ရွှေမြန်မာ-Diamond

ရွှေမြန်မာ-Diamond . Buddish

01/04/2026
ကမ္ဘာဈေးအခြေနေကတော့တတ်လိုက်ကျလိုက်⬆️⬇️  ရွှေဝယ်လို့ရောင်းလို့အကောင်းဆုံးအချိန်ဘဲရွှေချစ်သူတိုင်းတိုးပွားပါစေငွေပိုရင်ရွှ...
25/11/2025

ကမ္ဘာဈေးအခြေနေကတော့တတ်လိုက်ကျလိုက်⬆️⬇️
ရွှေဝယ်လို့ရောင်းလို့အကောင်းဆုံးအချိန်ဘဲ
ရွှေချစ်သူတိုင်းတိုးပွားပါစေ
ငွေပိုရင်ရွှေစုပါ 🤗🤗🤗

25/11/2025

အော်ဒါထည်လေးလုပ်ပေးခဲ့ပါတယ်
ခရမ်းဆွဲ+စိန်
ဆွဲသီး-လက်ကောက်+လက်စွပ်+နားကပ်
600 သိန်းဝန်းကျင်🤗🤗🤗
ငွေပိုရင်ရွှေဝယ်စုပါ

ရွှေအကြောင်းရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို လူတိုင်းနီးပါး တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာပ...
08/10/2025

ရွှေအကြောင်း

ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို လူတိုင်းနီးပါး တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာပြည်မှာပေါ့။ ဒါပေမဲ့ အဲဒီလက်ဝတ်ရတနာတွေကို ဖန်တီးပြုလုပ်ပေးရတဲ့ အဖိုးအခ(ဝါ) အလျော့တွက်လက်ခ ဆိုတာကိုတော့ လူတော်တော်များများ အမြင်မကြည်ကြပါဘူး။ ရွှေဆိုင်တွေ၊ ပန်းထိမ်တွေမှာ လက်ဝတ်ရတနာ သွားဝယ်တာပဲဖြစ်ဖြစ်၊ သွားအပ်တာပဲဖြစ်ဖြစ် လူတော်တော်များများရဲ့ စကားသံတွေကတော့…

“ အလျော့တွက်တွေ အလကား ပေးလိုက်ရတယ်”

“လုပ်တော့လုပ်ချင်တယ်၊ ဒါပေမဲ့ အလျော့တွက်လက်ခ ပေးရမှာစိုးလို့”

“အလျော့တွက်ဆိုတာ အလကားသက်သက် ဝိုက်ဖို့ သုံးတဲ့ စကားလုံး”

ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ ဝမ်းနည်းစရာပါ။ ရွှေပန်းထိမ်လောကကို တကယ်မသိလို့ ပြောကြတဲ့ စကားရပ်တွေပါ။

ပရိဘောဂတိုက်တစ်ခုမှာ ကုတင်၊ ဘီရို၊ ဆက်တီတွေ သွားအပ်တဲ့အခါ ပစ္စည်းဖိုးအပြင် ထိုက်သင့်တဲ့ လက်သမားခ ပေးရပါတယ်။ ပေးလည်း ပေးကြပါတယ်။ အဝတ်အစားချုပ်တဲ့ စက်ချုပ်ဆိုင်မှာလည်း အထည်တွေ သွားချုပ်ကြပါတယ်။ ကျသင့်တဲ့ ချုပ်လုပ်ခကို မငြီးမငြူဘဲ ပေးကြပါတယ်။ ဘယ်သူမှ ဝေဖန်တဲ့အသံ မကြားရပါဘူး။

ဒါပေမဲ့ ပန်းထိမ်တွေ ရွှေဆိုင်တွေမှာ ရွှေထည်တစ်ခုခု သွားလုပ်ပြီဆိုရင်တော့ အထက်ကဖော်ပြခဲ့တဲ့ လေသံတွေ ကြားရပါတော့တယ်။ ဒါကြောင့် အလျော့တွက်လက်ခ ဆိုတာနဲ့ပတ်သက်ပြီး သေချာ ဂဃနဏ သိကြဖို့လိုတယ်ထင်လို့ ဒီပို့စ်လေးရေးလိုက်ပါတယ်။

အလျော့တွက်ဆိုတာ…
ကျနော်တို့ ရွှေပန်းထိမ်လောကမှာ ရွှေထည်ပြုလုပ်ခြင်းဟာ တခြား လက်မှုပညာသည် လောကတွေနဲ့ တူမယောင်နဲ့ မတူပါဘူး။ အကြောင်းကတော့ သုံးတဲ့ သတ္တု(ရွှေ) ကြောင့်ပဲ ဖြစ်ပါတယ်။ ရွှေ ဆိုတာမျိုးဟာ ဘာမှမလုပ်ရသေးဘဲ နှစ်ခေါက်သုံးခေါက် အရည်ကျိုတာလောက်နဲ့တင် မူလအလေးချိန် မရှိတော့ပါဘူး။ လေလွင့်မှုရှိတဲ့အတွက် လျော့ပါးသွားတတ်ပါတယ်။ အထည်လုပ်တဲ့အခါ၊ အရည်ကျို၊ နန်းဆွဲ၊ တူထု၊ တံဇဉ်းတိုက်စတဲ့ လုပ်ဆောင်မှုတွေကြောင့် ရွှေအမှုန်အစတွေဟာ လေလွင့်ကုန်ပါတယ်။ ဒါကြောင့် ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတစ်ခု ပြုလုပ်ပြီးသွားပြီဆိုရင် ကျန်ရှိတဲ့ ရွှေအလေးချိန်ဟာ မူလအလေးချိန်ထက် လျော့နည်းသွားတဲ့အတွက် ရွှေပန်းထိမ်လောကမှာ အထည်ပြုလုပ်တဲ့ လက်ခကို အဲဒီလျော့နည်းသွားတဲ့ ရွှေတန်ဖိုးနဲ့ ခုနှိမ်ပြီးတွက်ချက်ပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့ကြပါတယ် ။

အဲဒီလို လုပ်တဲ့စနစ်ကြောင့် အလျော့တွက်လက်ခ ဆိုတဲ့ စကားရပ်ပေါ်ပေါက်ခဲ့ရတာပါ။ အဲဒီအလျော့တွက် ဆိုတာဟာ ပန်းထိမ်သမားရဲ့ ချွေးနဲစာပါ။ လက်ခပါ။ ပရိဘောဂ ပြုလုပ်ဖန်တီးတဲ့ လက်သမားတစ်ယောက် ရတဲ့ လက်ခမျိုးပဲ ရရှိတဲ့ လက်ခပါ။ အလကားသက်သက် ပေးလိုက်ရတဲ့ အချင်းအရာ မဟုတ်ပါဘူး။

ဥပမာ.. ရွှေအလေးချိန် တစ်ကျပ်သားရှိတဲ့ ရွှေဆွဲကြိုးတစ်ကုံး ပြုလုပ်ဖို့အတွက် ပန်းထိမ်ဆရာ(သို့မဟုတ်) ရွှေဆိုင်ပိုင်ရှင်ဟာ အနည်းဆုံး တစ်မတ်သားထက်ပိုတဲ့ အပိုရွှေကို ထည့်သွင်းပြီးမှ ရွှေပန်းထိမ်သမားကို အထည်ချပေးရပါတယ်။ ဒါမှသာ ပိုတဲ့ ရွှေချိန်ကိုဖယ်ပြီး တစ်ကျပ်သား အသားတင် ရွှေဆွဲကြိုးကို ပြုလုပ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စိုက်ရွှေအပိုပါတဲ့ ရွှေတုံးကို လိုသလို အရည်ကျို၊ နန်းဆွဲ၊ တံဇဉ်းတိုက် စတာတွေ ပြုလုပ်ပြီး ပိုလျှံတဲ့ ရွှေမှုန်ရွှေစတွေကို အရည်ပြန်ကျိုပြီးမှ ပြုလုပ်ထားတဲ့ ရွှေထည်နဲ့အတူ ပန်းထိမ်ဆရာ (သို့) ရွှေဆိုင်ပိုင်ရှင်သို့ ပြန်လည်အပ်နှံရပါတယ်။ လက်ခအနေနဲ့ မူလချပေးထားတဲ့ ရွှေငါးမတ်သားထဲက ခြောက်ရွေး(သို့) တစ်ပဲကိုနှုတ်ယူပြီးမှ ပိုတာကို ပြန်လည် အပ်နှံတာပါ။ အဲလိုနှုတ် ယူလိုက်ခြင်းကို အလျော့တွက်လက်ခ ပေးလိုက်တယ်လို့ ခေါ်ပါတယ်။ ဒါကိုမှ ပန်းထိမ်ဆရာ (သို့) ရွှေဆိုင်ပိုင်ရှင်က ပန်းထိမ်သမားကို ပေးရတဲ့ အလျော့လက်ခ အပေါ်မှာ တစ်ရွေးစ နှစ်ရွေးစ အမြတ်တင်ပြီး ပြန်လည်ရောင်းချတဲ့ အဆင့်ကို ရောက်ရှိကြတာ ဖြစ်ကြောင်းပါ။

အခုရှင်းပြခဲ့တာကတော့ ပန်းထိမ်သမားတွေရဲ့ ချွေးနဲစာ(ဝါ) ဝမ်းစာဖြစ်တဲ့ အလျော့တွက်လက်ခ ဆိုတဲ့ အကြောင်းပါ ။ ဒါကြောင့် အလျော့တွက် ပေးရတာဟာ ပန်းထိမ်ပညာရှင်တွေကို ပညာရှင်ကြေး ချီးမြှင့်တာပါ။ အလုပ်လုပ်တဲ့ လက်ခ ချီးမြှင့်နေတာပါ ဆိုတာကို သိရှိနားလည်စေချင်ပါတယ်၊ အလျော့တွက် အလကား ပေးလိုက်ရတယ် ဆိုတာထက် အလျော့တွက်လက်ခ စျေးကြီးတယ် ဆိုတာမျိုးကသာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စကားရပ် ဖြစ်ကြောင်းပါ ခင်ဗျား။


မိတ်ဆွေအချို့က စောဒကတက်ကြပါတယ်။ သူတို့တွေ နိုင်ငံခြားမှာ ရွှေဝယ်တဲ့အခါ အလျော့တွက် လက်ခဆိုတာမျိုး မပေးရကြောင်း ဆိုတာပါ။ မှန်ပါတယ်။ ကျနော်တို့ဆီလည်း အဲဒီလိုစနစ်နဲ့ ရောင်းချပေး လို့ရပါတယ်။ မခက်ခဲပါဘူး။ အထည်တစ်ခုရဲ့ ရွှေအလေးချိန်မှာ အလျော့တွက်တန်ဖိုးပါ သင့်ပြီး ကျသင့်တာကို ရွှေစျေးနှုန်းမှာ ပေါင်းထည့်တွက်ချက် ရောင်းချတာမျိုးပါ။ အခုလက်ရှိ အခြေအနေမှာတောင် ရွှေထည်မဟုတ်ဘဲ ရွှေဖြူ၊ ပလက်တီနမ်ထည်တွေ ရောင်းချတဲ့စနစ်မှာ တစ်ဂရမ်ကို ဘယ်လောက်နှုန်း ဆိုတာမျိုးနဲ့ နိုင်ငံခြားက ပုံစံ ရောင်းချတာကို တွေ့ရမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ အလျော့တွက်လက်ခ မပါတာ မဟုတ်ပါ။ ပေးရမယ့် အလျော့တွက်ကို ရွှေစျေးနှုန်းထဲမှာ စျေးတင်ပြီး ထည့်တွက်ထားပြီးသား ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။

Ye Man Aung


⛔Crd copy...

8.10.2025⛔ကမ္ဘာရွှေဈေးတတ် ⛔ 💸ငွေပိုရင်ရွှေဝယ်စုပါ🤗🤗🤗
08/10/2025

8.10.2025
⛔ကမ္ဘာရွှေဈေးတတ် ⛔
💸ငွေပိုရင်ရွှေဝယ်စုပါ🤗🤗🤗

အကယ်ဒမီရွှေ၁ပဲအခဲလေးတွေကစပီအားပေးလို့ရတယ်နော် 📲09268299997   Mandalay
07/10/2025

အကယ်ဒမီရွှေ၁ပဲအခဲလေးတွေကစပီအားပေးလို့ရတယ်နော်

📲09268299997
Mandalay

Address

62 Road
Mandalay
05041

Website

Alerts

Be the first to know and let us send you an email when ရွှေမြန်မာ-Diamond posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share