Shwe Eain Gold & Silver Jewellery

Shwe Eain Gold & Silver Jewellery ရွှေထည် ငွေထည်များကို
အထည်ရှင်များ စိတ်တိုင်းကျ
လက်ခံဆောင်ရွက်ပေးပါတယ်ရှင် 🌷🌷🌷

ဆန် ၁ တင်း  မှာ ၁၆ ပြည် ရှိသလိုရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊ဆန် ၈ ပြည် ကို  တခွဲ လို့ ခေါ်သလိုရွှေ ၈ ပဲ ကို  ငါးမူး လ...
09/09/2025

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ၊

ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ၊

ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်းနေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ ။ ။

ရွှေအလေးချိန်တွယ်မှုစနစ်ပြောင်းတယ်ဆိုတာဟာ မူလရှိပြီးသား ကျပ်ပဲရွေးစနစ်ကို ပြောင်းလဲလိုက်တာမျိုးမဟုတ်ပါဘူး။အရင် တစ်ကျပ်သာ...
13/02/2025

ရွှေအလေးချိန်တွယ်မှုစနစ်ပြောင်းတယ်ဆိုတာဟာ မူလရှိပြီးသား
ကျပ်ပဲရွေးစနစ်ကို ပြောင်းလဲလိုက်တာမျိုးမဟုတ်ပါဘူး။
အရင် တစ်ကျပ်သား ၁၆ ပဲရှိရာကနေ ခု ၁၅ ပဲ ၆ရွေးလောက်ပဲရှိတော့မယ်လို့ တွက်ပြနေကြတာကြောင့် လူတော်တော်များများက
တစ်ကျပ်သားကို ၂ ရွေးကျော်လျော့သွားမှာလား ဆိုတာမျိုးတွေ တွေးမိနေကြပါလိမ့်မယ်။

အမှန်တကယ်တော့ ရွှေအလေးချိန်ပြောင်းလဲတယ်ဆိုတာ တစ်ကျပ်သားမှာရှိတဲ့ ဂရမ်ချိန်ပြောင်းလဲခြင်း(Conversion) ကိုသာ
ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ ယခုလိုမပြောင်းလဲခင်အချိန်ထိ ရွှေတစ်ကျပ်သားကို 16.606 Gram ဆိုတဲ့ ပြောင်းလဲခြင်းကိုအသုံးပြုခဲ့ကြပါတယ်။
အခုပြောင်းလဲမယ်ဆိုတာက ရွှေတစ်ကျပ်သားကို 16.329325 Gram ဆိုတဲ့ ပြောင်းလဲခြင်းကို တရားဝင်အသုံးပြုကြရမှာဖြစ်ပါတယ်။

ရွှေအလေးချိန်တွယ်မှုစနစ်တွေပြောင်းလိုက်တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ?
=======================================================

ရွှေအလေးချိန် ကျပ်၊ပဲ၊ရွေး နဲ့ ဂရမ်ချိန်နဲ့ ပြောင်းလဲခြင်းကိန်းဂဏန်းပေါ်အခြေခံပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ရွှေချိန်ခွင် (Digital Balance)တွေဟာ
ကျပ်၊ပဲ၊ရွေး ပြောင်းလဲတဲ့စနစ်တွေ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ရွှေတစ်ကျပ်သားမှာရှိရမယ့် ဂရမ်အလေးချိန်ပြောင်းလဲသွားတဲ့အတွက်
လက်ရှိရွှေနဲ့ပတ်သက်တဲ့ လုပ်ငန်းတိုင်းမှာ အသုံးပြုနေကြတဲ့ ရွှေချိန်တွေ ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ရွှေတစ်ကျပ်သားကို 16.329325 grams ဆိုတဲ့ပြောင်းလဲခြင်းကိုပြောင်းလိုက်တဲ့အခါ မူလရွှေတစ်ကျပ်သား(16.606 Gram) ဟာ
စနစ်သစ်မှာ တစ်ကျပ်သားကို ၂ ရွေးကျော်ပိုလာမှာဖြစ်ပါတယ်။ တစ်ကျပ်သားပေါက်ဈေးမှာလည်း ၂ ရွေးကျော်ဖိုး ပြန်လည်လျော့နည်းသွားမှာဖြစ်လို့
တန်ဖိုးပြောင်းလဲမှုတစ်စုံတစ်ရာ ရှိလာမှာမဟုတ်ပါဘူး။ နောက်တစ်ချက် ကျပ်၊ပဲ၊ရွေးစနစ်ကိုလည်း ပြောင်းလဲစေမှာမဟုတ်ပါဘူး။

တချို့မိတ်ဆွေတွေထင်သလို တစ်ကျပ်သားကို ၁၆ ပဲမရှိတော့တာမဟုတ်ပါဘူး။ စနစ်တစ်ခုကိုအခြေခံပြီးချိန်တွယ်မှသာ
အလေးချိန်အတိုးအလျော့ဖြစ်စေမှာဖြစ်ပါတယ်။ (ဥပမာ - ယခင်စနစ်ဟောင်း 16.606 gram စနစ်အရဆိုလျှင် စနစ်သစ်တစ်ကျပ်သားဟာ
15ပဲ 5.86 ရွေးသာရှိနေမှာဖြစ်ပြီးယခုစနစ်သစ် 16.329325 gram စနစ်အရဆိုလျှင် စနစ်ဟောင်းတစ်ကျပ်သားဟာ 1 ကျပ်သား 2.16 ရွေးရှိနေမှာဖြစ်တဲ့အတွက်
မြန်မာ့ရိုးရာပန်းထိမ်အခေါ်အဝေါ် (တစ်ကျပ်=၁၆ပဲ, တစ်ပဲ = ၈ရွေး ) ဆိုတဲ့ အသုံးအနှုန်းတွေကို ပြောင်းလဲစေမှာမဟုတ်ဘဲ အဆိုပါ ပဲ၊ရွေး များတွင် ရှိမည့်
Gram အလေးချိန်အနည်းငယ်သာပြောင်းလဲမှုရှိမှာဖြစ်ပါတယ်။

ရွှေတစ်ကျပ်သားမှာရှိရမယ့် ဂရမ်အလေးချိန်ပြောင်းလဲလိုက်တာဖြစ်တဲ့အတွက် ရွှေတစ်ကီလိုဟာ ယခင် ၆၀ကျပ် ၃ ပဲ ၄ရွေးမှ ယခု ၆၁ကျပ် ၃ပဲ ၆.၆ရွေးသို့လည်းကောင်း၊
ရွှေတစ်ထရွိုင်အောင်စဟာ ယခင် 1.875 ကျပ်သားမှ ယခု 1.904761ကျပ်သားသို့လည်းကောင်းပြောင်းလဲသွားမှာဖြစ်ပါတယ်။

စနစ်ဟောင်း 16.606 g စနစ်မှာ ရွှေ တစ်ပဲဟာ 1.037875 grams ရှိခဲ့ပေမဲ့ စနစ်သစ် 16.329325 g စနစ်မှာ 1.020582 gram သို့ပြောင်းလဲသွားမှာဖြစ်ပြီး
ရွှေ တစ်ရွေးဆိုရင်လည်း 0.129734 gram ကနေ 0.127572 gram အသီးသီးပြောင်းလဲသွားမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Ye Man Aung
Gold Coach & Corporate Trainer

ခေတ်အဆက်ဆက် ရွှေ ၁ ကျပ်သားစျေးနှုန်းများ (လိုင်းပေါ်က ရှာလို့ရသမျှ စုစည်းထားပါသည်)crd1938 = 50 ကျပ်1950 = 180 ကျပ်1960 =...
16/08/2024

ခေတ်အဆက်ဆက် ရွှေ ၁ ကျပ်သားစျေးနှုန်းများ (လိုင်းပေါ်က ရှာလို့ရသမျှ စုစည်းထားပါသည်)crd

1938 = 50 ကျပ်
1950 = 180 ကျပ်
1960 = 240 ကျပ်
1962 = 260 ကျပ်
1970 = 460 ကျပ်
1975 = 1800 ကျပ်
1980 = 2400 ကျပ်
1982 = 3000 ကျပ်
1984 = 4500 ကျပ်
1988 = 10,500 ကျပ်
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်
2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1,780,000 ကျပ်
2022 = 2,800,000 ကျပ်
2023 = 3,715,000 ကျပ်(30.12.2023)
2024= 4,003,000 ကျပ် (6.3.2024).
2024 = 4,800,000 ကျပ် ( April)
2024 = 5,400,000 ကျပ် (May)
2024 = 5,200,000 ကျပ် (June)
2024 = 5,800,000 -6,800,000 ကျပ် (JULY)
2024 —————-…..



ရွှေချစ်သူ မိတ်ဆွေရော ရွှေဈေး ဘယ်လောက်မှာ မွေးတာလည်း ?

unisex ဝတ်လို့ရတဲ့သဘာဝ Spinel ဆွဲသီးလေး💜❤💙ကြိုးအမဲလေးနဲ့ဘဲ ဝတ်ဝတ်သံကြိုးလေးနဲ့ဘဲ ဝတ်ဝတ် အဆင်​ပြေပြီး လှလွန်သော ❣1 8 5 0 ...
22/06/2024

unisex ဝတ်လို့ရတဲ့
သဘာဝ Spinel ဆွဲသီးလေး💜❤💙

ကြိုးအမဲလေးနဲ့ဘဲ ဝတ်ဝတ်
သံကြိုးလေးနဲ့ဘဲ ဝတ်ဝတ်
အဆင်​ပြေပြီး လှလွန်သော ❣

1 8 5 0 0 0 ks

🌷Silver Jewelry
🌷Gold coating

💟အရောင်း - 30%
💟 အလဲ - 20%

သဘာဝ ကျောက်အစစ်များကို
ရွှေထည် လက်ရာများအတိုင်းခတ်
ပေးထားတာဖြစ်လို့ယုံကြည်စိတ်ချစွာ
ဝယ်ယူအားပေးလို့ရပါတယ်ရှင်🌸🌸

ငွေစစ်စစ်ကို ​ကြေးမရောဘဲ
Quality အမြင့် Alloy နဲ့စပ်ထားတာဖြစ်ပြီး
အရောင်းပိုင်းကို အကောင်းဆုံးကို
သုံးပေးထားတာဖြစ်လို့ အရောင်လေးတွေ
ကြာရှည် ခံပါတယ်ရှင့်🌸🌸

ငွေထည်လေးတွေရဲ့အားသာချက်က
အကြမ်းခံပြီး အရောင်လေးပြန်တင်ပေးယုံနဲ့
အသစ်တိုင်း ပြန်ဖြစ်လို့ ရာသက်ပန်
ဝတ်လို့ရပါတယ်ရှင်🌸🌸

#လွင်ပန်းတိမ်

35 လမ်း 85 * 86 ကြား

0 9 - 4 0 2 7 0 5 9 0 1

Customer တစ်ဦးထည်း ဝယ်ယူအားပေးသွားတာလေး ❤️❤️အဝေးကနေ အထည်လေးတွေအမြဲ အပ်ပေး ၊ အားပေးသော ညီမလေး ဒီထက်မက လုပ်ငန်း ကိုင်ငန်းတ...
21/06/2024

Customer တစ်ဦးထည်း
ဝယ်ယူအားပေးသွားတာလေး ❤️❤️

အဝေးကနေ အထည်လေးတွေအမြဲ
အပ်ပေး ၊ အားပေးသော ညီမလေး
ဒီထက်မက လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေပြီး
တိုးတတ်အောင်မြင် ပါစေရှင့် 🙏🙏

သဘာဝတွင်းထွက် ရတနာများကို
ငွေသားစစ်စစ်နှင့် ခတ်ပေးထားတာဖြစ်လို့
ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်ရှင့် 🌸🌸

ရွှေထည် ငွေထည် များကို အထည်ရှင်များ
စိတ်တိုင်းကျ စေတနာအပြည့်နှင့် လက်ခံဆောင်ရွက်ပေးပါတယ်ရှင့် 🌸🌸

#လွင်ပန်းတိမ်

35 လမ်း 85 * 86 ကြား

0 9- 4 0 2 7 0 5 9 0 1

ရွှေထည် ငွေထည်များကို အနီး အဝေးယုံကြည်စွာ စိတ်တိုင်းကျ အပ်နှံလို့ရပါတယ်ရှင်❣❣🌸 ရွှေထည် များကိုလည်း ရွှေရည်ပိုင်းကို အပြည...
19/06/2024

ရွှေထည် ငွေထည်များကို အနီး အဝေး
ယုံကြည်စွာ စိတ်တိုင်းကျ
အပ်နှံလို့ရပါတယ်ရှင်❣❣

🌸 ရွှေထည် များကိုလည်း ရွှေရည်ပိုင်းကို
အပြည့်အဝ အာမခံမှုပေးပါတယ်ရှင်

🌸 ငွေထည်များကို ငွေစစ်စစ်ကို ကြေးမရောဘဲ
Quality အမြင့် Alloy နဲ့စပ်ထားတာဖြစ်ပြီး
အရောင်ပိုင်းကိုလည်း platinumရည် / ရွှေရည်/
pink gold အမြင့်လိုင်းကို သုံးပေးထားတာဖြစ်လို့
အရောင်လေးတွေကြာရှည်ခံပါတယ်ရှင်

🌸စိန်များကိုလည်း ပွင့်အားအကောင်းဆုံး ဖြစ်တဲ့
A 5K စိန်များကိုဘဲ သုံးပေးပါတယ်ရှင်

🌸အထည်များကို အမြဲယုံကြည်စွာ အပ်နံပေးသော
ထမင်းရှင် အထည်ရှင်များ အာလုံး ရောင်းပန်းဝယ်ပန်းလှလို့ စီးပွားရေးတွေလည်း ဆထက်တိုးပွား
အောင်မြင်ပါစေရှင့်🙏🙏🙏

#လွင်ပန်းတိမ်

35 လမ်း 85 *86 ကြား/ မန်းလေး

0 9- 4 0 2 7 0 5 9 0 1

Spinel လုံးချော ​ရင်ထိုး ဆွဲသီး🌷🌷ဘိုဆန်ဆန် ကာလာစပ် အဖျော့လေး ❣3 2  0 0 0 0 ks ❣🌷Silver  Jewelry 🌷2 colour coating 💟အရောင...
19/06/2024

Spinel လုံးချော ​ရင်ထိုး ဆွဲသီး🌷🌷

ဘိုဆန်ဆန် ကာလာစပ် အဖျော့လေး ❣

3 2 0 0 0 0 ks ❣

🌷Silver Jewelry
🌷2 colour coating

💟အရောင်း - 30%
💟 အလဲ - 20%

ငွေစစ်စစ်ကို ​ကြေးမရောဘဲ
Quality အမြင့် Alloy နဲ့စပ်ထားတာဖြစ်ပြီး
အရောင်းပိုင်းကို အကောင်းဆုံးကို
သုံးပေးထားတာဖြစ်လို့ အရောင်လေးတွေ
ကြာရှည် ခံပါတယ်ရှင်🌸🌸

ငွေထည်လေးတွေရဲ့အားသာချက်က
အကြမ်းခံပြီး အရောင်လေးပြန်တင်ပေးယုံနဲ့
အသစ်တိုင်း ပြန်ဖြစ်လို့ ရာသက်ပန်
ဝတ်လို့ရပါတယ်ရှင့်🌸🌸

#လွင်ပန်းတိမ်

35 လမ်း 85 * 86 ကြား

0 9 - 4 0 2 7 0 5 9 0 1

Natural White Sapphire 0.85 ct150000 Ks ▫️အရည်ပွင့်ပွင့်လှလှလေးပါရှင်▫️လက်စွပ်ဝတ်ချင်သူတွေအတွက် ကျောက်အဟန့်အနေတော်လေးပါရ...
19/06/2024

Natural White Sapphire

0.85 ct

150000 Ks

▫️အရည်ပွင့်ပွင့်လှလှလေးပါရှင်

▫️လက်စွပ်ဝတ်ချင်သူတွေအတွက် ကျောက်အဟန့်အနေတော်လေးပါရှင်

☎️ Phone - 09791817390
📨 Viber - 09791817390

Spinel (မိုးကုတ်သဘာဝအညံ့)3 P - 4.35ct160,000 Ks▫️အတွင်း Inclusion လေးတွေတော့ ပါပါတယ် ပွင့်အားနဲ့ ပျောက်ပါတယ်ရှင်▫️ Desig...
14/06/2024

Spinel (မိုးကုတ်သဘာဝအညံ့)

3 P - 4.35ct

160,000 Ks

▫️အတွင်း Inclusion လေးတွေတော့ ပါပါတယ် ပွင့်အားနဲ့ ပျောက်ပါတယ်ရှင်

▫️ Design ၃ မျိုးပါတာကြောင့် အထည်လှလှလေး ခတ်ချင်သူတွေအတွက် အဆင်ပြေပါတယ်ရှင်

▫️တစ်ပွင့် 1.50ct နီးပါးတွေရှင်

☎️ 09791817390
📨 09791817390

🔺 ပစ္စည်းလေးကို ရွှေထည် ငွေထည်ပြန်ခတ်ဝတ်
ချင်သူများအတွက်လဲ အဆင်ပြေအောင် ဆောင်ရွက် ပေးပါတယ်ရှင်

Address

Mandalay

Alerts

Be the first to know and let us send you an email when Shwe Eain Gold & Silver Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Eain Gold & Silver Jewellery:

Share