12/06/2026
ကျောက်စိမ်းဝယ်ရင် အားလုံး သတိထားရအောင်လို့ ဒီပိုစ့်တင်ပေးလိုက်တာပါ။
ခုတလော social media ပေါ်မှာ ကျောက်စိမ်းတွေကို ပိုစ့်တင်ရောင်းလာတာ များလာပါတယ်။ဝယ်ယူသူ အနေနဲ့ အဓိက သတိထားရမှာ ကိုယ်ဝတ်ချင်တာ “မြန်မာ့ သဘာဝတွင်းထွက် ကျောက်စိမ်း အစစ်”ကို ဝတ်ချင်တာလား၊ ဒါမှ မဟုတ်ရင် သဘာဝတွင်းထွက် ကျောက်စိမ်း အစစ်ဖြစ်ရင် ပြီးရောလား ဆိုတာပဲ။
Social media ပေါ်မှာ တင်ထားတဲ့ ကျောက်စိမ်းတော်တော်များများရဲ့ အရည်အသွေးနဲ့ အဲ့ဒီကျောက်စိမ်းကို ရောင်းနေတဲ့ ဈေးနှုန်းကို ကြည့်လိုက်တာနဲ့ “ဂွါတီမာလာ ထွက်ရပ်က ကျောက်စိမ်း”တွေဆိုတာ သိသာပါတယ်။ (ဒီနေရာမှာ မြန်မာ့ကျောက်စိမ်းတွင်းထွက် ကို ရောင်းနေတဲ့ သူတွေကို မဆိုလိုပါ။ )
Certificate ထုတ်ပေးတယ်။ A jade လို့ပြောတယ် ဆိုတဲ့ အဓိပ္ပာယ်က ကျောက်က ကျောက်စိမ်း အစစ်ဖြစ်တယ်လို့ဆိုတာပါ။ မြန့်မာ့ကျောက်စိမ်းလို့ မဆိုလိုပါဘူး။ ထွက်ရပ်မတူတာပါ။ ထွက်ရပ်မတူတော့ ဘာဖြစ်လဲ။ကွာလတီ ကွာတယ်။ ဈေးကွာပါတယ်။ ပြောရရင် မိုးကုတ်ပတ္တမြား နဲ့ မိုဇမ်ဘစ် ပတ္တမြား ကွာလတီရော ဈေးပါကွာသလိုပဲ ကွာတာပါ။
ဝယ်ယူသူတွေ အနေနဲ့ ကိုယ်ဝယ်တဲ့ ကျောက်စိမ်းအကြောင်း ရှင်းရှင်းလင်းလင်း သိထားရအောင် မျှဝေပေးတာပဲ ဖြစ်ပါတယ်။
အားလုံးပဲ အရောင်းအဝယ် မှန်ကန်ကြပါစေ။
ʏᴏᴜʀ ᴊᴏᴜʀɴᴇʏ ɪɴᴛᴏ ᴊᴇᴡᴇʟꜱ ꜱᴛᴀʀᴛꜱ ʜᴇʀᴇ.
𝗛𝗼𝘀𝗵𝗶 #ကျောက် #ကျောက်စိမ်း #ကျောက်စိမ်းဈေးကွက်