jade စံအိမ် Mandalay

jade စံအိမ် Mandalay မြန်မာ့ကျောက်စိမ်းများကိုအမှန်ကန်ဆုံးနဲ့အတန်ဆုံးရောင်းချပေးပြီးကျောက်ပညာဗဟုသုတများလဲမျှဝေပေးပါမယ်​နော

၁။ ဓါတ်မီးကိုင်နည်း---------------ဓါတ်မီးကို ၄၅ ဒီဂရီ စောင်းကြည့်ပါ။ ပထမဦးစွာ ကျောက်တစ်တုံးကို ကြည့်တော့မယ်ဆိုရင် ကျောက်...
22/03/2023

၁။ ဓါတ်မီးကိုင်နည်း
---------------
ဓါတ်မီးကို ၄၅ ဒီဂရီ စောင်းကြည့်ပါ။ ပထမဦးစွာ ကျောက်တစ်တုံးကို ကြည့်တော့မယ်ဆိုရင် ကျောက်ကို ချက်ချင်း မီးထိုးမကြည်ပါနဲ့။ ဓါတ်မီးကို ကျောက်နဲ့ တစ်ပေလောက် ခွာပြီးတော့မှ ဓါတ်မီးထိုးကြည့်ပါ။ ယမ်း၊ မန်း၊ ချော်တွေကို ကြည့်ပါ။ ကျောက်ရဲ့ဝိတ်(အလေးချိန်)ကို လက်ဖြင့် ချိန်ဆပါ။ ကျောက်တစ်တုံးလုံးရဲ့ အကောင်းဆုံးနေရာကို အရင်ထောက်ကြည့်ပါ။ ယမ်းအလှဆုံးနေရာ၊ မန်းအလှဆုံးနေရာတွေကို တဖြည်းဖြည်းချင်း ဓါတ်မီးနဲ့ထောက်ကြည့်ပါ။ မန်းတွေ့လျှင်လည်း မန်းနေရာကို ဖြည်းဖြည်းချင်း ထောက်ကြည့်ပါ။ ကျောက်ကိုကြည့်မယ်ဆိုရင် ကျောက်တစ်တုံးလုံးကို စေ့စပ်သေချာစွာ ကြည့်ပါ။ ကြည့်နေရင်း လက်က ကျောက်ရဲ့ဝိတ်ကို ဆကြည့်ပါ။ ကျောက်တစ်လုံးရဲ့ အလေးချိန်ဟာ သာမန်ကျောက်၊ သာမန်ခဲတွေထက် အလေးချိန် စီးပါတယ်။ လက်ကလည်း ကျောက်ဟုတ်မဟုတ် ဆကြည့်ပါ။ ယမ်းနဲ့ဖွဲ့စည်းထားတာဟုတ်မဟုတ် ယမ်းကိုတွေ့အောင် သေချာရှာပါ။
ကျောက်တစ်လုံးမှာ အသားတန်းဟာ တစ်နေရာနဲ့တစ်နေရာ မတူပါ။ ဘာဖြစ်လို့လဲဆိုတော့ ယမ်းတွေ မတူတာကြောင့် ဖြစ်ပါတယ်။
ကိုယ်ကြည့်နေတဲ့ကျောက်ဟာ ကျောက်စိမ်းလည်းဟုတ်ပြီ၊ ဝိတ်လည်းစီးတယ်ဆိုရင် ဒုတိယအဆင့်နေနဲ့ မျိုးတန်းကို စဉ်းစားရမှာ ဖြစ်ပါတယ်။ မျိုးတန်းကတော့ မှော်နဲ့စပ်ဆက်နေပါတယ်။ ဘာမှော်လဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ မျိုးတန်းအောင်တဲ့ကျောက်လား၊ မျိုးတန်းကောင်းတဲ့ကျောက်လား၊ မျိုးတန်းညံ့တဲ့ကျောက်လား၊ မျိုးရင့်လား၊ မျိုးနုလား စသည်ဖြင့် ဝေခွဲနိုင်အောင် ကြည့်ရှုစစ်ဆေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ကြည့်တဲ့အခါမှာ ကျောက်တွေရဲ့ မှော်သန္ဓေ ဆိုတာ အရေးပါလာပါတယ်။

ကျောက်မှာ အဆင့်သုံးဆင့်ရှိပါတယ်။ (၁) ဆေးမယ်၊ (၂) ကွမ်မယ်၊ (၃) ဖြတ်မယ်။
ကျောက်တစ်လုံးကို ဓါတ်မီးနဲ့ထောက်ကြည့်လိုက်လို့ မီးဝမ်အား(မီးပြန့်အား) ကောင်းတယ်ဆိုရင် ကျောက်ဆီကောင်းတယ်လို့ အကြမ်းဖျင်း ပြောလို့ရတယ်။ ကွမ်တဲ့အခါမှာ ကျောက်တလုံးရဲ့ ယမ်းအညက်ဆုံး နေရာကိုသာ ရွေးပြီး ကွမ်လေ့ရှိပါတယ်။ ယမ်းညက်တဲ့အတွက်ကြောင့် အသားညက်လေ့ရှိတာကြောင့် ယမ်းအညက်ဆုံးနေရာကိုသာ ရွေးပြီး ကွမ်ရခြင်း ဖြစ်ပါတယ်။ နောက်တစ်နည်းအားဖြင့် ယမ်းအလှဆုံးနေရာကို ရွေးပြီးကွမ်ထားတဲ့ ကျောက်များဟာ စျေးကွက်မှာ အဆင်ပြေလေ့ရှိတာကြောင့် ဖြစ်ပါတယ်။
ကျောက်တစ်လုံးထဲမှာ ယမ်း ဖွဲ့စည်းပုံ မတူပါ။ ယမ်း Direction(ဦးတည်ချက်) မတူညီတာမျိုးတွေ ရှိပါတယ်။ ကျောက်ရဲ့မျက်နှာပြင်အားလုံးထဲမှာမှ ယမ်း Direction အမှန်ဆုံးဘက်ကို ရွေးချယ်ပြီး၊ မီးထိုးကြည့်ခြင်း၊ ကွမ်ခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ကွမ်ထားတဲ့ကျောက်တစ်လုံးရဲ့ အသားတန်းကို အရောင်တင်လိုက်တဲ့အခါ အသားတန်းတစ်ဆင့် တက်ပါတယ်။ ဥပမာ- (၇)အဆင့်ရှိတဲ့အသားတန်းကို အရောင်တင်လိုက်တဲ့အခါ အသားတန်းအဆင့် (၈) ထိ တက်လာတဲ့သဘော ဖြစ်ပါတယ်။
အခွံကြည့်နည်း
---------------
ရေဆေးထားတဲ့ ကျောက်မှန်သမျှကို အခွံကြည့်လို့ရပါတယ်။

၁။ အခွံ
အခွံဟာ ကျောက်တစ်တုံးလုံး ညီညာနေရမယ်၊ အခွံရဲ့အရောင် ညီရမယ်။ ကျောက်မျိုးကောင်းရင် အခွံညီရပါ့မယ်။ ကျောက်မျိုးကောင်း၊ ကျောက်မျိုးတင်း၊ ကျောက်မျိုးရင့်သော ကျောက်တွေဟာ အခွံအရောင် ညီလေ့ရှိပါတယ်။ ဒါ့ကြောင့် မျိုးကောင်း၊ မျိုးတင်း၊ မျိုးရင့်သော ကျောက်တွေဟာ အခွံအရောင် ညီတယ်လို့ မှတ်ယူနိုင်ပါတယ်။ ကျောက်တစ်တုံးမှာ အရောင်အားဖြင့် (ဥပမာ ညို ဝါ မည်း စသည့်ဖြင့်) ညီညာမှုမရှိပါက လွှင့်ပစ်ရမယ့်ကျောက်များ ဖြစ်သွားနိုင်ပါတယ်။

၂။ ယမ်း
ယမ်းကိုကြည့်မယ်ဆိုရင် ယမ်းက ယမ်းလုံးလား ယမ်းပြားလား စသည်ဖြင့် ကြည့်ရပါမယ်။ ယမ်းတွေရဲ့ Direction ဘယ်လိုသွားသလဲ၊ အထိုင်ကို ဘယ်လိုထိုင်ခဲ့သလဲ ဆိုတာတွေကို တစ်ပြိုင်တက်နည်း စူးစမ်းရမှာ ဖြစ်ပါတယ်။ အထိုင်ဆိုတာ ကျောက်တစ်တုံးရဲ့ မြေကြီးထဲမှာ နေထိုင်ခဲ့တဲ့ပုံသဏ္ဍာန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မှော်သန္ဓေ ဆိုတာ အရေးကြီးလာပါပြီ။
တစ်ချို့ကျောက်တွေဟာ အထိုင်အောက်ကနေ အရည်အသား စီးဝင်ပြီး တစ်ချို့ကျောက်တွေကတော့ အထိုင်ရဲ့အပေါ်ကနေ အရည် အသား စီးဝင်လေ့ရှိပါတယ်။ ဒါဟာ မှော်သန္ဓေ ဖြစ်ပါတယ်။
အောက်မှော်တွေဖြစ်တဲ့ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဗလခ၊ တောင်ပြို၊ ရှရော်ခ၊ မန စတဲ့ အောက်မှော်ထွက်ကျောက်များဟာ အရည်အသားအားဖြင့် ကျောက်အထိုင်ရဲ့ အောက်ဖက်မှ ဝင်ရောက်နေလေ့ရှိပါတယ်။ အောက်မှော်ထွက် (မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဗလခ၊ တောင်ပြို၊ ရှရော်ခ၊ မန စတဲ့) ကျောက်တွေဟာ ကျောက်မျိုးကောင်းလေ့ရှိပါတယ်။ ကျောက်မျိုးကောင်းရခြင်း အဓိကအကြောင်းကတော့ ကျောက်အထိုင်ရဲ့အောက်ကနေ အရည်(သို့မဟုတ်) အသား စီးဝင်းတာကြောင့်ပဲ ဖြစ်ပါတယ်။
အထိုင်ကို မျိုးတန်း လို့ ခေါ်ပါတယ်။ အထိုင်ကောင်းရင် မျိုးတန်းကောင်းပါတယ်။ ဘာကြောင့် အထိုင်ကောင်းရင် မျိုးတန်းကောင်းရသလဲဆိုတာ ကျောက်တစ်တုံးရဲ့ မြေကြီးထဲ နေထိုင်ဖြစ်တည်ခဲ့မှုကို ပြန်ကြည့်ရပါမယ်။ ကမ္ဘာမြေကြီးကိုယ်တိုင်က လှုပ်ရှားနေရတာကြောင့်ဖြစ်ပါတယ်။ ပျက်ရွေ့ကြောတွေ၊ ငလျှင်တွေကြောင့်လည်း အကြိမ်ပေါင်းများစွာ လှုပ်ရှားနေလေ့ရှိပါတယ်။ လှုပ်နေတဲ့အထဲမှာမှ ကျောက်တစ်တုံးက ဖြစ်တည်ရှင်သန်နေထိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မြေကြီးထဲမှာ လှုပ်ခတ်မှုအနည်းဆုံး နေထိုင်နိုင်ခဲ့တဲ့ ကျောက်တစ်လုံးရဲ့အထိုင်ဟာ အရေးကြီးရခြင်း ဖြစ်ပါတယ်။ ကျောက်အထိုင် မငြိမ်တဲ့အခါ၊ ရွေ့လျားမှုများတဲ့အခါမျိုးမှာ ကျောက်ဆီကျောက်သား ဝင်ရောက်ဖို့အတွက် ခက်ခဲနိုင်တာကြောင့် ဖြစ်ပါတယ်။ အလူမီနီယံနဲ့ စီလီကာ ရောပြီး အသားဝင်ခြင်း ဖြစ်ပါတယ်။ အဆိုပါ အလူမီနီယံနဲ့ စီလီကာဓါတ်တွေဟာ ကျောက်တစ်တုံးထဲကို စီးဝင်ရောက်ရှိဖို့အတွက် လက်ခံရယူမယ့် ကျောက်တစ်တုံးရဲ့ တည်ငြိမ်မှုဟာ အရေးကြီးပါတယ်။ ကျောက်ဟာ ရွေ့လျားမှု အများဆုံးဖြစ်နိုင်တဲ့ အထိုင်မျိုးရှိနေပြီဆိုရင် ကျောက်ဆီကျောက်သားစီးဝင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် အထိုင်မလှတဲ့ကျောက်တွေဟာ မျိုးတန်းလျော့သွားလေ့ရှိပါတယ်။ လှုပ်ခတ်မှုများတဲ့ကျောက်တွေရဲ့အတွင်းထဲကို ကျောက်ဆီကျောက်သား ဝင်ရောက်နိုင်ခြေ အားနည်းတာကြောင့် မျိုးတန်းမရခြင်း၊ မျိုးတန်းလျှော့ခြင်း၊ ကျောက်သားမရခြင်း ဆိုပြီး ဖြစ်ပေါ်လာရပါ။
မှတ်ချက်။ ကျောက်တစ်တုံးကို ကြည့်တဲ့အခါ မြေကြီးထဲမှာ နေထိုင်ခဲ့တဲ့ပုံစံကို မှန်းဆအကဲခတ်နိုင်ရန် ဖြစ်ပါတယ်။ အထိုင်(အခေါ်)မျိုးတန်းကို မှော်သန္ဓေများနဲ့ ချ

🤡🙂🙂🙂

22/03/2023

အရည်ကြိုးလေးဖော်အပြီး
၂၄သိန်းအမြတ်နဲ့sold out

၂၅သိန်းနဲ့sold out
06/01/2023

၂၅သိန်းနဲ့sold out

Edit....17သိန်းsold out(ဖြတ်အောင်ကျောက်လေး😊)
28/12/2022

Edit....17သိန်းsold out
(ဖြတ်အောင်ကျောက်လေး😊)

(၁၀သိန်းနဲ့ sold out)အရည်တစ်ပေါက်လျှမ်းလျှမ်းတောက်နေတဲ့shareကျောက်လေးကိုယ်တိုင်ခေါင်းချင်ပေမဲ့လဲသတ္တိမမွေးရသေးလို့ပါးပါး...
23/12/2022

(၁၀သိန်းနဲ့ sold out)
အရည်တစ်ပေါက်လျှမ်းလျှမ်းတောက်နေတဲ့shareကျောက်လေးကိုယ်တိုင်ခေါင်းချင်ပေမဲ့လဲသတ္တိမမွေးရသေးလို့ပါးပါးမြတ်နဲ့ပဲ
တရုတ်ကြီးကိုပဲပေးခေါင်းလိုက်ပါပြီ

ကျောက်စိမ်းလေ့လာခြင်တဲ့ညီအကိုတွေအတွက်မန်း နဲ့ပတ်သက်တာလေးပြန်တင်ပေးလိုက်ပါတယ်-------ကျောက်စိမ်းအရိုင်းတုံးအပေါ်တွင် ကြိုး...
23/12/2022

ကျောက်စိမ်းလေ့လာခြင်တဲ့ညီအကိုတွေအတွက်
မန်း နဲ့ပတ်သက်တာလေးပြန်တင်ပေးလိုက်ပါတယ်
-------
ကျောက်စိမ်းအရိုင်းတုံးအပေါ်တွင် ကြိုးကဲ့သို့လည်းကောင်း သစ်ပွေးများကဲ့သို့လည်းကောင်း တီအစက်လေးများကဲ့သို့လည်းကောင်း အဖုအထစ်လေးများကဲ့သို့လည်းကောင်း

ပါရှိသောသင်္ကေတလေးများကို မန်းဟုခေါ်သည်။တချို့မန်းသည် အခွံပေးတွင်ခပ်ပါးပါးတည်ရှိပြီး ၊ တချိုးမန်းခပ်ထူထူရှိသောအခုံးလေးများဖြစ်သည်။မန်း(၂)မျိုးရှိသည် ၄င်းတို့မှာ

(၁)အရည်မန်း

(၂)အသားမန်းတို့ဖြစ်သည်
အရည်မန်းသည် ကျောက်စိမ်းအရည်အသားကောင်းမှုကိုပြသည်။ အရည်မန်းသည် မန်းနေရာပေါ်တွင်အရည်အစက်အပြောက်လေးများ(တီရှင်၊တီသေအစက်)ဖြစ်လည်းကောင်း
အရည်မန်းအဖြစ်လည်းကောင်းတွေရသည်။ အသားမန်းမှာ မန်းနေရာကိုတိုက်လျင်အရည်မတွေ့ရပဲ အသားကိုသာတွေ့ရသည် အရည်မှာဟောက်အသားမှာမောက်ဟု

စကားပုံရှိသည်။ဟောက်နေသည်မန်း(မန်းပိပြားသည်)အရည်၀င်ပြီး၊မောက်နေသော နေရာမှာအသားကောင်းတတ်သည်။အရည်မန်းများမှာ

(၁) မန်းဖြူ( ဗျိုင်းချေးမန်း)။ ဖယောင်းချပ်အဖြူ ဗျိုင်းချေးကဲ့သို့ကပ်နေတတ်ပြီး တီပေါက်လေးများပါပါကအရေ၀င်တတ်သည် ။
(၂) မန်းဝါ ။ ငှက်ပျောရွက်အဝါရောင်ကဲ့သို့ဖြစ်ပြီး မန်း၊ပန်း၊မန်းကြိုးအဖြစ်တွေ့ရတတ်ပြီး ကျောက်ဆီကျောက်သားကောင်းသည်။
(၃) မန်းနီ (ကွမ်းသွေးမာန်း)။ ကျောက်ပေါ်တွင်ကွမ်းသွေးကဲ့သို့အကွက် (သို့မဟုတ်)အစက်အပြောက်ဖြင့်တည်ရှိပြီး မှော်၀မ်းကျောက်များတွင်တွေ့ရလျင် ကျောက်မျိုးကောင်းသည်

ကွမ်းသွေးပြောက်မ၀င်တတ်ပါ၊နမ့်ချီကျောက်ပေါ်တွင်တွေရပါကအသားပျက်သည် ကွမ်းသွေး၀င်သည်။
(၄) ခြစားမန်း ။တတုံးလုံး ခြစားထားသကဲ့သို့ ဖြစ်ပြီး စင်စင်၊အကျွတ်၊အသားစန်း၊ရေခဲသား တို့တွေ့ရတတ်သည်။ကျောက်မျိးရင့်သည်။

တချို့ကျောက်များတွင်ခြစားပေါက်အဖြစ် ၁ခု ၂ခုပါပြီး ပန်း၀င်တတ်သည်။
(၅) ကြက်ဆိတ်မန်း ။မြေမှန်အခွံများတွင် ကြက်ဆိတ်ထားသကဲ့သို့ ျနုတ်သီးရာကဲ့သို့တွေ့ရတတ်ပြီး မှောဆီစာနှ့်တချို့မြေမှန်များပေါ်တွင်တွေ့ရတတ်သည်၊

အရည်ပန်း၀င်သည် ကျောက်မျိုးရင့်သည်။ တချို့ပညာသင်များသည် ကြက်ဆိတ်မာန်းနှင် အခွံတုကိုမှားတတ်ကြသည် ။တလုံးလုံးကြက်ဆိတ်မာန်းပါသောကျောက်မရှိပါ

စိတ်တူရာဖြစ်ပြီး အခွံကြွနေပါက ယမ်းပျောက်နေပါက အခွံတုဖြစ်သည်။
(၆) မန်းမန်ပေါက် ။ အပ်ပေါက်ရာလေးများကဲ့သို့ဖြစ်ပြီးယမ်းခေါင်းလေးများမဲနေပါက အရေအသားကောင်းတတ်သည် ။

မန်းကိုကျောက်အပေါ်ပါ၀င်တည်ရှိမှုအရ ကျောက်ရည်၀င်နိင်မှုအနည်းအများကိုတွက်ဆနိင်သည်
---------------------------------------------------------------------------------------------------
(၁) ကောက်ရော့မန်း ။ အခွံပေါ်တွင်ကပ်နေသည့်ပုံစံရှိသောမန်းဖြစ်သည် ကျောက်၏မျက်နာပြင်တဖက်သို့မဟုတ် ထောင့်စွန်တခုတွင်ကပ်နေတတ်သည်။အရည်မ၀င်နိင်ပါ။
(၂) စည်ပိတ်မန်း ။ စည်တော်ကြီးတွင် သားရေပျားမှာ မျက်နာချင်းဆိုင်ဘက်တွင်ကပ်ထားသလို ကျောက်တွင် အရည်မန်းမှာ မျက်နာချင်ဆိုင်၂ဘက်တွင်ကပ်နေသောမန်းဖြစ်သည်။အရည်၀င်နိင်သည်။
(၃) ဓါးဆို့ထိုးမန်း ။ အားလူးသီးမီးဖုတ်ရန်ဓားဆို့ဖြင့်ထုတ်ချင်းဖောက်ထိုးထားသကဲ့သို့ ကျောက်အထိုင်အောက်ဘက်နှင်

ကျောက်၏ကျောပေါ်တွင်ရှိသောမန်းတို့မှာတဖြောင့်ထဲရှိသည် အရည်၀င်သည်။
(၄) ကျားကိုက်မန်း ။ ကျောက်၏မျက်နာပြင်အပေါ်အောက်တွင် ကျားကိုက်လျင်သွားရာထင်သကဲ့သို့ တည်ရှိနေသောမန်းဖြစ်သည်။အရည်၀င်နိင်သည် ။
(၅) ကြိုး ။ ကျောက်ပေါ်တွင် ကြိုးစလေး ကဲ့သို့ဖြစ်နေသောမာန်းဖြစ်သည် တိုက်ဖောက်(ကွမ်)ရန်အကောင်းဆုံးဖြစ်ပြီး အရည်၀င်နိင်ခြေနည်းသည်။
(၆) ကြိုးပါတ် ။ ကျောက်တွင်ကြိုးလုံးလေးဖြင့်ပါတ်ထားသကဲ့သို့ဖြစ်သည် မန်းပိပြာက ရာနုန်းပြည့်အရည်၀င်သည်။
(၇) ကြိုးငုတ် ။ ကြိုးပါတ်မန်းပါသောလည်း ကြိုးမှာပေါ်လိုကပျောက်လိုက်ဖြစ်သည် အရည်၀င်နိင်သည်။ဗျက်သေးတတ်သည်(ကြိုးမျှင်တတ်သည်)။
(၈) မန်းတုံး ။ တလုံးလုံးအရည်ခဲဖြစ်သည်။အကာမျိုးတွင်ပိုတွေ့ရတတ်သည်။
(၉)မန်းကာ 🎶မန်းတုံးပေါ်မှ တိုက်ချွတ်ပါက အကာခံနေလျှင် အောင်ကျောက်ဖြစ်သည်အသားဆန်းမည်
(၁၀)ကွန်ချာမန်း 🎶အသိနဲပါတယ် တကယ်လေ့လာဆဲ ကျောက်လုပ်နေသူတွေတောင်မသိသောမန်းပါဗျ ကွန်ချာမန်းက ဖြတ်လိုက်လျှင်ကျားပီးပန်းဆန်ပါတယ် အောက်မှာပုံလေးပါတင်ပြထားပါသည်
လိုအပ်ပါကဖြည့်စွက်ပေးနိင်ပါသည်

Crd to ဆရာအံ့ထူးပိုင်

 #ယမ်း ခွံ အထိုင်ဤ ၃ချက်ကိုင် ပိုင်နိုင်ပါကအမှားနည်းမည် #လူမှာလမ်း  ကျောက်မှာ ယမ်း  အရေမှာမန်း   အသားမှာ ဆန်းအရေမှာ  ဝှေ...
22/12/2022

#ယမ်း ခွံ အထိုင်ဤ ၃ချက်ကိုင် ပိုင်နိုင်ပါကအမှားနည်းမည်

#လူမှာလမ်း ကျောက်မှာ ယမ်း
အရေမှာမန်း အသားမှာ ဆန်း

အရေမှာ ဝှေခါ အသားမှာ မှော်ဆီစာ
အမြုတ်မကင်းတာ အောင်ဘာလေ
အနာမှာ ခန္ဒီး ငချိတ်မှာ ဆန်ခါ
ချင်းမှာ ကထန် ချွမ်မှာ ခွံဖြူ
မှော်ဝမ်း မန်းဖြူ အသားအန်တာက မှော်မောင်းလျှံ
ပဲမှာ မန(မနမှော်) ချွမ်မှာ ခွံဖြူ
အကာမှာ ဗလခ( တောင်ပြို) အဖြတ်ခံတာ မြေမှန်
ယမ်းဆော့တာ မှော်စီဆာ မီးပေါက်အားလှတာ ဝှေခါ
ကျောက်ဆီရတာ တာမခံ #

ကျောက်သားရယ် ထိုးပေါက်ရယ်နဲ့ ယမ်းခေါင်းကျဲလို့
အဖြတ်မခံ မှော်ဝှေခါ ယမ်းပေါက်ကျဲ ရှောင်ပါလေ

မှော်ရူးမို့ ကံထူးတာဆန်ခါ
စျေးကြီးပေးဝယ်ရတာက မှော်ဝမ်း

မီးဖြူ အရောင်နဲ့ ကျောက်အားကြည့်ခြင်းထက်
မီးဝါဖြင့် ကျောက်အား ကြည့်
မှော်မရှောင်ပါနဲ့ ကျောက်ယမ်းနိုင်လျှင် ကိုင်သာကိုင်

ကျောက်တစ်လုံးအား ကြည့်မည်ဆိုလျှင်အဖြစ်လက္ခဏာများထက်(ပြချက် လက္ခဏာ)အပျက်လက္ခဏာ
(အပြစ်အနာဆာ)များကို ဦးစားပေး ဂရုစိုက်ကြည့်ပါ။

(ရောင်းပါ ) သင်စျေးနိုင်လျှင် (or)ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ

(ဝယ်ပါ )သင်မြတ်မယ်ထင်လျှင်
(ဝယ်ပြီး တစ်စုံတစ်ခု ပြန်လုပ်မယ်ဟု တွေးထားလျှင်)

ကျောက်လောက၌ ရောင်းမှား ဝယ်မှား ဖြစ်တတ်သော ကျောက်အမျိ ုးအစားမှာ #အရေကျောက်သာ ဖြစ်ပါသည်။
စေတနာမှန်ရင် အကျိုးပေးသည် ။

#ကျောက်စိမ်းမြင့်မိုရ်
#ယမ်း ခွံ အထိုင်ဤ ၃ချက်ကိုင် ပိုင်နိုင်ပါကအမှားနည်းမည်

#လူမှာလမ်း ကျောက်မှာ ယမ်း
အရေမှာမန်း အသားမှာ ဆန်း

အရေမှာ ဝှေခါ အသားမှာ မှော်ဆီစာ
အမြုတ်မကင်းတာ အောင်ဘာလေ
အနာမှာ ခန္ဒီး ငချိတ်မှာ ဆန်ခါ
ချင်းမှာ ကထန် ချွမ်မှာ ခွံဖြူ
မှော်ဝမ်း မန်းဖြူ အသားအန်တာက မှော်မောင်းလျှံ
ပဲမှာ မန(မနမှော်) ချွမ်မှာ ခွံဖြူ
အကာမှာ ဗလခ( တောင်ပြို) အဖြတ်ခံတာ မြေမှန်
ယမ်းဆော့တာ မှော်စီဆာ မီးပေါက်အားလှတာ ဝှေခါ
ကျောက်ဆီရတာ တာမခံ #

ကျောက်သားရယ် ထိုးပေါက်ရယ်နဲ့ ယမ်းခေါင်းကျဲလို့
အဖြတ်မခံ မှော်ဝှေခါ ယမ်းပေါက်ကျဲ ရှောင်ပါလေ

မှော်ရူးမို့ ကံထူးတာဆန်ခါ
စျေးကြီးပေးဝယ်ရတာက မှော်ဝမ်း

မီးဖြူ အရောင်နဲ့ ကျောက်အားကြည့်ခြင်းထက်
မီးဝါဖြင့် ကျောက်အား ကြည့်
မှော်မရှောင်ပါနဲ့ ကျောက်ယမ်းနိုင်လျှင် ကိုင်သာကိုင်

ကျောက်တစ်လုံးအား ကြည့်မည်ဆိုလျှင်အဖြစ်လက္ခဏာများထက်(ပြချက် လက္ခဏာ)အပျက်လက္ခဏာ
(အပြစ်အနာဆာ)များကို ဦးစားပေး ဂရုစိုက်ကြည့်ပါ။

(ရောင်းပါ ) သင်စျေးနိုင်လျှင် (or)ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ

(ဝယ်ပါ )သင်မြတ်မယ်ထင်လျှင်
(ဝယ်ပြီး တစ်စုံတစ်ခု ပြန်လုပ်မယ်ဟု တွေးထားလျှင်)

ကျောက်လောက၌ ရောင်းမှား ဝယ်မှား ဖြစ်တတ်သော ကျောက်အမျိ ုးအစားမှာ #အရေကျောက်သာ ဖြစ်ပါသည်။
စေတနာမှန်ရင် အကျိုးပေးသည် ။

ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)

 #ခုန့်မီးဖုတ်နည်း(ကျောက်စိမ်းကိုမီးဖုတ်ခြင်း)ဘာကြောင့်ကျောက်ကိုမီးဖုတ်ရလည်းဆိုရင် အရောင်ပြောင်းစေချင်လိုပါ။ခုန့်တစ်မျို...
22/12/2022

#ခုန့်မီးဖုတ်နည်း

(ကျောက်စိမ်းကိုမီးဖုတ်ခြင်း)
ဘာကြောင့်ကျောက်ကိုမီးဖုတ်ရလည်းဆိုရင် အရောင်ပြောင်းစေချင်လိုပါ။ခုန့်တစ်မျိုးကလွဲရင်ဘယ်ကျောက်မှမီးဖုတ်လိုမရပါဘူး။ အသားတစ်အားနုတဲ့ကျောက်ကိုမီးဖုတ်လိုမရပါဘူး။ကျောက်သားကမီးဒဏ်မခံနိုင်လိုပါ။စိတ်အရမ်းညစ်နေရလို လိုရင်းပဲပြောတော့မယ်ဗျာ။

ကဲမီးဖုတ်နည်းကိုပြောရအောင်

လိုအပ်သောပစ္စည်းများ
၁။ သံဒယ်အိုးတစ်လုံး
၂။တစ်ပေပတ်လည် မီးဖို့
၃။မီးသွေးကောင်းကောင်း
၄။ဘိလပ်မြေ
၅။ပေပါ အဝိုင်းပျက်တစ်လုံး

မီးဖုတ်ရန်ပြင်ဆင်ပုံ

၁။သံဒယ်အိုးထဲ့သို ဘိလပ်မြေအမှုန့် အပြည့်ထည့်ပါ။
၂။ထိုဘိလပ်မြေထဲသို့ မီးဖုတ်မည်ကျောက်များကိုထည့်ပါ။
၃။မီးဖို့ထဲသို့ မီးသွေးကောင်းကောင်းကိုသေချာစီထည့်ပါ။မီးဖိုပေါ်သို့ ကျောက်ထည့်ထားသောသံဒယ်အိုကိုတင်ပါ။
၄။မီးဘေးကင်းဝေးစေရန်နှင့် မီးအပူချိန်လေ့လွင့်မူ့မဖြစ်စေရန် ပေပါအဝိုင်းပျက်ကို မီးဖို့ပတ်ပတ်လည်ချရျ် အပေါ်မှအုပ်ပါ။
၅။မီးဖုတ်ချိန် အနည်းဆုံး ၈နာရီခန်ထားပါ။
၆။မီးသွေးကိုတစ်ခါသာထည့်ရမည်။မီးဖိုအပြည့်ထည့်ရမည်။ထပ်ခါထပ်ခါမထည့်ရ။
၇။ဘိလပ်မြေထဲ့သို့ လက်နှိုက်ရျ် ရလောက်သည့်အခါမှသာ မီးဘိုပေါ်မှချရမည်။ထိုအခြေအနေရောက်ရန်အနည်းဆုံး၁၅နာရီခန်ကြာမြင့်နိုင်သည်။
၈။ဘိလပ်မြေထဲ့မှကျောက်ကိုထုတ်ပြီးပြီးချင်းရေထဲမချရ။ကွဲတက်သည်။ ကျောက်ကိုလက်ဖြင်ကိုင်ရျ်ရသည်အထိ အေးမှသာ ကျောက်ကို ရေစိမ်ပါ။
အနည်းဆုံး၃ရက်တော့စိမ်ပါ။
၉။မီးဖုတ်မည့်ကျောက်အရည်အတွက် အလုံးအထိုင်ကိုလိုက်ရျ် မီးဖိုနှင့်သံဒယ်အိုးကိုပြောင်းလဲပါ။
၁၀။သံဒယ်အိုးစစ်စစ်မှလွဲရျ် တစ်ခြားဒယ်အိုများမရပါ။သံဒယ်နှင့်မီးဖို့တို့ အရွယ်ညီရမည်ဖြစ်သည်။

သတိပြုရန်အရေးကြီးသောအချက်များ။
၁။ကျောက်တွင် ခုန့်ကာလာပါမှသာ ရဲမည် ။နီမည်ဖြစ်သည်။
၂။ကျောက်တွင် မည်သည် ဆီမှကပ်နေရျ်မရပါ။ဆီစိမ်ထားပြီးသောကျောက်များလုံးဝ လုံးဝ မီးဖုတ်ရျ်မရပါ။ပါးဆီ။လက်ဆီတောင်မရပါ။မဲတက်သည်။ထိုကြောင့်မီးမဖုတ်ခင်သေချာစေရန် ကျောက်ကို ဆပ်ပြာရည်ဖြင့်ပြုတ်ပါ။
၃။ကျောက်တွင်ပါသောခုန်ကာလာရင့်လျင် အရဲရင့်သည်။ခုန်ကာလာဖျော့လျင် အရဲဖျော့သည်။ပန်းဆီရောင်သာထွက်သည်။ မြင်းချီကာလာ​ခုန့်သည့် အနီရောင်ရင့်ရင့်ထွက်နိုင်သည်။
၄။ခုန့်ဆီပါမှသာ အရဲဆီထွက်မည်ဖြစ်သည်။
၅။ကျောက်သားကောင်းသောကျောက်များသည်မီးဒဏ်ကိုကြောက်စရာမလိုပါ။မီဖုတ်ရျ်အသားမပျက်နိုင်ပါ။ကျောက်သားကိုအပူမတိုးနိုင်သောကြောင့်ဖြစ်သည်။မီးအပူပေးတာနည်းသည်အခါ အရဲလျော့တက်သည်။ထိုအခါ မီးထက်ဖုတ်ပါ။
၆။ခါးသားအဆင့်သာရှိသောကျောက်များမီးဖုတ်ပါက မီးအပူဒဏ်ကြောင့် ကျောက်သားတစ်ရစ်ကျတက်သည်။ တစ်ချိုကျောက်များတွင်တော့ ရေ၁၀ရက်ခန့်စိမ့်ထားလျင် ပုံမှန်အသားသို့ပြန်ရောက်သည်။
၇။မီးဖုတ်ရန်ဘိလပ်မြေထဲသို့ ကျောက်ထည့်သည်အခါ ကျောက်သည်ရေစိုနေရျ်မရပါ။
၈။ဘိလပ်မြေအစားသဲဖြင့်လည်းဖုတ်နိုင်သည်။ကျောက်သားထိခိုက်မူများရျ် အချိုကျောက်များမှသာသုံးသင့်သည်။အထူးသဖြင့် မှော်စီစာခုန်။
၉။ဆီပါသောကျောက်များဖုတ်မိရျ်မဲသွားလျင် ထပ်ခါထပ်ခါပြန်ဖုတ်ပါ။အမဲပျောက်ရျ်ရဲလာသော်လည်းအသားတော့ပျက်သွားမည်ဖြစ်သည်။
၁၀။အထူးမှာကြားလိုတာကတော့ မီးဘေးကိုဂရုစိုက်ပါ။

ဖုန်းမှန်ကွဲနေရျ်စာရိုက်အဆင်မပြေပါ။ထိုကြောင့်မရှင်းတာရှိလျင် ဖုန်းဆက်မေးပါ။

Crd. ကိုအောင်ဆန်းဦး
09688688971
Photo crd;

 #ကျောက်စိမ်းနှင့်ပတ်သက်သောအခေါ်အဝေါ်များ✡✡✡✡✡✡✡✡✡✡✡အရည်(အစိမ်းရောင်)ပိုးမဲတောင်ပံရည်ဒေါင်းမြီီးရည်လန့်ဆွေးလုရည်လန့်လုကြ...
21/12/2022

#ကျောက်စိမ်းနှင့်ပတ်သက်သောအခေါ်အဝေါ်များ
✡✡✡✡✡✡✡✡✡✡✡
အရည်(အစိမ်းရောင်)
ပိုးမဲတောင်ပံရည်
ဒေါင်းမြီီးရည်
လန့်ဆွေးလုရည်
လန့်လုကြီးရည်
ကရင်ဆိုဒါရည်
ဆွေးလုရည်
ဘော်ဒီအရည်စွဲ
ပဲရည်
ပဲပြင်
လန့်ရည်
ပဲဆွေးလု
ဆွေးလု
ဆွေးလုကြီး
လန့်ဆွေးလု
အစိမ်းသန်
အဝါသန်
မုန်ညှင်းစိမ်း
ရေညှိစိမ်း
ကြက်တူရွေးစိမ်း
ရှင်းကြာလု
ပလိမ်းဆွဲ(Plane)
ပဲတက်
လန့်တက်
လန့်စိမ်း
ပိတ်စိမ်း
ထုံရည်
ထုံသေ
ထုံရှင်
ထယ်လုံးစိမ်း
Black Jade

အသား( ကျောက်မျိုး)(အဖြူရောင်)
ဖန်သား၊မှန်သား
ဘော်ဒီသား
ရေခဲသား
ဘော်ဒီတစ်ပတ်ကျ
ဝက်သားဆီသား
တိမ်ခိုးသား
အသားကြည်(ဖြူကြည်)
အသားဆန်း
ကာလာဆန်း
ပဲသား
ပိန်းဥသား
မျောက်ဥသား
ငချိတ်သား
ဆန်ပြုတ်၊ဆန်နှစ်သား
အသားထိုင်း၊အသားမှိုင်း
အသားချွဲ
အသားပျော့
မောက်တက်
မျိုးလို( ကျောက်သားလျော့)
မျိုးကောင်း( ကျောက်သားကောင်း)
မျိုးပဲ( ကျောက်သားမကောင်း/တစ်ကောင်း)

ချွမ်( ခရမ်းရောင်)
ချွမ်နီ
ချွမ်ပြာ
မရမ်းချွမ်
ဗေဒါချွမ်
ပဲချွမ်
3 ကာလာချွမ်
ချွမ်ဆန်း

ခုံ့( အဝါရောင်)
ခုံ့နီ
ခုံ့ဝါ
စကားဝါခုံ့
ပျားရည်ခုံ့စမ်း

ပန်းကြား
ပဲပန်းကြား
လန့်ပန်းကြား
ပဲပန်း
ကန်စွန်းပန်း
နှမ်းပန်း
ရှင်းပန်းကြား

မန်း(အရည်လှ/မလှ ပြချက်)၏ အခေါ်အဝေါ်များ
ကြိုးပတ်
ကြိုးငုပ်
ကျားကိုက်
စည်ပိတ်
ကောက်ရော့

အပြစ်အနာအဆာများ၏အခေါ်အဝေါ်
ခေ့
မှည့်
ဖြုတ်ချေး
ဖားမျက်စံ
ယို့နာ
လျှိူနာ
အညှိ

ကျောက်စိမ်းမဟုတ်သော ကျောက်၏အမည်များ
လိပ်ကျောက်
လျှံဆွေး
ပူတာအို
ချဲလ်ဆီတိုနီ
ဆေးဆိုးကျောက်(B Jade)

ကျောက်အရောင်းအဝယ်နှင့်ပတ်သက်သော အခေါ်အဝေါ်များ
ပယ် (ကြီး/သေး) = ကျောက်၏အရွယ်အစား ပမာဏကိုဆိုလိုသည်။
သောင်း သေးပိုင်း( စျေး) = ၅ သောင်းအောက်ကို ဆိုလိုသည်။
သောင်းကြီးပိုင်း ( စျေး) = ၅ သောင်းအထက်ကို ဆိုလိုသည်။
ကျပ်(သိန်း) သေးပိုင်း ( စျေး) = ၅ သိန်းအောက်ကို ဆိုလိုသည်။
ကျပ်(သိန်း) ကြီးပိုင်း ( စျေး) = ၅ သိန်းအထက်ကို ဆိုလိုသည်။
ချိတ်သည်/စည်းသည် = ဝယ်သူအနေဖြင့် စျေးပေးထားသောကျောက်ကို ပိုင်ရှင်ထံမှ ရောင်းပေးစေခြင်ရန်အလို့ငှာ ကျောက်ကိုတိပ်စည်း၍ ညှိနှိုင်းသော အချိန်ကာလဖြစ်သည်။ပိုင်ရှင်အနေဖြင့် မိမိ၏ ကျောက်တန်ဖိုးကို နှိုင်းယှဥ်ချင့်ချိန် စဥ်းစားရသော အချိန်ကာလဖြစ်သည်။(နားလည်လွယ်အောင် ပြောပြထားခြင်းသာဖြစ်သည်။)

ကျောက်စိမ်းပညာ စတင်လေ့လာသူများအတွက် မိမိသိသလောက် မှတ်သလောက်လေး မျှဝေပေးခြင်းသာဖြစ်ပါသည်။ဆရာကြီးများအတွက် မရည်ရွယ်ပါ။ အမှားပါသွားလျှင် ခွင့်လွှတ်ပေးစေလိုပါကြောင်း🙏🙏
(ကူးယူးဖော်ပြခြင်းလေးပါ)
Crd;

Address

Between 44×45. 115C Stree, Chan Mya Tharsi Township, Mandalay City
Mandalay
09428873166

Website

Alerts

Be the first to know and let us send you an email when jade စံအိမ် Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share