Honey's Little Home

Honey's Little Home မဂ်လာပါရှင့် ဟမ်းစတားနှင့်ဆက်စပ်ပစ္စည်းလေးများ ဝယ်ယူနိုင်ပါတယ်ရှင် 🍀🏡
(1)

15/01/2025

အတော်ဖြစ် 🤌

ဟမ်းစတား***
15/01/2025

ဟမ်းစတား***

ကြောင်တွေ ခွေးတွေ စမွေးဖို့ လုပ်ပြီဆိုကထဲက တခါထဲ စဉ်းစား
ငါ ဒီတစ်သက် ယောင်္ကျား မိန်းမ မယူတော့ဘူးလား ကလေး မယူတော့ဘူးလား .. ယူရင်လဲ လူကလေးတွေနဲ့ ဒီ ကလေးတွေ ( တိလေးတွေ) တန်းတူ ထားချစ်နိုင်လား .. လူကလေးမွေးမှ သူများ ပေးပစ်မှာလား ဆိုတာ..
👉🏻ဘယ့်နှယ် သမီးရည်းစား လက်ဆောင်ပေးကြတယ် .. ပြတ်သွားလို့ မမွေးချင်လို့ လျောက်ပေးပစ်တယ် ..
🙄တိလေးတွေက လက်ဆောင်ပေးရအောင် ကုန်ပစ္စည်း မဟုတ်ဘူး အသက်ကလေးနဲ့
👉🏻 FB မှာ တင်ချင်တာ ကြွယ်ချင်တာနဲ့ ကလေးတွေ လျောက် အလကားတောင်း ပေါပေါပဲပဲတွေဝယ်နဲ့ .. တကယ်လဲ ကောင်းကောင်းမထား ရောဂါဖြစ်တော့ ဆေးမကု လျောက်ပစ်နဲ့
🙄ကြွားချင်ရုံ ပေါ်ပင်လုပ်ရုံတစ်ခုအတွက်နဲ့ တိကလေးတွေ မွေးဖို့ စိတ်မကူးနဲ့
👉🏻ကြောင်လေးမဝယ်နိုင်လို့ အလကားပေးပါလားတဲ့ တောင်းရက်တယ်
🙄ကြောင်ဖိုးထက် အဲကြောင်လေးကို တစ်သက်တာ တာဝန်ယူရတဲံ စရိတ်က အဆပေါင်းများစွာပိုတာ သူတို့မသိ
👉🏻လူကလေး ဆော့ဖို့ အပျင်းပြေဖို့ တစ်ကောင်မွေးတယ်.. လူ ကလေးကို ကုတ်မိ ခြစ်မိ ကိုက်မိတော့ သူများ ပေးပစ်တယ်
🙄ကို့သားသမီး အပျင်းပြေဖို့ ဝယ်တယ် ကို့သားသမီးထိတော့ သူများသားသမီး ဖြစ်ကတဲ့ဆန်း ပေးပစ်တယ်
👉🏻 အိမ်ထောင်ပြု ဗိုက်ကြီးတော့ လူကလေး ဘာဖြစ်မှာ ညာဖြစ်မှာ ရောဂါ ဖြစ်မှာဆိုးတာနဲ့ သူများပေးချင်တယ် ..
နဂို တိလေးတွေကို စမွေးထဲက သားသမီးလို ကာကွယ်ဆေးအစုံနဲ့ သန့်နေအောင်ထားရင် လူကလေးနဲ့ ကြောင် တူတူထားလဲ ဘာမှ မဖြစ်ဘူး.. တူတူထားနေတဲ့သူတွေလဲ တပုံကြီး လူကလေး ရောဂါဖြစ်ရင် အိမ်မှာ နဂိုထဲက မသန့်လို့မှတ်
👉🏻ကြောင်လေး ကြွက်ခုတ်ဖို့ ပေးပါလားတဲ့ ၊ ဒီလောက် ဝအောင်ကျွေးနေတာ ကြွက်ဘယ်ခုတ်ပ့ါမလဲတဲ့
🙄ကြွက်ခုတ်ဖို့ ကြောင်မွေးထားတာမှ မဟုတ်တာ
👉🏻ရှိသေးရင် အိမ်ပြောင်းတော့ ခေါ်မရလို့ ထားခဲ့တာတဲ့ လူတွေအိမ်ပြောင်းတာ ခုဆုံးဖြတ်ချက်ချ အခုပြောင်း လုပ်လို့လား
🙄ပြောင်းမဲ့ ရက်မတိုင်ခင် ၂ ရက်လောက် ကြောင်ကို အပြင်ပေးမထွက်နဲ့ပေ့ါ လှောင်အိမ်ထဲ ထားပေ့ါ
တကယ် ချစ်တဲ့သူတွေ မြို့တွင်းအိမ်ပြောင်းတာမပြောနဲ့ နိုင်ငံခြားထိပါ ခေါ်သွားကြတာ
👉🏻ခေါ်သွားတဲ့သူတွေက ချမ်းသာတာကို မပြောနဲ့ တစ်ချို့က လူမချမ်းသာပေမဲ့ မေတ္တာချမ်းသာတယ်.. မရှိ ရှိတာနဲ့ သလို စီမံပြီး ခေါ်သွားတဲ့ သူတွေ ရှိတယ်
🚨ကြောင်ဖြစ်ဖြစ်ခွေးဖြစ်ဖြစ် မွေးမယ်ဆို တစ်ဘဝလုံး သက်တန်းစေ့ တာဝန်ယူနိုင်မှ မွေးဖို့စဉ်းစား၊ နေမကောင်းရင် ကုပေးနိုင်မလား ၊ ပြုစု ပေးနိုင်ပ့ါမလား .. မွေးပြီးရင်လဲ သားထိန်းဖို့ ဦးနှောက်လေးသုံး စဉ်းစား 🧠
🚨ဝဠ်လည်မှာဆိုးလို့ ဆိုပြီး သားမထိန်း အကောင်ရေပွါးလာမှ ဟိုလူပေး ဂေဟာပေး ဘုန်းကြီးကျောင်းပို့နဲ့ .. ဒါကြ ဝဠ်မလည်ဘူး သူတို့ကို ဘယ်သူပြောလဲ မသိဘူး
လူတွေရော အိမ်ထောင်ပြုပြီးရင် သားမထိန်းဘူးလား တပြွတ်ပြွတ်မွေးလား ကိုလုပ်တာကြ ဝဠ်ဆိုတာ မကြောက်တော့ဘူးတဲ့ ..
အခုကာလထဲမှာ ကိုယ်နိုင်တဲ့ဝန် ကိုထမ်းတာပဲကောင်းတယ် .. ပေါ်ပင်တွေမလုပ်ကြနဲ့

Silver Grey Silver Greyနဲ့ Rosieကနေစလိုက်တဲ့ကာလာလိုင်း။အခု Silver Beigeကွယ် 😜
15/01/2025

Silver Grey Silver Greyနဲ့ Rosieကနေစလိုက်တဲ့ကာလာလိုင်း။အခု Silver Beigeကွယ် 😜

15/01/2025

မွေးပြီးရန်ဖြစ်ရမယ်အဲ့လို 😂

15/01/2025

နက်ဖြန်နဲ့သန်ဘက်ခါ 16/17ရက်နေ့ ဆိုင်လေးပိတ်ပါမယ်ရှင်။Walk-Inသီးသန့်ပိတ်မှာပါ Online orderလေးတွေလက်ခံပါတယ်ရှင်

ကျမမုန့်ထည့်ရောင်းတဲ့ဘူးလေးတွေရောင်းလားဆိုတာနဲ့ရောင်းပေးလိုက်တယ်ကွယ်။ဝယ်သူမုန့်ထည့်ထားတာလေးကြည့်ကြဦး Time tableနဲ့😂💙
15/01/2025

ကျမမုန့်ထည့်ရောင်းတဲ့ဘူးလေးတွေရောင်းလားဆိုတာနဲ့ရောင်းပေးလိုက်တယ်ကွယ်။ဝယ်သူမုန့်ထည့်ထားတာလေးကြည့်ကြဦး Time tableနဲ့😂💙

အထွေးဆုံးအထွေးဆုံး
15/01/2025

အထွေးဆုံးအထွေးဆုံး

💙
15/01/2025

💙

တချိန်တုန်းက Browny

တူးဒီဝါသနာရှင်တွေရှိပါက ဒီပေ့တွင်မ.ထွက်.ဂ.ဏ.န်:ဝင်ရောက်လေ့နိုင်ပါသည်။
15/01/2025

တူးဒီဝါသနာရှင်တွေရှိပါက ဒီပေ့တွင်မ.ထွ
က်.ဂ.ဏ.န်:ဝင်ရောက်လေ့နိုင်ပါသည်။

လူတွေ၊သခင်တွေအတွက်ပစ္စည်းတစ်ခုထုတ်ထားပါတယ်။ဘာလို့ထင်ကြလဲ...မှန်းကြည့်ပါလား ထွက်တာကတော့နောက်လလောက်မှဖြစ်မယ်ပေါ့။ ပထမဆုံးမ...
14/01/2025

လူတွေ၊သခင်တွေအတွက်ပစ္စည်းတစ်ခုထုတ်ထားပါတယ်။ဘာလို့ထင်ကြလဲ...မှန်းကြည့်ပါလား ထွက်တာကတော့နောက်လလောက်မှဖြစ်မယ်ပေါ့။

ပထမဆုံးမှန်သူ ၅ယောက် တစ်ယောက်၅ထောင်စီပေးမယ်ဟေ့
တစ်ယောက်မန့်တစ်ခုပဲနော်။

14/01/2025

နိုင်ငံ​ခြားက တကယ်ကောင်းပါပေ့ဆိုပြီးထားမွေးနေကြတဲ့သူတွေရဲ့Videoတွေမှာ Hamsterကို အားဆေးပါဆိုပြီးအထူးတလည်ကျွေးနေကြတာမြင်ဖူးလား...မရှိဘူးနော်လုံးဝကို။ဘာကြောင့်သူတို့မကျွေးကြတာလဲ...အစက်ချတိုက်ရတဲ့ဆေးဘာညာတွေကိုမတိုက်ကြတာလဲ...

သူတို့တွေဟာမလိုအပ်ပဲ
- Nutritionဆိုတာကိုလဲမကျွေးပါဘူး။
- Vitaminဆိုတာလဲအထူးတလည်မတိုက်ပါဘူး။
- တခြားသော Brandပေါင်းများစွာကနေထုတ်တဲ့Drops (အစက်ချဆေး၊ရေထဲထည့်တိုက်တဲ့ဆေး)
တွေကိုလဲ မလိုအပ်ပဲမတိုက်ပါဘူး။

အဲ့ဒါတွေကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတာဟာ အာရှမှာပဲရှိတာပါ။ဘာကြောင့်ကျယ်ပြန့်နေကြတာလဲမေးရင်တော့ အလွယ်တကူရနိုင်နေတဲ့ Hamsterအစာအများစုဟာ Nutritionမပြည့်မီကြလို့ပါပဲ၊ပေါပေါသောသောသားဖော"က်နေတာကိုခံနေကြရလို့ပါပဲ။ဟုတ်ပါတယ် ...အလွယ်တကူရနိုင်တဲ့အခြေခံအစာလို့ရှာမေးလိုက်တာနဲ့ ရနိုင်မယ့်အစာတွေဟာ Jတို့Bတို့Buတို့ပါပဲ။တချို့ဆိုနေကြာစေ့တို့ဘာတို့ကိုအခြေခံအစာအနေနဲ့တောင်ကျွေးနေကြပါသေးတယ်။ဆိုင်လာပြီး ညီမဟမ်းစတားကထမင်းနဲ့ဟင်းပဲစားတာလို့တောင်ဆိုဖူးသူရှိပါတယ်။

ဆိုတော့ ဟမ်းစတားတွေကိုအလွယ်တကူသားဖော"က်ခံနေရလို့ကလေးတွေသက်တမ်းမရှည်ကြဘူး ချူခြာကြတယ်ဆိုမှနေကြာနဲ့ Artificial color & smellတွေ ဒါတွေပါတဲ့အစာတွေကိုလွယ်လင့်တကူရနိုင်နေပြီးစားနေကြရတဲ့ကလေးတွေရဲ့ကျန်းမာရေး၊သက်ရှည်စွာနေထိုင်နိုင်မှူဒါတွေဟာ ဘယ်လိုမှအကောင်းဘက်ကိိုမသွားနိုင်ပါဘူး။အဲ့အတွက်ကြောင့် ဖြစ်လာရင်ကယ်ပေါက်က ဒါပါပဲ။ဘာဖြစ်တာလဲ ရော့ဒါတိုက် ရော့ဒါပါးစပ်ထဲထည့် ေရထဲထည့် စျေးပေါတယ် ဒါမျိုးတွေပါ။ဒါတွေတိုက်နေပြီး ထားတာကျွေးတာတွေက အဆင်မပြေရင်ကလေးသက်သာလဲခနပဲလို့ဟိုးအရင်ကပြောပြခဲ့ဖူးပါတယ်။

ဒါဆိုသူတို့ဘယ်လိုများကျန်းမာရေးကိုထိန်းကြလဲ...သူတို့မွေးနေကြတဲ့ဟမ်းစတားလေးတွေကရော
မျိုးကောင်းလေးတွေပဲလား။မျိုးကောင်းရိုးကောင်းမဖြစ်နိုင်ရင်တောင် ဒီမှာလောက်၊တခြားအာရှနိုင်ငံတွေမှာလောက်ပေါ်ပေါ်တင်တင်ပေါပေါသောသောမဖြစ်ကြပါဘူး။သူတို့ဆီမှာ တိတွေနဲ့ပက်သက်လို့ Law & Policyကြီးစိုးကြပါတယ်။Pet martမှာကလေးတွေအဆင်မပြေစွာထားရောင်းရင် reportတွေတင်လို့ရပြီး ကျယ်ပြန့်စွာဝန်းရံပေးကြပါတယ်။ဒီမှာလိုအပြွတ်လိုက်မပြောပါနဲ့ တစ်ကောင်တည်းတောင်အရုပ်လိုဆက်ဆံခံနေရရင် ဝိုင်းပြောကြတာပါ။

ဘာနဲ့ထိန်းလဲ...
- အစာနဲ့ထိန်းကြပါတယ်။
အစာသည်သာသူတို့ရဲ့အဓိကပါပဲ Seeds Mixသည်အဓိကပါ( ဒီမှာအစေ့အစံ၊အစာခြောက်လို့ခေါ်ကြတဲ့အရာပါ )။ပါဝင်ပစ္စည်းများလေကောင်းလေဆိုသည့်တိုင်အောင် ဟမ်းစတားတစ်ကောင်ရဲ့လိုအပ်တဲ့အာဟာရအချိုးအဆမရနေဘူးဆိုရင်လဲအဲ့အစာကိုကောင်းတယ်မဆိုနိုင်ပါဘူး။

နောက်တမျိုးHerbတွေနဲ့ထိန်းပါတယ်။
နေ့စဥ်အဓိကအစာထဲဟင်းသီးဟင်းရွက်ကျွေးကြတယ် မုန့်အနေနဲ့ဆိုလဲHomemadeအသန့်​လေးတွေလုပ်ကျွေးကြတယ် ဒီလောက်ပါပဲ။ပြောပြောနေကြတဲ့Vitamin Cဆိုတာဟာ အစိမ်းရောင်အသီးအရွက်ကိုစားခြင်းအားဖြင့်ရနိုင်ပါတယ်။ဆေးဘက်ဝင်Herbတွေစားသုံးခြင်းအားဖြင့်ကျန်းမာရေးကိုအများကြီးအထောက်အကူပြုကြပါတယ်။ဥပမာ လူတွေဆိုရင် ဘာအရွက်ဘာပန်းခြောက်နဲ့လုပ်ထားတဲ့Tea Bagလေးတွေရေနွေးနဲ့သောက်သုံးခြင်းဖြင့် ဘယ်လိုeffectရနိုင်တယ်ဆိုတာမျိုးပါ။ဒါကလဲ Herbပါပဲ။

ဒါဆိုရင် အမအပါအဝင်ရောင်းနေကြတဲ့ Nutritionဘာညာဆိုတာမျိုးကလုံးဝမသုံးသင့်တဲ့အရာလား...

မဟုတ်ပါဘူး မသုံးလဲရသလို သုံးလဲရပါတယ်။ပါဝင်ပစ္စည်းတွေသည် အစေ့အစံတွေကိုရောကြိတ်ထားပြီး Pallet( အစာအတုံးများ )ကိုမထုတ်ခင်အနေအထားအမှူန့်တွေကိုရေဖျော်တိုက်ရတဲ့Type / အနှစ်Type ဒီလိုမျိုးကွာသွားကြတာပါ။သူတို့ကဒါတွေကိုမရွေးပဲ အစာအကောင်းကိုပဲရွေးကျွေးကြတာပါပဲ။ကိုယ်ကအစာကောင်းတာကျွေးရင် ဒါမျိုးကိုပယ်လိုက်လို့လဲရပါတယ်။

ဒါဆိုဒီမှာလာပါပြီ Drops ( အစက်ချတိုက်တဲ့ဆေးအရည်တွေ )
ကလေးတွေပါးစပ်ထဲလိုအပ်လို့တိုက်ရတာမျိုးကလွဲလို့ ကာလာတွေအဝါအနီအညိုအမျိုးမျိုးထုတ်နေကြတဲ့ ညွှန်ကြားချက်မပါ၊ပါဝင်ပစ္စည်းမပါတဲ့Dropsတွေကိုနေ့စဥ်၊အပတ်စဥ်သုံးစွဲပေးလို့မကောင်းတဲ့အရာပါပဲ။ကျမအရင်ကDropsနဲ့ပက်သက်ရင် Yeeနဲ့ Suikoရောင်းခဲ့ဖူးပါတယ်။သူတို့ကရေထဲထည့်တိုက်လို့ရတယ်ရေးထားတဲ့တိုင်အောင်ကျမဝယ်သူတွေကိုမတိုက်ခိုင်းပါဘူး နေ့စဥ်ရတယ်ရေးထားတဲ့တိုင်အောင် နေ့စဥ်မတိုက်ခိုင်းပါဘူး။

ဒါဆိုရင်တော့ အတော်လေးလဲရှည်ပြီးပြည့်စုံပြီလို့လဲထင်ပါတယ်။နောက်ရက်အချိန်ပေးပြီးဘယ်လိုအမျိုးအစားHerbတွေကိုကျွေးလို့ရတယ်နဲ့ ဘာအကျိုးအာနိသင်ရှိနိုင်တယ်ဆိုတာမျိုးကိုရေးပါဦးမယ် ဒီစာထဲလဲလိုတယ်ထင်ရင်ထပ်ဖြည့်သွားပါမယ်။

Herbလေးတွေလဲကိုယ်တိုင်ထုတ်ဖို့tryနေပါတယ်ဆိုတာပြောရင်း ...အထောက်အကူပြုမယ်လို့မျှော်လင့်ရင်း... အားလုံးပဲတာ့တာပါ။

Honey

လက်ကားယူတဲ့ဆိုင်လေးတစ်ဆိုင်တိုးပါတယ်။အစာဖြစ်ပြီးရော တွေ့ရာကောက်ထည့် ရရာရောပြွမ်းပြီးထုတ်ထားတဲ့အစာမဟုတ်တဲ့အတွက်ကြောင့် ပြ...
14/01/2025

လက်ကားယူတဲ့ဆိုင်လေးတစ်ဆိုင်တိုးပါတယ်။

အစာဖြစ်ပြီးရော တွေ့ရာကောက်ထည့် ရရာရောပြွမ်းပြီးထုတ်ထားတဲ့အစာမဟုတ်တဲ့အတွက်ကြောင့် ပြန်ယူရောင်းသူတွေလဲမျက်နှာမပျက်စေရဘူးစိတ်ချပါရှင်။Instructionsကိုသေချာစာလိုမဟုတ်ပဲရေးထားပေးတာကြောင့် ဖတ်ကြည့်ဖို့လဲတိုက်တွန်းပါရစေ 🍀

ကောင်းတယ်ကြိုက်တယ်ဆိုလူသတင်းဆောင်လို့မျှဝေပေးပါ။ဝေဖန်အကြံပြုချင်တာတွေရှိရင်လဲအချိန်မရွေးကြိုဆိုပါတယ်ရှင် 🍀

အကွက်တွေအကွက်တွေ
14/01/2025

အကွက်တွေအကွက်တွေ

14/01/2025

၁၈ရက်သား Honey Tortမိန်းကလေး 🥰

14/01/2025

ခွေးကလေးလေးတစ်ကောင် အရေးပေါ်သွေးသွင်းဖို့လိုအပ်နေလို့ပါခင်ဗျာ

သွေးအားက -16% ရှိပါတယ်

အဆင်ပြေမယ်ဆိုရင် ကလေးလေးအသက်ကယ်နိုင်ဖို့ သွေးလှူပေးစေချင်ပါတယ်ဗျ🙏🙏

သွေးလှူပေးမည့် ကလေးအနေဖြင့်

အသက် ၁ နှစ်မှ ၇ နှစ်အတွင်း

ကျန်းမာရေးကောင်းမွန်ပြီး ၂၅kg အထက်ရှိရပါမယ်။

(အကောင်နဲနဲကြီးတာမို့ ၃၀ ကီလိုအထက်ကလေးတွေဆိုပိုအဆင်ပြေပါမယ်ခင်ဗျ)

ပုံမှန်ကာကွယ်ဆေးထိုးနှံထားပြီး နှလုံးသန်ချဆေးပုံမှန်တိုက်ထားတဲ့ ကလေးလေး

ဖြစ်ရပါမယ်ဗျ။

အကယ်၍ သွေးလှူပေးနိုင်မည်ဆိုပါက

Ph - 09892638833
☎️Ph- 09797225802

သို့ဆက်သွယ် လှူဒါန်းနိုင်ပါတယ်ဗျ....

ိရစ္ဆာန်အထွေထွေရောဂါကုဆေးခန်း

သူများတွေအမ်းနေပြီ လာမယ်လာမယ်လာမယ်
14/01/2025

သူများတွေအမ်းနေပြီ
လာမယ်လာမယ်လာမယ်

13/01/2025

ယူတို့ရေ
နက်ဖြန်ဆိုင်လာမယ်ပြောထားကြသူများ နက်ဖြန်လာရင် 09971142571/09962655235 အဲ့ဖုန်းတွေကိုဆက်ပါရှင်။အခုထိမအိပ်သေးတာမို့နက်ဖြန်နေ့လည်ပိုင်းလောက်မှနိုးနိုင်လို့ပါ စာပြန်တွေလဲနိုးတာနဲ့ပြန်ပြောပေးပါမယ်။

ဂွတ်မောနင်းပါရှင် အားလုံးပဲ

Address

Thu Kha 58th Street , Building No. 3 Ground Floor
Hlaing
11051,11052

Telephone

+959974063901

Website

Alerts

Be the first to know and let us send you an email when Honey's Little Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Honey's Little Home:

Videos

Shortcuts

Share