၀

အမြဲရရှိနိင်သော ပစ္စည်းများ ဖြစ်သောကြောင့် ယခု post. ကို လ အတော်ကြာမှ တွေ့ခဲ့သည်ရှိသော် ပစ္စည်းမပြတ်ရရှိပါသည် /ဈေးနှုန်းများ ဆက်သွယ်မေးနိုင်ပါသည်

၂၂လမ်း ၈၆&၈၇ ကြား
ပုလင်းဝန်းရပ် မန္တလေး
မြရွှေပြည် ဘယဆေးဆိုင်

📞09 7850 20067
📞09 79860 8892

💥💥💥ဥပုသ် နေ့ တိုင်း ဆိုင်ပိတ်ပါသည်။

ကျန်ရက်များ မနက်၈ နာရီ မှ ညနေ ၆နာရီအတွင်း ဝယ်ယူနိုင်ပါသည် / ဆက်သွယ် မေးမြန်းနိုင်ပါသည် ။

12/04/2025

12.4.2025

ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်တို့သည်

- မတည်မြဲသော သဘောကို ရှုမြင် ပွားမှတ်နိုင်သော အကြောင်းတရားတစ်ခုသာ ဖြစ်ပါစေ
-ဒေါသတို့ကို သတိထားပြီး ထိန်းနိုင်သော အကြောင်းတရားတစ်ခုသာ ဖြစ်ပါစေ
- မိမိတို့ ကိုးကွယ်ရာ ဘာသာတရား အသီးသီးတို့အပေါ် ပိုမိုယုံကြည်အားကိုးစရာ အကြောင်းတရားတစ်ခုသာ ဖြစ်ပါစေ
- မိသားစုဝင်များ အပေါ် တန်ဖိုးထားတတ်လာစေသော အကြောင်းတရားတစ်ခုသာ ဖြစ်ပါစေ

နှစ်သစ်ကို စိတ်သစ် လူသစ်ဖြင့် အစပြုနိုင်ကြပါစေကြောင်း 🙏 ဆုတောင်းပေးပါတယ်

Address

22st 86 Street &87st
Mandalay

Telephone

+959798608892

Website

Alerts

Be the first to know and let us send you an email when MSP ပျားရည်နှင့် ပျားထွက်ပစ္စည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share