28/10/2026
💚 ဗုဒ္ဓဟူးသားသမီးတွေ ဘာကြောင့်မြဆောင်သင့်တာလဲ? တခြားနေ့နံတွေရော မြဆောင်လို့ရလား?
မြ (𝐄𝐦𝐞𝐫𝐚𝐥𝐝) ဆိုတာ လှပပြီးအေးချမ်းတဲ့ ပြယုဒ်ကြောင့် လူကြိုက်များတဲ့ ကျောက်မျက်ရတနာတစ်မျိုးဖြစ်ပြီး ယုံကြည်မှုတွေအရလည်း အဓိပ္ပာယ်တွေပြည့်ဝနေတဲ့ ကျောက်တစ်မျိုးပါ။
💚 ဗုဒ္ဓဟူးသားသမီးတွေ ဘာကြောင့် မြဆောင်ကြတာလဲ?
ဗုဒ္ဓဟူးနေ့ကို 𝐌𝐞𝐫𝐜𝐮𝐫𝐲 ဂြိုဟ်နဲ့ ဆက်စပ်သတ်မှတ်ကြပြီး မြ (𝐄𝐦𝐞𝐫𝐚𝐥𝐝) ကိုလည်း 𝐌𝐞𝐫𝐜𝐮𝐫𝐲 နဲ့ ဆက်စပ်တဲ့ ကျောက်မျက်အဖြစ် ယုံကြည်ကြပါတယ်။
ဒါကြောင့် ဗုဒ္ဓဟူးသားသမီးတွေအတွက် မြဆောင်ခြင်းကို ကံကောင်းခြင်း၊ ဉာဏ်ပညာကြွယ်ဝခြင်းတို့ကို ကိုယ်စားပြုတဲ့ အရာတစ်ခုအဖြစ် ယူဆကြပါတယ်။
💚 တခြားနေ့မွေးသူတွေရော မြဆောင်လို့ရလား?
ရပါတယ်။ မြဟာ ဗုဒ္ဓဟူးသားသမီးတွေအတွက်သာ သီးသန့်ဖြစ်တဲ့ ကျောက်မျက်မဟုတ်ပါဘူး။
ကိုယ့်ရဲ့အကြိုက်၊ ဝတ်ဆင်လိုတဲ့ ဒီဇိုင်းနဲ့ အရောင်ကိုက်ညီမှုအပေါ် မူတည်ပြီး ဘယ်နေ့မွေးသူမဆို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
မြရဲ့သဘောကိုက အေးချမ်းပြီး အကြည်ဓာတ်ဆောင်တာမို့လို့ နေ့နံကိုက်ရင် အကျိုးထူးပြီး တခြားနေ့နံတွေဝတ်မယ်ဆိုရင်လည်း တည်ငြိမ်အေးချမ်းတဲ့ အသွင်ကိုပေးစွမ်းစေပါတယ်နော် 🤗.............................
"Myat Pan Thazin Diamonds & Jewellery"
🏢 A - 313 , 3 လွှာ , Times City , Jewellery Mall, ကျွန်းတောလမ်း, ကမာရွတ်မြို့နယ်, ရန်ကုန်မြို့။
⏱️ ဆိုင်ဖွင့်ချိန် - မနက် 10 နာရီခွဲမှ ညနေ 4 နာရီ
( Monday တိုင်း ဆိုင်ပိတ်ပါသည် )
☎️ 09 890006320
☎️ 09 890006321
☎️ 09 880004932
☎️ 09 401213896
#မြအကြောင်း