07/05/2024
လူတွေမသိသေးသော (ပယင်း=Amber) ၏အစွမ်း
ပယင်းမှာ အဖိုးတန်ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်တည်မှု သန့်ရှင်းမှုအစရှိသည်များနှင့်ပြည့်စုံနေသောရတနာ ၁ပါးလဲဖြစ်ပါတယ်...လွန်ခဲ့သောနှစ်သန်းပေါင်း ၁၂၀ ခန့်က အဖိုးတန်သက်ရှိများသိုမှီးရာ ပြတိုက်တခုဖြစ်ပါတယ်။ ပယင်းလို့ ကြားလိုက်ရင် ကျမတို့ မြန်မာလူမျိုးတော်တော်များများက အဆင်တန်ဆာအနေနဲ့ သာသိထားပြီး၊ အစွမ်းထက်ဆေးဘက်၀င်ဂုဏ်သတ္တိတွေကို သေသေချာချာသိပ်မသိကြသေးပါဘူး။
ဒါပေမယ့် ကျမတို့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ပယင်းရတနာရဲ့ အံ့မခန်းအစွမ်းသတ္တိကို သိတဲ့အတွက် လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက မြန်မာ့ပယင်းကို ကျန်းမာရေးအတွက် ၀ယ်ယူအသုံးပြုခဲ့တဲ့ အထောက်အထားတွေ များစွာတွေ့ရပါတယ်။
ဒါကြောင့် ကျမတို့မြန်မာလူမျိုးများလည်း ကိုယ့်မြေကိုယ့်ရေကထွက်ပြီး အဖိုးထိုက်တန်လှတဲ့ ပယင်းရတနာရဲ့ကျန်းမာ ရေး အကျိုးကျေးဇူးများကိုသိရှိနိုင်စေရန် လေ့လာမှတ်သားဖူးသမျှကို မျှဝေရခြင်းဖြစ်ပါတယ်။
ပယင်းကို အဖိုးထိုက်တန်လှတဲ့အတွက် ကျောက်မျက်ရတနာထဲမှာ ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုးမဟုတ်ဘဲထင်းရှူးပင်တစ်မျိုးရဲ့ သစ်စေးတွေ နှစ်သန်းပေါင်း ၂၅ သန်းကနေ သန်း ၅၀လောက် ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့ ဖိအားကို ခံရပြီးတဲ့အခါ အသွင်ပြောင်းပြီး ပယင်းအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်ပယင်းကို ၀တ်ဆင်ထားမယ်ဆိုရင် လူ့ခန္ဓာကိုယ်အပူချိန်ကြောင့် Succinin Acid အနည်း
ငယ်ထွက်လာပြီး၊ လူ့အရေးပြားရဲ့ မွေးညင်းပေါက်များမှ တဆင့် သွေးကြောတွေထဲကိုရောက်ရှိသွားတာဖြစ်ပါတယ်။
ဒါ့ကြောင့် ပယင်းဆွဲကြိုးကို၀တ်ဆင်ထားမယ်ဆိုရင်လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်းလို ကိုယ်တွင်းအပူကြောင့်ဖြစ်တတ်တဲ့ဝေဒနာတွေနဲ့ခေါင်းမူး၊ခေါင်းကိုက်၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကျီးပေါင်းတက်
ခြင်းလို အာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
ရင်ခေါင်းပိုင်းမှာရှိတဲ့ အသည်း၊ ကျောက်ကပ်၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားကောင်းစေ ယုံမကကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့ အအေးမိခြင်းကဲ့သို့ ရောဂါကူးစက်ခံစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
နောက်တစ်ချက်က သုတေသနပညာရှင်တွေက ပယင်းဟာ ဇီဝြဖစ်စဉ်ကိုလှုံ့ဆော်ပေးတဲ့အစွမ်းနဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေရှိနေတာကို လေ့လာတွေ့ရှိခဲ့တဲ့အတွက် ပယင်းကို ၀တ်ဆင်ထားရင် ယနေ့ခတ်ရဲ့ အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ကွန်ပျူတာ၊ တီဗွီ၊ ရေဒီယို၊ လက်ကိုင်ဖုန်းနဲ့ မိုက်ခရိုဝေ့ဗ်မီးဖိုတို့ကထွက်တဲ့ မကောင်းတဲ့လှိုင်းတွေကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်။
ဒါ့အပြင် ပယင်းဟာ ယနေ့ခေတ်လူနေမှုပုံစံကြောင့် စိတ်ဖိစီးမှုဖြစ်နေသူ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင့် စိတ်ရှုပ်ထွေးနေသူ၊ စိတ်ဂနာမငြိမ်ဖြစ်နေသူတွေ၊စိတ်ပင်ပမ်း နေသူတွေအတွက်လည်း စိတ်တည်ငြိမ်မှုကိုဖြစ်စေနိုင်ပါတယ်။
ပယင်းရဲ့ အစွမ်းသတ္တိကို အကောင်းဆုံးရရှိဖို့ဆိုရင် သတိပြုရမယ့်အချက်က ပယင်းဟာ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပေးရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ကျမမှတ်သားထားတဲ့ ထိရောက်စွာအသုံးပြုနည်းကတော့ ပယင်းဆွဲကြိုးလေးတွေကို အချိန်ပြည့်ဆွဲထားပြီး အိမ်မှာနေရင် အင်္ကျီထဲထည့်၀တ်ပြီး ၊ ဟိုသွားဒီသွားဆို အကျီအပြင်ထုတ်၀တ်မယ်ဆိုရင် ကျန်းမာရေးအရရော၊ ဖက်ရှင်အရရော နှစ်ခုလုံးအတွက် အဆင်ပြေပါတယ်။
ပယင်းရဲ့ ဂုဏ်သတ္တိအပြည့်အ၀ရစေဖို့ ပယင်းရဲ့ သက်တမ်းကလည်း အရေးကြီးပါတယ်။ မြန်မာ့ပယင်းက အခြားနိုင်ငံများက ပယင်းများနဲ့ ယှဉ်ရင် သက်တမ်းလည်း မနု၊ သက်တမ်းလည်း မလွန်ပဲ အကောင်းဆုံး အနေ အထားမှာရှိကြောင်း ဖတ်မှတ်လေ့လာရပါတယ်။
မြန်မာနိုင်ငံမှာတောင် တနိုင်းဒေသကထွက်တဲ့ ပယင်းက အရည်အသွေး အကောင်းဆုံးဟု ပယင်းတူးဖော်သူများက ဆိုပါတယ်။
💗မြန်မာ့မူပိုင်ပယင်းနီ💗
ကမ္ဘာမှာပယင်းထွက်ရှိရာနေရာ ၅ခု ရှိပေမယ့်ပယင်းနီ ကတော့နံ့သာနီအပင်ရဲ့အစေးကဖြစ်တည်တယ့်ဇီဝမိုလာကျောက်ဖြစ်ပြီးမြန်မာတစ်နိုင်ငံထဲသာလျှင်ထွက်ရှိတယ့်တွင်းထွက်ရတနာပါ
🍀🍀lucky amberလို့ကမ္ဘာကတင်စားတယ်ဆိုတာမကောင်းတယ့် လောကီအစီအရင်တွေမသက်ရောက်နိုင်အောင်ဟန့်တားပေးနိုင်စွမ်းရှိလို့ပါ
💕ကံကောင်းခြင်းနဲ့လာဒ်လာဘတွေကိုသယ်ဆောင်ပေးနိုင်စွမ်းလည်းရှိပြန်တယ်
🏞🏞သစ်စေးကဖြစ်တည်တယ့်ဇီဝမိုလာကျောက်မို့
🔑
စစ်ဆင်းနစ်အက်ဆစ်ဓာတ်ထုတ်ပေးပြီးသွေးလည်ပတ်မှုကိုအားကောင်းစေတယ်ယောင်ယမ်းကိုက်ခဲခြင်းကိုသက်သာစေတယ်
မူရင်းရေးသားသူကို Crd ပေးပါတယ်