11/06/2026
ပုလဲအဆောင်၏ အကျိုးသက်ရောက်မှုများနှင့် စွမ်းပကားများ
စိတ်အေးချမ်းတည်ငြိမ်ခြင်း: ပုလဲသည် လမင်း (စန်းဂြိုဟ်) ကို ကိုယ်စားပြုသည့်အတွက် စိတ်တိုလွယ်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းတို့ကို လျော့ကျစေပြီး စိတ်နှလုံးကို အေးချမ်းစေပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။
ကျန်းမာရေးနှင့် အလှအပ: ပုလဲအဆောင်သည် ခန္ဓာကိုယ်တွင်းရှိ အရည်ဓာတ်များကို မျှတစေပြီး အသားအရေကို စိုပြေဝင်းပစေတယ်လို့ ယုံကြည်ကြပါတယ်။ နှလုံးနှင့် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုကြပါတယ်။
စီးပွားရေးနှင့် မျက်နှာပွင့်ခြင်း: ပုလဲကို ဆောင်ထားခြင်းဖြင့် လူချစ်လူခင်ပေါများခြင်း၊ စကားပြောဆိုရာတွင် အောင်မြင်ခြင်းနှင့် မိမိလုပ်ငန်းအပေါ် အများက ယုံကြည်ကြည်ညိုခြင်း စသည့် မျက်နှာပွင့်လောကီအကျိုးကျေးဇူးများကို ရရှိစေပါတယ်။
မိသားစုနှင့် အိမ်ထောင်ရေး သာယာခြင်း: အိမ်ထောင်ရေးတွင် နားလည်မှုလွဲမှားခြင်းများကို ပျောက်ကွယ်စေပြီး မေတ္တာမျှတကာ အေးချမ်းသာယာသော အိမ်ထောင်ရေးကို ပေးစွမ်းနိုင်ပါတယ်။ #ကျားကွင်း