Global Jade & Gems

Global Jade & Gems A professional trusty reliable Jade, Gem & Jewellery specialist has established the Global Jade & Gems in Myanmar since 2020.

We are based in main cities, Yangon & Mandalay in Myanmar. We present to all our customers for only natural Jade, Gems &Jewellery

"ကျောက်စိမ်း"အသား"အကြောင်း~အပေါ်ယံ(၁) "အခြံ" ၊၎င်းအောက်ရှိ(၂) "ခုန့်" ခေါ်အမြှေးပါး ပြီးလျှင် (၃)"အသား"ရှိသည်။~ကျောက်စိမ...
22/03/2026

"ကျောက်စိမ်း"အသား"အကြောင်း

~အပေါ်ယံ(၁) "အခြံ" ၊၎င်းအောက်ရှိ(၂) "ခုန့်" ခေါ်
အမြှေးပါး ပြီးလျှင် (၃)"အသား"ရှိသည်။

~ကျောက်စိမ်းအသားကိုအမည်အမျိုးမျိုးသတ် မှတ်ထားသော်လည်း"အသားကောင်း"နှင့်"အသားညံ့"ဟူ၍သာရှိသည်။

~အကောင်းဆုံးအသားမျိုး နှင့်အခြားအသား
အမျိုးမျိုးကိုဖော်ပြပေးထားပါသည်။

အကောင်းဆုံးအသား
~~~~~~~~~~~~

~"ဖလ္သား မွန်သား"ကဲ့သို့ ထိုးဖောက်ကြည်လင်
နေသောအသားကိုခေါ်သည်။
~ယင်း"ဖလ်သားမွန်သား"တွင်မည်သည့်"အရည်"
ဝင်သည်ဖြစ်စေကောင်း၏။
~"ဖလ်သားမွန်သား"ဟူသည်မှာ ကြည်လင်နေသော
"ရေ"နှင့်တူလေသည်။
~"စိမ်း နီ ဝါ ပြာ" မည်သည့်အရောင်ဆိုးသည်ဖြစ်
စေကြည်လင်နေမည်သာ။
~မသန့်ရှင်းသော"ရေနောက် ၊ေေရစး"တွင်ကား
မည်သည့်အရောင်ဆိုးသည်ဖြစ်စေ"ညစ်ထပ်"
နေမည်သာဖြစ်သည်။
~ကျောက်စိမ်း၏"အသား"မှာဤသဘောပင်ဖြစ်၏
~ကြည်လင်နေသော"ဖလ္သား မွန်သား"တွင်
"ပဲရည် ၊ လန့်ရည် ၊ ချွမ်ရည်" မည်သည့် "အရည် ၊
အရောင်"ပွင့်သည်ဖြစ်စေကြည်လင်ထင်ရှားနေ၏
~တရုတ်စကားဖြင့်"ပေါ်လိရွေး"ကို"ဘော်ဒီသား"
ဟုခေါ်ဆိုနေကြသည်။
(အသားမကောင်းလျှင်"အရည်"မကောင်းပါ။)

"အသား"အမျိုးမျိုးရှိသည်။

ကျောက်စိမ်း၏"အသား"ပေါ်တွင်"အရည်"တည်၏
ကျောက်သားကောင်းမှ"အရည်"လှသည်။

ဖလ်သားမွန်သား
~~~~~~~~~
~အကောင်းဆုံးအသားဖြစ်သည်။
~ဖလ်ကဲ့သို့ကြည်လင်နေသည်။

အသားညံ့
~~~~~
~ပိန်းဥသား အသားပိတ်ကိုခေါ်သည်။
~"ခွံကျပ်"လျှင်"အသား"ပျက်သည်။

ဖယောင်းသား
~~~~~~~
ဖယောင်းနှင့်တူသည်။

ပိန်းဥသား
~~~~~
ပိန်းဥကိုထက်ခြမ်းပိုင်းသည့်အခါမြင်ရသကဲ့သို့
ရှိသည်။(မကောင်း)

ငချိတ်သား
~~~~~~
ကောက်ညှင်းငချိတ်သားအတိုင်းဖြစ်သည်။

ပလွန် (ဆွေးမော်ဇေး)
~~~~~~~~~~~
~ "အသားထပ်"သည်"ဆတ်သည်"
~ ငါးရံ့သား(ဆွေးမော်ဇေး)ဟုလည်းခေါ်သည်။
~ အသားမကောင်း( သွေး၍မရ)

တိမ်ခိုးစစ်
~~~~~
~ တိမ်ခိုးကဲ့သို့"ပြာလဲ့လဲ့"ရှိသည်။

လန့်ပုတ်
~~~~
~ နက်ပြာသည် အသားမာသည်။

ချွမ်
~~~
~ ဗေဒါရောင် ၊ ခရမ်းပွင့်ရောင်။

ခဲရည်သား
~~~~~
~ ကျောက်စိမ်းနက်(Black Jade)ကိုခေါ်သည်။
~ သပိတ်ရောင်ဖြစ်သည်။

အသားမှိုင်း
~~~~~~
~ မီးခိုးရောင်ရှိသည်။

ခွာဆွေး
~~~~
~ အသားကောင်းသည်။

ကလန့်ဆွေး
~~~~~~
~ခဲရည်သားကိုခေါ်သည်။(အသားမည်း၏။)

နော်ဆွေး
~~~~~
~ "အသားပြာ" ကြည်လင်နေသည်။

ကန့်လန့်ဆွေး
~~~~~~~
~ဇီးဖြူသီးကဲ့သို့

ပရမံသား
~~~~~
~တိမ်ခိုးရောင်ကိုခေါ်သည်။

လန့်ခွာသား
~~~~~~
~အသားပြာဝါ ဖြစ်သည်။

လင့်ဆွေး
~~~~~
သကြားရောင်"အသားနောက်ကြည်"ရောင်ရှိသည်။

အဖြူဆန်း
~~~~~
~ အသားမာကျစ်သည်။

အဖြူပြာ
~~~~~
~ စိမ်းပြာပြာ ၊ စိမ်းဝါဝါ"အသားကောင်း၏။

ဆင်ဆင်လန့်
~~~~~~~
~ အသားအရည်မဟုတ် ၊ ထွေပိန်းနေသည်။

လန့်ဖရုံ
~~~~
~ စိမ်း ပြာ ဝါ အခိုးရောင်ကဲ့သို့။

ဖရုံသား
~~~~~
~စိမ်းပုတ်ပုတ်ရှိသည်။

လ်ံသား
~~~~
~အရောင်နက်သည်။

လျံဆွေး
~~~~~
~ ဝက်သားအဆီကဲ့သို့ရှိသည်။ကြည်သည်။
~အဝါရင့်သည်။

လ်ံတိမ္ခိုး
~~~~~
နီလာရောင်ပြာလဲ့လဲ့

ခုန်ဘိ
~~~
~ အနီရောင် အရည်မရှိ
~တစ္လုံးလုံး "ခုန့် "စွဲနေသည်။
~ "ခြံဘိ"ဟုလည်းခေါ်သည်။

ကောင်း(၅)မျိုး
~~~~~~~~

၁ ။ မျခာလု = ပဲသား (စိမ်း)
၂ ။ မလုခြာ =ပရမံသား
၃ ။ တြံခြာလု = တျိမျခိုးသား
၄ ။ လန့်လုခွာ =ဝက္သားဆီသား
၅ ။ လန့်ခွာရွှေ = ဖရုံသား

မကောင်း(၅)မျိုး
~~~~~~~~~

၁ ။ ပိန်းဥသား
၂ ။ မျောက်ဥသား
၃ ။ ကျောက်ရိုင်းသား
၄ ။ အသားတစ်
၅ ။ အသားကျပ် တို့ဖြစ်ကြသည်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

သင်/မြင်/ကြားဆရာများကိုအစဉ်ဂါရဝပြုလျက်
ကျောက်စိမ်းရတနာကျောက်မျက်ပညာမျှဝရော

"အရည်"အကြောင်းဆက်ဖော်ပြပေးသွားပါဦးမည်။

ကျောက်စိမ်းနဲ့ပတ်သတ်တဲ့ဗဟုသုတရစရာတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်သဖြင့် page လေးကို like & following များဖြင့်ကူညီအားဖြည့်ပေးပါအုံးခင်ဗျာ
Crd

 #မိုးကုတ်တွင်းထွက်ကျောက်မျက်ရတနာများအခန်း (၁) ..တစ်နေ့က မိုးကုတ်ကျောက်မျက်ရတနာများဆိုတဲ့ ကျောက်ပုံတွေနဲ့ကျောက်နာမည်တွဲထ...
03/09/2025

#မိုးကုတ်တွင်းထွက်ကျောက်မျက်ရတနာများ
အခန်း (၁) ..
တစ်နေ့က မိုးကုတ်ကျောက်မျက်ရတနာများဆိုတဲ့ ကျောက်ပုံတွေနဲ့ကျောက်နာမည်တွဲထားတဲ့ ဓာတ်ပုံလေးတင်လိုက်တော့ မိုးကုတ်ကျောက်အကြောင်းကို စိတ်ဝင်းစားမှုများကြတာတွေ့ရလို့...
ဆရာမောင်ထွန်းဦး(မိုးကုတ်)ရေးသားထုပ်ဝေထားတဲ့ ``ကမ္ဘာကသိတဲ့ မြန်မာ့ပတ္တမြားမြေ" ဆိုတဲ့စာအုပ်ထဲမှ အချက်လက်တွေကို အခန်းဆက်အနေနဲ့ ပထမဦးဆုံးရေးတင်ပေးသွားပါမယ်......မိုးကုတ်တွင်းထွက်ကျောက်များနှင့် မွေးနံအလိုက်၊နေ့နံအလိုက်နှင့် မိမိမွေးနံနဲ့လိုက်ဖက်၍ဝတ်ဆင်သင့်သောကျောက်များ / အရောင်များကို ဖော်ပြပေးသွားပါမည်။....

မိုးကုတ်မြို့ဟာ ကျောက်မျက်ရတနာမျိုးစုံထွက်ရှိရာ ဒေသဖြစ်ပါတယ်။ကျောက်မျက်ရတနာမျိုးစုံစွာ ထွက်ရှိတဲ့အထဲမှာမှ လူသိများပြီး ကျောက်မျက်ရတနာစျေးကွက်တွင် အရောင်းဝယ်ဖြစ်နေတဲ့ ကျောက်မျိုးနွယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။....

(၁) ပတ္တမြား(RUBY)

ပတ္တမြားမှာ မြန်မာနိုင်ငံတွင်းထွက်ရတနာများထဲတွင် နာမည်အကြီးဆုံးနှင့် လူကြိုက်အများဆုံးရတနာဖြစ်သည်။ ပတ္တမြားကို ရှေးမြန်မာမင်းများခေတ်ကပင် နန်းသုံးတော်ဝင်ရတနာအဖြစ်သတ်မှတ်ခဲ့ပြီး လယ်သီးရည်ကို အကောင်းဆုံးကျောက်အရည်ဟု သတ်မှတ်ခဲ့ပါသည်။
ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လယ်သီးရည်ဟာ ကျောက်အရည်ကြီးသည်လို့ယူဆကြပြီး လယ်သီးအရည်ထက်အောက်တဆင့်ကျသော အရည်ကိုအကောင်းဆုံးလို့သတ်မှတ်ထားကြပါတယ်။ ပတ္တမြားအရောင်ဟာ အနီရောင်ဖြစ်ပြီး အရောင်မှဲ့မှသည် အနီရင့်ရောင်ထိ ရှိပါသည်။ ပတ္တမြားအရောင်အလိုက် ကျောက်မျက်အရည်အသွေးကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ခေါ်ဝေါ်ကြပါသည်။

၁။ လယ်သီးရည် - - ကြက်ဖလည်ပင်
သွေးနီရောင်မျိုး။

၂။ ငရှည့်သွေးရည် - - ငရှည့်သွေးကဲ့သို့
ပြည့်ဝသောအနီရောင်မျိုး။

၃။ ခိုသွေးရည် - - - ခိုသွေးကဲ့သို့အနီရောင်
(အနီတွင်အပြာရည်
အနည်းငယ်ရောနှောနေသောအရောင်)

၄။ ယုန်သွေးရည် - ယုန်သွေးကဲ့သို့အနီရောင်။
(အနီတွင်အဝါရောင်ရည်အနည်းငယ်
ရောနှောနေသောအရောင်)

၅။ ဘုံဘိုင်ညွန့်ရည် - နှင်းဆီပန်းအနီရောင်။

၆။ ဘုံဘိုင်ရည် - အနီရောင်သက်သက်။

၇။ ကြက်သွန်ဥခွံအရည် - အနီရောင်ဖျော့
သည့်အပြင်၊ ဖြူသယောင်ယောင်အရည်မျိုး။

၈။ ထုံးခြောက်အရည် - နီသော်လည်းဖြူ၍
ခြောက်တောက်တောက်နေသောအရည်မျိုး။

၉။ကြက်သည်းရည် - ညိုပုပ်ပုပ်နှင့်မည်းယောင်နီသော အနီပုပ်ရောင်အရည်မျိုး။....

ပတ္တမြား၏အသား အမျိုးအစားကိုမှု အောက်ပါအတိုင်းသတ်မှတ်ခေါ်ဝေါ်ကြပါသည်။။။

၁။ မှန်သား - ကြည်လင် သိပ်သည်းကျစ်လျစ်၍ အလင်းရောင်ဒိုးယိုပေါက်သော အလင်းပေါက်ကျောက်သား။

၂။ ဖန်သား - မှန်သားလောက်မကြည်လင်း
သော်လည်း အသားကျစ်လျစ်သိပ်သည်းချောမွတ်သောကျောက်သား။

၃။ ဖယောင်းသား - ဖန်သား/မှန်သားကဲ့သို့ မကြည်လင်ဘဲ ဖယောင်းပမာ သိပ်သည်းကျစ်လျစ်သော ချောမွေ့သောကျောက်သား။။

၄။ ချိတ်သား - တစ်ဖက်မှတစ်ဖက်သို့ အရောင်မမြင်နိုင်အောင် ပိတ်ဆို့နေပြီး ပျစ်ထိုင်းထိုင်းရှိသောကျောက်သား။

၅။ ဖရဲအူသား - မကျစ်လျစ်ဘဲ ပွယောင်းယောင်းရှိသော ကျောက်သား။

၆။ ဆီးသီးမှဲ့သား - အဆီထုတ်ထားသော
ထင်းရှူးကဲ့သို့ပွနေသောအသား၊ ဆီးသီးမှဲ့လို
ဖြစ်နေသောကျောက်သား။

ပတ္တမြား၏မာဆင့်မှာ ၉ ဖြစ်ပြီး၊ သိပ်သည်းဆမှာ ၃.၉၆နှင့် ၄.၁ကြားတွင်ရှိပါသည်။
အလင်းယိုင်ညွှန်ကိန်းမှာ ၁.၇၆ မှ ၁.၇၇ အထိရှိပါသည်။......

မိုးကုတ်မြို့ထွက် ကျောက်မျက်ရတနာထဲမှ
ပတ္တမြားအကြောင်းကို ဒီမှာတင်ပဲ ရပ်နားပြီး
နောက်ပိုင်းမှ တခြားကျောက်မျက်ရတနာများ
ကိုလဲ ဆက်ပြီးရေးတင်ပေးသွားပါမည်။..

ကိုးကာ .....ဆရာမောင်ထွန်းဦး(မိုးကုတ်)
ရေးသားထားသည့်
" ကမ္ဘာကသိတဲ့ မြန်မာ့ပတ္တမြားမြေ"စာအုပ်
အခန်း (၂) ... နီလာ ၊ ဣန္ဒနီလာ ၊ ဥဿဖယား ၊ အညံ့ကျောက် အကြောင်းများကိုရေးသွားပါမည်။

အမြင်လေးတွေလဲဝေမျှပေးခဲ့ပါအုံးဗျ မန့်မှာ....
( ပတ္တမြားကျောက်မျက်ရတနာပုံတော့ ကျွန်တော်မှာ မရှိလို့ တွဲမတင်လိုက်တော့ပါဘူးဗျ.. အဲ့အတွက်တောင်းပန်ပါတယ်...အင်တာနက်လိုင်းပေါ်မှာရှိပေမဲ့ အရောင်းဝယ်လုပ်နေတဲ့ ကျောက်တွေမို့ ကျွန်တော်ယူမသုံးလိုက်တာပါ...သူများပုံတွေဆိုတော့ ခွင့်ပြုချက်မတောင်းရင် မကောင်းလို့ပါဗျ). ..
Crd

Credit..

 #ကျောက်စိမ်းအနာအမျိုးမျိုးကို ပုံစာနှင့်တစ်ကွ တင်ပြပေးထားပါတယ်        သဘာဝတွင်းထွက်ရတနာတွေမှာလည်း အပြစ်အနာအဆာဆိုတာရှိပါ...
10/04/2025

#ကျောက်စိမ်းအနာအမျိုးမျိုးကို ပုံစာနှင့်တစ်ကွ တင်ပြပေးထားပါတယ်

သဘာဝတွင်းထွက်ရတနာတွေမှာလည်း အပြစ်အနာအဆာဆိုတာရှိပါတယ် အပြစ်အနာအဆာတွေကအမျိုးမျိုးရှိပေမယ့် အကြောက်ရဆုံးကတော့(အနာ)ဆိုတဲ့ အက်ကြောင်းစင်းများဖြစ်ပါတယ် ။အရည်အသွေးမြင့်တဲ့ကျောက်ပင်ဖြစ်စေကာမူ အနာပေါ်မူတည်ပြီးတော့ တန်ကြေးဟာများစွာပြောင်းလှယ်သွားတတ်ပါတယ်။ကျောက်မျက်တစ်ခုတန်ကြေးမြင့်မားဖို့ စံသတ်မှတ်ချက်ထဲမှာ(အရွှယ်အစား)ဆိုတာလည်းပါဝင်ပါတယ်။အနာနည်းရင် အရွှယ်အစားကြီးကြီးမားမားရမယ်။ဒါကြောင့် ကျောက်သမားအများစုကကျောက်ဖြတ်ရင်(အနာရှင်း)ဖို့မျှော်လင့်ကြတာဖြစ်ပါတယ်။
အနာတွေကိုများသောအားဖြစ်ကျောက်ရဲ့အခွံမျက်နှာပြင်ပေါ်မှာမြင်တွေ့ရပေမယ့် ဖြတ်တောက်ကြည့်လိုက်တဲ့အခါမှာ အတွင်းထဲမှာတော့ မထင်မှတ်ထားတဲ့အနာမျိုးစုံကိုတွေ့ရတတ်ပါတယ်။
(လျိုနာ)(အနာကြီး)(အနာသေး)(မြင်းမြီးရိုက်နာ)များကိုအခွံမျက်နှာပြင်ပေါ်မှာ ရှင်းလင်းထင်ရှားစွာတွေ့ရနိုင်ပြီး(ရို့နာ)(ရှနာ)(အက်နာ)(အနာကြေ)စတဲ့အနာများကိုတော့ဖြတ်တောက်ကြည့်ပြီးမှသာတွေ့ရှိရမှာဖြစ်ပါတယ်။
ကျောက်သမားတွေအကြောက်ဆုံးဖြစ်တဲ့(မြင်းမြီးရိုက်အနာ)ဆိုတာကတော့ မြင်းမြီးဖွာသကဲ့သို့အက်ကြောင်းအစင်းရာတွေအစိပ်စိပ်အမွှာမွှာဖြစ်နေတာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
(လျိုနာ)အနာကြီးနဲ့တစ်ချို့အနာသေးတွေဟာအလွယ်တစ်ကူပဲ့ထွက်နိုင်ပြီး အတွင်းထဲမှာစိုက်ဝင်နေတဲ့ အက်နာ ရှနာ အတွင်းကြေနာတွေကတော့ ပဲ့ထွက်မှာကိုစိုးရိမ်စရာမလိုပါဘူး။
စျေးကွက်ထဲမှာ အနာနဲ့ပတ်သတ်ပြီးပြောစမှတ်ရှိတဲ့စကားတွေကတော့(ကျောက်မှာအနာ မိန်းမမှာ မာယာ)တဲ့။တချို့ကြတော့လည်း (တောင်ကြီးတစ်ခုလုံးဖိထားမှတော့ အနာရှိတာပေါ့ဟဲ့)တဲ့။(အနာဘာမှမရှိရင်တော့ အတုပဲနေမှာပါ)စသဖြင့် စနောက်ပြောကြပါတယ်။
အနာဆိုတဲ့(ကွဲအင်)အက်ကြောင်းနဲ့ပတ်သတ်ပြီးသိပ္ပံပညာရှင်များပြောကြတာကတော့(အနုမြူဖွဲ့စည်းမှု့ အားနည်းရာတစ်လျှောက်မှာ အနာဖြစ်တည်သည်)ဟုဆိုကြသလို (ကမ္ဘာ့တိုက်ကြီးများရွှေ့လျားခြင်း၊မြေလွှာများတွန်းတိုက်ခြင်းကြောင့်)ဟုလည်းဆိုကြပါတယ်။
မည်သို့ပင်ဆိုစေ ဝါရင့်ကျောက်သမားတွေကတော့ ဘယ်လိုအနာပဲဖြစ်ဖြစ် စာဖွဲ့မနေပဲ (ဘူမိရူပ)ရူ့ထောင့်ဖြစ်စိတ်ကူး၍ (ဘယ်လိုအနာမျိုးကိုတော့ဘယ်ပုံဘယ်နည်းဖြတ်တောက်ပြီး မည်သည့်အထည်ရနိုင်သည်)ကို ဝါရင့်ကျောက်သမားများကသိရှိကြပါသည်။

ကျောက်စိမ်းနဲ့ပတ်သတ်တဲ့ဗဟုသုတရစရာတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်သဖြင့် page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်..

crd...
#ကျောက်စိမ်း #ကူးယူမျှဝေသည်
Global Jade & Gems

တောင်အာဖရိကတွင် လူတစ်ဦးသည် တိရိစ္ဆာန်ရုံ တည်ထောင်ပြီး ၀င်ကြေး $300 သတ်မှတ်ခဲ့ပါ။ ဝင်ရောက်ကြည့်ရှု့သူတစ်ဦးတစ်ယောက်မှမလာ...
10/04/2025

တောင်အာဖရိကတွင် လူတစ်ဦးသည် တိရိစ္ဆာန်ရုံ တည်ထောင်ပြီး ၀င်ကြေး $300 သတ်မှတ်ခဲ့ပါ။ ဝင်ရောက်ကြည့်ရှု့သူတစ်ဦးတစ်ယောက်မှမလာခဲ့ပါ။

သူကဝင်ကြေးကို $200 လျှော့လိုက်ပေမယ့် ဘယ်သူမှဝင်ရောက်ချင်းမရှိခဲ့ပါ။

ထို့နောက် ဝင်ကြေးကို 10$ သို့ လျှော့ချခဲ့သော်လည်း လူများ မလာသေးပေ။

နောက်ဆုံးတွင် ဝင်ကြေးကိုအခမဲ့လို့သတ်မှတ်လိုက်ပါတယ်။ သူရဲ့ တိရစ္ဆာန်ရုံလေးမှာ ဝင်ရောက်ကြည့်တဲ့ လူတွေပြည့်ကြပ်သွားလေသည်။

ရုံပိုင်ရှင်မှာအကြံတစ်ခုပေါ်လာပြီး သူသည် Zoo တံခါးကို တိတ်တဆိတ်သော့ခတ်ပြီး ခြင်္သေ့များကိုထည့်ထားသောတံခါးကိုဖွင့်ပေးလိုက်လေသည်။

ပြီးတော့ ရုံမှ ထွက်လိုပါက $500 ဆိုပြီးသတ်မှတ်ခဲ့ရာ လူတိုင်းက $500 ပေးပြီးအပြင်ထွက်ခဲ့ရလေသည်။

:
ပုံပြင်ရဲ့သင်ခန်းစာ

မင်းဘဝတစ်လျှောက်လုံး အခမဲ့ ဒါမှမဟုတ် စျေးပေါတဲ့ ကမ်းလှမ်းမှုတွေကို သတိထားပါ၊ အဲ့ဒါတွေက မင်းအတွက် နစ်နာဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။ 😶🙏

ဘယ်လုပ်ငန်းမှ အလကားမရဘူး?

to Web

Global Jade & Gems
-------

ကျောက်ကိုကျွမ်းကျင်ပိုင်နိုင်ဖို့ အချိန်ဘယ်လောက် လိုအပ်လည်းတဲ့?????မေးလာတဲ့ မိတ်ဆွေများအတွက် ဖြေပေးပါမယ်ကျောက်ကျွမ်းကျင်...
10/04/2025

ကျောက်ကိုကျွမ်းကျင်ပိုင်နိုင်ဖို့

အချိန်ဘယ်လောက် လိုအပ်လည်းတဲ့?????

မေးလာတဲ့ မိတ်ဆွေများအတွက် ဖြေပေးပါမယ်

ကျောက်ကျွမ်းကျင်ပိုင်နိုင်ဖို့ အရေးကြီးသည့်

အဓိကအချက်(၃)ချက်နားလည်ရပါမယ်

၁.ကျောက်ပညာ

၂.လုပ်ချက်ပညာ

၃.စျေးကွက်ပညာ

၁.ကျောက်ပညာဆိုတာ ကျောက်တစ်လုံးရဲ့

အဖြစ်အပျက်ကို နားလည်ထားရပါမယ်

သဘာဝတရားက ပေးထားတဲ့အရာမို့လို့

သဘာဝတရားကို ကျော်လွန်ပြီး ကြည့်လို့မရပါ။

အတိုချုံးပြောထားတာပါ။

၂.လုပ်ချက်ပညာဆိုတာ

ကျောက်စိမ်းအရိုင်းတုံးဖြစ်စေ ဖြတ်သားဖြစ်စေ

လုပ်ချက်တစ်ခုခုကို ထည့်ရတဲ့ပညာပါ

(တစ်နည်း )ဝယ်သူတွေ ဘယ်လ်ိုကြိုက်တယ်ဆိုတာ

ပြန်ပြီးပြုပြင်ထားတာပါ (အလှပြင်တာပေါ့ဗျာ)

အလွယ်ကူဆုံး မြင်အောင် ပြောပြပါမယ်

ကျောက်စိမ်းအရိုင်းတုံး ဝယ်လာမယ်ဆိုရင်

ပြန်ပြီးမပြုပြင်ဘဲ ပြန်ရောင်းရင် အမြတ်အများ

ကြီးမရနိုင်သလို အရင်းပြန်ရတာတွေလည်းရှိတာပေါ့

တစ်ခါတစ်လေ ရှုံးတောင်ရှုံးနိုင်သေးတယ်

စျေးပေးများသည့်အချိန်ပေါ့ 😁😁😁

ဒါကြောင့်လုပ်ချက်က်ိုထည့်ရတာပါ

လုံးစွတ်ကို ဘယ်လိုပြန်ပြုပြင်မလည်း

၁.ဆေးချက်ကျန်မကျန် ကြည့်ရပါမယ်

ဆေးချက်ကျန်သေးရင် ဆေးပြီးတော့ပြန်ရောင်းပါ

၂.ကွမ်လို့သင့်မသင် ပြန်ကြည့်ရပါမယ်

ကွမ်ချက်ကျန်နေရင်လည်း ကွမ်ပြီးတော့ရောင်းပါ

၃.ဖြတ်ချက် ကျန်မကျန် ပြန်ကြည့်ပါ

ဖြတ်ချက်ကျန်သေးရင်လည်း ဖြတ်ရပါမယ်

ဖြတ်နည်းဆိုတာလည်း (၃)နည်း ရှိသေးတယ်

ခိုးဖြတ်ဖြတ်မယ် (ပါးပါး တစ်နန်းပုတ်တာပါ)

ဝှက်ပြီးဖြတ်မယ် (ကွမ်ချက်ပါ)

ဖွင့်ဖြတ်ဖြတ်ပါမယ်(ကုမ္ပဏီ ဖြတ်နည်းပါ)

ဆိုတော့လုံးစွတ် လုပ်ချက်ဆိုတာကို

သဘောပေါက်မယ်လို ထင်ပါတယ်

ဖြတ်သားလုပ်ချက်ကို ပြည်ကြည့်မယ်

လက်ကောက်လိုင်းနဲ့ တည့်လား

အချက်အတစ် လက်ယာလိုင်းနဲ့ တည့်လား

ပန်းပု ပုတီးလိုင်းနဲ့တည့်လား

ဝါရှာ အပွင့် ဘယ်လိုင်းရလည်းပေါ့ဗျာ

ရတဲ့လိုင်းတစ်ခုခုကို အချောထည်လုပ်ရတာပါ

ဆိုတော့ ဖြတ်သားလုပ်ချက်ဆိုတာကို

သိပြီးပြီလို ထင်ပါတယ်။

၃.စျေးကွက်ဆိုတာ လုံးစွတ်ဖြစ်စေ

ဖြတ်သားဖြစ်စေ အချောထည်လိုင်းဖြစ်စေ

တစ်ခုခုကို ဝယ်မယ် ရောင်းမယ်ပေါ့ဗျာ

လုံးစွတ်ကိုစျေးဖြတ်တော့မယ်ဆိုရင်လည်း

လုပ်ချက် ကျန်သေးလား(သိုမဟုတ်)

အပေါ်ကရှင်းပြပြီးပါပြီ လုပ်ချက်ကို

ကိုယ့်အတွက် စျေးကွက်ကျန်သေးလားပေါ့

ကိုယ်အတွက် မြတ်နိုင်မမြတ်နိုင် ချိန်ဆရတာပါ

ဒီ၂ချက်ထဲက အနည်းဆုံး တစ်ချက်တော့ ချန်ပြီး

ဝယ်ရတာပါ ဒါမှလည်း မြတ်မှာကိုး😁😁😁😁

အလားတူ ဖြတ်သားဘဲဝယ် အချောထည်ဘဲဝယ်ဝယ်

လုပ်ချက် နဲ့စျေးကွက်ကို တစ်ခုခုချန်ထားရပါတယ်

ဒါမှလည်း စျေးကွက်ပေါ်မှာ ထိုင်ကစားလို့ရတာပါ

ဒိီနေရာ မိတ်ဆွေများကို သတိပေးချင်တာက

ကျောက်သမား အားလုံးဟာ

သူဌေးဖြတ်ချင်ကြတာဆိုတော့

လောဘမရှိဘဲ ဘယ်သူမှ စီးပွါးရေး မလုပ်ကြဘူးဆိုတာ

သိထားရပါမယ် (အားလုံး ကျားတွေပါ

ကျားဆိုတာ သူဗိုက်ပြည့်မှ ကျန်တဲ့သူတွေအတွက်

ချန်ပေးထားတာပါ ) ဒါကိုသတိရပါ

👉🏻ကုန်ကုန်ပြောရရင် မိမိကိုယ် မိမိဘဲယုံပါ👈🏻

ကျောက်လောကမှာ လူယုံသတ်တာဘဲရှိတယ်

(အနီးကပ်ရန်သူပေါ့)သတိဆိုတာ ပိုတယ်မရှိပါ။

လိုရင်းမရောက်တော့ဘူး။😁😁😁😁😁

ဆိုတော့က ကျောက်ကိုကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ

လွယ်သလား ခတ်သလား ????

မိတ်ဆွေတို့ဘဲ ဖြေခဲ့ပါ

နောက်ဆုံး တစ်ခုမှာချင်တာက

ကျောက်လောကထဲကို ဝင်လာပြီး

လွယ်လွယ် ချမ်းသာမယ်လို့ လုံးဝ(လုံးဝ)

မထင်ပါနဲ့ လွယ်ရင် ကျောက်သမားတိုင်း

ချမ်းသာနေပြီပေါ့

ကိုယ်တိုင်လုပ်နိုင်မှ ရမှာပါ။

အပေါ်ပြောခဲ့တဲ့(၃)ချက်ကို နားလည်မှ

အမှားနည်းမှာပါ။အဲ(၃)ချက်ကိုနာလည်လိုက်တာနဲ့

ပြီးပြည့်စုံပြီလို့လည်း မထင်လိုက်ပါနဲ့အုန်း မိတ်ဆွေ

လုပ်စားရလို့ ရတယ်ဆိုယုံလောက်ပါဘဲ

ဒီလောက်ဆိုရင် မိတ်ဆွေတို့အတွက်

အသိပညာ တစ်ခုခု ရလိုက်မယ်လို့ ထင်ပါတယ်

လေးစားစွာဖြင့်🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ပလောင်လေး(Ta;ang

Global Jade & Gems

Address

81st, 41st, 42st
Mandalay
05061

Website

Alerts

Be the first to know and let us send you an email when Global Jade & Gems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share