Jade CMK mdy

Jade CMK mdy ��� မြန်မာ့ကျောက်မျက်ရတနာဂုဏ်အား တစ်စိတ်တစ်ပိုင်းမှ မြင့်တင်ရန် ဖြစ်ပါသည်။���

🔴 အလင်းသမုဒ္ဒရာ(၁)မိမိတို့ သိမီလိုက်သော မြန်မာပြည် သာသနာတော်လောက၌ စာပေကျမ်းဂန် တတ်မြောက်မှုတွင် ထိပ်ဆုံးအဆင့်မှာရှိသော၊ ...
07/11/2022

🔴 အလင်းသမုဒ္ဒရာ

(၁)
မိမိတို့ သိမီလိုက်သော မြန်မာပြည် သာသနာတော်လောက၌ စာပေကျမ်းဂန် တတ်မြောက်မှုတွင် ထိပ်ဆုံးအဆင့်မှာရှိသော၊ 'ထိပ်ဆုံးက ဘယ်အဆင့်ပါလဲ' ဆိုလျှင် ပိဋကတ်သုံးပုံကိုပင် နှုတ်ငုံဆောင်နိုင်ခဲ့သော၊ အရွယ်နှင့်အသက်ကို မငဲ့ကွက်မူ၍ နိုင်ငံတော်နှင့် သာသနာတော်အတွက် နယ်တကာလှည့်လည့်ပြီး တရားဓမ္မဟောပြခြင်းဖြင့် ရလာသည့် ခန္ဓာကို အကျိုးရှိရှိ အသုံးချသွားသော ဘုန်းတော်ကြီးတစ်ပါး ရှိခဲ့၏ဆိုလျှင် ထိုဘုန်းတော်ကြီးသည် မင်းကွန်းတိပိဋက ဆရာတော်ကြီးမှတစ်ပါး အခြားတစ်ပါး မဟုတ်ခဲ့တာ သေချာပါသည်။

ဆရာတော်၏ မွေးဇာတိက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဖြစ်သည်။ မွေးဖွားရာနယ်မြေကို အစွဲပြု၍ အမည်တွင်စတမ်းဆိုပါက ''မြင်းခြံ တိပိဋကဆရာတော်'' ဟု တွင်ဖို့သာရှိသည်။ သို့သော်မတွင်။ ''မင်းကွန်းတိပိဋကဆရာတော်'' ဟုသာ တွင်သည်။ ထိုသို့တွင်ရခြင်းမှာ သက်တော် ၁၉ နှစ်သားအရွယ်ကပင် မင်းကွန်း၊ ဓမ္မနာဒကျောင်းတိုက်သို့ ရောက်ရှိခဲ့ခြင်း၊ ရဟန်း ၇ ဝါအရမှာပင် ဓမ္မနာဒတိုက်၏ ပဓာနနာယကဆရာတော် ဖြစ်ခဲ့ခြင်း၊ ဇာတိမြင်းခြံထက် ပ၀တ္တိမင်းကွန်းမှာသာ ကာလတာရှည် သီတင်းသုံးတော်မူခဲ့ခြင်းတို့ကလည်း အကြောင်းတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိပါသည်။ သို့သော် ဒါက ယေဘုယျမှတ်ချက်တစ်ခုပဲ ဖြစ်မည်။ အကြောင်းသော်ကား မင်းကွန်းကို 'အောင်မြေ' အဖြစ် မှတ်ယူကောင်းမှတ်ယူခဲ့ရာသော ဆရာတော်၏အဇ္စျတ္တနှင့် မင်းကွန်းအပေါ် ထားရှိသော ဆရာတော်၏ မေတ္တာ စေတနာ အထုအထည်ကိုလည်း ထည့်သွင်းတွက်ချက်သင့်သောကြောင့်ပင်။ ဇာစ်မြစ်ကို မသိလျှင် ဆရာတော်ကြီးက မင်းကွန်းဇာတိ မင်းကွန်းသားဟုပင် ထင်ချင်စရာ။

(၂)
ဆရာတော်၏ တစ်သက်တာ၌ အထူးခြားဆုံးသော အောင်မြင်မှုနှင့် အထူးခြားဆုံးသော လုပ်ဆောင်ချက်တို့ များစွာရှိခဲ့သည်။ ၁၃ နှစ်သားအရွယ် 'ရှင်ဝိစိတ္တသာရ' ဘ၀ကပင် မြင်းခြံမြို့နယ်လုံးဆိုင်ရာ ဝိနည်းစာပြန်ပွဲကြီး၌ သဒ္ဒါကြီး ၈ စောင်ကို နှုတ်တက်အာဂုံပြန်ဆိုနိုင်ခဲ့ခြင်း။ ၁၄ နှစ်သားအရွယ်၌ သင်္ဂြိုဟ် ၉ ပိုင်းကို အထောက်အမ မရှိ ချောမောပြေပြစ်စွာ ပြန်ဆိုနိုင်၍ စာထောက်စာမဆရာတော်ကြီးများ၏ ချီးကျူးမှုကို ခံယူခဲ့ရခြင်း။ မန္တလေးမြို့မှာ ကျင်းပသည့် သကျသီဟစာမေးပွဲကို ဖြေဆိုချိန်၌ စာသင်တန်းနှင့်စာချတန်းကို နှစ်မခြားဘဲ ဆက်တိုက်ဖြေဆိုအောင် မြင်သဖြင့် ''၀ဋံသကာ'' (ဦးဆောက်ပန်း) ဘွဲ့ထူးကို ရရှိခဲ့ခြင်း။ ပထမကျော်ဘွဲ့၊ အဋ္ဌကထာပြန်ကျော်ဘွဲ့တို့ကို ရရှိခဲ့ခြင်းနှင့် အများသူငါ သိကြပြီးဖြစ်သည့် ''တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက'' ဘွဲ့ဂုဏ်ထူးကို နိုင်ငံတော်၏ အဦးအစ ပထမပုဂ္ဂိုလ်အနေဖြင့် ရရှိခဲ့ခြင်းတို့ကို အထူးခြားဆုံးသော အောင်မြင်မှုအဖြစ် ဖော်ပြလိုပါသည်။ ဒါက ဆရာတော် ၏ အောင်မြင်မှုကို တတ်နိုင်သမျှ အကျဉ်းချုံး၍ ဆိုမိခြင်းမျှသာ။

မြန်မာပြည်မှာသာမက အဘယ်မည်သော ထေရဝါဒနိုင်ငံမှာမှ ပေါ်ထွက်မလာသေးသော တိပိဋကပုဂ္ဂိုလ်အဖြစ် ကမ္ဘာကို အလင်းပြလိုက်ပြီဆိုတော့ ဆရာတော့်ကို မွေးဖွားပေးလိုက်သည့် နိုင်ငံတော်ကလည်း ကမ္ဘာ့အလယ်မှာ ဂုဏ်မြင့်လာရသည်။ ''အလို .. မြန်မာနိုင်ငံမှာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးတောင် ရှိသတဲ့'' ဟု ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပညာရှင်တို့၏ နှုတ်ဖျားမှ ထိုစကားမျိုး ထွက်ပေါ်ကောင်း ထွက်ပေါ်ခဲ့ပါလိမ့်မည်။ နှုတ်ဖြင့် မဆိုမိသော်မှ ရှိစေ။ စိတ်ထဲမှာတော့ ထိုအတွေးမျိုး ရှိနေနိုင်သည်သာ။ တစ်ဆက်တည်း ဖြစ်လာရသည့် အကျိုးဆက်က ''ငါတို့လည်း တိပိဋကကျက်လို့ရတာပဲ။ ငါတို့လည်း တိပိဋက ဖြစ်နိုင်တာပဲ'' စသည်ဖြင့် ဆရာတော့်ကို အားကျစိတ်ဖြင့် တိပိဋကစာသဘင်ကို ပါ၀င်ဖြေဆိုမည့် တိပိဋကလက်သစ်များ ပေါ်ပေါက်လာခဲ့ခြင်းဟု ဆိုနိုင်မည်ထင်ပါသည်။

(၃)
အထူးခြားဆုံးသော အောင်မြင်မှုအကြောင်းကို အကျဉ်းရုံး ပြဆိုခဲ့ပြီးနောက် အထူးခြားဆုံးသော လုပ်ဆောင်ချက်တို့အကြောင်းကို ပြောပြချင်ပါသည်။ ထိုလုပ်ဆောင်ချက်များက ပါရမီရှင် ပညာရှင် မေတ္တာရှင် ပုဂ္ဂိုလ်ထူးတို့သာ လုပ်ဆောင်နိုင်စွမ်းသော လုပ်ဆောင်ချက်တို့လည်း ဖြစ်နေခဲ့သည်။ မိမိမြင်နိုင်စွမ်းသော ပမာဏဖြင့် ဆိုရပါသော် ဆဋ္ဌသံဂါယနာတင်ကာလက ပါဠိတော်အဖြေ (ဝိသဇ္ဇက) ပုဂ္ဂိုလ်အဖြစ် ရဲရဲဝံ့ဝံ့ဆောင်ရွက်တော်မူခဲ့ခြင်း အကြောင်းကို ဦးစွာ ပြောလိုပါသည်။ ထိုပွဲသဘင်၌ ရန်ကုန်မြို့၊ မဟာစည်ဆရာတော်ကြီးက ပါဠိတော်အမေး (ပုစ္ဆက) ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။

သံဂါယနာခေတ်၌ ဆရာတော်ထမ်းဆောင်ခဲ့ရသော တာ၀န်များကို အကျဉ်းရုံး၍ ပြောပြလိုပါသေးသည်။
ဆရာတော်သည် ၁၃၁၆ ခုနှစ်မှ ၁၃၁၈ ခုနှစ်တို့၌ ကျင်းပခဲ့သော ဆဋ္ဌသံဂါယနာသဘင်၌ ပါဠိသံဂါယနာအဖြေ တာ၀န်ကို၊ ၁၃၁၈ ခုနှစ်မှ ၁၃၂၁ ခုနှစ်အထိ အဋ္ဌကထာသံဂါယနာအဖြေ တာ၀န်ကို၊ ၁၃၂၂ ခုနှစ်မှ ၁၃၂၃ ခုနှစ် အထိ ဋီကာသံဂါယနာအဖြေ တာ၀န်ကို တစ်ပါးတည်း တာ၀န်ယူ၍ ထမ်းဆောင်တော်မူခဲ့သည်။ ဆရာတော့်အနေဖြင့် ထိုသံဂါယနာတင်ပွဲ၌ သံဂါယနာအဖြေတာ၀န်နှင့်အတူ တာ၀န်ကြီး ၉ ရပ်ကို ထမ်းဆောင်တော်မူခဲ့သည်။ အံ့ဘနန်း ပုဂ္ဂိုလ်ထူးပါပေ။

သာသနာတော်သမိုင်း၌ 'ဗုဒ္ဓပါ၀စန' ဟု ဆိုကြသည့် ဘုရားနှုတ်ထွက် ပါဠိတော်များ တစ်ပြေးညီရှိနေစေဖို့ သံဃာတော်များ စုပေါင်းရွတ်ဆိုကြသည့် သံဂါယနာတင် ပွဲတော်များကို အရှင်မဟာကဿပတို့ လက်ထက်တော်မှ စ၍ ကျင်းပလာခဲ့ရာ အကြိမ်အားဖြင့် ၆ ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။ ထိုတွင် ပဉ္စမသံဂါယနာနှင့် ဆဋ္ဌသံဂါယနာတို့ကို မြန်မာပြည်က လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုအချက်က ဗုဒ္ဓသာသနာတော်နှင့်စပ်၍ မြန်မာနိုင်ငံ၏ မဟန္တပညာဂုဏ်နှင့် စွမ်းဆောင်နိုင်မှု အရည်အသွေးကို ထင်သာမြင်သာ ရှိစေပါသည်။

ဆရာတော်၏ ဂုဏ်ယူလောက်သော သီးခြားလုပ်ဆောင်ချက်တစ်ခုက မိမိနည်းတူ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်မည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေဖို့ မင်းကွန်းဒေသ မိုးမိတ်ကုန်းမြေနေရာ၌ တိပိဋက နိကာယ ကျောင်းဆောင်ကို တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်ကာလ၌ကား တိပိဋကဆရာတော်တို့ ၁၅ ပါးအထိ ပေါ်ထွန်းခဲ့ပြီးဖြစ်သော်လည်း မိမိတို့ငယ်စဉ်ကတော့ မြန်မာနိုင်ငံ၌ တိပိဋကဆရာတော် ၄ ပါးသာ ရှိသည်။ သီးခြားကျောင်းတိုက်တို့မှ ပေါ်ထွက်လာသည့် တိပိဋကပုဂ္ဂိုလ်တို့ ရှိခဲ့သည်မှန်သော်ငြား မိုးမိတ်ကုန်းမြေမှ ပေါ်ထွက်လာသည့် တိပိဋကပုဂ္ဂိုလ် အရေအတွက်က ပိုမိုသာလွန်ပါသည်။ ထိုအချက်က ဆရာတော်၏ ရည်ရွယ်ချက် အထမြောက်ပုံနှင့် လုပ်ဆောင်ချက် အောင်မြင်ခဲ့ပုံကို ပြဆိုနေပါသည်။

သိသာထင်ရှားစွာသော လုပ်ဆောင်ချက်နောက်တစ်ခုက မြန်မာနိုင်ငံ၌ ခေတ်မီနည်းစနစ်ဖြင့် သင်ကြားပေးနိုင်မည့် သာသနာ့တက္ကသိုလ်ကြီးများ ပေါ်ထွန်းလာစေဖို့ ဦးဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို အကောင်အထည် ဖော်ကြမည်ဆိုတော့ ''လူတိုင်းလူတိုင်း ကျောင်းဒါယကာဖြစ်ပါစေ၊ မပင်ပန်းသည့် အလှူဖြစ်ပါစေ၊ သားစဉ်မြေးဆက် သာသနာ့ အမွေခံများ ဖြစ်ပါစေ'' ဆိုသည့်မူကို ချမှတ်ကာ တစ်အိမ်ထောင်လျှင် ပြာငါးဆယ်နှုန်းဖြင့် တိုင်းနှင့်ပြည်နယ် အလိုက် ၃ နှစ်တိုင်တိုင် အလှူခံခဲ့သည်။ ထိုကိစ္စကို အကောင်အထည်ဖော်ရာ၌ မင်းကွန်းဆရာတော်ကြီး ကိုယ်တော်တိုင် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ကြွရောက်ကာ နေ့ညမနား တရားဓမ္မများ ဟောကြားတော်မူ၍ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေတော်မူခဲ့သည်။

နောက်ပြီး ဆရာတော်က မန္တလေးမြို့၊ မလွန်ဈေးဆန်လှူအသင်းကြီး၏ ဓမ္မကထိကဆရာတော်တစ်ပါးလည်း ဖြစ်သည်။ ဆရာတော့် တစ်သက်တာ၌ အကြောင်းအားလျော်စွာ ဟောပြောခဲ့ရသည့် တရားပွဲပေါင်း ၁၅၀၀၀ (တစ်သောင်းငါးထောင်) ကျော် ရှိခဲ့၏ဟု မှတ်တမ်းများက ဆိုပါသည်။ ဆရာတော်နှင့် ပတ်သက်သော အထိမ်းအမှတ်ပြခန်းများ၌ တစ်သက်တာအတွင်း ကြွလှမ်းခဲ့ရသည့် ဓမ္မခရီးစဉ်တစ်လျှောက်လုံး ရံခါ နွားလှည်းလေးဖြင့်၊ ရံခါ လှေကလေးဖြင့်၊ ရံခါ ဆိုက်ကားလေးတစ်စီးဖြင့်၊ ရံခါ လယ်ထွန်စက်ကြီးကိုပင် စီးကာ ကုပ်ကုပ်ရုပ်ရုပ်လေး လိုက်ပါ ကြွလှမ်းတော်မူခဲ့သည့် မှတ်တမ်းဓာတ်ပုံတို့ကို မြင်ရသည်မှာ ကြည်နူးစရာကောင်းသည်နှင့်အမျှ လွမ်းစရာလည်း ကောင်းလှပါသည်။

(၄)
မိမိအနေဖြင့်သော် မန္တလေးသာသနာ့တက္ကသိုလ်ကို ရောက်မှပင် မင်းကွန်းဆရာတော်ကြီးနှင့် နီးနီးကပ်ကပ် အထိအတွေ့ ရှိခဲ့ရခြင်းဖြစ်သည်။ မိမိတို့ ဆုံကြချိန်မှာတော့ ဆရာတော်ကြီးက သက်တော်ဝါတော် ကြီးရင့်ခဲ့ပါပြီ။ တစ်ခါတစ်ရံ မန္တလေး၌ ညအိပ်နားနေဖို့ အကြောင်းဆိုက်လာပြီဆိုလျှင် ရွှေကျောင်းကြီး မြောက်ဘက်ရှိ တိပိဋက ရွှေဟင်္သာကျောင်းမှာ ညအိပ်ကျိန်းစက်တော်မူလေ့ရှိသည်။ ရံခါ၌ သာသနာ့တက္ကသိုလ်သို့ ကြွရောက်လာပြီး သြဝါဒ စကား မိန့်ကြားတော်မူခဲ့ခြင်းများကို မှတ်မိနေသည်။

တစ်နေ့သ၌ ဆရာတော်ကြီးက သြဝါဒမိန့်ကြားသည်။ ထိုစဉ်က စာချ၊ စာသင်အရေအတွက်ကလည်း နည်းပါးသေးသည်မို့ နာယကချုပ်ကျောင်းဆောင်မှာပဲ ထိုအခမ်းအနားကို ကျင်းပသည်။ ထိုခေတ်ကာလ၌ ''သာသနာမှာ ဘုန်းကြီးအတုတွေလည်း ရှိသတဲ့'' ဆိုသော စကားတစ်ခွန်းက ခေတ်စားနေသည်။ ဆရာတော်ကြီး၏ သြဝါဒစကားတော်၌ လောလောလတ်လတ် ခေတ်စားနေသော ထိုကိစ္စကိုပါ သတိပေးသည့်အနေဖြင့် မိန့်မြွက်ခဲ့သည်ကို မှတ်မိနေသည်။ ထိုစကားတော်၌ ဆရာတော်ကြီး၏ အဖြူထည်စိတ်အနေကို ထင်ထင်ရှားရှားကြီး တွေ့လိုက်ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဆရာတော်ကြီး၏ အဆိုအမိန့်ကို မိမိမှတ်မိသလောက် ပြောပြလိုပါသည်။

''အရှင်ဘုရားတို့ .. ကိုယ်တော်လေးတို့ ..''

ဤကား ဆရာတော်ကြီး၏ အာလုပ်ပုဒ်ဖြစ်သည်။ ''ဓမ္မဘဏ္ဍာဂါရိက'' ဘွဲ့ဂုဏ်ထူးဖြင့် ထင်ရှားသော၊ စာမျက်နှာပေါင်း ၈၀၂၇ (ရှစ်ထောင့် နှစ်ဆယ့် ခုနစ်) အရေအတွက်ရှိသော ကျမ်းစာများကို အထောက်အမ ကင်းစွာဖြင့် အမှားအယွင်းမရှိ နှုတ်တိုက်အာဂုံဆောင်နိုင်ခြင်းကြောင့် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် ''ကမ္ဘာ့ ဉာဏ်အကောင်းဆုံးလူသား'' အဖြစ် ကမ္ဘာက အသိအမှတ်ပြုခံထားရသော ဆရာတော်ကြီးတစ်ပါးက သံဃာ့ပရိသတ်ကို ခေါ်ဝေါ်လိုက်သည့် အာလုပ်ပုဒ်က ''အရှင်ဘုရားတို့'' တဲ့။ အဘယ်မျှ လေးမြတ်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။

ဘာသာရေးဆိုင်ရာ အခမ်းအနားတို့၌ ဆရာတော်ကြီးဟောသော တရားဒေသနာတို့ကို အခါအားလျော်စွာ နာယူရတတ်သည်။ အခမ်းအနား၌ သံဃာတော်များက ပရိတ်တရားချီးမြှင့်ချိန် ရောက်လျှင် ဆရာတော်ကြီးသည် ဓမ္မပလ္လင်ပေါ်မှနေ၍ မေတ္တာဘာ၀နာ ပွားများချိန်တန်ပြီဖြစ်ကြောင်း မိန့်သည်။ မိန့်သည့်စကားကိုလည်း ကြည့်ပါဦး။ '

'ရိုသေစွာ
ပန်ကြားလျှောက်ထားပါသည်
အရှင်ကောင်း
အရှင်မြတ်အပေါင်းတို့'' တဲ့။
ကြားရသည်က ကြက်သီးများပင် ထချင်စရာ။

ယခုလည်း သာသနာ့တက္ကသိုလ်ရှိ တပည့်သံဃာများကို သြဝါဒပေးမည်ဆိုတော့ အဦးအစ အာလုပ်စကားက ''အရှင်ဘုရားတို့၊ ကိုယ်တော်လေးတို့'' တဲ့။ ထိုစကားရပ်၌ သံဃပရိသတ်အပေါ် ထားရှိသော လေးမြတ်မှုနှင့် မေတ္တာအားကြီးသော အသံထွက်ကို မြင်နိုင်ပါသည်။ ဆရာတော်ကြီး၏ စိတ်နေစိတ်ထားက လေးစားဖွယ်၊ ဂုဏ်ယူဖွယ် ကောင်းလှဘိသည်။ သီလ သမာဓိ ပညာဂုဏ်အစု၌ နိဝါတ (နှိမ့်ချမှု) ကို အထွတ်တင်ပြီဆိုတော့ မင်္ဂလာက ထိုက်ပြီးရင်းထိုက်ရင်း ဖြစ်တော့သည်။

ထိုအခမ်းအနားမှာ ဆရာတော် မိန့်ခဲ့သည့် စကားတစ်ရပ်က ရိုးဖြောင့်လွန်းသည်နှင့်အမျှ ချစ်စရာလည်း ကောင်းနေခဲ့သည်။ ''ကိုယ်တော်လေးတို့၊ ပြောရဦးမယ်။ သာသနာမှာ သည်လိုမျိုး ရဟန်းအတုတွေလည်း ရှိနေတယ် ဆိုတော့ ဘယ်သူကအစစ်၊ ဘယ်သူကအတုရယ်လို့ သိဖို့က မလွယ်ဘူး။ သည်တော့ သည်ကောင်မျိုးတွေနဲ့ ကြုံလာခဲ့ရင် တစ်ခါတည်း ဒေသနာသာ ခေါ်ကြားပစ်လိုက်'' ဟူ၏။

ဆရာတော်ကြီး ဆိုလိုသည်မှာ ''ဒေသနာကြားကိုရလျှင် ရဟန်းအစစ်၊ မရခဲ့လျှင်တော့ ရဟန်းအတု'' ဟု ဆိုလိုဟန်တူပါသည်။ ထိုစကားကို မိန့်တော့ အနားရှိ မောင်သုန် (ဦးသုန္ဒရ) က မိမိကို လက်ကုတ်သည်။ ''ကိုသု၊ ကြားလားကြားလား'' ဆိုသည့်အဓိပ္ပါယ်။ ကျောင်းပြန်ရောက်သည်အထိ သူက ထိုစကားအပေါ် ကျေနပ်၍မဆုံး၊ ပြော၍မပြီးနိုင်။ ''သြော် ..ငါတို့ဆရာတော်ကြီးနှယ် ရိုးလိုက်ပါဘိတော့။ ဟိုအကောင်တွေက ဒေသနာကြားကို ကျက်ပြီးသားဖြစ်နေရင် ဘယ့်နှယ်လုပ်'' တဲ့။ အင်း၊ ကြံကြံဖန်ဖန် ဆိုလည်းဆိုတတ်လေသူ မောင်သုန်။

(၅)
သတိထားမိသည့် နောက်တစ်ချက်က ဆရာတော်၏ တရားဟောဟန်ဖြစ်သည်။ ဆရာတော်ကြီး၏ အသံတော်က ကိုယ်ကာယနှင့် မလိုက်ဖက်လောက်အောင်ကို အောင်မြင်ခံ့ညားသည်။ အသံတော်က အောင်မြင်ခံ့ညားပါသော်ငြား ဟောပြောသည့် လေယူလေသိမ်းကတော့ အင်မတန်ရိုးစင်းဘိသည်။ သို့သော် ထိုရိုးစင်းမှုမှာပင် နာလို့မ၀ ဖြစ်ကြရပါကုန်၏။

''ကိုယ်တော်တို့ သတိထားမိလား၊ မင်းကွန်းဆရာတော်ကြီး တရားဟောတဲ့အခါ ပါဠိတော်ကို အနက်ပေးပြီး ဘာသာပြန်သလို ရိုးရိုးကြီးပြောတာကို'' ဟု သီတင်းသုံးဘော်တွေကို ပြောမိတော့ ''အေးလေ သိသား'' တဲ့။ ''အဲသလို ရိုးရိုးကြီးပြောတာကိုပဲ အရသာရှိနေတာက ဘာလို့လဲသိလား'' ဆိုတော့ ''ဟ၊ ဒါတော့ ကောင်းတာကိုးဟဲ့'' တဲ့။ ''အေးလေ၊ ဘာလို့ကောင်းတာလဲ မေးတာ'' ဆိုတော့ ''ဒါတော့ ဘယ်သိမလဲကွ'' ဆိုကြသည်။

သည်ပုံသည်နည်း ရိုးရိုးကြီး ပြောဟောသည်ဖြစ်ပါလျက် သည်လောက်ကြီး ကောင်းနေသည်ကတော့ ဆရာတော်ကြီး၏ မေတ္တာနှင့် ပညာကြောင့်ဟုသာ မိမိက ဆင်ခြင်မိပါသည်။ မိမိ၏ အဆင်အခြင်မျှသာမို့ သစ္စာထိုက် မထိုက်ကတော့ မသေချာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သူတို့ကို ထိုအကြောင်း ပြောပြလိုက်တော့ ''အေးဟ၊ မောင်ရင် ပြောတာလည်း ဟုတ်တုတ်တုတ်'' ဟူ၏။

ပိဋကတ်သုံးပုံကို နှုတ်တက်ရွရွ အာဂုံဆောင်နိုင်သော၊ နိုင်ငံနှင့်ချီ၍ လေးမြတ်ပူဇော်ခြင်းကို ခံတော်မူထိုက်သော မထေရ်ကြီးတစ်ပါး ဖြစ်ခဲ့သော်ငြား ဆရာတော်၏ ဘဝနေမှုဟန်မူရာ၌ မောက်ကြွားခက်ထန်ခြင်းမျိုးကို မတွေ့ရ။ အင်မတန် အလှမ်းဝေးသော တစ်နေရာမှ မှန်းဆမိသည့် ထင်မြင်ချက်ပင် ဖြစ်သော်ငြား ထိုထင်မြင်ချက်က မလွဲတန်ရာပါ။ အနီးနေပုဂ္ဂိုလ်တို့၏ ဆိုစကားတို့၌လည်း ထိုအချက်က ထင်ရှားပြီးဖြစ်ပါသည်။ သို့သော် တစ်နေရာမှာတော့ တိပိဋကကိစ္စနှင့်ပတ်သက်၍ ဆရာတော်ကြီးနှုတ်မှ ကျေနပ်အားရစကားတစ်ခွန်းကို မိန့်ခဲ့ဖူး၏ဟု ဆိုပါသည်။

''ဘုန်းကြီး၊ တိပိဋက အာဂုံပြန်တဲ့အခါ
'ငါ့ပါးစပ် အမေ့နို့စို့ရကျိုးနပ်ပြီ'
ဆိုပြီး အမေ့ကို အမျှဝေတော့
တစ်ကိုယ်လုံးမှာ ပီတိတွေ ဖြစ်လိုက်တာများ
ဘယ်အရသာနဲ့မှကို မတူဘူး''
ဟု ဆရာတော် ကျူးရင့်ခဲ့ဖူးပါသတဲ့။
ထိုစကားကို ကြားမိသည့်ခဏ ထိုပီတိက လူကိုလာကူးပြီး တစ်ကိုယ်လုံး ဖြန်းခနဲဖြစ်သွားရသည်။ သြော် ..ကြားရခြင်း ၌ အရသာရှိလှပါဘိတောင်း။

(၆)
လွန်ခဲ့သည့် တပေါင်းလက အရှင်ကုဠုဒါယီ၏ ဂါထာခြောက်ဆယ် ပါဠိနိဿယများကို အွန်လိုင်းစာမျက်နှာ ပေါ် ရေးတင်ခဲ့သည်။ အင်း၀ဂုဏ်ရည် ဆရာကြီးဦးကိုလေးက သူ၏ facebook စာမျက်နှာ၌ ''ထိုဂါထာများကို နာယူမှတ်သားလိုပါသည်။ အရှင်ဘုရား တစ်ပါးပါးက တင်ပေးစေလိုပါသည်။ အများကြီးမဟုတ်။ ၄ ဂါထာလောက်ဆို ရပါပြီ'' ဟု ရေးထားသည့် စာကို တွေ့မိပြီးနောက် ထိုဂါထာများကို ကူးယူပူဇော်မည် ဆိုသည့်စိတ်ဖြင့် စာအုပ်ကြီး တစ်အုပ်ကို လှန်လှောကြည့်ရှုကာ တစ်နေ့ ၃ ဂါထာနှုန်းဖြင့် ၆၄ ဂါထာလုံးကုန်အောင် Post တင်ခဲ့ဖြင်းဖြစ်ပါ၏။ ထိုကိစ္စအတွက် မိမိ ကြည့်ရှုခဲ့သည့် စာအုပ်က မင်းကွန်း တိပိဋကဆရာတော်ကြီး ပြုစုခဲ့သော မဟာဗုဒ္ဓ၀င်ကျမ်းကြီးပဲ ဖြစ်သည်။

ဗုဒ္ဓ၏ အကြောင်းအရာမှန်က အပ်ကျသည်မျှ မကျန်ရလေအောင် အကျယ်တ၀င့် ပြုစုပေးပါရန် ၀န်ကြီးချုပ်ဦးနုက တောင်းပန်လျှောက်ထားသောကြောင့် ပမာဏ ကြီးမားစွာသော ထိုကျမ်းစာအုပ်ကြီးကို ပြုစုခဲ့၏ဟု မဟာဗုဒ္ဓ၀င် နိဒါန်း၌ ဆိုပါသည်။ ''၁၃၁၇ ခုနှစ်မှ ၁၃၃၁ ခုနှစ်အတွင်း အုပ်တွဲ ၆ တွဲ၊ အုပ်ရေ ၈ အုပ်ကို ပြုစုတော်မူ'' ဆိုသည့် မှတ်တမ်းအရ ကျမ်းပြုကာလ ၁၅ နှစ်ကြာမြင့်ခဲ့၏ဟု နားလည်ရပါသည်။ မိမိ၏ စာရေးသက်တစ်လျှောက်၌ ဘာသာရေးဆိုင်ရာ စာတို့ကို ရေးမည်ကြံတိုင်း မဟာဗုဒ္ဓ၀င် ကျမ်းစာအုပ်ကြီးကို လှန်လှောကြည့်ဖြစ်ခဲ့သည်က အခါခါ။ သည်တော့ ထိုကျမ်းစာကို ပြုစုတော်မူခဲ့သော မင်းကွန်းတိပိဋကဆရာတော်ကြီး၏ ကျေးဇူးတရားက မိမိအပေါ် အရိပ်လို မိုးနေခဲ့ပါကလားဟု မကြာမကြာ ဆင်ခြင်မိရသည်။

ဤမြေဤရေ၌ ဆရာတော် ပြုစုခဲ့သော ကျမ်းစာတို့ကို ဖတ်ရှုပြီး ဉာဏ်အလင်းပွင့်ခဲ့သူတို့ မည်မျှနည်း။ ဆရာတော် ဟောကြားခဲ့သော ဓမ္မဒေသနာတို့ကို နာကြားပြီး ဉာဏ်အလင်းပွင့်ခဲ့သူတို့ မည်မျှနည်း။ ဆရာတော်နှင့် ကြုံခွင့်ဆုံခွင့်သာ၍ လူသား၏ လူ့အဖြစ်ကို ထင်စွာနားလည်ခဲ့ရသူတို့ မည်မျှရှိခဲ့လေပြီနည်း။

(၇)
မဟာဗုဒ္ဓ၀င် ကျမ်းပြီးနိဂုံ ၉ ဂါထာအခန်း၌
''ဉတွာ = သုတ စိန္တာ ဘာ၀နာဟု ပညာသုံးဆိုင်း မြင်းလျှင်စိုင်းသို့ ပြိုင်းပြိုင်းထင်ထင် အမှန်အတိုင်း သိမြင်ကြ၍'' ဟု ပါရှိသည်။ ထိုစကားမျှဖြင့်ပင် စာဖတ်သူတို့အပေါ် ထားရှိသော ဆရာတော်၏ စေတနာဓာတ် မေတ္တာဓာတ်ကို သိမှတ်ကြည်ညိုခွင့် ရနိုင်ပါပြီ။ ထို ၉ ဂါထာ၏ အဆုံး၌ ဆရာတော်က တစ်ချက်ပဲ ဆုတောင်းခဲ့သည်။ ''ပုဒိအာနှင့် ပြည့်စုံရပါလို၏'' တဲ့။ ထိုအဆိုကိုထောက်ဆ၍ ဆရာတော်ကြီး၏ ဘုရားဆုပန်သည့်အဖြစ်ကိုလည်း သိမှတ်ကြည်ညိုခွင့် ရနိုင်ပါပြီ။

ဆရာတော်သည် ကိုယ်တိုင်က တိပိဋကဖြစ်ခဲ့သလို စွမ်းနိုင်သူများကိုလည်း တိပိဋကဖြစ်ကြစေဖို့ လမ်းသစ်ဖောက်ခဲ့သော ဦးဆောင်အရှင်တစ်ပါးဖြစ်သည်။ ကိုယ်တိုင်က ပညာရှင်ဖြစ်သလို အခြားသူများကိုလည်း ပညာရှင် ဖြစ်စေဖို့ စွမ်းစွမ်းတမံ အားစိုက်ခဲ့သည့် ပညာရှင်ကြီးတစ်ပါးလည်း ဖြစ်သည်။ ထိုမှတစ်ပါး တစ်ခေတ်မှာတစ်ယောက် ထွန်းပေါ်ပေါက်လာသည့် အလင်းကိုဖြန့်ဝေသူ ပုဂ္ဂိုလ်မွန်တစ်ပါးဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ၁၃၅၄ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၃ ရက်၊ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်၊ သက်တော် ၈၁ နှစ်အရွယ်၌ ဤဘ၀ခန္ဓာကို အဆုံးသတ် တော်မူပါသည်။

ဆရာတော် မရှိတော့သော်လည်း ဆရာတော် ထွန်းညှိခဲ့သော အလင်းမီးတိုင်က ဆက်လက်လင်းလက်နေဆဲ ဖြစ်ပါ၏။ ထိုအလင်းက အဘယ်မျှထွန်းတောက်ပါသနည်း။ အဘယ်မျှ ကျယ်ပြန့်ပါသနည်း။ မိမိတို့အနေဖြင့်သော် ပမာဏကို တိုင်းတာခြင်းငှာ မစွမ်းသာခဲ့ပါ။ သည်တော့ ''ဆရာတော် ထွန်းညှိခဲ့သည့်အလင်းက သမုဒ္ဒရာကြီးလောက် ကျယ်ပြန့်ပါပေသည်ဘုရား'' ဟုသာ ဆိုရန်ရှိတော့သည်။

ဤစာအစုဖြင့် မင်းကွန်းတိပိဋကဆရာတော်ကြီး၏ အနန္တဂုဏ်ရည်ကို ဦးချကော်ရော် ပူဇော်ကန်တော့ပါသည်။

◾အရှင်သုမင်္ဂလ (စစ်ကိုင်း)
◾အတွေးအမြင်၊ (ဩဂုတ်လ၊ ၂၀၂၀)

ရည်ညွှန်းစာ
----------------

▪️မဟာဗုဒ္ဓ၀င်
✍️(မင်းကွန်းဆရာတော်ဘုရားကြီး)
▪️သာသနာ့တက္ကသိုလ်ငွေရတု သမိုင်းမော်ကွန်း
▪️ကောင်းကင်ခြိမ့်ခြိမ့် မြေသိမ့်သိမ့်
✍️(ဓမ္မဘေရီ အရှင်ဝီရိယ)
▪️မြန်မာ့သာသနာ့သမိုင်း၀င် ဆရာတော်ကြီးများ
✍️(ကောင်းပြည့်စုံ)

06/11/2022

ကျနော် လစာ တစ်လကို တစ်သိန်း ရတဲ့ အချိန်ကပေါ့။ ကျနော်သူဌေးက ကျနော့်ကို သူကိုင်ထားတဲ့ Smart Phone လေး ပေးကိုင်တယ်။

အဲ့ဒီဖုန်းက အဲ့ဒီအချိန် ၆ သိန်း ဝန်းကျင်လောက်ရှိတယ်။ ပြီးတော့ သူက ကျနော့်ကို မေးတယ်။ အကယ်၍များ ဒီဖုန်းဟာ မင်းလက်ထဲက ကျကွဲသွားမယ်ဆိုရင် မင်းလျော်နိုင်လားတဲ့...?

ကျနော် ပြန်ဖြေတယ် - ကျနော် မလျော်နိုင်ပါဘူး။ ကျနော်ရတဲ့လစာ မိသားစုကို ပြန်ထောက်ပံ့ရလို့ ပိုလို့ ကျနော်မလျော်နိုင်ပါဘူး။

သူက ကျနော့်ကိုပြောတယ် - မှတ်ထားတဲ့။ တန်ဘိုးကြီးတဲ့ ပစ္စည်းတခုကို လူတစ်ယောက်က မင်းကို ယုံကြည်ရလို့ အပ်လိုက်ပြီဆိုရင် - အဲ့ဒီယုံကြည်မှုကို တန်ဘိုးထားပါတဲ့။

မင်းလက်ထဲရောက်နေတဲ့ ဒီဖုန်းကို ဘယ်တော့မှ ကျမကွဲအောင် ထိန်းသိမ်းပြီးတော့ မင်းကိုင်ပါတဲ့။ ဒီလိုပဲ ငါမင်းကို ယုံကြည်လို့ အပ်ထားတဲ့ သိန်းနှစ်ရာနီးပါး ပေးရတဲ့ ကားကိုလည်း - မင်းပိုင်တဲ့ ကားသကဲ့သို့ ဂရုစိုက်ပြီ မောင်းပါတဲ့။

မင်းရတဲ့လစာ တစ်သိန်း - မင်းကို အပ်ထားတာ သိန်းရာချီတန်တဲ့ ပစ္စည်း - တန်ဘိုးကြီးတဲ့ပစ္စည်းကို ယုံကြည်ရလို့ အပ်ထားတာ ဖြစ်တယ်။

မင်းမလျော်နိုင်ရင် ထိန်းသိမ်းရမှာ မင်းတာဝန်ဖြစ်တယ် - စည်းကမ်းရှိရမှာ မင်းတာဝန်ဖြစ်တယ်။ အကယ်၍ မင်းလျော်နိုင်တဲ့အချိန်ရောက်လာလို့ မင်းလျော်ပေးတယ်ဆိုရင်လည်း - ငါတို့ ယုံကြည်မှုတွေ ပျက်သွားမှာ ဖြစ်သလို - မင်းဟာလည်း ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့လူ ဖြစ်သွားမယ်။

မင်းမှတ်ထားပါတဲ့ - လောကကြီးမှာ လူတွေရဲ့ ယုံကြည်မှုကို ရပြီဆိုရင် မင်းဘဝမှာ ငွေမလိုတော့ဘူးတဲ့။ သူတို့ ပိုက်ဆံနဲ့ မင်းအလုပ်လုပ်လို့ ရပြီတဲ့။

ဒီတော့ ခုလိုပဲ ယုံကြည်ထိုက်သူဖြစ်အောင် မင်းအမြဲတစေ ကြိုးစားပါတဲ့။ အဲ့ဒီစကား သေသည့်တိုင် ကျနော် မှတ်ထားတယ်။ အဲ့ဒီအတိုင်းကျနော် ကြိုးစားတယ်။

ဒီနေ့တော့ ဒီစကားကို လူငယ်တွေကို မျှဝေပေးခြင်းဖြစ်တယ်။ ကိုယ်ဟာ ကုမ္ပဏီတစ်ခုမှာ ယာဥ်မောင်းအလုပ်လုပ်နေတယ်ဆိုရင် - အဲ့ဒီကားကို မတိုက်အောင်မောင်းရမှာ ညီတို့ရဲ့တာဝန်ဖြစ်တယ်။

ဘယ်သူမှားမှား ကိုယ်ကရှောင်ပါ။ ထပ်ပြီးတော့ မှတ်ထားပါ။ လောကမှာ ကိုယ်မလျော်နိုင်တဲ့ ပစ္စည်းကို ကိုယ့်ကို ယုံကြည်လို့ အပ်ထားတယ်ဆိုရင် အဲ့ဒီယုံကြည်မှုကို ဘာအကြောင်းကြောင်းနဲ့မှ မပျက်ပြားစေနဲ့။

ခု ပုံထဲက ဖုန်းတွေ ကျကွဲသွားရင်လည်း ကျနော် အဲ့ဒီဖုန်းတန်ကြေးထက် အဆပေါင်းများစွာ ပြန်လျော်ပေးနိုင်တယ်။ သို့ပေမဲ့ ကျမကွဲအောင် ကျနော်ထိန်းသိမ်းပြီး ကိုင်တယ်။

ဒါကြောင့် လူငယ်တွေကို မှာချင်တာက အနာဂတ်မှာ အောင်မြင်ချင်ရင် ယုံကြည်ထိုက်သူဖြစ်အောင် ကြိုးစားကြပါလို့ မှာကြားရင်း....ဤမျှသာ။

လိုင်းကိုက်ပါက မန်းလေး ၄၁လမ်း×လမ်း၉၀☎☎☎09 680 01000509 752 448813
27/10/2022

လိုင်းကိုက်ပါက
မန်းလေး ၄၁လမ်း×လမ်း၉၀

☎☎☎
09 680 010005
09 752 448813

Spinel ruby
27/10/2022

Spinel ruby

မိုးကုတ် အညံ့ပန်းSpinel rubyစိတ်ဝင်စားပါက 👇👇👇၀၉၆၈၀၀၁၀၀၀၅၀၉၇၅၂၄၄၈၈၁၃
26/10/2022

မိုးကုတ် အညံ့ပန်း
Spinel ruby

စိတ်ဝင်စားပါက 👇👇👇
၀၉၆၈၀၀၁၀၀၀၅
၀၉၇၅၂၄၄၈၈၁၃

🙏😍🙏 ကျောက်စိမ်းချစ်မြတ်နိုးသူ မိတ်ဆွေများ အတွက် လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ် ခင်မျာမန်းလေး၊ ၄၁ လမ်း×လမ်း ၉၀👇👇👇၀၉၆၈၀၀၁၀၀၀၅...
26/10/2022

🙏😍🙏 ကျောက်စိမ်းချစ်မြတ်နိုးသူ မိတ်ဆွေများ အတွက်
လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ် ခင်မျာ

မန်းလေး၊ ၄၁ လမ်း×လမ်း ၉၀
👇👇👇
၀၉၆၈၀၀၁၀၀၀၅
၀၉၇၅၂၄၄၈၈၁၃

🙏😍🙏 လိုင်းကိုက်ပြီး စိတ်ဝင်စားပါက👇👇👇၄၁လမ်း၊လမ်း၉၀ မန်းလေး09 680 01000509 752 448813
25/10/2022

🙏😍🙏 လိုင်းကိုက်ပြီး စိတ်ဝင်စားပါက👇👇👇

၄၁လမ်း၊လမ်း၉၀ မန်းလေး

09 680 010005
09 752 448813

ကျောက်စိမ်းလောကသို့ စတင်ခြေချသူများ—————————————————————၁/ ကျောက်စိမ်းဖြစ်တည်လာပုံ နှင့် သဘောသဘာဝ၂/ ကျောက်စိမ်း၏အသုံးဝင်...
24/10/2022

ကျောက်စိမ်းလောကသို့ စတင်ခြေချသူများ
—————————————————————
၁/ ကျောက်စိမ်းဖြစ်တည်လာပုံ နှင့် သဘောသဘာဝ

၂/ ကျောက်စိမ်း၏အသုံးဝင်ပုံများ

၃/ ကျောက်စိမ်းအမျိုးအစားများ ( ၃၄ မျိုး )

၄/ ကျောက်စိမ်းထွက်ရှိရာဒေသများ

၅/ ကျောက်စိမ်းအခွံအရောင်အမျိုးအစားများ
( ရေခွံ ‘ ကုန်းခွံ ‘ သံဂျီးခွံ ‘ ကြက်သွေးခွံ ‘ မြေမှန်ခွံ ‘ထုံးခွံ ‘ ကုဠေခွံ ‘အမဲကြောခွံ ‘ ခွံဖြူ …. စသည်ဖြင့် )

၆/ ကျောက်စိမ်းထွက်ရှိရာမှော်များ နှင့် အခွံနမူနာများ
( မှော်ဆီဇာ ‘ မှော်ဝမ်း ‘ နမ္မချီ ‘ မန ‘ ဝေခါ ‘ တာမခံ ‘ ခန္တီး ‘ မှော်မောင်းလျှံ ‘ နတ်မှော် ‘ ကုဠေမှော် …စသည်ဖြင့်နံမည်ကြီးမှော် ၁၀ မှော်ခန့် )

၇/ ကျောက်စိမ်းအရိုင်းတုံးများ
( ရေမဆေး ‘ လုံးစွပ် ‘ လုံးချော ‘ လျိုပဲ့ ‘ ငုပ်ကျောက် စသည်ဖြင့် … )

၈/ ရေမဆေးကျောက် ရေဆေးရန် လိုအပ်သောပစ္စည်းများနှင့် ရေဆေးပုံအဆင့်ဆင့်

၉/ ကျောက်စိမ်းလုပ်ငန်းအခေါ်အဝေါ်များ
( ခေါင်းခြင်း ‘ ကွမ်ခြင်း ‘ ပြချက် ‘ ဖြတ်သား ‘ ချော် ‘ မောက် ‘ မန်း ‘ ယမ်း ‘ တီစက် ‘ ဖားမျက်ဆံ ‘ ရှင်း ‘အထိုင် ‘ မြင်းမီးရိုက်အနာ ‘ ဓါးခုတ်နာ ‘ ခွံစပ်နာ ‘လက်ကောက် ‘ အပွင့် ‘ အချပ် ‘ ပန်းပု ‘ ပုတီး ‘ တစ်စ ‘ လက်ရာ … စသည်ဖြင့် )

၁၀/ ကျောက်ဝိတ် ( ကျောက်အလေးချိန် ) အရေးကြီးပုံများ

၁၁/ ကျောက်အထိုင်ပုံစံ အရေးကြီးပုံများ

၁၂/ ကျောက်ယမ်း အရေးကြီးပုံများ နှင့် ယမ်းအမျိုးအစားများ
( ယမ်းညက်ခြင်း/ကြမ်းခြင်း’ ယမ်းစိပ်ခြင်း/ကျဲခြင်း’ယမ်းမှုံ့ခြင်း/ကြီးခြင်း’ ယမ်းလုံး ‘ ယမ်းချောင်း ‘ ယမ်းပြား’ယမ်းပျက် ‘ယမ်းဗွေလှည့် ‘ ယင်တောင်ယမ်း’ ပဇင်းတောင်ယမ်း ‘ မားယားယမ်း ‘ သဲယမ်း .. စသည်ဖြင့် )

၁၃/ မန်းအမျိုးအစားများ
( မန်းကြိုး ‘ ကြိုးပတ် ‘ ကောက်ရော့ ‘ ကြိုးငုတ် ‘ ခေါင်းပေါင်းမန်း ‘ စည်တော်မန်း ‘ ခြစားမန်း ‘ ကြက်ဆိပ်မန်း ‘ ကျားကိုက်မန်း ‘ မန်းဖြူ ‘ မန်းမဲ ‘ ဗျိုင်းချီးမန်း … စသည်ဖြင့် )

၁၄/ ရှင်းများအကြောင်း
( ရှင်းမဲ ‘ ရှင်းဖြူ ‘ ရှင်းစိမ်း )

၁၅/ အရည်များအကြောင်း
( ကပ်ရည် ‘ မောက်ရည် ‘ မျိုးရည် ‘ ကျောက်ရည် ‘ ရှင်းရည် ‘ ရှင်းစိမ်းရည် ‘ ဇိမ်းရည် … စသည်ဖြင့် )

၁၆/ ကျောက်စိမ်းအသားတန်းအဆင့်ဆင့်
( ပေါလိ ‘ ရေခဲ ‘ အသားဆန်း ‘ ဝက်သားဆီ’ ခါးသန်သန် ‘ခါးသား ‘ ခါးအောက် ‘ ပိန်းဥ ‘ အကျဲ ‘ အနု … စသည်ဖြင့် )

၁၇/ ကျောက်စိမ်းအရည်တန်းအဆင့်ဆင့်
( ဒေါင်းမြီးစိမ်း ‘ စိမ်းဝါ ‘ ပဲသား ‘ အဝါး ‘ အချွဲ ‘ အကျဲ ‘ အနု …. စသည်ဖြင့် )

၁၈/ ကျောက်မျိုးတန်းအကြောင်း

၁၉/ ကျောက်စိမ်းပန်းများအကြောင်း
( ကန်ဇွန်းပန်း ‘ ပဲပန်း ‘ လန့်ပန်း ‘ ရှင်းပန်း ‘ ကွမ်းသွေးပန်း … စသည်ဖြင့် )

၂၀/ ဂျိတ် (ဘလက်ဂျိတ် ‘ လန့်ဂျိတ် ‘စင်စင်ဂျိတ် ‘ အဝါးဂျိတ် ) နှင့် ငချိတ်များအကြောင်း

၂၁/ ချွမ် ‘ ခုံ့ ‘ ခွမ့် များအကြောင်း

၂၂/ ကျောက်အကျွပ်များ (လန့်ကျွပ် ‘ ဆေးကျွပ် ‘ အတွင်းကျွပ် ‘နှင့် အကျွပ်ပွေး ) စသည့်အကျွပ်ကျောက်များနှင့်ပတ်သက်သောအကြောင်းအချက်များ

၂၃/ ထူးခြားသည့်ကျောက်များဖြစ်သော ( ရှင်းကြာလု ‘ ခုံ့ကြာလု ‘ ထုံစိမ်း ‘ မန်းတုံး ‘ ထည်လုံးစိမ်း …စသည့် )ကျောက်များအကြောင်း

၂၄/ ကျောက်တလုံး၏ အဖြစ်များ / အပျက်များ
( အထိုင် ‘ ဝိတ် ‘ ယမ်း ‘မန်း / အနာ ‘ ရှင်း ‘ မှဲ့ ‘ အမြှပ် ‘ အဆံ ‘ ခွေးရိုး ‘ ခိ …. စသည်ဖြင့် )

၂၅/ ခေါင်းကျောက်တလုံးအား ဝယ်ယူမည်ဆိုပါက အဓိကသိရှိရမည့်အသေးစိတ်အချက်များ

၂၆/ ကျောက်စိမ်း ဝယ်/ရောင်းစျေးကွက်များ
( ရေမဆေး ‘လုံးစွပ် ‘ ပြချက် ‘ ဖြတ်သား ‘အချောထည် .. စသည်ဖြင့် )

၂၇/ ကျောက်စိမ်းအခွံ အတု/အစစ် အလွယ်ခွဲခြားနည်းများ

၂၈/ ကျောက်စိမ်းကျောက်နှင့်ဆင်တူသောမျိုးကွဲကျောက်များအားခွဲခြားနည်းများ
( ပလွန် ‘ ပထော့ ‘ တောင်ဆန် ‘ကျီးကန်း … စသည်ဖြင့် )

၂၉/ ကျောက်စိမ်းလောက၏ ဆောင်ရန် ရှောင်ရန်များ

၃၀/ ကျောက်စိမ်းလုပ်ငန်းနှင့်ပါတ်သက်၍ အခြားသိထားသင့်သော အချက်အလက်များ

- စသည်တို့ ဖြစ်ပါတယ် ……..

- လိုရင်ယူသုံးပါ ( ဒါ သင်ရိုးညွှန်းတမ်းပါပဲ )

- မလိုရင် ကျော်သွားပါ

- ဆရာ့ဆရာကြီးများ အမှားပါရင်ပြင်ပေးပါ ‘ လိုအပ်တာရှိပါက ထပ်မံဖြည့်စွက်ပေးပါ

- သင်ဆရာ မြင်ဆရာ ကြားဆရာ သိလိုက်သောဆရာ မသိလိုက်သောဆရာ အားလုံး အားလုံးတို့အား ဂါရဝပြုပါသည်

- အားလုံးကို ကျေးဇူးတင်ပါသည် ။
မူရင်းရေးသားသူအားCrd ပေးပါသည်
ကျောက်စိမ်းပညါလေးတွေမျှပေးနေကြမို့followထားကြပါနော်

👉👉👉၁ ပူးအောက်ခံနဲ့ ၉ သုံးလုံးအမြင် ဘယ်လိုရှိုးမလည်း😁😁😁 မြန်မာ့ကျောက်စိမ်းကို မြန်မာနိူင်ငံသားတို့ခွဲခြမ်းစိတ်ဖျာ အောင်ကျ...
23/10/2022

👉👉👉
၁ ပူးအောက်ခံနဲ့ ၉ သုံးလုံးအမြင် ဘယ်လိုရှိုးမလည်း😁😁😁


မြန်မာ့ကျောက်စိမ်းကို
မြန်မာနိူင်ငံသားတို့
ခွဲခြမ်းစိတ်ဖျာ အောင်ကျောက်ရအောင်
ကျောက်စိမ်းနဲ့ပါတ်သက်ပြီးကျောက်စိမ်းမျှဝေမူ့
လိုအပ်ချက်များ ဘူမိဖြစ်စဉ်များအား
အချိန်ခါမရွေး စားစရာ ခေါ်ကျွေး အားပေးပညာပေးခဲ့ပါသော
အချက်လက်များမိမိအတွေ့ကြုံ ပိုမို ကျွမ်းကျင် နားလည် ကာ..
ယုံကြည်မူ့တည်ဆောက်နိူင်အောင်သင်ကြား မျှဝေ လမ်းပြပေးခဲ့သော ........
***ဆရာကြီး ဦးနေလင်းအေး(Tin Oo/တွင်းထွက်မုတ်ဆိုး)အား
အစဉ် ဦးထိပ်ပန်ဆင်ပြီး ဆက်လက်မျှဝေပါသည်***.
များအားကျောက်စိမ်းကြီးကို ခွဲကြစို့
မြန်မာ့ကျောက်စိမ်းတုံးများကို ......
ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖျာနိူင်ရေး လေ့လာပြီး ကျိုးစားကြပါစို့.....

ဦးစွာ...ကျောက်စိမ်းကို နားလည်စေရေး အချက်နှစ်ချက်ကို
မြင်သာသိသာ အောင် လေ့လာကြရအောင်...
၁,,,,,,ဘယ်ကဖြစ်တည် ရောက်ရှိလာလည်း....?
၂,,,,,မည်သို့ဖွဲ့စည်းထားပါလည်း....................?

ဤ..နှစ်ချက်ကို ရှင်းလင်းစွာမြန်မာနိူင်ငံသားတို့ နားလည်အောင် ကျိုးစားကြမယ်...
လွယ်ကူနည်းကိုသာ ရေးသားသုံးနူံး ရှင်းလင်းပေးသွားပါမယ်
ပညာရှင်များ ရေးသားတင်ပြမူ့ကို ရိုးရှင်းစွာအခြေခံ လေ့လာသုံးသပ် ပြီး
အတွေ့ကြုံများ ပေါင်းစပ်ရှင်းလင်းလွယ်ကူရစေခြင်းကြောင့်
ခက်ခဲသော သုတေသနပိုင်းများ ချန်လှပ်မိပါတယ်
ဦးစွာ ............
ကျောက်စိမ်းဖြစ်စဉ် ပထမမှာ အငုတ်မှော်ခေါ် ***ပင်မအသိုက်***ငုတ်ကျောက်ဖြစ်ပါတယ်
မူလအိမ်သည်မှာ အလွှာလိုက် တိုးထွက်နေသော ကျောက်စိမ်းလွှာပါ
(အိန္ဒိယမြေအောက်ကမ္ဘာ့ကျောက်ချပ်လွာကြီးနဲ............
့မြန်မာ့မြေအောက်ကျောက်ချပ်လွာကြီး တို့ တွန်းတိုက်ပွတ်ကြိတ်မူ
့ဖြစ်စဉ်မှာ ပြင်းထန်သော.ဖိအားမြင့်အောက် ပေါင်းစပ်ပျော်ဝင်... အေးခဲအသွင်ပြောင်းခြင်း)
ပထမဖြစ်စဉ် အတိုချုံးပေါ့....၊
ဥပမာ။ ။
တောမှော်၊ထည်လုံးစိမ်းမှော်၊ ဆမားမှော် ၊ပန်းကြားမှော်၊မြင်းမှော်၊
ယခုခေတ်မှာ လုံးခင်း ကံစီး အထက်ပိုင်းမှာ တူးဖေါ်နေဆဲပါ......................၊
၎င်း...နောက်ဆက်တွဲ ကမ္ဘာမြေကြီးပြောင်လည်းမူ့ ဖြစ်စဉ်အရ
ဒုတိယ ဖြစ်စဉ် မှာ.......
ပထမ ဖြစ်စဉ် ငုတ်ကျောက် အကြောလွာကြီးပါရှိသော ကျောက်တောင်ကျောက်လွာများ မှနေ၍.............။..။
ပျိုပျက်လိမ့်ဆင်း မျောပါခြင်း မှ နောက်ဆက်တွဲ စုပုံ လွာဖြစ်သော
ဒုတိယဖြစ်စဉ် အဆုံး....နေရာ
ဥပမာ။ ။
ခန္တီးဒေသမှ နန်စီပွန်မှော် မကျန်ခမှော် ငါးလင်ဗန်းမှော်...............
မိုးညင်းအထက် နမ့်ချီမှော် ၊
မှော်ကြီးဟု ခေါ်တွင်ကြသော ဖါးကန့်လုံးခင်းဒေသမှ......အောင်ပါလေ
မားဆား..ကုဋ္ဋေ ၊မှော်စီစာ၊မှော်ဝမ်း၊မန၊ကရင်ချောင်၊ဝှေခါ မှော်များ
မှာတူးဖေါ်နေကြသောနေရာများမှာ
အလုံးမှော် အမည်ပြု ဒုတိယဖြစ်စဉ်မှ
***ရေဆောင်သိုက်***မျာ့းဖြစ်ပါတယ်......................၊
ယခုတင်ပြသော ပထမဖြစ်စဉ်နှင့်ဒုတိယဖြစ်စဉ် မှ
ပြောင်းလည်းဖြစ်ပျက် သက်ရောက်မူ့
အချက်များကို ခြုံငုံ သုံးသပ် မြင်နိူင်လာမှသာလျင်
ယခု ခေတ်ခါတူးဖေါ်ရရှိ ဝယ်ယူရရှိသော
အလုံးမှော်***ရေဆောင်သိုက်***အလွာမျိုးစုံမှ ကျာက်စိမ်းတလုံးစီတိုင်းရဲ့ ဖြစ်တည်မူ့ကို
လွယ်ကူစွာ ခွဲခြမ်းစိတ်ဖြာ နိူင်ဖို့ တိကျသော အချက်လက်များနဲ့
ဘူမိ အထောက်ထားများကို ပေါင်းစပ် အဖြေထုတ်လာနိူင်မှာ ဖြစ်ပါတယ်.......................၊
***သတိပြုသုံးသပ်ရေး အရေးကြီးသည်မှာ
မူလ ကျောက်စိမ်းအစသည် .....ငုတ်ကျောက်ဟုခေါ်သော
***ပင်မအသိုက်***မှ ဒုတိယဖြစ်စဉ်ဖြစ်သော
ပြိုပျက်မျောပါ ခြေမွကြွင်းကျန်ဖြစ်တည်ခဲ့ရာမှ...
စုပြုံ ထိုင်နေသော အလွာများ ဖြစ်သောကြောင်
တိုက်စားမျောပါ လုံးဝန်းမူ့ရှိသော သဏ္ဍာန်ဖြစ်ပေါ်ကာ
ကြိမ်ဖန်များစွာဖြစ်ပျက် တည်ခြင်းကြောင့်
ကျောက်လုံးအလွာ ထပ်များအဖြစ် ဖြစ်တည်စုပုံကာ
မြေလွာများဒြပ်ပြုမူ့များကြောင့် .............................
ပြင်ပ အလွာ.....ဆွေးမြေ့ခြင်းအရောင်ပြောင်းခြင်း....ဖြင့်
မတူကွဲပြားသော အလုံးသဏ္ဍာန်ဖြင့် စုပုံအလွာများ ဖြစ်တည်ရင်း .....
ယနေ့တူးဖေါ်ရရှိသော......ကျောက်စိမ်းသဏ္ဍာန်အဖြစ်
မြေလွာ အလိုက် မတူ အရောင်ကွဲပြားခြင်း
ပုံဆောင်(ယမ်း)စုဖွဲ့ဖြစ်တည်မူ့အား နည်းခြင်း များခြင်းပေါ်မူတည်ပြီး
ပြင်ပအလွာမှာ..........ဆွေးမြေ့ဒြပ်ပြုကာ အထူအပါးမညီညာသော အခွံများဖြင့် တွေ့မြင်တူးဖေါ်ရရှိပြီး
မိမိတို့လက်ဝယ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါကြောင်း၊....................၊
ယခုရေးသားမူ့ ရှင်းလင်းပြထားမူ့အား
လေ့လာဆဲ သဘောမပေါက်သေးသူများအား ရည်ညွန်းပြီး
စတင်လေ့လာစေရေး အကြံပြုရင်း
ဆက်လက်ပြီး......
ကျောက်စိမ်းတလုံးခြင်းတတုံးခြင်း ခွဲခြမ်းစိတ်ဖျာ
တွက်ချက်မှန်ကန်နိုင်ရေးတွက်
လိုအပ်သော အချက်လက်များ ထပ်မံရေးသား မျှဝေပေးသွားပါမည်။

🌷ကျောက်စိမ်းလုပ်ငန်းသည် ခက်ခဲနက်နဲသိမ်မွေ့သောလုပ်ငန်းတစ်ခုဖြစ်သည်။ကံကိုပဲအားကိုးလို့မရသလိုဉာဏ်ကိုကြီးပဲလည်းအသုံးပြုလို့မရပါ။ကံ ဉာဏ် နှစ်ပါးလုံးမျှတမှသာလျှင် အောင်မြင်ကြီးပွားတိုးတက်ပါမည်။ကံ ကိုယုံ၍ကျောက်ဖြတ်သော်လည်း မဖြတ်သင့်သောကျောက်ကိုဉာဏ်ပညာဖြင့်မသုံးသပ်မိသောကြောင့် မရှုံးသင့်ပဲရှုံးရတဲ့အဖြစ်တွေကျောက်လောကမှာများစွာရှိပါသည်။ဉာဏ်ကိုပဲဦးစားပေးလွန်း၍ မလုပ်သင့်မလုပ်ထိုက်သောအပြုအမူများကိုပြုလုပ်မိလျှင်စားရကံမရှိ၍လုပ်တိုင်းမဖြစ်ပဲအရှုံးနှင့်သာရင်ဆိုင်ရသောသူများလည်းလွန်စွာပေါများပါသည်။

ကျောက်လောကမှာစကားပုံတစ်ခုရှိပါသည်။ကံမရှိဉာဏ်ရှိတိုင်းမွဲ ဉာဏ်မရှိကံရှိတိုင်းမွဲဟူ၍စကားပုံရှိပါသည်။ကံမရှိဉာဏ်ရှိတိုင်းမွဲဟူသည်မှာ မိမိသည်ကျောက်တစ်လုံးအားဝယ်ခဲ့သည်ဆိုပါစို့ ဝယ်ခဲ့သည့်အတိုင်းတခြားသူမှ အမြတ်ပေး၍ဝယ်နေပါသည် မိမိကကြိုက်စျေးမရခြင်း ကျောက်ကိုဖြတ်ချင်သောကြောင့်မရောင်းပဲ ဖြတ်လိုက်ပါသည်။မိမိသည်စားရကံမပါ၍ ထင်သလိုဖြစ်မလာသောကြောင့်အရှုံးနှင့်ရင်ဆိုင်လိုက်ရပါသည်။

ဉာဏ်မရှိကံရှိတိုင်းမွဲဟူသည်မှာ မိမိသည်ကျောက်တစ်လုံးအားကံကောင်း၍ အလကားနီးပါးရခဲ့သည်ဆိုပါတော့ ကျောက်ပညာဉာဏ်နည်းပါးသောကြောင့် တန်ရာတန်ကြေးအားမသိရှိနိုင်ပါ။ကံကောင်း၍သာကျောက်ရခဲ့သော်လည်း စျေးကွက်နှင့်ကျောက်တန်ဖိုးမသိသောကြောင့် စျေးနည်းစွာဖြင့်ရောင်းချမိတတ်ပါသည်။ဒါကကျောက်လောက၏အခြေခံသဘောတရားမျှသာရှိပါသည်။

ကျောက်တစ်လုံးအားဝယ်ယူတော့မည်ဆိုပါက (ဖြတ်သား သို့မဟုတ်လုံးစွပ်)မှော်ကိုအစွဲမထားရပါ အဓိက ကျောက်မျိုးတန်းနှင့်လုပ်ချက်ကိုကြည့်ရပါမည်။လုပ်ချက်ကျန် မကျန် ရှိ မရှိကိုကြည့်ရပါမည်။လုပ်ချက်ကျန်သောကျောက်ဆိုလျှင်အတည့်ဝယ်ရပါမည်။လုပ်ချက်မကျန် မရှိလျှင် စျေးကွက်ကိုချိန်၍ဝယ်ရပါမည်။လုပ်ချက်မကျန်သောကျောက်အား လိုချင်မှုဖြင့်မဝယ်သင့်ပါ။အဘယ်ကြောင့်ဆိုသော် လုပ်ချက်ကျန်သောကျောက်ကိုဝယ်လျှင် ကိုယ့်ဖက်ရနိုင်ခြေ၈၀%နှုံးရှိ၍လုပ်ချက်မကျန်သောကျောက်သည် ကိုယ့်ဖက်လဲနိုင်ခြေ၈၀%နှုံးရှိပါသည်။

ကျောက်လောကမှာ မမှားဖူးသောကျောက်သမားဟူ၍မရှိကြပါ။အမှားထဲမှသင်ခန်းစာယူ၍လုပ်ကိုင်နေကြရသောသူများသာဖြစ်ကြပါသည်။ကျောက်ပညာအတွေ့ကြုံ အနည်း အများပေါ်မူတည်၍ အမှားနည်းခြင်း အမှားများခြင်းဟူ၍ဖြစ်ပေါ်လာပါသည်။ကျောက်လုပ်ငန်းသည်ပညာဆရာမရှိပါ သင်ညာဆရာဆိုတာပဲရှိပါသည်။ကျောက်သမားအားလုံး၏ဆရာသည် ကျောက်သာလျှင်ဖြစ်ပါသည်။ကျောက်လုပ်ငန်းသည် ထင်ကြေးဖြင့်သာလုပ်ဆောင်နေရသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ကိုယ်ထင်သလိုဖြစ်တဲ့ခါလည်းရှိသလို ထင်သလိုဖြစ်မလာတာလည်းရှိပါသည်။

ကျောက် စိမ်း လို့ ခေါ်တဲ့ကျောက် တွေဟာ တခု မကရှိတယ်။ကျောက် စိမ်း ရဲ့ဖြစ် တည် မှုဟာ တခု မက ရှိတယ်။

ကျောက် စိမ်း ဟာ တခြား ရတနာ အများ စုလို တွင်း ထွက် crystal တခု ထဲမဟုတ်တဲ့ အတွက် တတုံး ထဲမှာပဲ ဒီနား ကကျောက် စိမ်း၊ သူ နဲ့ကပ်ရက် ၁ စင် တီမီတာက ကျောက် စိမ်း မဟုတ် ဖြစ်နိုင်တယ်။( ဒါကို lab စစ်တဲ့နေရာမှာ ထည့် စဉ်းစား ရတယ်။)

ကျောက် စိမ်း ဟာ သူ့ နာမည်ထဲမှာ "စိမ်း" ပါ ပေမယ့်၊ တခြား အရောင် လည်း ရှိနိုင်တယ်။

အဲဒါ ကို မှ တရုတ် အခေါ်အဝေါ်၊ မြန်မာ အခေါ်အဝေါ်၊ ဒေသအခေါ်အဝေါ် တွေ ကလေ့လာသူတွေ၊ ရောင်း ဝယ်သူတွေကို ပို ပြီး မျက်စေ့ လည်၊ ရှုပ်ထွေး စေတယ်။

နာမည် တမျိုး တည်း ခေါ်ပေမယ့် ကျောက် က တမျိုး မကဖြစ် နိုင်တယ်။ ဥပမာ- ပလွန်- serpentine လည်း ဖြစ် နိုင် တယ်၊ albite လည်း ဖြစ်နိုင်တယ်။

ကျောက် စိမ်း လို့ ခေါ်ရတာ အဓိ က က သူ့ရံ ကျောက် သား က လက် ယှက်ထိုး လေး တွေ - ယမ်း- တွေနဲ့ ဖွဲ့စည်း ထား တယ်။ ယမ်း သား သေးလေ ၊ ကျောက် သား ကြည်လေ၊ပို တန်ဖိုး ရှိလေပေါ့။ ဒါပေမယ့် ဘာ ယမ်း မှမပါရင်တော့ အဲဒါကျောက်စိမ်း မဟုတ်တော့ဘူး။

မာဆင့် ကလည်း သူနဲ့အတူတွဲတွေ့တဲ့ ကျောက် တွေထက်ပိုမာတယ်။
သိပ်သည်း ဆ (အလေးချိန်) ကလည်း သူနဲ့ တွဲတွေ့ရတဲ့အရွယ်တူကျောက်တွေ ထက် ပိုလေး တယ်။

ဒါကြောင့်
ကျောက် သား၊
မာဆင့်
နှိုင်း ရအလေးချိန်
တွေကို လက် တွေ့ ချိန်ဆုံး ဖြတ် တတ် အောင် လေ့လာပါ။
ဒါ ဆိုရင် အကြမ်း ဖျင်း လောက် တော့ ကျောက် စိမ်း ကို ခွဲခြားနိုင်ပါလိမ့်မယ်။

ပညာရပ်နဲ့မဆိုင် သော ကျွန်နော့် ရဲ့အမြင်လေး ရေးချင်ပါတယ်။ သဘော ကွဲ လွဲ သူ တွေရှိနိုင်ပါတယ်။

တကယ်တော့ ကျောက် စိမ်း ကို အခွံကြည့် ရုံ နဲ့ အတိအကျ ပြော နိုင်တဲ့ပညာ၊
ကွမ်ချက်ကြည့် ပြီး အတိအကျပြောနိုင် တဲ့ပညာဆိုတာ မရှိပါဘူး။
နည်းနည်းတော့မှန်းလို့ရတာပေါ့။
တချပ်မှောက်ဖဲရိုက်သလိုပေါ့။
အတိအကျတော့ ဘယ်သူမှမသိဘူး။

အဲဒါဆို
ဘာ ဖြစ်လို့ကျောက်စိမ်းပညာလေ့လာသလဲဆိုရင် မဖြစ်နိုင်တဲ့ မိုက်မိုက် မဲမဲစွန့် စားမှုတွေ မလုပ်မိအောင်၊ သူများ ကြပ်ပေး တိုင်း မလုပ်မိအောင်ပေါ့။ ဥပမာ

ဖဲ ဝိုင်းမှာ ကျ နော် က တစ်ပူး၊
တစ် နှစ် လုံး ကတခြား နှစ်အိမ် မှာ၊
တစ် အိမ်က ၉ သုံး လုံး ပြနေတယ်၊
အဲဒါကို တစ်သုံး လုံး နဲ့ ၉ သုံး လုံး ကို စား မယ် ဆို ပြီး ကျွန် တော် လိုက် ရင် အရူးပေါ့။ ( ဖဲလော ကစကားတွေသုံး တဲ့အတွက် ခွင့် လွှတ်ပါ။ အဲဒီနှစ် ခု တော် တော် တူလို့ပါ။ )

ဒါကြောင့်ပြော ချင် တာ က ကျောက် စိမ်း မှာ ဘယ် လို ဖြစ်ရင် ဘယ်လို လုပ်မယ်၊ ဘယ်လိုလုပ်လိုက် ရင် သေချာပေါက် ဘယ်လိုအောင်မြင်မယ်လို့ ပြောတာဟာ၊ ဖဲမှာ ဘေးထိုင်စာဖတ်၊ ချဲမှာ အတိတ်စိမ်း ပေးတဲ့လူတွေထက်ဘာမှမပိုဘူး။ သူတို့ကို မေးကြည့် လိုက် ထိုး စရာပိုက်ဆံတောင်မရှိဘူး။ တကယ်လို့ ပေါက် သွားရင် လည်း ခဏပဲ။ ပြီးရင် မွဲတာပဲ။

အဲ ဒီ တော့ ကျောက် စိမ်း လုပ် ရာ မှာ risk အနည်း ဆုံးဖြစ်တဲ့ စျေး သင့်တဲ့အရိုင်း တွေဝယ်၊ လက်မှု ပညာတစ်ခု ခု နံ value added လုပ် ပြီး ရောင်း မယ် ဆို ရင် ရေ ရှည်တည်တံ့တဲ့ စီးပွား ရေး ကိုတည် ဆောက် ဖို့ ပိုသေချာနိုင်မယ်။

အဲ ကျာက် တွေ ဝယ် လိုက်၊ ဖြတ်လိုက်၊ အောင်လိုက်၊ မအောင်လိုက်၊ ဆို ရင် သူဟာ လောင်း ကစား.သဘော ဆန်တဲ့ အတွက် မွဲသွား နိုင်တဲ့ အန္တ ရယ် များ တယ်။

အရဲစွန့် ဖို့၊ မစွန့် ဖို့ပြော ခြင်း မဟုတ်ပါ။ ဖြစ် တတ် တဲ့ သဘာ ဝ၊ လုပ်ငန်းသဘောတရား များ ကို မျှဝေခြင်း ဖြစ်ပါ တယ်။ ဒါမှ သာ ကိုယ့် ဆုံးဖြတ် ချက်၊ အလုပ်၊ ရဲံ့ဖြစ်နိုင်ခြေ ရလဒ်တွေကို မှန်မှန် ကန်ကန် မျှော် လင့် ထား နိုင် မှာ ဖြစ်ပါတယ်။

ကျောက်စိမ်းအရိုင်းတုံး တလုံးကိုဘာတွေ့ကြည့်ပြီး၀ယ်မလဲ
-----------------------------------------------------------------(mmh)
(၁) ယမ်း ကိုကြည့်မယ်
ယမ်းကြမ်းလျင် အသားကြမ်းမယ် ယမ်းညက်ရင်အသားချောမယ် ယမ်းစိပ်ရင် အသားတင်းမယ် ယမ်းကြဲရင်ကျောက်သားပျော့မယ်
ယမ်းပြားကိုရှောင်
(၂) အခွံကိုကြည့်မယ်
မြေမှန်၊အမဲကြော(ကုန်းကျောက်)မှာ အခွံညက်ခြင်း၊အခွံရွခြင်း၊အခွညီခြင်ရှိလျင် အသားကောင်းသည်၊ အခွံကြပ်ခြင်း၊မညီခြင်း၊ချောခြင်းရှိလျင်

ကျောက်သားညံ့တတ်သည်
ရေခွံမှာ အခွံချောခြင်း၊အခွညက်ခြင်း၊အဆီရှိလျင် အသားကောင်းသည်၊ အခွံကြမ်းခြင်း၊ မညီညာခြင်းရှိလျင်ကျောက်သားညံ့သည်။
(၃) မန်းကိုကြည့်မယ်
ကောက်လျော့မန်းကိုရှောင် ရှင်းရောတဲ့အရေကိုရှောင် အပြာရိပ်ရှိသောအရေကိုရှောင်။အရေပွေး၊အရေပန်း၊အရေမန်း အားကောင်းလျင် အရည်၀င်နိင်သည်။
(၄) အထိုင်ကိုကြည့်မယ်
ကျောက်စိမ်းသည် ဖိအားမြင့်အသွင်ပြောင်းကျောက်ဖြစ်သဖြင့် ထောင့်ချိုးများရှိသောအထိုင်သည် ကျောက်သားကောင်းသည်။ကျောက်လုံး ကျောက်ပြားကိုရှောင်။
(၅) အဖျက်တွေကိုကြည့်မယ် (အဖျက်၃ခုအထက်ပါလျင် အဖျက်အားသည် ကျောက်၏ ၅ ပုံ ၁ပုံပါလျင် မ၀ယ်သင့်)
အနာ- မြင်းမြှီးရိုက်။၀က်မျှင်၊ယို့နာ၊မိုင်းဒါဏ်၊လျိုနာ
ရှင်း - ရှင်းစိမ်း၊ရှင်းမဲ၊ကပ်ရှင်း၊ဆိုက်ရှင်း။
အမဲရောင်အဖျက်များ - ငါးချိတ်၊ဖားမျက်စံ၊ဖြုတ်ချေး၊ခေ့၊မောက်သား။
ယမ်းဖျက်-ယင်ထောင်၊မာယား၊ခွေးရိုးထိုးယမ်းပြားများ ကိုရှောင်။
(၆) လုပ်ချက်ကိုကြည့်မယ်
ဆေးချက်ကျန်လား ၊ ကွမ်ရမှာလား ၊ ဖြတ်ရမှာလား၊ လုပ်ချက်မကျန်ရင် ဒီတိုင်းရောင်ခွင်လှလား။
(၇) စျေးကိုချင့်ချိန်မယ်
သူကဘယ်လောက်ရောင်းမှာလဲ အနည်းဆုံးစျေးဘယ်လောက်နဲ့ရောင်းမှာလဲ ကိုယ်က ဘယ်သူကိုပြန်ရောင်းမှာလဲ ဘယ်လိုင်းလဲ ကိုရမယ့်စျေးထက်တ၀က်ကျော်နည်းမှ၀ယ်(ထောင်မြင်မှရာစွန့်)
ချော်
----------
ချော်ဆိုသည်မှာ ကျောက်စိမ်းအရိုင်းတုံးပေါ်တွင် ရေညို့ကဲ့သို့ကပ်နေသော အမဲရောင်၊အညိုရောင်ုသံချေးရောင်၊မြင်းချေးအရောင် နှင့် မြေမှန်ကျောက်များတွင်တွေ့ရသော အနီရောင်ချော်များဖြစ်သည်။ချော်ဖြစ်ပေါ်လာပုံမှာ ရေညှိ့နှင့်ရွှံ့များများမှာသက်တမ်းကြာမြှင့်လာပြီးတဖြည်းဖြည်းချော်များအဖြစ်အသွင်ပြောင်းလာကြသည်။ချော်ကိုကြည့်ပြီးကျောက်၏သက်တမ်းကိုခန့်မှန်းနိင်သည် ။ချော်ထူပြီးဆေးကပ်မှုများသောကျောက်များမှာ သက်တမ်းနုပြီးကျောက်မျိုးမရနိင်ပါ။ချော်ပါးပြီးစီးကပ်မှုရှိသောချော်များမှာသက်တမ်းရင့်သည် ၄င်းချော်များကို အမဲရောင်(သပိတ်ချော်)အဖြစ်တွေ့ရှိရသည်။ကျောက်၏သက်တမ်းရင့်လာသည်နှင့်အမျှ ချော်သည်မကပ်နိင်တော့ပဲ တဖြည်းဖြည်းချော်နှင့်အခွံမှာ ကြွေသွားပြီးအကျွတ်ဖြစ်တွေ့ရှိရသည်။ချော်ကြွေသည်လည်း သက်တမ်းရင့်သောကျောက်များတွင်တွေ့ရှိရသည် ။မြင်းချေးရောင်ချော်ကြွေသည် သစ်ရွက်လေးများကဲ့သို့ အဖတ်လိုက်ကွာကျပြီးသတ်တမ်းရင့်သော်လည်း မြင်းချေးရောင်ချော်စီးချော်ထူသောကျောက်များမှာသက်တမ်းနုသည်။မြေမှန်ကြောမှတွေ့ရှိရသောအနီရောင်၊အဝါရောင်များမှာ ချော်ဟုခေါ်သော်လည်း ချော်မဟုတ်ပဲမြေစာတွင်းစာများသာဖြစ်သည်။မြေမှန်ကျောက်များတွင်အထိုင်ကိုသာအဓိကထား၀ယ်ကြသည် သက်တမ်းနုရင်လည်းအလွန်သိသာသည်။
့မောက်(တွင်းစာ၊မြေစာ)
---
ကျောက်တလုံးကိုတွင်းထဲကရရချင်းအရင်ဆုံးတွေ့ရတာကတော့ တွင်းစာလို့ခေါ်တဲ့မောက်ပါ
မောက်ဆိုတာက ကျောက်အပေါ်မှာကပ်နေတဲ့ ကျောက်ခဲလေးတွေသဲလေးတွေကိုခေါ်ပါတယ်
မောက်၂မျိုးရှိပါတယ်
ကျောက်မောက် နဲ့ သဲမောက်
ကျောက်ခဲလေးေ'တွနဲ့သဲလေးတွေရောကပ်နေတာကိုကျောက်မောက်လို့ခေါ်ပါတယ် ကျောက်အထိုင်နဲ့ ခေါင်းပေါ်မှာကပ်တာများပါတယ် မောက်အားများရင်ကျောက်မျိုးရင့်တယ်လို့ဆိုကြပါတယ် အထိုင်အောက်ခြေမှာမောက်အားများရင်အရေဥတတ်တယ်လို့လဲပြောကြပါတယ် ကျောက်မောက်ကအရည်ကိုအားပေးပါတယ် ကျောက်မောက်ကိုမှော်တိုင်းမှာတွေ့ရတတ်ပါတယ်
သဲမောက် သဲမောက်ကတော့အသားတန်းမြင့်အသားဆန်းတတ်ပြီးမှော်ဆီစာ နမ့်မချီနဲ့ ခန္တီး ဘက်မှာပဲတွေ့ရတတ်ပါတယ်
ကျောက်တလုံးဆေးတဲ့အခါ ကျောက်မောက်ကတော့ စိန်တူနှောင့်လေးနဲ့ခေါက်ချရပါတယ်စိန်တူအသွားနဲ့ခေါက်ချရင်ကျောက်အခွံကိုထိခိုက်ပျက်ဆီးစေမှာဆိုးလို့ပါသဲမောက်တော့ရေထဲမှာ၅နာရီလောစိမ်ထားရင်တောင်ကွာကျတတ်ပါတယ်။

B-Jade(ဘီအဆင့်ကျောက်စိမ်း)
-----------------------------------
ဘီဂျိတ်ဆိုသည်မှာ ကျောက်စိမ်းအားမူလသဘာ၀အတိုင်းမဟုတ်ပဲ ပိုမိုလှပစေရန်အတွက်လူတို့ပြုပြင်ထားသောကျောက်စိမ်းများကိုခေါ်သည်။ဥပမာ-
မီးဖုတ်ပြုပြင်ထားခြင်း၊ အက်စစ်တစ်အက်စစ်ဖြင့်ဆေးကြောကာ အရည်ကိုဆေးကူခြင်း၊အချောထည်များတွင်အရောင်ပိုမိုတောက်ပစေရန် ပိုလီမာပလပ်စတစ်ဖြင့်ဖုံံးအုပ်ခြင်း

(Impregnated Jade)၊ချွမ်(ပန်းရောင်၊ဗေဒါအရောင်)နှင့်ပဲစိမ်း(အစိမ်းဖျော့အရောင်)တို့ကိုအရောင်တင်ထည့်သွင်းထားသောကျောက်စိမ်းတို့ဖြစ်သည်။
ဘီအဆင့်ကျောက်စိမ်းသည်သံဓါတ်ကြောင့်ဖြစ်သော အရောင်များကိုချွတ်ထားသဖြင့် ကျောက်စိမ်း၏အရည်အစိမ်းရောင်မှာပိုပြီးစိမ်လွန်းသောအရောင်
ဖြစ်ပေါ်နေတတ်သည်၊ရံဖံရံခါ အဝါရောင်ဘက်သို့ သန်းသည်။အသားခံအဖြူပေါ်တွင် ပါရှိသောအစိမ်းရောင်မှာ အသားနှင့်အရေမှာမလိုက်ဖတ်အောင်ထိကွဲပြားခြားနားနေတတ်သည်။
သဘာဝကျောက်စိမ်းသည် အရောင်တင်ထားပါက အပေါ်ယံတွင် ကြွေပြားကဲ့သို့ အရောင်လက်သည်(မှတ်ကောင်းသည်) ဓါတုဗေဒနည်းအရောင်ချွတ်ထားသောကျောက်များမှာ

မှတ်ခိုးကျန်နေသလိုဖြစ်ပြီး အရောင်တောက်ပမှုနည်းသည်။ပေါ်လီမာ ပလပ်စတစ်ဖုံးအုပ်ထားသောကျောက်များတွင်သာပလပ်စတစ်ကြောင့်အရောင်တောက်ပနေသည်ကိုတွေ့ရသည်။
ဘီအဆင့်ကျောက်စိမ်းကိုစစ်ဆေးရာတွင် (၁၀)ဆချဲ့မှန်ဘီလူးဖြင့်စစ်ဆေးသင့်သည် မှန်ဘီလူးဖြင့်ကြည့်ပါက ကျောက်စိမ်း၏မျက်နာပြင်သည် အက်စစ်ပြင်းဖြင့်စားထားသောကြောင့်

အက်ပေါက်ရာများကဲ့သို့အပေါက်ငယ်လေးများနှင့် အက်ကြောင်းလေးများကိုတွေ့ရသည်။၄င်းအက်ရာလေးများသည် ဘီအဆင့်ကျောက်စိမ်းဖြစ်သောသက်သေဖြစ်သည်။အရေ

(အစိမ်းရောင်)ဆေးကူထားသောကျောက်စိမ်းများကို ချလ်စီးအရောင်စစ်ကရိယာဖြင့်စစ်ဆေးနိင်သော်လည်း ဗေဒါအရောင်(ချွမ်)ကိုဆေးကူထားသောကျောက်ကိုစစ်ဆေးမရနိင်ပါ

ဗေဒါအရောင်ချွမ်ကိုစစ်ဆေးပါက မှန်ဘီလူးကိုသာသုံးရမည်။အကောင်းဆုံးမှာဓါတ်ခွဲခန်းသို့သာသွားရောက်စစ်ဆေးပြီးမှ၀ယ်ယူသင့်သည်။မီးဖုတ်ပြုပင်ထားသောကျောက်များမှာလည်း
အလင်းပေါက်ဟာနေတတ်ပြီး အရောင်သည် ညီညာလွန်းသည် သဘာဝကျောက်စိမ်းသည် အရောင်ညီညာမှုမရှိပါ ။ ခုံ့(အဝါ၊အနီရောင်သန်းသောအညိုရောင်)များကို

အနီရောင်အဖြစ်ပြောင်းလဲစေရန် မီးဖုတ်ကြသည် ။(မာကာဘင်း မှော် နှင့် ရှေးမှော်များကို သဘာ၀ဟုထင်ရသော်လည်း ဓါတ်ခွဲခန်း ဉ် မီးဖုတ်ပြုပ်ြထားသည်ဟု

အဖြေထွက်တာများသည် အဘယ့်ကြောင့်ဆိုသော် ရှေးယခင်ကကျောက်များဖြတ်တောက်ရာတွင် မိမိဖြတ်ချင်သောနေရာအထိ မြေကြီးထဲတွင်မြုပ်ပြီး

မီးဖုတ်အပူပေးခါကျောက်ကိုရိုက်ဖဲ့ပြီးအရည်နေရာကိုဖဲ့ယူကြခြင်းကြောင့်ဖြစ်သည်။ဘီ အဆင့်ကျောက်စိမ်းသည် စျေးကွက်တခုရှိသော်လည်း အရောင်ကြာရှည်ခံမှု မရှိခြင်း၊
ကျောက်သားသိပ်သည်းမှုနည်းခြင်း၊ ကျောက်မှာစွတ်ဆိုတောက်ပမှုမရှိခြင်း(ရှိသော်လည်း အချိန်တိုအတွင်းခြောက်သွေ့သွားခြင်း) ၊ယမ်း(Crystal)များလက်ယှက်ထိုးဖွဲ့စည်းမှုကို

ပျက်စီးစေသောကြောင့် ဖိအားကိုခံနိင်မှုမရှိခြင်း ကွဲလွယ်ခြင်း၊ အသားခံပျက်စီးပြီးကျောက်သားဝါလာခြင်း၊ ကြာရှည်မခံခြင်းတို့ကြောင့် လူကြိုက်နည်းကြသည်။

ဘီအဆင့်ကျောက်စိမ်းမှာ လူတို့ပြုပြင်သောကျောက်စိမ်းများဟုအကြမ်းသတ်မှတ်သော် လည်းဆေးဆိုးကျောက်များကို (B+C)အဖြစ်သက်မှတ်သည်။ဘီအဆင့်ကျောက်စိမ်းကို

အနီအောက် ပါတ်ထရိုစကုတ်ဖြင့်စစ်ဆေးနိင်သည်။
မျိုးတိမ်းတယ်ဆိုတာဘာလဲ?
-ကျောက်မျိုးတိမ်းသည်ဆိုသည်မှာ ကျောက်စိမ်းထွက်ရှိရာဒေသမှထွက်ရှိသော်လည်း(non-jade) ကျောက်စိမ်းမဟုတ်သည့်ကျောက်ကိုခေါ်ပါသည်။၄င်းတို့မှာ
(၁) ပလွမ်(Albitite)
(၂) ပေထာ့
(၃) သလင်း(အာလူး)(QTZ Quartzite)
(၄) ပူတာအိုကျောက်(Grossular Garnet) စသည်တို့ဖြစ်သည်။
ပလွမ်(Albitite)
------
ပလွမ်သည် ကျောက်စိမ်းကဲ့သို့ မောက်နှင့်ချော်ပါသော်လည် ကျောက်ဝိတ်ပေါ့သည် သဲယမ်းလေးများပါသည် အလင်းပေါက်ဟာပြီး လိပ်ကျောက်ကဲ့သို့ အသားကျဲလင်းဖြစ်သည်။ကြည်လင်မှု့ရှိသည် တချို့ကျောက်စိမ်းအသားထဲတွင်ဖိအားနှင့်အပူကြောင့် ပလွမ်ရောပြီးပါတတ်သည် ထိုကျောက်ကိုတောင်ဆန်သည် မျိုးတိမ်းသည်ဟုခေါ်သည်။ပလွန်၏ သိပ်သည်းဆမှာ ၂.၅၇ မှ ၂.၆၄ ဖြစ်ပြီး အလင်းယိုင်ညွှန်းကိန်း-၁.၅၂ဖြစ်သည်။ကျောက်စိမ်းလုံးစွတ်တွင်မျိုးတိမ်းကျောက်ဖြစ်မည်ဆိုးသဖြင့် အလေးချိန်ကိုဂရုစိုက်၀ယ်ကြခြင်းဖြစ်သည် မျိုးတိမ်းသောကျောက်သည် ဝိတ်ပေါ့သည်။ပလွမ်တွင် အရည်ပါသည့်ပလွမ်များကိုယိုဒယားမှ၀ယ်ယူသည်။
ပေထာ့
-------
ပထော့ကျောက်သည် ကျောက်စိမးထွက်ရှိရာဒေသ ချောင်းဖျားများနှငမှော်များတွင်ထွက်ရှိသည် ပထော့သည် ရေပထော့၊ကုန်းပထော့ဟု (၂)မျိုးရှိသည်။ပထော့ကျောက်မှာသလင်းကဲ့သို့ လိပ်ကျောက်ကဲ့သို့ အာလူးအခွံရှိသည် ။ရေခွံနှင့်တူတတ်သဖြင့် ကျောက်စိမ်နှင့်မှားတတ်သည် ။အလင်းပေါက်အားကောင်းသည်။ကျောက်ဆီမပါသော်လည်း အခွံကြောင့်ကျောက်ဆီရှိသလိုမြင်ရသည်။ပထော့တွင် ယမ်းမပါပါ။

သလင်း(QTZ Quartzite)
-------
သလင်းကျောက်သည် ကျောက်စိမ်းငုတ်များထွက်ရှိရာဒေသတွင်အများဆုံးတွေ့ရှိရပြီး တချို့မှော်များတွင် အာလူးခွံဖြင့်ထွက်ရှိသည် တလုံးလုံးအလင်းပေါက်ပြီးအဝါရောင်သန်းသည် ရိုက်ပဲ့များတွင် ကျောက်သားမှာအရစ်ကလေးများဖြင့်တွေ့ရှိရသည်။သလင်းတွင် လချေးပြား(MICA)များပါ၀င်ပြီးအရောင်ပြိုးပြိုးပြက်ပြက်လက်နေသည်။သိပ်သည်းဆမှာ ၂.၆၅ဖြစ်ပြီးအလင်းယိုင်ညွှန်းကိန်းမှာ ၁.၅၅ဖြစ်သည်။

ပူတာအိုကျောက်စိမ်း(Grossular Garnet)
----------------
ပူတာအိုဒေသမှထွက်ရှိပြီး မြေမှန်ခွံဖြင့်သာတွေ့ရသည် မှော်ဆီစာမှထွက်ရှိသောမြေမှန်ကျောက်များနှင့်တူသည်။ကျောက်စိမ်းထက်အလေးချိန်ပိုများသည် ကျောက်ယမ်းပါသည် သို့သော် လက်ယှက်ထိုးဖွဲ့စည်းမှုမရှိပါ။ပူတာအိုကျောက်ကိုခွဲခြားရာတွင် ကျောက်အခွံအပေါ်မှအရည်အစက်ပျောက်များသည် အရောင်ညီညာမှုမရှိခြင်း
ကျောက်ဝိတ်(ဂဏ)ပိုလေးနေခြင်း အစိမ်းအကွက်လေးများပါခြင်းတို့ဖြင့်ခွဲခြားနိင်သည်။ပူတာအိုကျောက်စိမ်းကို သိန်ရာချီပေး၀ယ်ခဲ့ရသူများရှိသည် အသားဆန်းပန်းစွဲလက်ကောက်လွတ် မှော်ဆီစာဟုလိမ်ရောင်းကြခြင်းဖြစ်သည်။သိပ်သည်းဆ ၃.၅၉ရှိပြီး အလင်ယိုင်ညွှန်းကိန်း၁.၇၃ ရှိသည်။
အရောင်း၀ယ်ကောင်းကြပါစေ။

ကျောက်မျက်ရတနာ၏ အရောင် ၀င်ရောက်မှုသဘာ၀ကို အရည်ဟု ခေါ်ကြသဖြင့် ကျောက်ရည်ကျောက်သား ဟူသော စကားသည် ကျောက်မျက် ရတနာ ရောင်း၀ယ်ရေးလောကတွင် ရေပန်းစားသည့် စကားများဖြစ်လေသည်။
ကျောက်ရည်ကျောက်သား အပေါ် မူတည်၍ ရတနာ၏ တန်ဖိုးကို သတ်မှတ်ကြလေရာ ကျောက်မျက်ပညာ ကျွမ်းကျင်သူသည် ထိုနှစ်မျိုး စလုံးကို ကျွမ်းကျင်ရလေသည်။

ပြင်ပရုပ်လက္ခဏာကို ကြည့်၍ အတွင်းသားကို လေ့လာအကဲခတ်ရ သည့် ပညာသည် ကျောက်မျက်ပညာ၏ အရေးကြီးသော ပညာရပ် များဖြစ်လေသည်။ပြင်ပလက္ခဏာသည် အတွင်း သားကို ဖော်ပြနေသည့် တိကျသေချာသော လက္ခဏာဟု
ပိုင်းဖြတ်၍ မရသော်လည်း ထိုလက္ခဏာ များသည် အတွင်းသားကို အကဲခတ်ရာတွင် အတွေ့အကြုံ အရ သုံးစွဲနေရသည့် လက္ခဏာများ ဖြစ်လေသည်။

ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကို အကဲခတ်သူသည် ကျောက်စိမ်းတုံး၏ ပြင်ပ လက္ခဏာများကိုကြည့်၍ သူ၏ အတွေ့အကြုံ ကြွယ်၀မှုဖြင့် အကဲခတ်ရ လေသည်။ထိုကျောက်စိမ်းအရိုင်းတုံးသည် မည်သည့် အရပ်ဒေသက ထွက်သလဲ၊ ဘယ်လိုအမျိုးအစားလဲ စတာက နေ ချဉ်းကပ်ရသည်။ ဖားကန့်ကလား၊ လုံးခင်းကလား၊ တာမခန်ဘက်ကလား၊ခန္တီးဘက်ကလား စသဖြင့် ထွက်ရှိသည့် အရပ်ဒေသကို ကြည့်ရသည်။ထွက်ရှိရာ ဒေသကိုလိုက်၍ ပြင်ပအခွံကွာခြားသည်။ပြင်ပလက္ခဏာ ကွဲပြားမှု ရှိ သည်။ ထွက်ရှိရာ အရပ်ဒေသကို လှမ်းထောက်မိပြီဆိုသည်နှင့် မှော်အမျိုး အစားကို ကြည့်ရသည်။မှော်တွေကွဲပြား သလို ကျောက်စိမ်း၏ ပြင်ပလက္ခဏာ၊ အတွင်းသားတွေကလည်း ကွဲပြားသည်။ကျောက်သား၊ ကျောက်ရည်ကလည်း ကွဲပြားသည်။

ကျောက်စိမ်းသည် သဘာ၀တွင်းထွက်ဖြစ်သဖြင့် သဘာ၀ တွင်းထွက်များ၏ ကိုယ်ပိုင်လက္ခဏာကို ပိုင်ဆိုင်ထားသည်။ ကျောက်သား အနုအရင့်ပေါ် မူတည် ၍ ကျောက်၏အရောင်တောက်ပြောင်မှု (အရည်တက်) ကွာခြားသွားသည်။
ကျောက်သားအနုအရင့်ပေါ်မူတည်၍ ကျောက်ရည်ကျောက်သွေး လင်းလက် တောက်ပရွှန်းစိုသွားရခြင်းဖြစ်သည်။

ကျောက်စိမ်း အရိုင်းတုံး တစ်တုံး၏ လက္ခဏာကို လေ့လာရာတွင် နှစ်ပေါင်း များစွာ လက်ဆင့်ကမ်းလာသည့် အတွေ့ အကြုံ၊ မိမိကိုယ်ပိုင်အတွေ့အကြုံတို့ဖြင့် ခန့်မှန်းအကဲခတ်ရသည်။ စိတ်ရှည် လက်ရှည်နှင့် စနစ်ကျစွာအကဲဖြတ်ရသည်။ကျောက်အကဲထက် လူအကဲခတ်ရတာက ပို၍ ခက်ခဲကြောင်း ရှေးလူကြီး သူမများက ၎င်းတို့၏ အတွေ့အကြုံကို လက်ဆင့်ကမ်း ခဲ့ကြသည်။သို့သော် လည်း လူကဲကို ကျောက်ကဲလောက်ပင် ဂရုစိုက်ပြီး အလေးထားကာ အကဲခတ်မှု မရှိကြသည်ကို တွေ့နေရမည်ဖြစ် သည်။ ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကို ကျောက်မျက်ရတနာ ကျွမ်းကျင်သူတို့၏ အကြမ်းဖျင်း လေ့လာပုံကိုကြည့်ကြပါမည်။

ကျောက်စိမ်းထွက်ရှိရာ မှော်ကို သိလိုက်သည်နှင့် အကဲခတ်သူသည် ထိုမှော်ကထွက်သည့် ကျောက်၏ ပြင်ပ လက္ခဏာနှင့် အတွင်းသား၏ သဘာ၀ ကို သိလိုက်ပြီဖြစ်သည်။ ထိုသဘာ၀ကို စံအဖြစ် မှတ်ထားပြီး အကဲဖြတ်ချက် တိုင်းကို ထိုသဘာ၀တို့ဖြင့် ယှဉ်ထိုး ကြည့်ရသည်။ထိုသဘာ၀များသည် သီအိုရီ သဘောဖြစ်သွားသည်။ ထို သဘောတရားများဖြင့် ကျောက်စိမ်း အရိုင်းတုံးကို တစ်ခုချင်းတိုက်ကြည့်ရ သည်။ အပွေး၊ မန်း၊ ယမ်း၊ ချော် စသော လက္ခဏာများသည် ကျောက်စိမ်းအရိုင်း တုံးကို အကဲခတ်ရာတွင် ပြင်ပ လက္ခဏာ အဖြစ် ကြည့်ရသည့် အချက်များဖြစ်နေသည်။ကျောက်စိမ်းအရိုင်း၏ ပြင်ပ လက္ခဏာတွင် ယင်းအချက်များထဲမှ အနည်းဆုံး နှစ်ချက်ကိုတော့ တွေ့ရလေ့ ရှိသည်။ယင်းလက္ခဏာများရှိနေသော် လည်း ကျောက်စိမ်းမဟုတ်သည့်၊ ရတနာ တန်း၀င် ကျောက်မဟုတ်သည့် အရိုင်း တုံးတွေကိုလည်း တွေ့နိုင်ပါသည်။

အလေးချိန်ကို ဆကြည့်ခြင်းကိုလည်း ကျောက်ရိုင်းအကဲဖြတ်သူများက သုံး လေ့ရှိသည်ကို တွေ့ရသည်။ အပွေးဆိုတာကတော့ သစ်ပင်များ တွင် အပွေးတက်သလိုပင် ကျောက်စိမ်း အရိုင်း၏ အခွံပေါ်တွင် တွေ့ရသည်။ထိုအပွေးကအတွင်းသား၏ အရည်၀င် ရောက်မှုကို အကဲခတ်ရသည့် အချက် ဖြစ်သလို ကျောက်စိမ်းအရိုင်း၏ တန်း၀င် လက္ခဏာ လည်း ဖြစ်လေသည်။ကျောက် အရိုင်း၏ သက်တမ်းသို့မဟုတ် ကျောက် သားအနုအရင့်ကို ခန့်မှန်း၍လည်း ရလေသည်။ အပွေး၏ဖြစ်တည်မှု အစိပ် အကျဲကိုကြည့်ကာ ကျောက်ရည် ကျောက်သားကို ခန့်မှန်းရသည်။

မန်းကျတော့ အပွေးထက်ပင်ပို၍ စိပ်ပြီး အလွန်သေးငယ်သော အစက် အပြောက်အစုအဝေးကလေးဖြစ်သည်။ပုရွက်ဆိတ်များ စုပြုံခဲနေသည့် သကြား ရည်ကွက်လိုထင်ရသည်။ ထိုမန်းက ကျောက်စိမ်းအတွင်းသားထဲ အရည်၀င် ရောက်နေမှုကို ခြေရာချန်ထားသလို ရှိသည်။မန်းတွင် အရောင်ပါသည့် အစက်အပြောက်ကလေးတွေပါသည်။ ကျောက်အကဲခတ်သူတို့ မှန်ဘီလူးသုံး၍ ဂရုတစိုက်ကြည့်ရှု အကဲခတ်ရသည့် သဘာ၀ လက္ခဏာဖြစ်သည်။ မန်းကို မှန်ဘီလူးဖြင့် ချဲ့၍လေ့လာခြင်းသည် ကျောက်သားကို မှန်းဆ၍ရသလို အရည်၊ ယမ်း၊ ရှင်း၊ စသည့် ကျောက်တွင်း သား လက္ခဏာကို အကဲခတ်နိုင် သည်။

ယမ်းကတော့ ကျောက်စိမ်း၏ အတွင်း သားထဲကနေ ပေါ်ပေါ်ထင်ထင်ထွက် ပေါ်လာသည့် ပြင်ပ လက္ခဏာဟု ဆိုနိုင်သည့် အရောင်တောက်ပနေ သော ခရစ္စတယ်များဖြစ်သည်။ထိုယမ်း များသည် ကျောက်သားထဲတွင် အချို မှုန့်တောင့်ကလေးတွေ စုခင်းထားသလို နေရာယူထားပြီး ကျောက်၏အရည် (အရောင်)ကူးမှုကို တားဆီးတတ်သည့် သဘာ၀ လက္ခဏာများဖြစ်သည်။ သို့သော်လည်း ယင်းသဘာ၀သည်ပင် လျှင် ကျောက်သား အတွင်း အရည်ကူး ဖြန့်သွားမှုကို အားပေးသည့် လက္ခဏာ ဖြစ်နေတတ်သည်။ကျောက်ရည် ကျောက်သားကို ထိုယမ်းကပို၍ တောက်ပ စိုပြေစေလေသည်။

ချော်ကတော့ ကျောက်စိမ်း ထွက်ရှိ ရာဒေသ၏ မြေနှင့်ကျောက်တို့၏ ဆက် စပ်မှုကို လေ့လာနိုင်သည့်လက္ခဏာ ဖြစ်သည်။ကျောက်၏ အသက်အနု အရင့်ကိုလည်း အကဲဖြတ်နိုင်သည့် လက္ခဏာဖြစ်သည်။ထိုချော်များကို ကျောက်စိမ်းအရိုင်းတုံး၏ မျက်နှာပြင် ပေါ်တွင် ရေညှိတက်နေသလို တွေ့ရတတ်သည်။ထိုလက္ခဏာက ကျောက် စိမ်းအရိုင်း၏ သဘာ၀ထဲတွင် ဖွဲ့တည်ရှိ နေပုံကို မှန်းဆကြည့်နိုင်သည့် သဘာ၀ လက္ခဏာဟုလည်း ဆိုနိုင်သည်။ ယင်းအခြေခံလက္ခဏာများကို ပြင်ပ ကနေ ကြည့်ရှုအကဲခတ်ရာတွင် မှန် ဘီလူးဖြင့် ဂရုတစိုက်ကြည့်ရှုကာ ဖတ်ကြ ရသည်။

ကျောက်အရိုင်း၏အခွံကပါး လျှင်တော့ မီးထိုး၍ကြည့်နိုင်သည်။ကျောက်အရိုင်းကို တန်ဖိုးဖြတ်ရာတွင် ထိုသဘာ၀လက္ခဏာများကို ကြည့်၍ အကဲဖြတ်ကြသည်။ အပွေး၊ မန်းတွေကို ဖောက်၍လည်း အတွင်းသားကို ချောင်း ကြည့်ရသည်။ ပြချက်က ကျောက်စိမ်း အရိုင်း၏အတွင်းသားကို အနည်းငယ် လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။ပြချက်ဖောက်၊ ပွတ်၊ တိုက်၍ ပြရသည် မှာ စွန့်စားရသော အလုပ်ဖြစ်သည်။ ထိုပြချက်ကလေးကို မီးထိုး၊ မှန်ထိုး၊ နေထိုးကာ ကြည့်ကြ၊ အကဲဖြတ်ကြ သည်။ ထိုသို့ပြရာတွင်လည်း ဖောက် ချက်၊ ပြချက်ကို စိတ်၀င်စားအောင် ပြရသည်။ကျောက်အရိုင်းတုံးတစ်တုံး၏ အောင်၊ ရှုံးကို ပြသည့်လက္ခဏာတွေကို အခြေခံ၍ ဖောက်ချက်၊ ပြချက်ကို ဖော် ထုတ်ရသည်။ ပြချက်၊ ဖောက်ချက်ကို ဖော်ထုတ်ရသည့် ပညာသည် စိန်ခေါ်မှု များစွာရှိလေသည်။ ဖောက်ချက်၊ ပြချက်က အောင်သွား လျှင် အရိုင်းတုံး၏ တန်ဖိုးမြင့်တက်သွားပြီး နုတ်သည့်လက္ခဏာပြလျှင်တော့ တန်ဖိုးက ထိုးကျသွားသည်။

ကျောက်၏ အပွေး၊ မန်း အသွားအလာကိုကြည့်ကာ အတွေ့အကြုံ လေ့လာမှုဖြင့် စွန့်စားရ ခြင်းဖြစ်သည်။ ပြင်ပလက္ခဏာများသည် ဖြစ်နိုင်ခြေကိုသာ တွက်ဆ၍ရသည်။ သေချာပေါက်ဖြစ်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။သို့ဖြစ်၍လည်း ကျောက်ကဲကို စိတ် ရှည်လက်ရှည်ဖြင့် လေ့လာသုံးသပ်ဆင် ခြင်ရလေသည်။ပြချက်ဖော်ထုတ်ရာ တွင်ထိုစိတ်ရှည်မှုက မှန်းဆချက်ကို ကျေးဇူးပြုသည်။ ကျောက်ရိုင်းတစ်တုံး ကိုတသသနှင့် ကြည့်ကာ စိတ်ကူးယဉ် နေတတ်သည့် ကျောက်သမားတွေကို တွေ့ကြရပေမည်။ သူတို့၏ အတွေ့ အကြုံအလေ့အလာက သူတို့ကို ထောက် ပံ့ပေးသည်။ ကျောက်သမားတွေက ကိုယ်တိုင်စီမံခန့်ခွဲကာ လုပ်ကိုင်ခဲ့သည့် ကျောက်တွေကို မှတ်မိနေတတ်သည်။အထူးသဖြင့် အောင်သည့်ကျောက်နှင့် ပြုတ်သည့်ကျောက်တွေကို မှတ်မိနေ တတ်သည်။ထိုမှတ်မိနေသည့် ကျောက်တွေကို နောက်လုပ်မည့်ကျောက်နှင့် နှိုင်းယှဉ် အကဲဖြတ်ကြသည်။

ကျောက်ထဲက အရည်သည် တစ်ဆင့်ချင်းမှ မြင်ရသည် ဖြစ်ရာ မှန်းဆချက်၊ လုပ်ချက်တိုင်းသည် စိန်ခေါ်မှုများ ဖြစ်လေသည်။မှန်းဆချက်များ ပြုလုပ်နေချိန်တွင် ကျောက်သမား သည် လောဘနှင့်ပူပန်မှုကို လျှော့ချနိုင် ဖို့ လိုပေသည်။ လောဘကအပြုဘက်၊ အအောင် ဘက်ကို ပိုမြင်စေပြီ၊ ပူပန်မှုက တွေဝေ မှုကိုဖြစ်စေကာ အပျက်ဘက်၊ အရှုံးဘက် ကို တွန်းအားပေးတတ်သည်။ ယခု ခန့်မှန်းတွက်ဆသည့် ကျောက်သည် ယခင်က အောင်ဖူးသည့် ကျောက်၏ လက္ခဏာနှင့်တူနေလျှင်၊ အလွန်နီးစပ် နေလျှင် အပြုဘက်၊ အအောင်ဘက်ကို ပိုတွက်မိတတ်သည်။ပျက်ဖူးသည့် ကျောက်နှင့် လက္ခဏာတူနေလျှင် အလွန်နီးစပ်နေလျှင် အပျက်ဘက်ကို ပိုတွက်မိတတ်သည်။ ကျောက်စိမ်းသည် လက္ခဏာချွတ် စွပ်တူနေလျှင်လည်း တစ်တုံးနှင့်တစ်တုံး ဆန့်ကျင်ဘ

Address

41 Street × 90 Street
Mandalay
CMK

Alerts

Be the first to know and let us send you an email when Jade CMK mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share