13/04/2026
"သင်္ကြန်အကြိုညလေးမှာ ကြိုတင်ပြီး နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ 💦✨
မနက်ဖြန်ကစပြီး ကျရောက်မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ ချစ်ရတဲ့ ဖောက်သည်မိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ အေးမြလန်းဆန်းကြပါစေ။
နှစ်ဟောင်းတစ်လျှောက်လုံးမှာ ကျွန်မတို့ရဲ့ ( Sone Sone Jade Jewellery ) ကို ယုံကြည်စိတ်ချစွာနဲ့ အစဉ်တစိုက် အားပေးခဲ့ကြတဲ့အတွက်လည်း ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ အားပေးမှုတွေက ကျွန်မတို့အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ အားဆေးတွေပါပဲ။
နှစ်သစ်မှာလည်း စီးပွားလက်လာဘ်များ ဒီရေအလား တိုးပွားပြီး လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏🌹