Htet Myat Yadana Co.,Ltd.

Call Directions

Htet Myat Yadana Co.,Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Myat Yadana Co.,Ltd., Jewellery wholesaler, Dagon.

ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 အနေနဲ့ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် စဥ်ဆက်မပြတ်တိုးတက်စေရန်အတွက် ၁၇.၁၀.၂၀၂၆ ...
17/10/2026

ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 အနေနဲ့ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် စဥ်ဆက်မပြတ်တိုးတက်စေရန်အတွက် ၁၇.၁၀.၂၀၂၆ (စနေနေ့)တွင် 𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ပေးခဲ့သော ပုံရိပ်လေးများကို မျှဝေလိုက်ပါတယ်ခင်ဗျာ။

#ထက်မြတ်ရတနာ

𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 ၏ သီတင်းကျွတ် ဂါရဝပြု ကန်တော့ခြင်း၊ 𝗛𝗠𝗬များရဲ့ September, Octoberမွေးနေ့များ ကျင်းပခြင်းနှင့် ...
10/10/2026

𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 ၏ သီတင်းကျွတ် ဂါရဝပြု ကန်တော့ခြင်း၊ 𝗛𝗠𝗬များရဲ့ September, Octoberမွေးနေ့များ ကျင်းပခြင်းနှင့် ဝန်ထမ်းစုံညီအစည်းအ​ဝေး အစီအစဥ်များကို ၁၀.၁၀.၂၀၂၆ စနေနေ့မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်ခင်ဗျာ။

🙏 သီတင်းကျွတ် ဂရဝပြု ကန်တော့ခြင်း 🙏
သီတင်းကျွတ်ကာလမှာ မိမိတို့အပေါ် စောင့်ရှောက် ဆုံးမလမ်းညွှန်ပေးကြသော ကုမ္ပဏီမှ ဦးဆောင်သူ လူကြီးသူမများနှင့်တကွ လုပ်ငန်းခွင်မှ ရာထူးအသီးသီးရှိ အသက်အရွယ် ကြီးသူများကိုပါ ရိုသေလေးစားစွာ ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။ ထို့​နောက် HMY တို့အတွက် သီတင်းကျွတ်မုန့်ဖိုးများ​ ပေးကြတဲ့အခါ ​ပျော်ရွှင်ခဲ့ကြရပါတယ်။

🎂 𝗛𝗠𝗬များရဲ့ မွေးနေ့များ ကျင်းပခြင်း 🎂
September နှင့် October လများမှာ မွေးနေ့ကျရောက်သော 𝗛𝗠𝗬'𝘀 များအတွက် မွေးနေ့ ဆု​တောင်းခြင်း၊ ကိတ်ခွဲခြင်း၊ လက်​ဆောင်​ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

📋 ဝန်ထမ်းစုံညီ အစည်းအဝေး 📋
ဝန်ထမ်းများစုံညီ တက်ရောက်သော အစည်းအဝေးကိုလည်း ကျင်းပခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ဆွေး​နွေး​ ပြောပြခဲ့ကြပါတယ်။

🍜☕️ အစီအစဥ် အဆုံးသတ်မှာတော့ 𝗛𝗠𝗬'𝘀 များကို မနက်စာ အသုပ်စုံ၊ ကော်ဖီနှင့် မုန့်အချိုများ တည်ခင်းကျွေးမွေးပြီး ​ပျော်ရွှင်စရာ ​နေ့​ရက်လေး ဖြစ်ခဲ့ပါတယ် ခင်ဗျာ။ 💛✨🥰

#ထက်မြတ်ရတနာ

အောက်တိုဘာ (၁၀) ရက်နေ့တွင် ကျရောက်သည့် 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) မှာ ကိုယ်တိုင်အတွက်​ရော ချစ်ရသူ...
10/10/2026

အောက်တိုဘာ (၁၀) ရက်နေ့တွင် ကျရောက်သည့် 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) မှာ ကိုယ်တိုင်အတွက်​ရော ချစ်ရသူ​တွေအတွက်ပါ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိရလိုက်ကြရအောင်။

ကျွန်မတို့အပါအဝင် လူအများစုဟာ အလုပ်တွေ၊ တာဝန်တွေကြားမှာ စိတ်​ကျန်းမာ​ရေးကို မေ့ထားမိတတ်ပါတယ်။ တခါတရံတော့ ​နေ့စဥ်ဘဝ တာဝန်​တွေကို ခဏ​လောက် ရပ်နားပြီး —
🌿 ကိုယ်နှစ်သက်ဝါသနာပါတဲ့ အရာလေး​တွေ လုပ်လိုက်ပါ
💚 ချစ်ရသူတွေနဲ့ အချိန်ဖြုန်းလိုက်ပါ
✨ ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေး ​တစ်ခုခု ဝယ်လိုက်ပါ

စိတ်ချမ်းသာမှ ကိုယ်ကျန်းမာပြီး ​ဘဝ​တွေလည်း အဆင်​ပြေလှပလာမှာပါ။

#ထက်မြတ်ရတနာ


#ကမ္ဘာ့စိတ်ကျန်းမာရေးနေ့

အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်သည့် 𝐖𝐨𝐫𝐥𝐝 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬' 𝐃𝐚𝐲 (ကမ္ဘာ့ဆရာများနေ့) တွင် ပညာရတနာများကို မျှဝေပေးကြသော ဆရာ၊ ဆရာမ...
05/10/2026

အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်သည့် 𝐖𝐨𝐫𝐥𝐝 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬' 𝐃𝐚𝐲 (ကမ္ဘာ့ဆရာများနေ့) တွင် ပညာရတနာများကို မျှဝေပေးကြသော ဆရာ၊ ဆရာမများ အားလုံးကို ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 မှ လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

စာတစ်လုံး၊ အက္ခရာတစ်လုံးမှစ၍ အသိအညာ အတတ်ပညာများကို သင်ကြားပေးခဲ့တဲ့ ဆရာတို့ရဲ့ ကျေးဇူးဟာ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ "ဆရာတစ်ဦးရဲ့ စေတနာဟာ ဘဝတစ်ခုလုံးကို တောက်ပစေတဲ့ ရတနာပါ" 📚✨

ဒီနေ့မှာ သင့်ဘဝကို ပြောင်းလဲပေးခဲ့တဲ့ ဆရာ၊ ဆရာမ​တွေကို ကျေးဇူးတင်စကားလေး ပြောပေးလိုက်ပါဦး​နော်..

#ထက်မြတ်ရတနာ



#ကမ္ဘာ့ဆရာများနေ့

အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐎𝐥𝐝𝐞𝐫 𝐏𝐞𝐫𝐬𝐨𝐧𝐬 (အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့) တွင် သ...
01/10/2026

အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐎𝐥𝐝𝐞𝐫 𝐏𝐞𝐫𝐬𝐨𝐧𝐬 (အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့) တွင် သက်ကြီးရွယ်အိုများအားလုံးကို ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 မှ လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

မြန်မာ့ယဥ်​ကျေးမှုအရ သက်ကြီးရွယ်အိုများကို ရို​သေခြင်းဟာ မွန်မြတ်တဲ့ ဓ​လေ့တစ်ခုပါ။ သူတို့ရဲ့ ဘဝအတွေ့အကြုံနဲ့ ပညာဉာဏ်တွေဟာ ရတနာကဲ့သို့ တန်ဖိုးကြီးမားလှပါတယ်။

ဒီနေ့မှာ —
👴👵 အ​ဝေး​ရောက် မိဘ၊ အဘိုးအဘွားများကို ဖုန်းဆက်ပြီး နှုတ်ဆက်လိုက်ပါ
👴👵 အနီးမှာရှိရင် သူတို့နဲ့အတူ အချိန်ပေးပြီး စကားပြောလိုက်ပါ
💛🤍 ချစ်ခင်​ကြောင်းပြသရင်း ကျေးဇူးတင်စကားလေး​တွေလည်း ပြောပေးလိုက်ပါ

#ထက်မြတ်ရတနာ
#အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့

ခရီးသွားခြင်းက အမှတ်တရတွေကို ဖန်တီးပေးရုံတင်မကဘဲ စိတ်ဓာတ်ကိုပါ သစ်လွင်လန်းဆန်းစေပါတယ်" ✈️🌍ဒီနေ့ စက်တင်ဘာ ၂၇ ရက် မှာ ကျရေ...
27/09/2026

ခရီးသွားခြင်းက အမှတ်တရတွေကို ဖန်တီးပေးရုံတင်မကဘဲ စိတ်ဓာတ်ကိုပါ သစ်လွင်လန်းဆန်းစေပါတယ်" ✈️🌍
ဒီနေ့ စက်တင်ဘာ ၂၇ ရက် မှာ ကျရောက်တဲ့ World Tourism Day (ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့) မှာ ခရီးသွားမြတ်နိုးသူတိုင်းကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ခရီးတစ်ခုထွက်လိုက်တိုင်း —
🗺️ ယဉ်ကျေးမှုအသစ်၊ မိတ်ဆွေအသစ်တွေကို သမိုင်းကြောင်းနဲ့အတူ လေ့လာခွင့်ရတယ်
🏔️ သဘာဝတရားရဲ့ လှပဆန်းကြယ်မှုကို ခံစားရတယ်
💙 စိတ်ပင်ပန်းမှုတွေကို မေ့ပျောက်ပြီး အင်အားသစ်တွေ ရရှိစေပါတယ်
ခရီးသွားလုပ်ငန်းဟာ ဒေသတွင်း စီးပွားရေးနဲ့ လူမှုဘဝတွေကိုလည်း အများကြီး အထောက်အကူပြုပေးတာကြောင့် တာဝန်ယူမှုရှိတဲ့ ခရီးသွားတစ်ယောက်အဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ခရီးတွေ ဆက်လက်ထွက်ခွာကြရအောင်။
သင်နောက်ထပ် သွားချင်ဆုံး ခရီးစဉ်ဒေသကရော ဘယ်နေရာဖြစ်မလဲ? Comment မှာ ပြောပြခဲ့ပါဦး။ 👇
#ထက်မြတ်ရတနာ

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်(၂၀၂၆)၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကျရောက်သော တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) တွင် (၇) ရ...
26/09/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်(၂၀၂၆)၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကျရောက်သော တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) တွင် (၇) ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့် ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 မှ ဆုတောင်းမေတ္တာပို့အပ်လိုက်ပါတယ်ခင်ဗျာ။

#ထက်မြတ်ရတနာ

#မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး
#တော်သလင်းလပြည့်နေ့

ကျေးဇူးတင်စရာ ပတ်ဝန်းကျင်တစ်ခုက အရာရာကို ပိုပြီး လှပစေပါတယ်" 🌸✨ဒီနေ့ စက်တင်ဘာ ၂၁ ရက် မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞 𝐃𝐚𝐲 ...
21/09/2026

ကျေးဇူးတင်စရာ ပတ်ဝန်းကျင်တစ်ခုက အရာရာကို ပိုပြီး လှပစေပါတယ်" 🌸✨

ဒီနေ့ စက်တင်ဘာ ၂၁ ရက် မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞 𝐃𝐚𝐲 (ကမ္ဘာ့ကျေးဇူးတင်ခြင်း နေ့) မှာ မိသားစုလို၊ မိတ်ဆွေလို ကျွန်တော်တို့နဲ့အတူ အမြဲရှိနေပေးကြတဲ့ လူတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။

💙 ကျွန်တော်တို့ရဲ့ 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 များ - သင်တို့ရဲ့ ယုံကြည်မှုနဲ့ အားပေးမှုတွေက ကျွန်တော်တို့ ရှေ့ဆက်ဖို့အတွက် အကြီးမားဆုံး အင်အားပါ။

💙 ကျွန်တော်တို့ရဲ့ 𝗛𝗠𝗬 𝗧𝗲𝗮𝗺 - ရည်မှန်းချက်တစ်ခုတည်းအတွက် နောက်ကွယ်ကနေ တစိုက်မတ်မတ် ကြိုးစားပေးကြတဲ့ အဖွဲ့သားတစ်ဦးချင်းစီကိုလည်း ဂုဏ်ယူကျေးဇူးတင်ပါတယ်။

ဒီနေ့မှာ သင့်ဘဝထဲက သင်ကျေးဇူးတင်ရတဲ့သူတစ်ယောက်ယောက်ကို Tag တွဲပြီး သတင်းပါးလိုက်ပါဦး။ 👇

#ထက်မြတ်ရတနာ

ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 အနေနဲ့ (၁၉.၉.၂၀၂၆) တွင် 𝐇𝐌𝐘 များ၏ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ပိုမိုတိုးတက်...
19/09/2026

ကျွန်တော်တို့ 𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝 အနေနဲ့ (၁၉.၉.၂၀၂၆) တွင် 𝐇𝐌𝐘 များ၏ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်အတွက် "လုပ်ငန်းခွင်သုံး 𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑩𝒂𝒔𝒊𝒄 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈" ပြုလုပ်​ပေးခဲ့တဲ့ ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

#ထက်မြတ်ရတနာ

"စာအုပ်တစ်အုပ်၊ စာကြောင်းတစ်ကြောင်းမှ စတင်လိုက်သော လေ့လာသင်ယူမှုသည် ဘဝတစ်ခုလုံး၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါသ...
08/09/2026

"စာအုပ်တစ်အုပ်၊ စာကြောင်းတစ်ကြောင်းမှ စတင်လိုက်သော လေ့လာသင်ယူမှုသည် ဘဝတစ်ခုလုံး၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါသည်။"

စက်တင်ဘာ (၈) ရက်နေ့တွင် ကျရောက်သည့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲 𝐃𝐚𝐲 တွင် အသိပညာ ရတနာများကို အချင်းချင်း မျှဝေကမ်းလှမ်းရင်း တောက်ပသော မနက်ဖြန်များစွာကို အတူတကွ ဆက်လက် ပုံဖော်ကြစို့။ 📚💡

#ထက်မြတ်ရတနာ

Address

Dagon
72217

Telephone

+9518371548

Website

Alerts

Be the first to know and let us send you an email when Htet Myat Yadana Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share