J.Koe Gaming

J.Koe Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from J.Koe Gaming, Mandalay.

29/11/2023

Game Trailer Vs Gameplay

08/01/2023

Old man journey(Offline)

Story☺/puzzle☺
Gameကောင်းလေးတစ်ခုပါ
Graphics ကောင်းကောင်းလေးနဲ့နောက်ခံmusicကောင်းကောင်းလေးနဲ့ဆော့လို့ကောင်းပါတယ်ဗျာ
ဂိမ်းလေးက peace and chill🤗 ပါပဲ အေးအေးဆေးဆေးနဲ့ ဆော့လို့ကောင်းပါတယ်

🤩 story ကတော့ အဖိုးအိုဆီ စာပို့သမားလေးကစာလာပေးတဲ့နေရာကနေ စပါတယ်
စာရတာနဲ့ ချက်ချင်းခရီးထွက်ဖို့ပြင်ပြီးထွက်လာခဲ့ပါတယ်... စာကဘယ်သူကပို့လိုက်တာလဲ.......ဘာကြောင့်အလောတကြီးခရီးထွက်လာရသလဲ........သိချင်ချင်တော့ အဖိုးအိုနဲ့ ခရီးထွက်ကြည့်လိုက်ပါ

🤗 Android အတွက်က

https://an1.com/4670-old-mans-journey.html
လင့်အဆင်မပြေရင်ပြောပါ ပြန်ပြင်ပေးပါ့မယ်

အဲ့လင့်မှာဝင်ဒေါင်းပါ
1 apkကိုinstallတင်ပါ
2 obb fileကို zipပြည်ပါ
3 zipဖြည်လို့ထွက်လာတဲ့obb fileကို Android ထဲကobbထဲရွေ့ပါ

ပြီရင်တော့ဆော့ကစားနိုင်ပါပြီ

🤩 ios အတွက်လည်ထွက်ပါတယ်
App storeမှာရှာကြည့် ပါဗျ

အဆင်ပြေကြပါစေ🤗🤗

N.O.V.A. Legacy MOD APK (Offline or Online, Action)Gameloft SE Co.ltd ကနေပြီး Dec 21, 2018 မှာထုတ်လုပ်ခဲ့တဲ့ ဂိမ်းလေးတစ်...
31/12/2022

N.O.V.A. Legacy MOD APK (Offline or Online, Action)

Gameloft SE Co.ltd ကနေပြီး Dec 21, 2018 မှာထုတ်လုပ်ခဲ့တဲ့ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်
ဂိမ်း size က 110mb လောက်ပဲရှိတယ်
Android 5.1 နဲ့အထက်ဖုန်းတွေဆော့လို့ရပါမယ်...ဘလာဘလာ...🥴🥴

Game ပုံစံက
ဒီဂိမ်းက အနာဂတ်ခေတ်ကို အခြေတည်ပြီးဇာတ်အိမ်ဖွဲ့ထားတာပါတယ်🤩🤩
(Shooting) ပစ်ခတ်တဲ့ဂိမ်းအမျိုးအစားဖြစ်ပြီး
(FPS) First person view နဲ့ဆော့ရမှာပါ🤪

Offlineကို Story နဲ့ဆော့ရမဲ့ Campaign Mode နဲ့ Online ဆော့လို့ရမဲ့ Multiplayer Mode ဆိုပြီး နစ်မျိုးပါဝင်ပါတယ်🥵

Game Story မှာ Wardin ဆိုတဲ့🤠 Nova team ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး Personal Assistant Yelena ရဲ့ အကူညီဖြင့် Spaceship တစ်ခုကို သွားရောက်စုံစမ်းရင်း တိုက်ခိုက်မှုတွေဖြစ်ပွားကြပါတယ်

Story☺ မှာ Mission 5ခုပါဝင်မှာဖြစ်ပြီးတော့

Online☺ မှာတော့ Pvp ကို ၄ယောက် တစ်ဖက်ကစားရမှာအပြင် Event တွေလဲ ဆော့လို့ရမှာပါ

ဂိမ်း Character ရဲ့ skin, weapons တွေကို customize လုပ်လို့ရမှာဖြစ်ပါတယ်🤩

မကြိုက် တဲ့အချက်က😑 ပိုက်ဆံရှိတိုင်းလဲ weapon တွကို update လုပ်လို့မရပဲ😑
Chest ကနေ တစ်ဆင့် မဲနှိုက်ပြီးတော့ Cards စုပြီးမှ update or unlock လုပ်လို့ရမှာကိုပါ

Original Version🤗🤗

https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftNOHM

Mod Version 🤗🤗

unlimited coins and gems
chest တွေသာ ထိုင်ဖောက်နေပေတော့🥴🥴

လာလာချင်း eng language မဟုတ်လို့ပြောင်းနည်း ပုံမှာပြထားတယ်ဗျ

Download link

https://mega.nz/file/6YY2Rb7A

29/12/2022

Zombie Chatcher(android offline)

အပျင်းပြေစေပြီး ဆော့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခု🤗 ထွက်ထားတာကြာပေမဲ့ အခုထိ updateတွေရှိနေဆဲ ဂိမ်းကောင်းလေးတစ်ခု🤗ပါ ဒီဂိမ်းကိုသိတဲ့သူအတော်များပါတယ်

Zombies တွေသွားဖမ်းမယ် ဖမ်းလို့ရလာတဲ့ zombies တွေကို ဖျော်ရည် မုန့်စသည့်စက်ထဲထည့်ပြီး ပြန်ရောင်း🥵🥵 တဲ့ပုံစံပါ (အပြင်မှာဆို ဝယ်မသောက်ပါဘူး🥵)

game size လဲသေးပါတယ် လက်နက်တွေဝယ် updateလုပ်
ဗုံးတွေ ထောင်ချောက်တွေဝယ်ပြီး ဆင်လို့ရပါတေးတယ်
အခန်းတွေအနေနဲ့လဲ Swamp, Beach, Snow, Chinatown, Lagoon, Infested city ဆိုပြီး 6ခန်းပါဝင်ပါတယ်
အခန်း6ခန်းက level မြင့်လာမှ☺ တစ်ခန်းချင်းပွင့်မှာဖြစ်ပါတယ် အခန်းတွေတစ်ခန်းနဲ့တစ်ခန်းရဲ့ zombiesအမျိုးစားတွေလဲမတူသလို ဖမ်းရခက်ပုံလဲမတူပါဘူး🤑

ရိုးရိုးအတိုင်းဆော့ချင်ရင်အောက်ကလင့်

https://play.google.com/store/apps/details?id=fi.twomenandadog.zombiecatchers

ပိုက်ဆံ gem တွေ unlimited mod ရောပေးထားပါမယ်

https://www.mediafire.com/download/rgoqrdy2lzwkoe7

27/12/2022

Epic Conquest 2 🤩🤩 Android Offline
(action/ adventure)

Anime ဂိမ်းဖြစ်ပြီးတော့ Konosuba ထဲက ပုံစံနဲ့အတော်တူပါတယ် ကြည့်ဖူးသူတွေဆို ရင်းနီးနေမှာပါ🤫🤫

ဒီထဲမှာတော့ နယ်မြေမှာနေတဲ့သူတွေက Demon တွေရဲ့ရန်ကိုကာကွယ်ပေးဖို့ quest တွေတင်ရပါတယ်🤗🤗
တင်ထားတဲ့ quest တွေကို Knight တွေကခွဲယူပြီးတော့ တာဝန်ယူကြရပါတယ်😎

🤩🤩Open world ကိုမှ map လဲအတော်ကျယ်ပါတယ် Graphic ပိုင်းလဲပြောစရာမရှိပါဘူး ဖုန်းကောင်းရင်ကောင်းသလို graphic တင်ဆော့လို့ရမှာပါ🥵🥵
questတွေကိုတော့မြို့ထဲက billboard .စားသောင်ဆိုင်တွေ.တခြားheroတွေစုဝေးတတ်တဲ့ဆိုင်တွေမှာ သွားပြီ ယူရမှာဖြစ်ပါတယ်
မြို့ပြင်မှာ questတွေလုပ် iteam တွေရှာ
chest တွေရှာ ပြီး မြို့ထဲက လက်နက်ဆိုင်ကအချောလေးဆီသွားပြီး update လုပ်မလား ဝယ်မလား Trade လုပ်မလား ​oki ပဲ

✏ Storyline
Epic Conquest 1ထဲကstoryline မဟုတ်ပဲ 2က သူ့storylineနဲ့သူ အခိုင်မာရှိပါတယ်
Claris ဆိုတဲ့ ဆက်ဆက်ထိမခံတဲ့ Rookie Knight Girl လေးနေရာကနေဝင်ကစားမှာဖြစ်ပြီး သူ့ဘဝအကြောင်းကို ဆော့နေရင်း ခံစားကြည့်လိုက်ပယ🤗🤗


ကိုယ်တွေစမ်းဆော့ရင်းကို ဂိမ်းထဲကပြန်မထွက်ချင်ဖြစ်မိပါတယ်😔

https://play.google.com/store/apps/details?id=com.GacoGames.EC2

26/12/2022

Let's Survive (Android, Offline)

Action/Survival အမျိုးစားဂိမ်းလေးဖြစ်ပြီး Feb 10,2022 ကမှ TREASTONE LTD ကနေ ထုတ်ထားတာဖြစ်ပါတယ်😊😊

Game play လဲ ဆော့ရတာအဆင်ပြေပါတယ် map နဲ့ဆော့ရမှာဖြစ်ပြီး map ကလဲ ကျယ်သင့်သလောက်ကျယ်ပါတယ်😗(အထဲမှာ map အတွက်အနည်းငယ်ပြန်ဒေါင်းရမှာပါ)

Story လေးလဲပါတေးတယ် graphicလဲမိုက်တယ် offline ဆိုတော့ ဘာလိုတေးလဲ😍
zombie ဂိမ်းတွေကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာပါ ဘာလို့ဆို zombie survival game မို့ပါ🤩🤩
survival game တွေအတိုင်း အသက်ရှင်ဖို့အတွက် လိုတာတွေစုဆောင်ပြီး ရှင်သန်ရမှာပါ
ကားတွေလှေတွေ ပြင်ပြီးရင်လဲစီးလို့ရပါမယ်
အိမ်တွေ ဆောက် လိုတာ crafts ရမှာပါ🤩🤩

ဂိမ်းအစမှ ကိုယ့် Character ကို male / Female ရွေးလို့ရမှာဖြစ်ပါတယ် ကျွန်တော်တော့ male ရွေးပြီဆော့ကြည့်ပါတယ် Character ရဲ့ ဆံပင်တွေ ဆံပင်အရောင်တွေ အသားအရောင် တွေလဲ စိတ်ကြိုက်ချိန်းလို့ရပါတယ်🤥🤥

Character ရွေးပြီတော့ story လေးစလာပါတယ် သူ့နဲ့သူ့သမီးရှိတာပေါ့
သူသမီး Eva🤭 ကိုzombieတွေဆီက ကယ်ပြီး Helicopter နဲ့အပြန်မှာ Government🥴 က zombies ပြန့်နေတဲ့မြို့ကို Nuclear ကျဲလိုက်တာပေါ့ 😬😬
အဲ့ Nuclear wave က Helicopter ကိုပါ ရိုက်ခက်ပြီ emergency Land လုပ်လိုက်ရတာပေါ့
သူ့နိုးလာတဲ့အချိန်မှာ သူသမီးကိုမတွေ့ရတော့ဘူးပေါ့ 🤧🤧
သူ့သမီးကိုလိုက်ရှာရင်းနဲ့ပေါ့......ဇာတ်လမ်းလေးကိုအပြီးထိသိချင် ဝင်ဆော့ကြည့်ပေါ့နော်🤗

https://play.google.com/store/apps/details?id=lets.survive.apocalypse.survival

25/12/2022

Epic Conquest😍

Anime Fan တွေအတွက် သတင်းကောင်း 🥳

Story ကောင်းကောင်းလေးနဲ့ adventure ထွက်လို့ရမဲ့ ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်ဗျာ🤗🤗

ဂိမ်း Story ကတော့ တစ်ချိန်တစ်ခါက မိုးကောင်းကင်မှာ အက်ကွဲရာတစ်ခုပေါ်လာခဲ့တယ်ပေါ့ဗျာ တကယ်တော့ အဲ့ဒီ ကွဲရာက Demon တွေနေတဲ့ကမ္ဘာနဲ့ လူ့ကမ္ဘာကို ဆက်နေတဲ့ ဝင်ပေါက်တစ်ခုဖြစ်နေခဲ့တယ်🤧
Demon တွေက လူ့တွေဆီကျူးကျော်ခဲ့တာကြောင့် လူ့စစ်သည်တွေကပြန်လဲ ခုခံခဲ့ကြတယ် 😎
demon တွေကိုလူတွေအနေနဲ့ ခုခံဖို့က မနိုင်မှန်းသိတော့ Half Blood လို့ခေါ်တဲ့ သွေးနောလူမျိုးကို ဖန်တီးခဲ့ရာကနေ Magic ဆိုတဲ့ ​မှော်ပညာစု မွေးဖွားခဲ့တာပေါ့ 🤩
တချို့တွေက ​မှော်ပညာတတ်သူတွေကို စုန်းတွေဆိုပြီး နိမ်နင်းကြတာပေါ့......😇..story ကိုဒီလောက်ပဲပြောပြတော့မယ် ဆက်သိချင်ရင်တော့ ဂိမ်းလေးဆော့ကြည့်လိုက်ပေါ့နော်😁😁

Character လေးကောင်ရှိပြီး စစချင်း နစ်ကောင်​ရွေး ကိုင်လို့ရမှာဖြစ်ပါတယ် လက်နက်တွေကို Update လုပ်လို့ရတာတွေ level update ဖြစ်တာနဲ့အမျှ အသုံးပြုလို့ရတဲ့ power တွေလဲမြင့်လာမှာဖြစ်ပါတယ်🤭🤭

Game trailer လေးပြထားပါတယ် အဲ့ထဲက Graphic နဲ့ Game အတိုင်းပဲဖြစ်ပါတယ်
ပြောရရင် Trailer နဲ့ game နဲ့က ကွက်တိကျပါတယ်
(story ထဲက anime girl လေးတွေချစ်စရာကောင်းချက်🤭🤭)

ဘာဆော့ရမလဲမသိလမ်းပျောက်နေရင် ဆော့ကြည့်လိုက်ပါ

https://play.google.com/store/apps/details?id=com.gacogames.epiccon

Last Pirate Survival Island (Android & iOS)(Offline)😍😍2019 Jan 19 မှာ RetroStyle Games US Company ကနေထုတ်ထားတဲ့ ဂိမ်းလေး...
24/12/2022

Last Pirate Survival Island
(Android & iOS)(Offline)😍😍

2019 Jan 19 မှာ RetroStyle Games US Company ကနေထုတ်ထားတဲ့ ဂိမ်းလေးတစ်ခုဖြစ်ပြီတော့ အခုထိ လူကြိုက်များတဲ့ ​ဂိမ်းတစ်ခုဖြစ်နေဆဲပါပဲ🤭🤭

သင်္ဘောမှောက်ပြီး🤕 ကျွန်းတစ်ကျွန်းရဲ့ကမ်းပေါ်ကိုသောင်တင်သွားတဲ့ Pirate တစ်ယောက်နေရာကနေဝင်ဆော့ရမဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်ဗျ

သင်္ဘောပေါ်က ဘော်ဒါတွေအကုန်လုံးကလဲမရှိတော့ပါဘူး ဖုတ်ကောင်ဘဝသို့🤧 ကူးပြောင်းသွားတာဖြစ်လို့ တစ်ယောက်တည်း🤧🤧 ကျွန်းမှာရှင်သန်ရင်းနဲ့ ကျွန်းကထွက်လို့ရအောင် သင်္ဘောပြန်ဆောက်ရမှာပါ ဆောက်လို့ပြီနိုင်မလားဆိုတာ ဆော့ကြည့်ရင်းနဲ့အဖြေရှာကြရအောင်ဗျာ..🥳🥳

အန္တရယ် အနေနဲ့ကတော့ ကုန်းပေါ်မှာလဲ တွေ့ရင်သတ်မယ်ဆိုတဲ့ တောရိုင်းကောင်တွေရှိသလို😑😑 ဒီကြားထဲ ဝူးထွားထွား ဆိုပြီရောက်ရောက်လာတဲ့အရိုးခြောက်တစ်သိုက်ကရှိတေးပါတယ်🥵
ရေထဲမှာလဲ စားမယ်ဝါးမယ်ဆိုတဲ့ အသားစားရေနေ တိရိစ္ဆာန်တွေရှိပါတယ် 🥴

ဒါကြောင့်ရှိတဲ့ ကျွန်းပေါ်မှာအသက်ရှင်နေထိုင်ပြီး Survive လုပ်ရမှာပါ🤠🤠

Mb နည်းနည်းလေးဖြင့်ဆော့နိုင်တဲ့ ဖုန်းဂိမ်းတစ်ခုအနေနဲ့ Graphic ရယ် Gameplay ဒီလောက်ထိရှိတာ ကောင်းတယ်ပဲပြောရပါမယ်😎😎

Game Size - 156MB

Download Link
https://play.google.com/store/apps/details?id=com.RetrostyleGames.LastPirate.deadthieves

Address

Mandalay

Telephone

+959962205359

Website

Alerts

Be the first to know and let us send you an email when J.Koe Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share